← Chapters

အခန်း(၁၂၄) ဂိမ်း၏ အပြစ်အနာအဆာများကို ဆက်ခံခြင်း

Vol. 9 Ch. 124

အခန်း(၁၂၄) ဂိမ်း၏ အပြစ်အနာအဆာများကို ဆက်ခံခြင်း

Vol. 9 Ch. 124

အခန်း(၁၂၄) ဂိမ်း၏ အပြစ်အနာအဆာများကို ဆက်ခံခြင်း

ဧပြီလ ၁၅ ရက်နေ့ နေ့လည်ခင်း...

ဖေးချမ့်က ရုံးခန်းထဲတွင် အတွေးထဲနစ်မြောနေပါသည်။

မနေ့ညက ၈ နာရီတွင် ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ အတွဲ ၃ အား အိုင်လီကျွန်း၌ သီးသန့် ထုတ်လွှင့်ပြသခဲ့သည်။ မနေ့ကစပြီး အခုချိန်ထိ အိုင်လီကျွန်း၏ အဓိက စာမျက်နှာ၏ အထင်ရှားဆုံး နေရာတွင် ဘော့စ်ဖေး၏ နေ့စဥ်ဘဝကို ပရိုမိုးရှင်းဆင်းပေးသော ဧရာမ ကြော်ငြာ banner ကြီးတစ်ခု ရှိနေပါသည်။

ကြည့်ရှုသူများစွာက ဂုဏ်သတင်းကြောင့် ဆွဲဆောင်ခံရပြီး ၎င်းတို့၏ မက်ဆေ့ချ်များကို Bullet Screenများပေါ်တွင် ပို့ကြသည်။ ၁ မိနစ်ဝန်းကျင်သာ ရှိသော ဗီဒီယိုအတိုလေးက ပိုတေးတိုးဝက်ဘ်လို ရှေးဟောင်းဝက်ဘ်ဆိုက်များမှ ကြည့်ရှုသူများစွာ၏ bullet message များကို ဆွဲဆောင်နိုင်ခဲ့သဖြင့် အလွန်သက်ရောက်မှုရှိမှန်း သိသာပါသည်။ ထိုကြည့်ရှဒသူအားလုံးက ဒီ 'bullet screen' ဟုခေါ်သည့် တုန့်ပြန်မှုနည်းလမ်းအသစ်၏ ထူးခြားချက်ကို မြင်လိုက်ရပါသည်။

ဖေးချမ့်က ထုတ်လွှင့်ပြသမှုကို မကြည့်သေးဘဲ ဒုတိယနေ့အထိ စောင့်နေသေးသည်။ ဒီနေ့မှ ဗီဒီယို၏ ကြည့်ရှုသူပမာဏကို ကြည့်လိုက်ပါသည်။ ၆၀၀,၀၀၀ အထိတောင် ရောက်နေလေပြီ။ ကြည့်ရသလောက်တော့ ဒီဗီဒီယို၏ နောက်ဆုံးကြည့်ရှုသူအရေအတွက်မှာ ၁သန်းလောက်အထိ ရောက်နိုင်ပါသည်။

အားလုံးက အတည်ပြု ကလစ်များ မဖြစ်နိုင်သော်လည်း သူ ဘယ်လောက်ပဲ ရေတွက်ကြည့်ပါစေ အနည်းဆုံးတော့ အိုင်လီကျွန်း၏ ဒီဗီဒီယိုအတွက် အမြတ်ငွေမှ ၂၀၀,၀၀၀ လောက် ရနိုင်ပါသည်။ ထို့အပြင် ဗီဒီယို၏ ရေပန်းစားမှုက မြင့်တက်လာလေလေ နောက်ပိုင်းဗီဒီယိုများက အရင်ဗီဒီယိုများထက် ကြည့်ရှုသူ ပိုများလာနိုင်လေလေ ဖြစ်သည်။

၁၀ ပိုင်းပါသည့် စီးရီးတွဲအပြည့်အစုံတစ်ခုက စုစုပေါင်း ၂သန်းနဲ့ ၃၀၀,၀၀၀ လောက် ရနိုင်ပါသည်။ ဆိုလိုရင်းက အိုင်လီကျွန်းမှာ ဘော့စ်ဖေး၏ နေ့စဥ်ဘဝ အတွဲ ၃ အား သီးသန့်ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူဖို့ ၂ သန်းကျော်သုံးခဲ့သည်ဟူသည့်သဘောပင်။

ထိုစျေးနှုန်းကို မြင့်မားသည်ဟု သတ်မှတ်လို့ မရပေ။ မူပိုင်ခွင့်ကြေး သန်းဆယ်ချီပြီးတောင်းနိုင်သော တခြား ရေပန်းစားသည့် ဒရမ်မာ စီးရီးများနဲ့ ရသစုံရှိုးပွဲများနဲ့ ယှဥ်လျှင် အများကြီး မဟုတ်ပါ။

သို့သော်လည်း ဖေးချမ့်အတွက်ကတော့ သူခန့်မှန်းထားသည့် အဆိုးရွားဆုံး အခြေအနေထက်တောင် ပိုဆိုးနေပါသေးသည်။ သူ စိတ်ဓာတ်ပြိုလဲသွားဖို့ လုံလောက်သည်။

ပြဿနာဆိုတာ ဘယ်တော့မှ တစ်ခုတည်း ရောက်မလာဘူးဆိုတာ ဒါကိုပြောတာဖြစ်နိုင်သည်။

ထိုစဥ် တံခါးခေါက်သံထွက်ပေါ်လာသည်။ လက်ထောက်ရှင်း ဖြစ်နေ၏။ "ဘော့စ်ဖေး ဒါက အရင်တုန်းက ဆုံးဖြတ်ထားတဲ့ ကုမ္ပဏီ အကျိုးအမြတ် ပုံစံသစ်ပါ။ ကျွန်မ နောက်တစ်ကြိမ်လောက် ဘော့စ်ဖေးဆီက အတည်ပြုချက်ယူဖို့ လိုအပ်လို့ပါ။ ပြဿနာမရှိရင် ကျွန်မ အစီအစဥ်အတိုင်း ပို့ပေးလိုက်ပါတော့မယ်။”

ဖေးချမ့်က ယူပြီး ကြည့်လိုက်ပါသည်။ ဒါက လွန်ခဲ့သည့် တစ်လလောက်ကမှ သတ်မှတ်လိုက်သော ကုမ္ပဏီ၏ အကျိုးအမြတ်နဲ့ အကျိုးခံစားခွင့် ပုံစံဖြစ်ပါသည်။

သမုဒ္ဒရာရဲတိုက် ဖန်တီးမှု ပြီးဆုံးသွားသောအခါ ဖေးချမ့်တစ်ယောက် ကုမ္ပဏီ၏ အကျိုးအမြတ်ပုံစံကို ပြောင်းလဲဖို့ အကြံများစွာ ပေးခဲ့ပါသည်။ ဥပမာအားဖြင့် လစာတိုးမြှင့်ပေးခြင်း၊ ပရောဂျက်ဘောနပ်စ်များပေးခြင်း၊ ရှော့ပင်လက်ဆောင်ကတ်များ ချီးမြှင့်ခြင်းနဲ့ အတင်းအကြပ်သုံးစွဲရန် သတ်မှတ်ထားသော ပမာဏ စသည်တို့ ဖြစ်ပါသည်။

ထို့အပြင် ဖေးချမ့်က ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုဆိုသည့် အကျိုးခံစားခွင့် အသစ်တစ်ခုကိုလည်း ထပ်ပေါင်းထည့်လိုက်သေးသည်။

အဆင့်မြင့်သည့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို ရွေးချယ်ထားသည်။ ကျင်းကျိုးမြို့တော်က အကောင်းဆုံး ဆေးရုံကြီး AAAတွင် စစ်ဆေးရမည်။ ဒီအဆင့်မြင့် ရုပ်ပိုင်းဆိုင်ရာ ဆေးစစ်ချက်က တစ်ယောက်ကို ယွမ် ၃,၂၀၀ လောက် ကုန်လိမ့်မည်။

ထန်းတာ့၏ ဖေးဟွမ်လုပ်ငန်းနှင့် ယွီအင်တာနက်ကဖေးတို့တွင် စုစုပေါင်း ဝန်ထမ်း ၅၀ ကျော်ရှိသဖြင့် စုစုပေါင်း ၁၆၀,၀၀၀ ယွမ် ကုန်ကျပါလိမ့်မည်။

ဒီ့အပြင်ယခင်သာမန် အကျိုးခံစားခွင့်ပုံစံများကိုလည်း ပုံမှန်အတိုင်း ဆက်လက်ထားရှိဆဲဖြစ်သည်။ ရှော့ပင်လက်ဆောင်ကတ်များ၏ အကန့်အသတ်ကို ၃,၀၀၀ အထိ တိုးမြှင့်လိုက်ပြီး ငွေဖြုန်းနိုင်ဖို့ ဆင်ခြေအနေဖြင့် တခြား အကျိုးခံစားခွင့်များကိုပါ ဖန်တီးလိုက်ပါသည်။ အားလုံး စုစုပေါင်း ၅၀၀,၀၀၀ လောက် ဖြုန်းနိုင်လိမ့်မည်။

အစကတော့ ဖေးချမ့်၏ နောက်ဆုံးအခြေအနေမှာ အတစ်လတာအတွက် အနှစ်ချုပ် အရှုံးပေါ်နိုင်အောင် ဖြစ်ပါသည်။ စနစ်ရန်ပုံငွေကို ၇၀၀,၀၀၀အောက် လျော့ကျအောင် သုံးပစ်နိုင်ပြီး ဒီ ထပ်စောင်း ၅၀၀,၀၀၀ကိုပါ အသုံးပြုနိုင်ပါက မကောင်းဘူးလား။

သို့သော်လည်း အခုတော့ အခြေအနေများက အနည်းငယ် ခွကျနေပါပြီ။

ဖေးချမ့်၏ တွက်ချက်မှုအသစ်အရ ၅၀၀,၀၀၀လောက် သုံးပြီးတာတောင် စနစ်ရန်ပုံငွေက ကျန်နေဆဲ ဖြစ်သည်။

အမြတ်ငွေအလဲအထပ်အချိုးကို ကြည့်ခြင်းအားဖြင့် ဒီပိုက်ဆံပမာဏက ဖေးချမ့်၏ ကိုယ်ပိုင်စည်းစိမ်အဖြစ်ဆို ယွမ် ၅,၀၀၀ လောက်သာ ရနိုင်ပါသည်။

ဖေးချမ့် ထပ်မစဥ်းစားတော့ဘဲ ပြောလိုက်သည်။ "ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ စာရွက်စာတမ်းတွေ အသေးစိတ်ကြည့်ဖို့ ထားခဲ့ပေးပါ။”

"ဟုတ်ကဲ့ပါ ဘော့စ်ဖေး" လက်ထောက်ရှင်းက သူမ၏ မှတ်စုစာအုပ်ငယ်လေးကို လှန်လိုက်ပြီး ဒီတွေ့ဆုံပွဲတွင် ပါဝင်မှုများကို မှတ်တမ်းတင်လိုက်သည်။ "နောက်တစ်ခု ရှိပါသေးတယ် ဘော့စ်ဖေး။ Amusement Times ရဲ့ ဟူဆိုတဲ့ ဂျာနယ်လစ်တစ်ယောက်က အင်တာဗျူးတစ်ခု စီစဥ်ချင်လို့ပါတဲ့။ ဒါ ဒီအပတ်မှာ ဖုန်းဆက်လာတဲ့ ၃ ယောက်မြောက် ဂျာနယ်လစ်ပါ။ အရင်လူတွေလိုပဲ ငြင်းလိုက်ရမလား။”

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ "အင်း ကျေးဇူးပြုပြီး ငြင်းလိုက်ပါ။ အကြောင်းပြချက်ကတော့ အရင်တိုင်းပဲ။ ဘယ်သူမှ ကျွန်တော့် နာမည်အရင်းနဲ့ သရုပ်အမှန်ကို ဖော်ပြလို့မရသလို ကျွန်တော်တို့ လစာပမာဏနဲ့ ကုမ္ပဏီအကျိုးခံစားခွင့်ပုံစံတွေကို သိသွားလို့ မဖြစ်ဘူး။ ကျေးဇူးပြုပြီး အားလုံးကို ဒါတွေပြန်ပြောပေးပါဦး။”

"ဟုတ်ကဲ့ပါ ဘော့စ်ဖေး" လက်ထောက်ရှင်းက လှည့်ထွက်သွားပါသည်။

အခုထိ ထန်းတာ့က ဂိမ်းမီဒီယာနှင့် ကစားသမားများအတွက် ဆန်းကြယ်သည့် ကုမ္ပဏီတစ်ခု ဖြစ်နေဆဲပင်။ ဒီကုမ္ပဏီရှိတာကို လူများစွာက သိကြပါသည်။ သို့သော်လည်း ဘော့စ် ဘယ်သူလဲ၊ ကုမ္ပဏီ၏ အကျိုးခံစားခွင့်များက ဘယ်လိုမျိုးလဲ၊ ကုမ္ပဏီထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ ဘယ်သူမှ ဘာမှမသိကြပါ။

ဖေးချမ့်ဘာကြောင့် ဒီတိုင်း လျှို့ဝှက်ထားချင်ရသလဲဆိုတာတော့ အကြောင်းပြချက်နှစ်ခုရှိပါသည်။

တစ်ခုက ထန်းတာ့၏ အကျိုးခံစားခွင့်ပုံစံများ ပေါက်ကြားသွားပါက ထန်းတာ့၏ ဝန်ထမ်းများ  လစာဘယ်လောက်တောင်ရသလဲ အားလုံး သိသွားကြပြီး ကျင်းကျိုးမြို့တော်က ပါရမီရှိသည့် လူအားလုံး ကြိုးစားပြီး ဝင်ရောက်ဖို့ ကြိုးစားရလိမ့်မည်။ ဒီအကြောင်းကို ကြားပြီးသောအခါ တခြားမြို့တော်က လူများပင် ရောက်လာနိုင်ပါသည်။

ထိုပါရမီရှိသည့်လူမျာားစွာက ၎င်းတို့၏ ကိုယ်ပိုင်လစာများကို လျှော့ဖို့ပင် ဆန္ဒရှိပါက ဖေးချမ့် သူတို့ကို ငြင်းဖို့ ယုတ္တိရှိသည့် အကြောင်းပြချက်များကို စဥ်းစားရမည်။ အကြောင်းပြချက်က ယုတ္တိမရှိလျှင် စနစ်က လက်ခံမှာ မဟုတ်ဘဲ ပါရမီရှိသည့် လူတချို့ကို အတင်းခန့်အပ်လိုက်ရပါလိမ့်မည်။

လောလောဆယ် ဘယ်သူ့ကို အလုပ်ထုတ်ရမယ်မှန်းတောင် မသိသေးဘဲ လူတွေ ထပ်ရောက်လာပါက ပိုဆိုးမသွားနိုင်ဘူးလား။

ဒုတိယတစ်ခုက သူ့သရုပ်မှန်ကို သူ့မိဘများအား ဖေးချမ့် အသိပေးလို့ မဖြစ်သေးပါ။ သူတစ်ရက်လောက်ပဲဖြစ်ဖြစ် ဆက်ပြီး ဖုံးကွယ်ထားနိုင်လျှင် ဖုံးကွယ်ထားပါဦးမည်။ ဖေးချမ့်က နာမည်လည်း မကြီးချင်ပါ။ ဘာပဲဖြစ်ဖြစ် နာမည်ကျော်များက အမြဲတမ်း အာရုံစိုက်ခံရသည်။ သူသာ နာမည်ကြီးပြီး လူများစွာ၏ အာရုံစိုက်မှုကို ခံရပါက သူ့အတွက် ကိစ္စများက အဆင်မပြေ ဖြစ်လာနိုင်ပါသည်။

စနစ်တွင် စည်းကမ်းတစ်ခုရှိသည်။ ဖေးချမ့်က စနစ်၏ တည်ရှိမှုကို ဘယ်သူ့ကိုမဆို အရိပ်အမြွက်လေးတောင် ပေးသိလို့ မဖြစ်ပါ။ ဖေးချမ့် သူ့ကိုယ်သူ မစွန့်စားရဲပါ။

ထို့ကြောင့် ဖေးချမ့်တစ်ယောက် ဘယ်လို မီဒီယာ အင်တာဗျူးကိုမှ လက်ခံမှာ မဟုတ်ပါ။

မီဒီယာများစွာက ထန်းတာ့၏ ဧည့်ကြိုကောင်တာကို ဖုန်းဆက်ပြီး အင်တာဗျူးတောင်းဆိုကြသည်။ အားလုံးအငြင်းခံရပါသည်။ ထို့အပြင် ဒီတစ်ခေါက်လည်း ခြွင်းချက်ဖြစ်မည်မဟုတ်ပါ။

ဖေးချမ့်က သူ့ရှေ့က ၅၀၀,၀၀၀ တန် အကျိုးခံစားခွင့်စာတမ်းကို ကြည့်လိုက်ပါသည်။

"အရမ်းကြီး မစဥ်းစားပါနဲ့။ ဝန်ထမ်းတွေကို ကိုယ့်ပိုက်ဆံ ၅၀၀,၀၀၀ သုံးပြီး အကျိုးခံစားခွင့်တွေပေးတယ်လို့ သတ်မှတ်လိုက်ပါ။”

"စဥ်းစားကြည့်မှ တော်တော်များတဲ့ ပမာဏပဲ"

"ဟုတ်တယ်။ ငါက ဘော့စ်ကောင်းတစ်ယောက်ပဲ။”

သူ့ဝန်ထမ်းများကို အကျိုးအမြတ် ၅၀၀,၀၀၀ ပေးခြင်းက ကိုယ်ပိုင်စည်းစိမ်ထဲ ယွမ် ၅၀၀,၀၀၀ ဝင်လာဖို့ ဖြစ်ပါသည်။ ဖေးချမ့်က ဒီလိုမျိုးလုပ်နိုင်သောလူ မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ဝန်ထမ်းများက သူ့အတွက် အားတက်သရော အလုပ်လုပ်ပေးနေကြသည်။ ဟွမ်းစစ်ပေါ်၊ ပေါင်ရှုနဲ့ တခြားသူများက သူ့အစီအစဥ်များကို ဆက်တိုက် ဖျက်လိုဖျက်ဆီးလုပ်ခဲ့သော်လည်း ထိုလူများက သူ့အပေါ် သစ္စာရှိပါသည်။

ထို့အပြင် ဝန်ထမ်းများ၏ အမြင်ကကြည့်ရင်လည်း သူတို့ ကုမ္ပဏီကို စိတ်အားထက်သန်စွာ အကျိုးပြုနေခြင်း ဖြစ်သည်။

သို့သော်လည်း ဖေးချမ့်ဘက်ကကြည့်ရင်တော့ သူတို့အားလုံးက အကူအညီမဖြစ်ဘဲ သူ့အစီအစဥ်များကို ဖျက်ဆီးနေကြခြင်း ဖြစ်ပါသည်။

"ထားလိုက်ပါတော့ကွာ။ ငါကံကိုပဲ ပုံအပ်ရတော့မယ်။ အကျိုးခံစားခွင့်ပုံစံက ပုံမှန်အတိုင်းပဲ။ အရင်သဘောတူထားတဲ့ ပုံစံတွေကိုလည်း ပေါင်းထည့်သွားမယ်။”

"ငါ့ညီအစ်ကိုတွေကို ညစ်ပတ်လို့မဖြစ်ဘူး။ ဒီတ်စခေါက် အရှုံးမပေါ်နိုင်ခဲ့ဘူးဆိုတော့ နောက်တစ်ချီကျ ကြိုးစားတာပေါ့...။”

ဖေးချမ့် အနည်းငယ် ဝမ်းနည်းပါသည်။ သူ့ရဲ့ နာကျင်ရသော အတွေ့အကြုံများကို ရင်ထဲတွင် မှတ်သားထားလိုက်သည်။ သူ့အတွေ့အကြုံများကို ပြန်၍ တန်ပြန်ပြီး ဒီအမှားများမှ သင်ယူမည်။ ဂိမ်းဒီဇိုင်နာ ဘာကြောင့် အောင်မြင်လာရသလဲဆိုတာကို ရှာဖွေတော့မည်။ ဂိမ်းဒီဇိုင်နာမှာ သူပြန်သုံးလို့ရမည့် အပြစ်အနာအဆာများ ရှိမလား ပြန်ရှာဖွေမည်။

ဂိမ်းကိုထုတ်လိုက်တာ ၂ ပတ်လောက်ရှိပြီ။ အင်တာနက်ပေါ်တွင် ကစားသမားများစွာနဲ့ ပရော်ဖက်ရှင်နယ် ဂိမ်းဝေဖန်ရေးသမားများက ဒီဂိမ်းအား လေးလေးနက်နက် ဆန်းစစ်မှုများ လုပ်နေကြသည်။

ဒီတစ်ခေါက် ဖေးချမ့်က ဒီဇိုင်းအဖွဲ့ကို ၎င်းတို့၏ အတွေ့အကြုံများအား အနှစ်ချုပ် တင်ပြဖို့ မတောင်းဆိုတော့ပါ။ အွန်လိုင်းပေါ်က ဆွေးနွေးမှုတချို့ကိုသာ ကြည့်လိုက်ဖို့လိုသည်။ သူဘယ်နေရာမှာ ကျရှုံးသွားသလဲဆိုတာကို အကြမ်းဖျင်းသိနိုင်သည်။

ပထမဆုံး ပိုပြီး အဆင့်မြင့်သည့် ဂိမ်းမီဒီယာဆိုက်များကို ကြည့်လိုက်ပါသည်။

"ဂိမ်းဒီဇိုင်နာက အရမ်းအောင်မြင်တဲ့ အပြန်အလှန်အကျိုးသက်ရောက်မှု ဇာတ်ကြောင်းရသတစ်ခုပဲ။ ပြည်တွင်းဂိမ်းဇာတ်ကြောင်းပြနည်းလမ်းတွေကို လုံးဝ သိမ်းပိုက်သွားတယ်။”

"ဒီဂိမ်းထဲမှာ ကစားသမားက ဂိမ်းဒီဇိုင်နာဖြစ်လာပြီး ပန်းတိုင်က အတားအဆီးအားလုံးကို ကျော်လွန်ပြီး ဂိမ်းတစ်ခု ဖန်တီးဖို့ အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်ရမှာ။ ကစားသမားက စူပါစတား ဂိမ်းဒီဇိုင်နာ တစ်ယောက်ဖြစ်လာမလား။ ဒေဝါလီခံသွားရမလားဆိုတာကတော့ ကစားသမားရဲ့ လက်ထဲမှာပဲ။”

"ဒီဂိမ်းရဲ့ အောင်ပန်းက ကစားသမားတွေကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ကြုံတွေ့စေပြီး ပဋိပက္ခဖြစ်ရတဲ့ ခံစားချက်ကို ခံစားရစေတာပဲ။ ဒါက လက်တွေ့ဘဝမှာ ဂိမ်းဒီဇိုင်နာတွေ ခံစားရတာနဲ့ ကွက်တိပဲ။"

"ဒါပေမယ့် ဒီတစ်ခုတည်းကြောင့်သာဆိုရင် ဂိမ်းကို ပြောင်မြောက်တဲ့ ဂိမ်းဆိုတာထက် ဂိမ်းကောင်းတစ်ခုဆိုရုံလောက်ပဲ သတ်မှတ်လို့ရမှာပေါ့။ တခြား simulation ဂိမ်းတွေနဲ့ ယှဥ်လိုက်ရင် သူ့ရဲ့လက်ရာမြောက်တဲ့ ပန်းချီစတိုင်ကြောင့်မဟုတ်ရင် ထင်ရှားလာမှာမဟုတ်ဘူး။”

"ဒီဂိမ်းကို ဂန္တဝင်လက်ရာဖြစ်သွားစေတဲ့ အရာက ကစားသမားနဲ့အတူ ဂိမ်းထဲမှာ ရှိနေပေးတဲ့ နောက်ခံစကားပြောပဲ။ ဒါက ဒီဂိမ်းအတွက် အဓိက အောင်ချက်ပဲ"

"အခုမှ စကစားတဲ့ ကစားသမားကတော့ နောက်ခံစကားပြောက စိတ်ရှုပ်ဖို့ကောင်းတယ်ထင်ပြီး လှောင်ပြောင်မှုတွေကြောင့် ဒေါသထွက်နိုင်တယ်။ ဒါပေမယ့် အချိန်ယူ စဥ်းစားပြီးတဲ့အခါမှတော့ နောက်ခံစကားပြောကြောင့်ပဲ ဂိမ်းက စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်မှန်း သိလိုက်ရမယ်။”

"နောက်ခံစကားပြောကို ဂိမ်းဒီဇိုင်နာတွေစိတ်ထဲက လောဘလို့ သတ်မှတ်လို့ရတယ်။။ ဒါမှမဟုတ် အကြံပေါင်းစုံပေးတဲ့ လူတွေပေါ့။ အကြောင်းအရာ ဖန်တီးသူတစ်ယောက်အတွက် ခက်ခဲမှုဆိုတာ အိုင်ဒီယာရှာဖို့မဟုတ်ဘဲ မှန်ကန်တဲ့ရွေးချယ်မှုတွေကို ရွေးချယ်ရတာပါပဲ။ အကြောင်းအရာ ဖန်တီးသူတွေက ကိုယ့်စံနှုန်းကို ထိန်းသိမ်းပြီး ဝေဖန်မှုတွေ၊ အကူအညီမဖြစ်တဲ့ ပြောဆိုမှုတွေ ရှိနေရင်တောင် ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို မမေ့ရဘူး။ အဲ့တာဆို အဆုံးသတ်မှာ အောင်မြင်မှုကို ရနိုင်လိမ့်မယ်။”

"အနှစ်ချုပ်ပြောရရင်တော့ ဒီဂိမ်းက အကြောင်းအရာကြွယ်ဝတဲ့ ဂိမ်းတစ်ခုပဲ။ နက်ရှိုင်းတဲ့ စိတ်ခံစားချက်တစ်ခုကို ချန်ခဲ့ပေးပြီး ဆန်းသစ်တဲ့ ဂိမ်းကစားနည်းလည်းပါတယ်။ တခြားဂိမ်းတွေနဲ့ ခြားနားတာပေါ့။ ဂိမ်းဒီဇိုင်နာတွေ ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ငါတို့ကို ပြသလိုက်ရုံတင်မကသေးဘူး၊ ဗြောင်းဆန်နေတဲ့ ဂိမ်းစျေးကွက်ရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကိုပါ ဖော်ပြသွားတယ်။ ဒီဂိမ်းက အကြောင်းအရာ ဖန်တီးသူတွေအားလုံးကို ကိုယ့်ရဲ့စိတ်အားထက်သန်မှုကို မမေ့လျော့ဘဲ ရှေ့ဆက်တိုးဖို့ အားပေးနေတာပဲ။”

Rating : 9.0

နိဂုံး : ဂိမ်းလောကတစ်ခုလုံးကို ဝေဖန်ဖို့ အမှောင်ဟာသတွေ အသုံးပြုသွားတယ်။ ကစားသမားတွေကို စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ရသမျိုး ပေးစွမ်းတယ်။

ကောင်းကွက်များ : အမှောင်ဟာသများပါဝင်ခြင်း၊ လူတွေကို ထပ်ပြီး ကစားစေချင်သော ဇာတ်သိမ်းများစွာ ပါဝင်ခြင်း၊ အလွန်တော်သည့် နောက်ခံစကားပြော ပါဝင်ခြင်း၊

ဂိမ်းလောကကို အလင်းဆောင်ပြီး လေးလေးနက်နက် တွေးခေါ်တတ်အောင် သင်ပေးခြင်း၊

ဆိုးကွက်များ : တစ်ခါတစ်လေ ဂိမ်းက ကစားသမားတွေကို တမင်သက်သက် ကန့်သတ်လေ့ရှိတယ်။ ဒါပေမယ့် ဒါကလည်း ဂိမ်းကစားနည်းရဲ့ ကဏ္ဍတစ်ခုပါပဲ။

All Chapters