← Chapters

အခန်း(၁၂၇) သတင်းကောင်း တင်ပြဖို့ ရောက်လာပြီ

Vol. 9 Ch. 127

အခန်း(၁၂၇) သတင်းကောင်း တင်ပြဖို့ ရောက်လာပြီ

Vol. 9 Ch. 127

အခန်း(၁၂၇) သတင်းကောင်း တင်ပြဖို့ ရောက်လာပြီ

မာယိချွမ်က အမြန်ရှင်းပြလိုက်ပါသည်။ "ဒါက Analects of Confucius ထဲက ဇာတ်လမ်းပဲ။ အနှစ်ချုပ်ပြောရရင် အားလုံး ပုံမှန်ဆို ရနိုင်တဲ့ စံနှုန်းတစ်ခုကို ယူပြီး လူအများစု မရနိုင်လောက်တဲ့ အတိုင်းအတာတစ်ခုထိ မြှင့်တင်လိုက်မယ်ဆိုရင် လူအများစုက အဲ့ဒီ့စံနှုန်းနောက်ကို လိုက်ရင်း အဟန့်အတား ဖြစ်လာမယ်တဲ့။”

"ထန်းတာ့ဂိမ်းကသာ လစာစံနှုန်းကို တိုးမြှင့်လိုက်ပြီး သူ့ရဲ့ ဝန်ထမ်းတွေအတွက် အကျိုးခံစားခွင့်ကို မြင့်မားတဲ့ အတိုင်းအတာတစ်ခုအထိ မြှင့်လိုက်မယ်ဆိုရင်  တခြားကုမ္ပဏီတွေရဲ့ ဝန်ထမ်းကိုလည်း သက်ရောက်မှု ရှိသွားတာပေါ့။ ဖြည်းဖြည်းချင်း ဂိမ်းလောက တစ်ခုလုံးရဲ့ အခြေအနေကိုပါ ထိခိုက်မှုရှိလာမယ်။ အဲ့တာကြောင့် သီအိုရီတစ်ခုအရဆိုရင် လုံးဝ ပျက်စီးသွားလိမ့်မယ်။"

ပေါင်ရှုက ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တာပေါ့။ မင်းပြောတဲ့ ဇာတ်လမ်းကို နားမလည်ပေမယ့် ဆိုလိုရင်းကတော့ ဒါပါပဲ။ ငါတို့ အကောင်းဘက်ကြည့်မယ်ဆိုရင် ဂိမ်းလောကတစ်ခုလုံးက အနာဂတ်မှာ ထန်းတာ့ရဲ့ လွှမ်းမိုးမှုကြောင့် တိုးတက်လာမယ်။ ဒါပေမယ့်လည်း လောလောဆယ်တော့  စောလွန်းပါသေးတယ်။ ငါတို့ တစ်ကြိမ်ကို ခြေတစ်လှမ်းစီပဲ လှမ်းရမယ်။”

"ဘော့စ်ဖေးလည်း ဒါကို တွေးပြီးသား ဖြစ်မယ်။ အဲ့တာကြောင့်လည်း သူက ဇာတ်နိမ့်ပိုနေချင်ပြီး ငါတို့တွေကို ခဏခဏ ပြောနေတာပေါ့။”

မာယိချွမ်တစ်ယောက် အားလုံး နားလည်သွားတော့သည်။ ဒါကြောင့်ကိုး။ ဘော့စ်ဖေးက သူ့အတွက်သူ ဇာတ်နိမ့်နေချင်တာမျိုး မဟုတ်ဘဲ အမြော်အမြင်ကြီးခြင်းသာ ဖြစ်ပါသည်။ သူက ဂိမ်းလောကတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ ထည့်စဥ်းစားပေးနေခြင်းဖြစ်သည်။

"အင်း... အဲ့တာဆို အင်တာဗျူးကို ငြင်းလိုက်ရမှာပေါ့။” မာယိချွမ်က မေးလိုက်ပါသည်။

ပေါင်ရှု "မဟုတ်ဘူး။ မင်းလက်ခံသင့်တယ်။”

"ဟမ်။” မာယိချွမ် ခေါင်းနောက်သွားသည်။ "ဘော့စ်ဖေးရဲ့ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်တွေကို ဆန့်ကျင်တာမျိုးဖြစ်မသွားဘူးလား။”

ပေါင်ရှုက ပြုံးလိုက်ပါသည်။ "ဘော့စ်ဖေးရဲ့ သရုပ်မှန်ကို မဖော်ထုတ်သရွေ့၊ ငါတို့ရဲ့ လစာနဲ့ အကျိုးခံစားခွင့်တွေကို မဖော်ထုတ်သရွေ့ ဘာပြဿနာမှမရှိလောက်ပါဘူး ဟုတ်တယ်မလား။ ဒီအချိန်မှာ အင်တာဗျူးတစ်ခုလုပ်ဖို့ လိုအပ်တယ်လို့ ငါခံစားရတယ်။ ဒါမှ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်တွေကို ဖြည့်ဆည်းပေးရင်း ထန်းတာ့ကိုလည်း လူသိလာအောင် လုပ်ပေးနိုင်လိမ့်မယ်။”

"ဒါပေမယ့် ဒီအခြေအနေကိုတော့ ငါတို့တွေ သေချာထိန်းချုပ်ထားရမယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ စာချုပ်ထဲက သဘောတူညီချက်တွေကို ဖော်ထုတ်လို့မရဘူး။ ဒါပေမယ့် ငါတို့ရဲ့ စိတ်ခံစားချက်နဲ့ အမြင်တွေကို ဖော်ထုတ်ပြသလို့ရတယ်။”

မာယိချွမ်က ရီဝေစွာဖြင့် ပေါင်ရှုကို စိုက်ကြည့်နေသည်။ "ဒါဆို... ငါဘယ်လိုလုပ်ရမလဲ။”

ပေါင်ရှုက ပြန်ဖြေလိုက်၏။ "ငါတို့ ထန်းတာ့ရဲ့ လစာပုံစံနဲ့ ဝန်ထမ်းတွေရဲ့အကျိုးခံစားခွင့်တွေကို ထုတ်ပြလို့မရဘူးလို့ပဲ ဘော့စ်ဖေးက ပြောတာလေ။ ဒါပေမယ့် အဲ့ဒါတွေအပြင် ထန်းတာ့ရဲ့ တခြားကဏ္ဍတွေကလည်း ချီးမွန်းထိုက်ပါသေးတယ်။”

"ငါတို့အဲ့ဒီတခြား ကဏ္ဍတွေကိုသာ ကြော်ငြာပြီး ချပြလိုက်ရင် ဘော့စ်ဖေးရဲ့ ဇာတ်နိမ့်နေချင်တဲ့ ရည်ရွယ်ချက်ကို မဖျက်ဆီးမိရုံတင် မကဘဲ ငါတို့ကုမ္ပဏီကိုလည်း ကောင်းကောင်း ကြော်ငြာပေးရာကျမယ်။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်လိုက်တာပဲ"

"ဂိမ်းကုမ္ပဏီတစ်ခုအနေနဲ့ ငါတို့ဂုဏ်သတင်း မွှေးအောင်လုပ်ပြီး ပါရမီရှင်တွေကို ဆွဲဆောင်ရမယ်။ ဘော့စ်ဖေး ဒီဗျူဟာကို သဘောမကျမဖြစ်လောက်ပါဘူး။”

မာယိချွမ်က အားတက်သရောခေါင်းငြိမ့်လိုက်ပါသည်။ "နားလည်ပါပြီ ညီအစ်ကိုပေါင် ဒီအင်တာဗျူးကို လက်ခံပြီး အကောင်းဆုံး ကြိုးစားလိုက်ပါ့မယ်။”

...

ရုံးခန်းထဲတွင် ဖေးချမ့်က စနစ်ကို ဆင့်ခေါ်လိုက်ပြန်သည်။

စနစ်မျက်နှာပြင်ပေါ်က စာလုံးများကို ဖတ်လိုက်ပြီး သက်ပြင်းအရှည်ကြီးချလိုက်ပါသည်။

မူလအစီအစဥ်အရဆို အခုလောက်ဆိုရင် သူအရှုံးပေါ်နေလောက်ပါပြီ။ ဖေးချမ့်က အရှုံးပေါ်စေရန် ဝန်ထမ်းအားလုံးကို ဆေးစစ်ခိုင်းပြီး ၎င်းတို့၏ လုပ်ငန်းလစာအကျိုးခံစားခွင့် စတာတွေကိုလည်း တိုးမြှင့်ပေးခဲ့သည်။

သို့သော်လည်း  ဂိမ်းဒီဇိုင်နာက ရုတ်တရက်ကြီး ဝင်ငွေကြမ်းလာခဲ့သည်။

ထင်မထားစွာနဲ့ ထူးဆန်းစွာဖြင့် ဖေးချမ့်အကောင့်ထဲ အပိုငွေ ယွမ် ၁သန်းကျော် ဝင်လာသည်။ အချိန်တို တစ်ခုအတွင်း အရှုံးက အမြတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့အပြင် ငွေစာရင်းရှင်းမည့်အချိန်ရောက်ဖို့ တစ်ပတ်တောင် လိုပါသေးသည်။ နောက်ထပ် ယွမ် ၁သန်းလောက် ထပ်ရဖို့ ရှိသေးသည်ဟုပင် ခန့်မှန်းမိသည်။

တစ်နည်းအားဖြင့် စနစ်ရန်ပုံငွေထဲ ယွမ် ၃ သန်းလောက် ရှိလာလိမ့်မည်။ အမြတ်ငွေ အလဲအထပ် အချိုးအရ စနစ်ရန်ပုံငွေ၏ မူလ ယွမ် ၁ သန်းကို နုတ်လိုက်ပြီးနောက် ယွမ် ၂ သန်းဝန်းကျင်လောက်ကို အလဲအထပ်လုပ်ဖို့ ကျန်ပါမည်။

"၃ လနဲ့ အလဲအထပ်ပမာဏ ၂ သန်းကျော်...။ ပျမ်းမျှတစ်လကို ၇,၀၀၀ ယွမ်လောက်ရတာနဲ့ ညီမျှတာပဲ...."

"ဟုတ်ပါပြီ။ ဒီလောက်ဆိုလည်း မနည်းပါဘူး" ဖေးချမ့် ရွေးချယ်စရာ မရှိတော့ဘဲ ရသလောက်နဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်ရတော့သည်။ အမြတ်ငွေ အလဲအထပ်အချိုးက ၁၀၀ : ၁ ဖြစ်သော်လည်း အလဲအထပ် လုပ်နိုင်သလောက်ကို ယူပါမည်။

သူ ထိုအရာများကို စဥ်းစားနေစဥ်မှာပင် တံခါးခေါက်သံ ကြားလိုက်ရပါသည်။ မော့ကြည့်လိုက်သောအခါ ဟွမ်းစစ်ပေါ်ကို မြင်လိုက်ရသည်။

"ဘော့စ်ဖေး ကျွန်တော် သတင်းကောင်းလာပေးတာပါ။ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ တတိယတွဲ အပိုင်း ၃ပိုင်းကို အိုင်လီကျွန်းမှာ တင်လိုက်ပြီ။ ပထမ ၃ ပိုင်းမှာ တစ်ပိုင်းစီတိုင်းက ကြည့်ရှုသူ ၁သန်းလောက်တောင် ရှိသွားပါပြီ။”

"အင်တာနက်တစ်ခွင် ပထမ  စီးရီးတွဲ ၂ခုရဲ့ ကြည့်ရှုသူ ဘယ်နှယောက်ရှိလဲ မသိသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ စီးရီးကို ကုမ္ပဏီတစ်ခုကပဲ ထုတ်လွှင့်ပြသခွင့်ရှိတယ်ဆိုတာကိုပါ ထည့်တွက်ရင်တော့ ကျွန်တော်တို့ အခု ရေပန်းစားမှုအရ တော်တော်လေး အဆင်ပြေနေတာပဲ။”

"ကျွန်တော်တို့ သဘောတူညီချက်အရ အိုင်လီကျွန်းက အရင်အပတ်အတွက် ကျွန်တော်တို့ကို ၅၃၀,၀၀၀ ယွမ် ပေးပြီးပါပြီ။ အဲ့ဒီငွေက ကျွန်တော်တို့အကောင့်ထဲ ဝင်လာတာ ၁၀ ပိုင်းစလုံး ထွက်ပြီးသွားရင်း ဒီအရေအတွက်က ၃ ဆ ၄ ဆလောက် ပိုတိုးလာမယ်ထင်ရတယ်။”

"ဘော့စ်ဖေး ကျွန်တော် ထန်းတာ့ရဲ့အကောင့်ထဲကို ငွေလွှဲပေးလိုက်မယ်။ ဘော့စ်ဖေး ခွဲပေးမလား။” ဟွမ်းစစ်ပေါ်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုနှင့် ရွှင်မြူးမှုစစ်စစ်တို့ ပေါ်လွင်နေပါသည်။ ဘော့စ်ဖေးရှေ့မှာ ဂုဏ်ယူမှုနှင့် ပျော်ရွှင်မှုတို့ကို ပြသနေသည်။

သူတို့စီးရီးအတွက် ရင်းနှီးမြှုပ်နှံထားသည့် ယွမ် ၁ သန်းကို ပြန်မရသေးသော်လည်း သူတို့ အခုချိန်ထိ ၅၃၀,၀၀၀ ယွမ်လောက် ရခဲ့ပါပြီ။ မကြာခင် အမြတ်ငွေများဝင်လာတော့မှာ အနည်းနဲ့ အများ သေချာနေပါပြီ။

ထို့ကြောင့် ဟွမ်းစစ်ပေါ်လည်း ဒီသတင်းကောင်းကို ဖေးချမ့်အား မျှဝေပေးဖို့ မစောင့်နိုင်ခဲ့ပါ။

ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝက အိပ်မက်ရန်ပုံငွေ ယွမ် ၁ သန်းကို သဲထဲရေသွန် မဖြစ်စေခဲ့မှန်း သူပြသချင်သည်။ အခုတော့ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝဟု ခေါ်သည့် ထိပ်တန်းအဆင့်၊  ဗီဒီယိုအတိုစီးရီးလေးကိုသာ ဖန်တီးရသေးသည်။ သို့သော်လည်း အမြတ်ငွေများတောင် ရနိုင်ပါတော့မည်။

ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပါသည်။ "အေး မဆိုးပါဘူး။ ငွေရေးကြေးရေးကိစ္စတွေ စိတ်မပူနဲ့။ ငါတို့သေချာ စဥ်းစားရမယ်...”

ဖေးချမ့် ခေါင်းကိုက်နေဆဲဖြစ်သည်။ သူ ဖြုန်းတီးရမည့် ပိုက်ဆံအရေအတွက်ကို စဥ်းစားနေ၏။ ယခု ဝင်ငွေများ ပိုများလာပြီဖြစ်သည်။ သူ့ခေါင်မိုးမှာ  အပေါက်ပေါက်နေသလိုပင်။ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ရေနစ်နေခဲ့ပါသည်။

သို့သော်လည်း ဟွမ်းစစ်ပေါ်၏ ပျော်ရွှင်နေမှုကို မြင်ပြီးနောက် သူ့ကိုယ်သူ မှုန်ကုပ်နေသည့်ပုံစံ ဖြစ်စေလို့ မရပါ။ ဖေးချမ့်တစ်ယောက် ကြိုးစားပြီး အားပေးသည့် အပြုံးမျိုး ပြုံးဖို့သာ တတ်နိုင်ပါသည်။ ဖေးချမ့် စိတ်ထဲက အမြန်တွက်ချက်ကြည့်လိုက်၏။

အရင်အပတ်တုန်းက တတိယအပိုင်းကို ထုတ်လွှင့်ပြသပြီးနောက် ၅၃၀,၀၀၀ ယွမ်ကို ရခဲ့သည်။ ဒီအပတ်ထဲ အပိုင်း ၄ ကို ထုတ်လွှင့်ပြသတော့မည်။ သူတို့ ယွမ် ၇၀၀,၀၀၀ လောက် ရနိုင်လိမ့်မည်ဟု ခံစားမိ၏။ ငွေစာရင်းရှင်းပြီးနောက်ပိုင်း နောက်ထပ် ၃ ပိုင်း ထပ်ထုတ်လွှင့်ဦးမည်။ ဒါတွေကိုတော့ လောလောဆယ် ဖေးချမ့် ဘေးကို ခဏချိတ်ထားလိုက်ပါသည်။

တနည်းအားဖြင့် ငွေစာရင်းမရှင်းခင် ဖေးဟွမ်လုပ်ငန်းက ၁.၂ သန်းလောက် ရလိမ့်မည်။

ဖေးဟွမ်လုပ်ငန်းက ထန်းတာ့၏ လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်သည်။ ဖေးချမ့်က ပိုက်ဆံကို စိတ်ကြိုက်စီမံနိုင်၏။ ပိုက်ဆံအားလုံးကို ထန်းတာ့၏ အကောင့်ထဲသို့ ထည့်လိုက်ပါက ငွေစာရင်းရှင်းချိန်မရောက်ခင် စနစ်ရန်ပုံငွေထဲ ယွမ် ၁ သန်းလောက် တိုးသွားစေလိမ့်မည်။

ဆိုလိုရင်းက ငွေစာရင်းရှင်းပြီးနောက် သူ့ကိုယ်ပိုင်စည်းစိမ်ထဲ နောက်ထပ် ယွမ် ၁၀,၀၀၀ လောက် ပိုထည့်နိုင်မည့်သဘောပင်။

သို့သော်လည်း နောက်တစ်ခေါက် စဥ်းစားကြည့်သောအခါ သူ အမြင်ကျဥ်းလို့ မဖြစ်ပါ။ နောက်ထပ် ငွေစာရင်းရှင်းချိန်တွင် အမြတ်ကျန်ရင်း အဆုံးသတ်သွားမှာက သေချာသလောက် ရှိနေသည်။ ဒါကိုပြောင်းလဲဖို့ ဖေးချမ့် ဘာမှမလုပ်နိုင်လောက်တော့ပေ။ သို့သော်လည်း နောက်တစ်ခေါက်ဆိုရင်ကော။

ဖေးချမ့်က အခုချိန်ထိ မှားယွင်းခဲ့သမျှတို့ကို သင်ခန်းစာယူပြီး နောက်တစ်ကြိမ် သေချာပေါက် အရှုံးပေါ်အောင်လုပ်ဖို့ ပြင်ဆင်ထားပြီးသား ဖြစ်ပါသည်။

ယခု နောက်ထပ် ယွမ် ၁၀,၀၀၀ လောက် ထပ်မံရနိုင်ခြေ ရှိနေသည်။ သို့သော်လည်း ဆိုလိုရင်းက နောက်လများတွင် လတိုင်း စနစ်ရန်ပုံငွေ ၁ သန်းလောက်ကို ထိုင်ဖြုန်းတီးရမည်ဟူသည့်သဘောလည်း သက်ရောက်နေပါသည်။ ဒါဆို သူ့ပခုံးပေါ် ဝန်ပိုပိမသွားဘူးလာား။

သူ ဒီလိုရူးသွပ်တာမျိုး လုပ်လို့ မဖြစ်ပါ။

အချိန်ကျလာပြီး တစ်ပြားမှ မဖြုန်းတီးနိုင်တော့တာကို နားလည်သွားခါမှ ဒီအချိန်တုန်းက ဒီလို ဆင်ခြင်တုံတရားမဲ့သည့် ဆုံးဖြတ်ချက်မျိုးချခဲ့သည့် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရပါလိမ့်မည်။

"ဖေးဟွမ်လုပ်ငန်းရဲ့ အမြတ်ငွေကို ၄ ပိုင်းပိုင်းလိုက်မယ်။ ၅၀ ရာခိုင်နှုန်းကို နေ့စဥ်လုပ်ငန်းဆောင်တာတွေနဲ့ အနာဂတ်ပရောဂျက်တွေအတွက် ထားမယ်။ မင်းနဲ့ ကျူးရှောင်စဲတို့က ကုမ္ပဏီရဲ့ အဓိကခေါင်းဆောင်တွေဖြစ်တဲ့အတွက် အမြတ်ရဲ့ ၁၀ ရာခိုင်နှုန်းစီရမယ်။ တခြား အဓိကမန်ဘာတွေက အားလုံးပေါင်း ၁၀ ရာခိုင်နှုန်းကို ရမယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို ပြန်အပ်ရမယ်။”

ဖေးဟွမ်လုပ်ငန်းမှ ထန်းတာ့ တစ်ပြားတစ်ချပ်မှ ပြန်မယူတာမျိုးကို စနစ်က လက်ခံမှာ မဟုတ်ပေ။ ထို့ကြောင့် ဖေးချမ့်က စနစ်ခွင့်ပြုသည့် အနိမ့်ဆုံးပမာဏကိုသာ ယူဖို့ ဆုံးဖြတ်လိုက်သည်။၂၀ ရာခိုင်နှုန်း ဖြစ်၏။ ကျန် ၈၀ ရာခိုင်နှုန်းကို ခွဲဝေဖို့ သင့်လျော်သည့် အကြောင်းပြချက်များကို စဥ်းစားခဲ့ပါသည်။

ဟွမ်းစစ်ပေါ်က ထိတ်လန့်သွားသည်။ "ဘော့စ်ဖေး မဟုတ်တာဗျာ၊ အဲ့လိုလုပ်လို့မဖြစ်ပါဘူး။”

All Chapters