← Chapters

အခန်း(၁၂၃) မျှော်လင့်ချက်မဲ့ ဖေးချမ့်

Vol. 9 Ch. 123

အခန်း(၁၂၃) မျှော်လင့်ချက်မဲ့ ဖေးချမ့်

Vol. 9 Ch. 123

အခန်း(၁၂၃) မျှော်လင့်ချက်မဲ့ ဖေးချမ့်

"အဲ့ဒီဆိုက်က... နာမည်က အိုင်လီကျွန်းနော်။” ဖေးချမ့်က မလန့်ချင်ယောင်ဆောင်ဖို့ အကောင်းဆုံး ကြိုးစားရင်း ဟွမ်းစစ်ပေါ်ကို ကြည့်လိုက်ပါသည်။

ဟွမ်းစစ်ပေါ်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါတယ်။ ilid ဆိုတဲ့ အင်္ဂလိပ်အသံထွက်နဲ့ တူပြီး ဒီဆိုက်ကို အိုင်လီကျွန်းလို့ခေါ်တာပါ။”

ဖေးချမ့် ဆွံ့အသွားရသည်။

(တကယ်ကြီး အဓိပ္ပာယ်ရှိအောင် ပြောလိုက်တာပဲ)

"ဟုတ်ပြီ ဘော့စ်ဖေး ကျွန်တော်တို့အရင်သွားနှင့်တော့မယ်။ ဒီရက်ပိုင်းထဲ ကျွန်တော်တို့ ဖေးဟွမ်ရဲ့ အနာဂတ်ကို သေချာစဥ်းစားဖို့လိုတယ်။”

"ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝကော ဂိမ်းဒီဇိုင်နာကော အမြတ်တွေ အများကြီးရပါစေလို့ မျှော်လင့်ပါတယ်ဗျာ။”

ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့က ၎င်းတို့၏ ရိုက်ကူးရေး ကိရိယာများကို သိမ်းဆည်းပြီး ကျိန်စာတိုက်ကာ ပြန်သွားပါသည်။

ရုံးတစ်ရုံးလုံး ဂုဏ်ယူဝင့်ကြွားခြင်းများ ပျော်ရွှင်ခြင်းများဖြစ့် ပြည့်နှက်နေခဲ့သည်။

ဖေးချမ့်လည်း သူ့ရုံးသူကြက်သေသေလျက် ပြန်သွားပါသည်။ သူ့ကွန်ပျူတာရှေ့မှာ တိတ်ဆိတ်စွာထိုင်လိုက်ပြီး အိုင်လီကျွန်း ဝက်ဘ်ဆိုက်ထဲသို့ ဝင်လိုက်ပါသည်။ ဝက်ဘ် စာမျက်နှာပေါ်လာသည်။ သူ့ရှေ့က မြင်ဖူးနေသော စာမျက်နှာကို မြင်သွားသောအခါ ဖေးချမ့် ပိုသေချာသွားပါသည်၊။

ဒါ တကယ်ကြီး B-site ပဲ။

ဖေးချမ့် ခပ်မြန်မြန်ပဲ Qiandu search engine ကိုသုံးပြီး ဝက်ဘ်ဆိုက်အခြေအနေကို ရှာဖွေကြည့်လိုက်သည်။ ရှာဖွေပြီးနောက် ပိုပြီး  စိတ်ဓာတ်ကျသွားရပါသည်။

အိုင်လီကျွန်းက အစောဆုံး bullet-screen ဝက်ဘ်ဆိုက် ဖြစ်သည်။ တည်ဆောက်ထားတာ မကြာသေးသော်လည်း ၎င်း၏ အရှိန်အဟုန်က ပြင်းထန်ပါသည်။ အခု ပိုတေးတိုးဝက်ဘ်နဲ့ တခြား ရှေးဟောင်းဝက်ဘ်ဆိုက်များကို ယှဥ်ပြိုင်နေလေပြီ။ ထို့အပြင် အိုင်လီကျွန်းတွင် B-siteနဲ့ ခြားနားချက်တစ်ခုရှိနေတာကို ဖေးချမ့် သိပါသည်။ ဒါကတော့ သူဌေးတွေဖြစ်နေခြင်းပင်။

အခု အရှုံးပေါ်နေကြသော်လည်း ရှန်းဟွာကော်ပိုရေးရှင်းနဲ့ ချမ့်သုတို့ဟာ မကြာသေးခင်ကမှ ရင်းနှီးမြှုပ်နှံထားသော သီးသန့်ဗီဒီယိုကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့်လည်း ရေပန်းစားသည့် ဒရမ်မာစီးရီးများအား သီးသန့်ထုတ်လွှင့်ပြသမှု မူပိုင်ခွင့် ဝယ်ယူဖို့ ငွေကြေးများစွာ အသုံးပြုနိုင်ကြခြင်း ဖြစ်ပါသည်။

ပိုကံမကောင်းတာက ချမ့်သုက ထိုဝက်ဘ်ဆိုက်ထဲတွင်ရင်းနှီးမြှုပ်နှံထားသဖြင့် Qiandu search engineမှာ ဘာပဲရှာရှာ အိုင်လီကျွန်း ဗီဒီယိုဝက်ဘ်ဆိုက်ကို အမြဲလိုလို ဦးစားပေးဖော်ပြခံရမည်။

"B-siteရဲ့ ပိုအဆင့်မြင့်တဲ့ ဗားရှင်းပါလား"

"B-site နဲ့ iQiyi ကို ပေါင်းလိုက်တာလား"

"သွားပါပြီ..."

ဖေးချမ့် ထိုင်ခုံကို မှီထိုင််လိုက်ပါသည်။ သူ အတော်လေး နေလို့မကောင်းတော့ပါ။ ဒီနေ့ည ၈နာရီလောက်မှ သူ့သေမိန့်ကျမည်ဟု ထင်ထားခဲ့သည်။ အခုတော့ သေတမ်းစာတောင် ရေပြီးသွားပြီဖြစ်မှန်း သိလိုက်ရ၏။ ဒါ ပတ်ဝန်းကျင်ကို အကျွမ်းတဝင်ဖြစ်အောင် မလုပ်ခဲ့ခြင်း၏ ရလဒ် ဖြစ်သည်။

ဖေးချမ့်က ဒီလောက၏ ဗီဒီယိုဝက်ဘ်ဆိုက်များကို သေသေချာချာလေး စောင့်ကြည့်ခဲ့ပါသည်။ အထူးသဖြင့် A နဲ့ B တို့ဖြင့် စသည့် ဝက်ဘ်ဆိုက်များကို သတိထားသည်။ သို့သော်လည်း ဒီလောက၏ B-site ကို ပြောင်းပြန်ကြီး ရေးသားထားလိမ့်မည်ဟု ဖေးချမ့် တစ်ခါမှ မခန့်မှန်းမိခဲ့ပေ။ Bilibili မှ ilidilid ဖြစ်သွားပါသည်။

ဒီဆိုက်၏ ရယ်စရာကောင်းသော တရုတ်နာမည်ကိုကြည့်ပြီး မကြာခင် ပျက်စီးပျောက်ကွယ်သွားမည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်ဟု ဖေးချမ့် မှားယွင်းစွာ ထင်ခဲ့မိပါသည်။ သူ အများကြီး အာရုံမစိုက်ခဲ့မိပါ။

အခုတော့ အားလုံး ဆိုးရွားလာပါပြီ။ သူ့အတွက်လည်း အလွန်ရှက်ဖို့ကောင်းသည်။

အကြာကြီး ရီဝေနေပြီးနောက် ဖေးချမ့် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်ကာ စနစ်မျက်နှာပြင်ကို ဆင့်ခေါ်လိုက်ပါသည်။

[စည်းစိမ်အလဲအထပ်စနစ်]

[ပိုင်ရှင် : ဖေးချမ့်]

[အမြတ်ငွေ အလဲအထပ်အချိုး : ၁၀၀: ၁၊ အရှုံးငွေအလဲအထပ်အချိုး : ၁:၁]

[စနစ်ရန်ပုံငွေ : ၇၁၀,၀၀၀(⬇️၂၉၀,၀၀၀)]

[ကိုယ်ပိုင်စည်းစိမ် : ၄၈,၂၂၃.၅]

[ယခုရက်သတ္တပတ်၏ အထူးတာဝန် : လူစည်ကားသောမြို့ သို့မဟုတ် တက္ကသိုလ်တစ်ခုအနီးတွင် တည်ရှိသော ဆိုင်ခန်းတစ်ခုအား ကုမ္ပဏီမှ ဖွင့်လှစ်ဖို့လိုအပ်သည် <အောင်မြင်ပြီး>]

[အထူးတာဝန်အောင်မြင်မှုဆု : နောက်ဆုံး အလဲအထပ်ပြုလုပ်ပြီးသော ပမာဏထက် ထပ်စောင်းအပို ၁၀ ရာခိုင်နှုန်း]

ကြည့်ရသလောက်တော့ စနစ်က အရှုံးပေါ်နေဆဲ ဖြစ်ပါသည်။

သို့သော်လည်း သိပ်ပြီး မကြာတော့ပါ။

ယခင် ငွေစာရင်းရှင်းချိန်ကစလို့ ဖေးချမ့်၏ အဓိကဝင်ငွေများက တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့မှ ဖြစ်သည်။

ဝယ်ယူမှု အခွင့်အရေး အသစ်များကို မဖန်တီးရသေးသဖြင့် တစ္ဆေစစ်သူကြီး၏ ဝင်ငွေက စတင်ပြီး လျော့နည်းလာပါပြီ။ သို့သော်လည်း အနည်းဆုံး ယွမ်တစ်သန်းလောက်ကတော့ လစဥ်ဝင်နေဆဲဖြစ်ပြီး အမြတ်က ၆၀၀,၀၀၀ - ၇၀၀,၀၀၀ လောက်ရှိနေဆဲဖြစ်သည်။

သမုဒ္ဒရာရဲတိုက်ကတော့ အမြဲတမ်းလိုလို မြင့်တက်နေသည့် ကစားသမား အရေအတွက်ကြောင့် ဆက်လက် အကျိုးအမြတ်ရနေဆဲဖြစ်ကာ တစ်လတာ ဝင်ငွေကလည်း မြင့်တက်နေဆဲ ဖြစ်သည်။ ဝင်ငွေက အခုဆို ယွမ် ၇သန်း နီးပါးလောက်ရှိနေပြီး အမြတ်ကတော့ ယွမ် ၃.၅သန်းလောက်ရှိပါသည်။

ဂိမ်းထဲတွင် ဆန်းကြယ်လက်နက် အနီရောင်ချီလင် တစ်လက်သာ ရောင်းချသော်လည်း ပြည်တွင်းစျေးကွက်ထဲတွင် FPS ကစားသမားများစွာရှိနေသောကြောင့်ဖြစ်သည်။

လောလောဆယ် သမုဒ္ဒရာရဲတိုက်က ပြည်တွင်း FPS ဂိမ်းများကို ဦးဆောင်နေသူဖြစ်ကာ Counter Strike ကစားသမားများကို အစုလိုက် အပြုံလိုက် ဆွဲဆောင်နေသည်။ ထန်းတာ့က ဆာဗာအသစ်များနဲ့ bandwidth များကို ဆက်လက်တိုးချဲ့ပေးသဖြင့် ကစားသမားများ ပိုပိုဝင်ရောက်လာကြကာ ဂိမ်း၏ ဝင်ငွေက မကျသွားရုံတင်မကဘဲ မြင့်တက်လာဦးမည့် လက္ခဏာပင် ပြသနေပါသည်။

ဘာပဲဖြစ်ဖြစ် FPS ဂိမ်းများက သက်တမ်းရှည်မှုကြောင့် လူသိများကြသည်။ ၂ လနဲ့ လဝက်အတွင်း ထိုဂိမ်းနှစ်ဂိမ်းက ဖေးချမ့်ကို အမြတ်ငွေ ၉ သန်းလောက် ရှာပေးနိုင်ခဲ့သည်။ စဦးစနစ်ရန်ပုံငွေ ၁သန်းနဲ့ ပေါင်းလိုက်သောအခါ စုစုပေါင်း ၁၀ သန်းကျော်နေပါပြီ။

ထို့အပြင် လက်ရှိ အကုန်အကျစရိတ်များကို တွက်ကြည့်လိုက်ပါက သူ့မှာ

ဖေးဟွမ်လုပ်ငန်းအတွက် ၁ သန်း၊

ဂိမ်းဒီဇိုင်နာကိုဖန်တီးဖို့အတွက် ၃ သန်း၊

ဂိမ်းကြော်ငြာဖို့နဲ့ စပွန်ဆာများအတွက် သုံးလိုက်သည့်ငွေ ၃၀၀,၀၀၀၊

ယွီအင်တာနက်ကဖေးအတွက် သုံးလတာ ဆိုင်ခန်းငှားခ အပါအဝင် ၃.၅ သန်း၊

ကုမ္ပဏီ၏ လစဥ်ငှားခက ၄၀၀,၀၀၀ အောက်ရှိပြီဂ ဝန်ထမ်းလစာများက ယွမ် ၂၀၀,၀၀၀ လောက် ရှိသည်။ တခြားအသေးအဖွဲကုန်ကျစရိတ်များနဲ့ပေါင်းလိုက်သောအခါ ထိုကျန်ကျစရိတ်များက ၂လခွဲအတွင်း ၂ သန်းဝန်းကျင်လောက် ကုန်ခဲ့ပါသည်။

ကုန်ကျစရိတ်အလုံးစုံကိုပေါင်းလိုက်သောအခါ ၉ သန်းနဲ့ ၈၀၀,၀၀၀ ဝန်းကျင်လောက်ရှိပါသည်။

အမှန်ပင်။ ဖေးချမ့်က ဂဏန်းအတိအကျများကို ဂရုစိုက်စရာမလိုပါ။ ကုမ္ပဏီ၏ စာရင်းကိုင်များက ဒါတွေကို တာဝန်ယူပါလိမ့်မည်။ ဖေးချမ့်က စနစ်ရန်ပုံငွေထဲက ကိန်းဂဏန်းများကိုသာ ကြည့်ဖို့ လိုအပ်ပြီး ပိုက်ဆံဘယ်လိုဆက်ဖြုန်းတီးရမလဲဆိုတာကိုသာ ဆက်ပြီး အစီအစဥ်ချဖို့ လိုအပ်ပါသည်။

အစကတော့ ကိန်းဂဏန်းများကို သေချာလေး ထိန်းချုပ်ထားနိုင်ပြီး စနစ်ရန်ပုံငွေကို ၈၀၀,၀၀၀အောက် လျော့ကျအောင် တွန်းပို့နိုင်ခဲ့ပါသည်။

ဒီလ ငွေစာရင်းမရှင်းခင် အကြီးအကျယ်ဖြုန်းတီးမှုကြီး တစ်ခုလောက်ထပ်လုပ်လိုက်ပြီး သူ့ဝန်ထမ်းအားလုံးကို ဘောနပ်စ်များပေးကာ သူ့အတွက်သူ ရှော့ပင်ထွက်လိုက်ပါက စနစ်ရန်ပုံငွေကို ၁၀၀,၀၀၀ ဝန်းကျင်လောက်ထိ လျော့သွားအောာင် ထိန်းချုပ်နိုင်ပါသည်။ ဒါဆို နောက်ထပ် ငွေစာရင်းရှင်းသည့်အခါ သူ့အိပ်ကပ်ထဲ ၈၀၀,၀၀၀ လောက် ဘေးကင်းကင်းနဲ့ ရောက်လာမည့်သဘောပင်။

သို့သော်လည်း လိုအပ်ချက်တော့ ရှိနေပါသည်။ ဂိမ်းအသစ်၊ ဗီဒီယိုအတိုလေးများနဲ့ အင်တာနက် ကဖေးတို့မှ ငွေဝင်လို့ မဖြစ်ပါ။ သို့မဟုတ် အများကြီး ငွေဝင်လို့ မဖြစ်ပါ။ တစ်လကို ၃၀၀,၀၀၀လောက် အရှုံးပေါ်နေသော အင်တာနက်ကဖေးကတော့ ဖေးချမ့်၏ လိုအပ်ချက်များကို ပြည့်မှီစေပါသည်။

သို့သော်လည်း ပြဿနာများ ပေါ်ထွက်လာခဲ့သည်။

ဘော့စ်ဖေး၏ နေ့စဥ်ဘဝကို အပြည့်အဝ မထုတ်လွှင့်ရသေးသော်လည်း ၎င်း၏ ရေပန်းစားမှုကို ကြည့်ခြင်းအားဖြင့် အနည်းဆုံး ယွမ် ၁ သန်းလောက် ဝင်ငွေရလာလိမ့်မည်။ အမှန်ပင်။ ဖေးချမ့်က ဒီလောက်ကြီး မလိုချင်ပါ။ သို့သော်လည်း အနည်းဆုံးတော့ နည်းနည်းလောက်ယူရမည်။ မဟုတ်ပါက စနစ်က ခွင့်ပြုမည် မဟုတ်ပါ။

ဂိမ်းဒီဇိုင်နာ၏ ရောင်းအားကလည်း အဆမတန် ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ ကျန်လဝက်အတွင်း အနည်းဆုံး ၂၀၀,၀၀၀ ကော်ပီလောက် ဆက်ရောင်းရလိမ့်မည်။

အားလုံးကိုပေါင်းလိုက်ပါက ထိုပရောဂျက်နှစ်ခုမှ သူ့ကို ၃ သန်းလောက် ရှာပေးပါလိမ့်မည်။

အင်တာနက်ကဖေးကတော့ ဆက်လက်အရှုံးပေါ်နေနိုင်ပါသည်။ တခြား ဝင်ငွေနဲ့ အမြတ်ရင်းမြစ်များအတွက် များများစားစား သုံးစားလို့မရပါ။

ဖေးချမ့် အခုကစပြီး ဘာမှ မလုပ်ပါက အကောင်းဘက်က ကြည့်ရင်တော့ နောက်ဆုံး ၂ သန်း ၃သန်းလောက် ရနိုင်သေးသည်။

အဆိုးဘက်က ကြည့်ရင်တော့ ၅ သန်းလောက်ထိနဲ့တောင် အဆုံးသတ်သွားနိုင်ပါသည်။

အမြတ်ငွေက ၄ သန်းဖြစ်ပြီး ဖေးချမ့်၏ ကိုယ်ပိုင်စည်းစိမ် ၄၀,၀၀၀အဖြစ် ပြောင်းလဲခံရပါက ယခု သူက ၅၀,၀၀၀အောက် နိမ့်ကျကာ စတင်ရသဖြင့် မဆိုးလှပါ။ ဘာမှမဟုတ်တာထက်တော့ ပိုကောင်းပါသေးသည်။

သို့သော်လည်း အဓိကအချက်က ဘာနဲ့ယှဥ်ကြည့်ရမလဲဆိုတာပင်။

သူအရှုံးပေါ်လျှင် သူ့ကိုယ်ပိုင်စည်းစိမ်ထဲသို့ ၇၀၀,၀၀၀ - ၈၀၀,၀၀၀ လောက် အလွယ်လေး ဝင်လာနိုင်သည်။ ၁၀ ဆလောက် ကွာခြားနေပါသည်။

ဖေးချမ့် စိတ်မကောင်းဖြစ်စွာ သက်ပြင်းချလိုက်ပါသည်။ သူ ဘာမှ မလုပ်နိုင်တော့ဘဲ ကံတရားကိုသာ အားကိုးရတော့မည်။

ကိန်းဂဏန်းအရေအတွက်များက ယခင်တုန်းကလို့ပဲဖြစ်နေပါက ဖေးချမ့် သေချာပေါက် နောက်ထပ်ရှော့ပင်များထွက်ကာ ဘောနပ်စ်များစွာ ပေးပစ်လိုက်လို့ရသည်။

သို့သော်လည်း အခုလို အခြေအနေမျိုးနဲ့ ဆိုရင်တော့...။

သူ တစ်ကြိမ်ကို ခြေတစ်လှမ်းသာ လှမ်းနိုင်ပါတော့သည်။

ဖေးချမ့် အနည်းငယ် စိတ်ဖိစီးကာ စိုးရိမ်ပူပန်နေပါသည်။

(ငါ့မှာ ၃ ဆင့်လောက်ရှိတဲ့ အာမခံအစီအစဥ်ရှိတယ်မဟုတ်ဘူးလား)

(ဘာလို့ ဒီလိုအဆုံးသတ်သွားရတာလဲ...)

All Chapters