← Chapters

အခန်း(၁၂၆) ဘော့စ်ဖေးရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ အမြော်အမြင်ရှိမှု

Vol. 9 Ch. 126

အခန်း(၁၂၆) ဘော့စ်ဖေးရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ အမြော်အမြင်ရှိမှု

Vol. 9 Ch. 126

အခန်း(၁၂၆) ဘော့စ်ဖေးရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ အမြော်အမြင်ရှိမှု

"ဘော့စ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာ ဘာမှ ပြောပြစရာမလိုဘူး။ ပြီးတော့လည်း လစာ ဘာညာကိုလည်း အသေးစိတ်ပြောပြဖို့ မလိုပါဘူး။ မသဲမကွဲပုံစံမျိုးနဲ့ ပြန်ဖြေပေးလို့ရပါတယ်။ စိတ်မပူပါနဲ့၊ ဒီအင်တာဗျူးကို လုံးဝ လူမသိစေရပါဘူး။ ပြီးတော့ မှတ်တမ်းတင်တဲ့ စက်ပစ္စည်း သို့မဟုတ် ဗီဒီယိုရိုက်တာတွေ ဘာတွေ မသုံးဘဲ လက်နဲ့ပဲ အားလုံးကို အမြန်ချရေးသွားမှာပါ။"

ဟူယွဲ့က သေချာပြင်ဆင်ထားသည့်ပုံစံဖြင့် သူမ၏ မှတ်စုစာအုပ်ကို ထုတ်လိုက်ပြီး သူမ၏ အိတ်ကပ်များထဲတွင် ဘာအသံဖမ်းစက်မှ မရှိကြောင်း သက်သေပြလိုက်သည်။

မာယိချွမ် နည်းနည်း မှင်သက်သွားပါသည်။ "ခင်ဗျားက အလုပ်ကို အရမ်းအစွန်းရောက်လွန်းတယ် မထင်ဘူးလား။ ထန်းတာ့ကြောင့်လား။ ဒါပေမယ့် သာမန်ဂိမ်းကုမ္ပဏီတစ်ခုသက်သက်ပဲလေ။ ဘာလို့ ဒီတာဗျူးကို လုပ်မှ ဖြစ်မှာလဲ။”

"မဟုတ်ပါဘူး" ဟူယွဲ့က အတည်ပေါက် ပြန်ဖြေလိုက်ပါသည်။ "ကျွန်မက ပြည်တွင်းဂိမ်းလောကရဲ့ အခြေအနေနဲ့ တိုးတက်မှုတွေအတွက် အင်တာဗျူး လုပ်နေတာပါ။"

မာယိချွမ်က အနည်းငယ် ဇဝေဇဝါဖြစ်သွားပါသည်။ "ဟမ် ခင်ဗျား ဘာကို ဆိုလိုတာလဲ။"

ဟူယွဲ့၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်ပါသည်။ "ဒါက သာမန်အင်တာဗျူးတစ်ခုဆိုရင် ကျွန်မ လက်လျှော့လိုက်ပါပြီ။ ဒါပေမယ့် ထန်းတာ့က ခြားနားတယ်။ ကျွန်မ ထန်းတာ့ကို အင်တာဗျူးချင်တာက သူ့ရဲ့ အကျိုးခံစားခွင့်တွေ လစာတွေကို သိချင်လို့ မဟုတ်ဘူး။ ပြည်တွင်းဂိမ်းလောကကို ဒီလို စိတ်ထားကောင်းတဲ့ ဂိမ်းကုမ္ပဏီ တည်ရှိကြောင်း ပြသချင်လို့ပါ။"

"ဒီ့မတိုင်ခင်က ပြည်တွင်း ဂိမ်းလောကကြီးက ကြမ်းတမ်းပြီး ညစ်ပတ်တဲ့အတွက် ကစားသမားတွေ အထင်သေးတာကို အမြဲတမ်း ခံခဲ့ရတယ်။ သူတို့တွေက paywallတွေကို သုံးပြီး ပိုက်ဆံရှာဖို့ပဲ စဥ်းစားနေကြတယ်။ ဖန်တီးနိုင်စွမ်းတွေ လျော့နည်းကြတယ်။ ဂိမ်းမီဒီယာရဲ့ မန်ဘာတစ်ယောက်အနေနဲ့ ကျွန်မလည်း ဒါတွေကြောင့် စိတ်ဖိစီးပြီး စိတ်ဓာတ်ကျမိတယ် ဒါပေမယ့် ဘာမှမလုပ်နိုင်လောက်အောင် အာဏာမဲ့နေတယ်။”

"ဒါပေမယ့် ထန်းတာ့ပေါ်လာတာကြောင့် ခြားနားတဲ့ ကုမ္ပဏီတစ်ခုကို ကျွန်မ ရှာတွေ့ခဲ့ရတယ်။ ကိုယ့်ဂိမ်းရဲ့ အရည်အသွေးကို အရမ်းတန်ဖိုးထားတဲ့ ကုမ္ပဏီ၊ ဖန်တီးနိုင်စွမ်း ရဲတင်းတဲ့ ကုမ္ပဏီ၊ လောဘမကြီးဘဲ ဂိမ်းတွေကို အနုပညာလို့မြင်တဲ့ကုမ္ပဏီပေါ့။”

"ကျွန်မထင်လိုက်တာက ထန်းတာ့ရဲ့ ကုမ္ပဏီတွင်း အလုပ်လုပ်ပုံတွေကလည်း တခြားကုမ္ပဏီတွေနဲ့ ခြားနားမယ်လို့ ထင်လိုက်မိလို့ပါ။ ကျွန်မ ဒီအင်တာဗျူးကို လုပ်နိုင်မယ်ဆိုရင် ပြည်တွင်းဂိမ်းလောကပေါ် သေချာပေါက် အကျိုးသက်ရောက်မှု ကြီးမားမှာပါ။"

"ထန်းတာ့က စံပြဖြစ်လာဖို့ မျှော်လင့်တယ်။ ပြည်တွင်းဂိမ်းလောကရဲ့ မနက်ဖြန်တွေ လှပအောင် လမ်းပြပေးမယ့် စံပြမျိုး။ ပြည်တွင်းထုတ်ဂိမ်းတွေကို သဘောကျတဲ့ ကစားသမားတွေအားလုံးလည်း ဒီဂိမ်းတွေအပေါ် ယုံကြည်ချက်ရှိလာဖို့ မျှော်လင့်တာပါ။"

မာယိချွမ် တိတ်ဆိတ်သွားသည်။ အစကတော့ ဟူယွဲ့က အတွင်းသတင်းများ နှိုက်ယူပြီး အထင်လွဲစရာ သတင်းခေါင်းစီးမျိုး ရေးသားပါက မာယိချွမ် သေချာပေါက် မတွန့်ဆုတ်ဘဲ ပြတ်ပြတ်သားသား ငြင်းလိုက်မည်ဖြစ်သည်။ သို့သော်လည်း ဟူယွဲ့၏ စကားလုံးများကြောင့် သူစိတ်ပြောင်းသွားရသည်။

ထန်းတာ့သာ စံပြဖြစ်လာနိုင်ပြီး ပြည်တွင်းဂိမ်းလောက တစ်ခုလုံးကို အဆင့်တစ်ခုထိ ပြောင်းလဲပေးနိုင်ပါက ကောင်းသည့်ကိစ္စ မဟုတ်ဘူးလား။

ဒီလိုကြည့်ရင်တော့ သူအင်တာဗျူးကို လက်ခံသင့်ပါသည်။ သို့သော်လည်း ဘော့စ်ဖေးက သူ့သရုပ်မှန်နဲ့ ကုမ္ပဏီ၏ အကျိုးခံစားခွင့်များနဲ့ ပတ်သတ်တာကို ဘာမှထုတ်မပြောဖို့ သေသေချာချာ မှာကြားထားသည်။

သူ အကျပ်ရိုက်နေပါပြီ။

မာယိချွမ် ခဏတာမျှ စဥ်းစားလိုက်သည်။ "ဒီလိုဆိုရင်ကော ခင်ဗျားရဲ့ ဖုန်းနံပါတ် ကျွန်တော့်ကို ပေးထားလိုက်လေ။ ကျွန်တော့်ကို တစ်ရက်လောက်တော့ စဥ်းစားခွင့်ပေးပါ။”

"ကောင်းပါပြီ" ဟူယွဲ့လည်း ဒီကိစ္စကို လောလို့ မရတာ နားလည်ပြီး သူမ၏ ဖုန်းနံပါတ်ကို မာယိချွမ်အား ပေးလိုက်ပါသည်။

...

...

တစ်ညတာလောက် စဥ်းစားပြီးတာတောင် မာယိချွမ် မဆုံးဖြတ်နိုင်သေးပေ။ ထပ်စဥ်းစားကာ ရုံးသို့ရောက်သောအခါ ပေါင်ရှု၏ အမြင်ကို မေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

အင်တာဗျူးက လူမသိသူမသိလုပ်ရမည်ဖြစ်သော်လည်း ဒီကိစ္စကြောင့် ဘော့စ်ဖေး စိတ်မကျေနပ်ဖြစ်သွားလျှင် မကောင်းနိုင်ပါ။ မာယိချွမ် လိပ်ပြာမလုံ ဖြစ်သွားနိုင်ပါသည်။

ဘော့စ်ဖေးကို တိုက်ရိုက်သွားမေးဖို့ကလည်း မဖြစ်နိုင်ပါ။ ပေါင်ရှုက ဘော့စ်ဖေးအကြောင်း အသိဆုံးလူ ဖြစ်သည်။ သူ့အမြင်ကို မေးခြင်းက အဆင်ပြေနိုင်ပါသည်။

နောက်တစ်နေ့မနက် မာယိချွမ် ပေါင်ရှုကို သွားတွေ့ပြီး ဒီကိစ္စကို ရိုးရိုးရှင်းရှင်း ရှင်းပြခဲ့ပါသည်။ ပေါင်ရှုက ခဏတာမျှ စဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "မင်း ဒီအင်တာဗျူးကို လက်ခံလို့ရမယ်ထင်တယ်။”

မာယိချွမ်က အနည်းငယ် တွန့်ဆုတ်သွား၏။ "ဒါပေမယ့် ငါတို့ သူ့သရုပ်မှန်ကိုကော၊ ကုမ္ပဏီရဲ့ အကျိုးခံစားခွင့်တွေကိုကော အပြင်လောကကို ထုတ်ပြလို့မရဘူးလို့ သေသေချာချာ မှာထားတယ် မဟုတ်ဘူးလား။"

ပေါင်ရှုက ခေါင်းခါလိုက်သည်။ "အဲ့လောက် မတုံးအစမ်းပါနဲ့ကွာ။ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက် အစစ်တွေကို နားလည်အောင် ကြိုးစားစမ်းပါ။”

မာယိချွမ် မျက်လုံးကျယ်သွား၏။ "ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်အစစ်ဟုတ်လား။”

အမှန်ပင်။ သူလူမေးမှန်သွားပါသည်။ ပေါင်ရှုလို့ အစွမ်းထက်သည့် လူမျိုးကသာ ဘော့စ်ဖေး၏ ရည်ရွယ်ချက်ကို နားလည်နိုင်လိမ့်မည်။ ပေါင်ရှုပြောသည့်အတိုင်းလုပ်ပါက ဘာမှမမှားနိုင်ပါ။

ပေါင်ရှုက အတွေးများကို စုစည်းလိုက်ပြီး  ဆန်းစစ်လိုက်ပါသည်။ "ဘော့စ်ဖေးက ငါတို့ကို သူ့သရုပ်မှန်ကို မဖော်ပြဘဲ ထန်းတာ့ရဲ့ အကျိုးခံစားခွင့်တွေကိုလည်း တခြားသူတွေကို အသိမပေးစေချင်ဘူး။ ဒီအချက်ကို အစက ငါထူးဆန်းတယ်လို့ထင်ပြီး နားလည်ဖို့လည်း ခက်ခဲခဲ့တယ်။ နာမည်မကြီးချင်တဲ့လူ ဘယ်မှာရှိလို့လဲ။ ဒါပေမယ့် ဖြည်းဖြည်းချင်း စဥ်းစားကြည့်လိုက်တော့ နောက်ဆုံး နားလည်သွားခဲ့တယ်။”

"ဘော့စ်ဖေးက ဘာလို့ ငါတို့ကို သူ့သရုပ်မှန်ကို မဖော်ပြစေချင်တာလဲ။ ဘာလို့လဲဆိုတော့ ဘော့စ်ဖေးက ဇာတ်နိမ့်နေတတ်တဲ့လူဖြစ်နေလို့ပေါ့။ သူက ဆွဲဆောင်မှုအများကြီးရှိတဲ့ ဂိမ်းဒီဇိုင်နာတစ်ယောက်။ သူ့သရုပ်မှန်ကိုသာ လူသိရှင်ကြားချပြလိုက်ရင် ဂိမ်မာတွေက ဂိမ်းတွေထက် သူ့ကို ပိုပြီးအာရုံစိုက်လာနိုင်လို့ဖြစ်မယ်။"

"အဲ့တာကြောင့် ဘော့စ်ဖေးက သူ့ကိုမဟုတ်ဘဲ သူဖန်တီးတဲ့ဂိမ်းတွေကိုပဲ လူတွေကို အာရုံစိုက်စေချင်တာပဲ။”

"ကစားသမားတွေကို စူပါစတားတွေ အိုင်ဒေါတွေကိုပဲ ကြိုက်တဲ့ အစွန်းရောက်ဖန်တွေ ဖြစ်မလာစေချင်ဘူး။ အားလုံးကို သူ့ရဲ့ကိုယ်ပိုင်ဆွဲဆောင်မှုကို မကြည့်ဘဲ သူ့ဂိမ်းတွေကို စစ်မှန်စွာနဲ့ သေသေချာချာ ရီဗျူးပေးဖို့ မျှော်လင့်တာ။”

မာယိချွမ် ရုက်တရက် သဘောပေါက်သွားသည်။ "ငါနားလည်သွားပြီ။ စာရေးဆရာတစ်ယောက် အရင်က ပြောခဲ့ဖူးသလိုပေါ့။ 'ကြက်ဥတစ်လုံးကို စားပြီး အရသာရှိတယ်လို့ထင်ရင် ကြက်ဥဥပေးတဲ့ ကြက်မကြီးကို သိဖို့လိုလို့လား'တဲ့။”

ပေါင်ရှုက ခေါင်းငြိမ့်လိုက်သည်။ "အမှန်ပဲ။ အဓိကအချက်က အဲ့တာပဲ။ မင်းက တကယ့် တရုတ်ဘာသာနဲ့ ယဥ်ကျေးမှုတက္ကသိုလ်ကျောင်းသာပဲ။”

မာယိချွမ်က အနည်းငယ် ရှက်သွားပြီး ပြောလိုက်ပါသည်။ "ညီအစ်ကိုပေါင်က သဘောကောင်းလို့ပါ။ ငါလည်း ဒီကိစ္စကို တိုက်တိုက်ဆိုင်ဆိုင် စဥ်းစားဖူးတယ်။ ကြည့်ရတာ တကယ့်ဆရာကြီးတွေက အမြဲတမ်း ကျိုးနွံပြီး ဇာတ်နိမ့်ပဲနေတတ်ကြတယ်ထင်တယ်နော်။”

"အဲ့တာဆို... ဘော့စ်ဖေးက ဘာလို့ ကုမ္ပဏီအကျိုးကျေးဇူးတွေနဲ့ လစာခံစားခွင့်တွေကို မဖော်ထုတ်ခိုင်းတာလဲ" မာယိချွမ်က ဆက်မေးလိုက်ပါသည်။

ပေါင်ရှုက သက်ပြင်းချကာ ပြောလိုက်သည်။ "ဘော့စ်ဖေး ဒီလိုလုပ်တာက ပြည်တွင်းဂိမ်း လောကတစ်ခုလုံးရဲ့ ကောင်းကျိုးအတွက်လို့ မြင်မိတယ်။ ထန်းတာ့ရဲ့ အကျိုးခံစားခွင့်နဲ့ လစာတွေကို ဘယ်သူမှ မယှဥ်နိုင်မှန်း ငါတို့ သိတယ်လေ။ တခြား ဘယ်ဂိမ်းကုမ္ပဏီကမှ ထန်းတာ့လောက် မပေးနိုင်ဘူး။ ဒါတွေကိုသာ လူသိရှင်ကြား ထုတ်ပြလိုက်ရင် ဘာဖြစ်သွားမလဲ။"

"ဂိမ်းလောကတစ်ခုလုံး တုန်လှုပ်သွားလိမ့်မယ် မဟုတ်ဘူးလား။"

မာယိချွမ်က အနည်းငယ် ဇဝေဇဝါဖြစ်နေပါသည်။ "အဲ့တာဆိုလည်း ပါရမီရှိတဲ့ လူတွေအကုန်လုံး ထန်းတာ့ကို ဝင်လာမှာပေါ့။ အဲ့တာ ကောင်းတဲ့အရာ မဟုတ်ဘူးလား။"

ပေါင်ရှုက ခေါင်းကိုခါလိုက်သည်။ "မင်းက ဒီပြဿနာကို တစ်ဖက်သတ်အမြင်နဲ့ ကြည့်နေတာပဲ။ ထန်းတာ့က ဂိမ်းလောက စံနှုန်းတွေကို ချိုးဖောက်ပြီး ဝန်ထမ်းတွေကို ဒီလောက်ကောင်းတဲ့ အကျိုးခံစားခွင့်တွေပေးရင် တခြား ကုမ္ပဏီတွေမှာ ဗြောင်းဆန်မသွားနိုင်ဘူးလား။ ထန်းတာ့က အဓိက အပြစ်တင်ခံရတဲ့သူ ဖြစ်လာလိမ့်မယ်။ ဖြစ်နိုင်ချေက အဲ့လောက်မများပေမယ့် ငါတို့ သတိတော့ ထားရမှာပေါ့။”

"ပြီးတော့လည်း ဒီအကြောင်းကို လူသိရှင်ကြား ထုတ်ပြလိုက်ရင် တခြား အသစ်စက်စက် တည်ထောင်ထားတဲ့ ဂိမ်းကုမ္ပဏီအသေးစားလေးအတွက် မကောင်းတဲ့ သက်ရောက်မှုမျိုး ရှိလာနိုင်တယ်။ အကျိုးခံစားခွင့်ကောင်းတွေ ပေးတာ ကောင်းပေမယ့် ကုမ္ပဏီတိုင်းရဲ့ဘော့စ်တွေက ဘော့စ်ဖေးလိုမျိုး ကောင်းနေတာမှမဟုတ်တာ"

"ဝန်ထမ်းတွေကို အကျိုးခံစားခွင့်နည်းနည်းပဲ ပေးတဲ့ ကုမ္ပဏီတိုင်းက ညစ်ပတ်တာ မဖြစ်နိုင်ဘူး။ သူတို့ တကယ်ပဲ ရုန်းကန်နေရလို့ ဖြစ်နိုင်တယ်။ အသစ်တည်ထောင်ထားတဲ့ အုပ်စုတွေရဲ့ ဘော့စ်တွေက သူတို့ဝန်ထမ်းတွေနဲ့ အတူတူ ကြိုးစားပြီး အချိန်ပိုလုပ်ကြရင်း အခက်အခဲကို ကျော်ဖြတ်ပေးကြတယ်။ ဒီလိုသာဓကတွေ ငါတို့နားမှာ အများကြီး ရှိပါတယ်။”

"ထန်းတာ့က သူ့ရဲ့အကျိုးခံစားခွင့်တွေကို အားလုံးကို ထုတ်ပြလိုက်တာနဲ့ အဆင်ပြေနေတဲ့ ကုမ္ပဏီတွေ ထန်းတာ့ကြောင့် ပြိုကွဲသွားရင် ကောင်းတာလား ဆိုးတာလား။  ဂိမ်းလောကရဲ့ ယေဘုယျ ရိုးရာနဲ့ အခြေအနေတွေကို ဖြည်းဖြည်းချင်း ပြောင်းလဲရတယ်။ ထန်းတာ့ကသာ စံနှုန်းတွေကို ရုတ်တရက်ကြီး အရမ်းမြင့်မြင့်ထားလိုက်ရင် စျေးကွက်ပြိုကွဲမှုကြီး ဖြစ်လာလိမ့်မယ်။”

မာယိချွမ် နားလည်သွားပါသည်။"သြော်ငါနားလည်သွားပြီ။ Zi Gong Ransoming Someone ထဲက ဇာတ်လမ်းအတိုင်းပဲ။"

ပေါင်ရှုက အနည်းငယ် မှင်သက်သွားပါသည်။ တကယ်ပဲ ကလေးတစ်ယောက်က တရုတ်ဘာသာစကားနဲ့ယဥ်ကျေးမှု ကျောင်းသားတစ်ယောက်ကို စကားပြောနေရသလိုပင်။

All Chapters