← Chapters

အခန်း(၁၂၉) ဒါလုပ်ငန်းခွင်ဒဏ်ရာပဲ

Vol. 9 Ch. 129

အခန်း(၁၂၉) ဒါလုပ်ငန်းခွင်ဒဏ်ရာပဲ

Vol. 9 Ch. 129

အခန်း(၁၂၉) ဒါလုပ်ငန်းခွင်ဒဏ်ရာပဲ

အခု သူ့မှာ ဝန်ထမ်း ၅၀ ဝန်းကျင်သာရှိသေးသည်။ သို့သော်လည်း ယွမ် ၂၀၀,၀၀၀ - ၃၀၀,၀၀၀ လောက်အထိ သုံးနိုင်ဖို့ မျှော်လင့်လို့ရပါသည်။ ဝန်ထမ်း ၅၀၀ ကျော်လောက်သာရှိပါက ယွမ် ၂ သန်း ၃ သန်းလောက်အထိ သုံးနိုင်မှာ မဟုတ်လား။

ယခုတော့ အရေးကြီးဆုံးလုပ်ရမည့်အရာက စနစ်၏ စည်းကမ်းစံနှုန်းများကို စမ်းသပ်ဖို့ဖြစ်သည်။ သူ့ဝန်ထမ်းများ၏ လုပ်ငန်းဒဏ်ရာများကို ကုသပေးချင်ပါက သုံးစွဲနိုင်သည့် အကန့်အသတ်ဘယ်လောက်ထိ ရှိသလဲ သူတိတိကျကျသိအောင်လုပ်ရမည်။

စည်းကမ်းစံနှုန်းများကို သေချာသိသွားပါက ဝန်ထမ်းများစွာကို စတင် ခန့်အပ်နိုင်လေပြီ။ ဒီလိုဆို အကြီးအကျယ် ဖြုန်းတီးဖို့ အစီအစဥ်တွေဆွဲဖိို့မလိုတော့ပေ။ 'ဒီနေ့ကြိုးစားအားထုတ်ပါက ထာဝရ တည်တံ့သည့် အကျိုးကျေးဇူးကို ရလိမ့်မည်' ဟူသည့် ဆိုရိုးအတိုင်းပင်။

"အားလုံးကို နေ့လည် ၃ နာရီကျရင် အစည်းအဝေးလုပ်ဖို့  အစည်းအဝေးခန်းထဲမှာ စုစည်းကြဖို့ ပြောလိုက်။” ဖေးချမ့်က စက္ကန့်ပိုင်းလောက်စဥ်းစားလိုက်ပြီး ထပ်ပြောလိုက်ပါသည်။

"မာယန်နဲ့ ဟွမ်းစစ်ပေါ်တို့ကိုပါခေါ်လိုက်။”

ယွီအင်တာနက်ကဖေးနဲ့ ဖေးဟွမ်လုပ်ငန်းအားလုံးကို ထန်းတာ့က ပိုင်ဆိုင်သည်။ ထိုနေရာက ဝန်ထမ်းများကလည်း တူညီသောအကျိုးခံစားခွင့်များကို ခံစားနိုင်ပါသည်။ သို့သော်လည်း အားလုံးကို လာခိုင်းဖို့တော့ အဓိပ္ပာယ်မရှိပါ။ မာယန်နဲ့ ဟွမ်းစစ်ပေါ်တို့ကို ကိုယ်စားလှယ်အဖြစ် လာခိုင်းလိုက်ပါက လုံလောက်ပါပြီ။

နေ့လည် ၃ နာရီတွင်။ အစည်းအဝေးခန်းထဲ၌။

အားလုံး ဇဝေဇဝါဖြစ်နေကြသည်။ အစည်းအဝေးခန်းထဲကို ဘာကြောင့်အခေါ်ခံလိုက်ရသလဲ မသိကြပါ။ ဖေးချမ့် ပရောဂျက်အသစ်နောက်တစ်ခုစဖို့ စဥ်းစားနေတာလား။ သို့သော်လည်း ဟွမ်းစစ်ပေါ်နဲ့ မာယန်တို့ပါ ရောက်နေတာကိုမြင်လိုက်ရသောအခါ မဖြစ်နိုင်ဘူးဟု ဆုံးဖြတ်လိုက်ကြပါသည်။ ဖေးချမ့်သာ ပရောဂျက်အသစ်တစ်ခုစတင်ချင်ပါက ထိုနှစ်ယောက်ကို ခေါ်ဖို့ မလိုဘူးမဟုတ်လား။

လက်ထောက်ရှင်းက ဆေးစစ်ချက်အဖြေများကို တစ်ယောက်ချင်းစီ လိုက်ပေးလိုက်ပါသည်။ ဖေးချမ့်က ထိုင်လိုက်ကာ အားလုံး ဆေးစစ်ချက်အဖြေများ ပြန်ရသည့်အချိန်အထိ စောင့်နေလိုက်၏။ တကယ်တော့ ဆေးစစ်ပြီးနောက် အများစုက သူတို့ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်းသိထားပြီးကြပါပြီ။ ဒီအသေးစိတ် ဆေးစစ်ချက်က အရေအတွက်နဲ့ အချက်အလက်အတိအကျကိုသာ ရှင်းလင်းပြသလိုက်ရုံဖြစ်သည်။

ဖေးချမ့်က တစ်ခန်းလုံးကိုကြည့်လိုက်၏။ သူ့မျက်နှာ မကောင်းပါ။ "အားလုံးရဲ့ ဆေးစစ်ချက်အဖြေတွေကို ငါကြည့်ပြီးသွားပြီ။ အခြေအနေမကောင်းဘူး။ မင်းတို့အားလုံး ကိုယ့်ကျန်းမာရေးကိုယ် လျစ်လျူရှုနေကြတာပဲ။”

"မင်းတို့အားလုံးကို အချိန်ပိုမလုပ်ကြပါနဲ့လို့ ပြောထားရဲ့သားနဲ့ ဘာလို့ ရောဂါတွေဒီလောက်ထူနေရတာလဲ။”

ဖေးချမ့်က အတော်လေး စိတ်ဓာတ်ကျနေသည့်ပုံပင်။ အားလုံးလည်း ထိတ်လန့်သွားကြကာ ကိုယ့် ဆေးစစ်ချက်အဖြေကို ကိုယ်ပြန်ငုံ့ကြည့်လိုက်ကြသည်။ ပြဿနာကြီးကြီးမားမား ဘာမှမရှိပေ။ သွေးပေါင်ချိန်အနည်းငယ် တက်နေသည်။ အသည်းက အနည်းငယ် အဆီဖုံးနေသည်။ အနည်းငယ်အဝလွန်နေသည်။ တချို့က လက်မျက်ရိုးအကြောညှပ်နေ၏...။

ဒါတွေက လူတိုင်းနီးပါး ဖြစ်တတ်တဲ့ ရောဂါတွေပဲမဟုတ်ဘူးလား။

ဒါပေမယ့်ဘော့စ်ဖေးက ဘာလို့ သူတို့ကို မကြာခင်သေတော့မယ့်လူတွေနဲ့တူအောင် ပြောနေရတာလဲ။ သူတို့ ကျန်းမာသွက်လက်နေကြတုန်းပဲမဟုတ်ဘူးလား။

ဖေးချမ့်က ပေါင်ရှုဘက်သို့လှည့်လိုက်ပါသည်။ "ပေါင်ရှု မင်းမှာ အစာအိမ်ပြဿနာရှိတယ်မဟုတ်လာား။ အချိန်အကြာကြီးအလုပ်လုပ်ပြီး အစားမှန်မှန်မစားလို့ပေါ့။ ဒါ သေချာပေါက် လုပ်ငန်းဒဏ်ရာပဲ။ ဆေးကုသမှု သွားခံယူလိုက်။ မင်းရဲ့ဆေးဝါးအာမခံနဲ့ မကာမိတာကို ကုမ္ပဏီက ရှင်းပေးလိမ့်မယ်။”

"လက်ထောက်ရှင်း ဆေးရုံကိုပြန်သွားပြီး သူ့ကို အကောင်းဆုံး ကုသမှုအစီအစဥ်နဲ့ စီစဥ်ပေးလိုက်ပါ။”

လက်ထောက်ရှင်းက ခေါင်းငြိမ့်သည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး။”

ပေါင်ရှု ကြက်သေသေသွားသည်။

အကောင်းဆုံး ဆေးကုသမှုအစီအစဥ်ဟုတ်လား။

ငါ့မှာ အစာအိမ်ပြဿနာရှိပြီး အများကြီးစားရင် အစာမကြေဖြစ်ရုံပဲလေ။ ဘယ်လိုလုပ်ပြီး အဲ့ဒီအတွက် အကောင်းဆုံး ဆေးကုသမှု အစီအစဥ်ရှိမှာလဲ။ သူအစာကြေဆေးတွေ အများကြီးစားရမှာလား။

"ကျန်တဲ့လူတွေက... အဲ မာယိချွမ်လိုမျိုး မင်းရဲ့အစာအိမ်လည်း မကောင်းဘူးမဟုတ်လား။ မင်းလည်း အဲ့လိုပဲလုပ်ရမယ်။”

ဖေးချမ့်က ရုတ်တရက် လှည့်ကာ ပေါင်ရှု၏ ဆိုးရွားသော ဆံပင်အခြေအနေကိုကြည့်လိုက်ပါသည်။ "ငါမေ့တော့မလို့ ပေါင်ရှု မင်းဆံပင်ကျွတ်တာ တော်တော်ဆိုးရွားနေတယ်။ မင်း ညဘက်အိပ်ရေးပျက်လို့ဖြစ်မယ်။ အဲ့တာကိုလည်း လုပ်ငန်းဒဏ်ရာအဖြစ်သတ်မှတ်တယ်။ ဆေးရုံမြန်မြန်သွားပြီး မင်းဆံပင်ကို ပြန်ကုသနိုင်မလား စစ်ဆေးကြည့်လိုက်။”

"ဟွမ်းစစ်ပေါ် မင်းရဲ့ အသည်းအဆီဖုံးတာကိုလည်း တစ်ခုခုလုပ်ရမယ်။ ပြီးတော့လည်း မင်းမျက်နှာပေါ်မှာ အဆီတွေအများကြီး ပြန်နေပြီး ကြည့်မကောင်းဘူး။ မင်းပင်ပန်းနေတာဖြစ်မယ်။ ဒါကိုလည်း လုပ်ငန်းဒဏ်ရာအဖြစ်သတ်မှတ်တယ်။”

"ဒီလို ရုပ်ရည်ပြဿနာမျိုးက ကုမ္ပဏီရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်။ တတ်နိုင်သမျှ မြန်မြန် မျက်နှာကို ပေါင်းတင်လိုက် ကုမ္ပဏီက ရှင်းပေးမယ်။”

ဒီကိုမလာခင်မျက်နှာ သစ်ဖို့မေ့သွားသဖြင့် မျက်နှာအဆီီပြန်နေတာဖြစ်ကြောင်း ပြောဖို့ပင် ရှိသေးသည် ဖေးချမ့်က တခြားတစ်ယောက်ဘက်ကို လှည့်သွားလေပြီ။

"ရှောင်းလူ မင်းရဲ့ဆေးစစ်ချက်အဖြေကိုလည်း စစ်ပြီးသွားပြီ။ မင်း လည်ချောင်းနာ ရောဂါဖြစ်နေတယ်။ အရင်က နောက်ခံစကားပြောတွေ အလုပ်များလို့ ဖြစ်တာ ဖြစ်ရမယ်။ စိတ်မပူနဲ့ ဒါ လုပ်ငန်းဒဏ်ရာပဲ။ မင်းလည်း အကောင်းဆုံး ဆေးကုသမှုအစီအစဥ်ကို လိုအပ်တယ်။ ကုမ္ပဏီက ကုန်ကျစရိတ်အားလုံးကို တာဝန်ယူပေးသွားမယ်။”

"လူတော်တော်များများမှာ လက်မျက်ရိုး အကြောညပ်ရောဂါရှိတယ်မလား။ အဲ့တာ မင်းတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းကို လျော့ကျစေတယ်။ တတ်နိုင်သမျှ အမြန်ဆုံး ကုသလိုက်တော့။”

"ကျိုးဖန် မင်းရောဂါက အဆိုးရွားဆုံးပဲ။ မင်းမှာ အကျိတ်တစ်ခုတွေ့တယ်။ ခွဲစိပ်ကုသမှုကို ခံယူဖို့လိုအပ်နေပြီ။ စိတ်မပူနဲ့ မင်းရဲ့ဆေးဝါးအာမခံမကာမိသမျှကို ကုမ္ပဏီက ဖြေရှင်းပေးသွားမယ်။ ဒါက အလုပ်လုပ်များတာကြောင့်ရလာတဲ့ လုပ်ငန်းဒဏ်ရာပဲဖြစ်မယ်။ အဲ့ရောဂါကိုကုသဖို့ ရည်နည်းနည်းလောက် နားပြီး အမြန်ဆုံး ပြန်ကောင်းအောင်လုပ် နားလည်လား။”

ဖေးချမ့် ပြောပြီးသွားသောအခါ အားလုံး ကျိုးဖန်ကို ကြည့်လိုက်ကြပါသည်။

"ရှောင်းကျိုး မင်းမှာ အကျိတ်ရှိတယ် ဟုတ်လား။ ဘာလို့ စောစော မပြောခဲ့တာလဲကွာ။”

"ဟုတ်တယ် ဒီလိုပြဿနာကြီးကို တစ်ယောက်တည်း ဖြေရှင်းစရာလား။”

"ရှောင်းကျိုး စိတ်မပူနဲ့။ ငါတို့အားလုံးမင်းနောက်မှာရှိတယ်။ မင်းကိုထောက်ပံ့ပေးမယ်။”

"မင်းဘယ်တော့ ဆေးကုသမှုကို စတင်မှာလဲ။မင်းဆေးရုံတက်ရမှာလား။ ငါတို့ ပုံမှန် လာလည်ပေးမယ်။”

ရှောငာ်းကျိုးက အနည်းငယ် နေရခက်နေသည်။ သူရှက်သွားပြီး ပြောလိုက်ပါသည်။ "တကယ်တော့.. ဒီအကျိတ်အသေးလေးကို ဖယ်ဖယ်မဖယ်ဖယ် ခြားနားချက်ရှိမယ်မထင်ဘူး။ သက်ရောက်မှုလည်း များမျာားစားစားမရှိဘူးလေ...။”

"ပြီးတော့ ဒီအကျိတန်ကို hamartoma လို့ခေါ်တယ်ထင်တယ်။ ၅ မီလီမီတာကျော်ကျော် လေးပဲကြီးတာ။ ၄ မီလီမီတာအောက်ဆိုရင် ဆေးရုံတွေကတောင် အာရုံနောက်ခံပြီး ကုပေးမနေဘူး..."

အားလုံး ဇဝေဇဝါဖြစ်ကုန်သော အကြည့်ဖြင့် အချင်းချင်းကြည့်လိုက်ကြပါသည်။

အကျိတ်အသေးစား ဟုတ်လား။ ဒါဖြင့် ဘာလို့ ဘော့စ်ဖေးက အရမ်းပြင်းထန်နေသလို လုပ်နေတာလဲ။ ရှောင်းကျိုးသေရတော့မည်ဟုပင် သူတို့ထင်သွားကြသည်။ အကျိတ်လေးကို ဖယ်လိုက်ရုံပဲမဟုတ်လား။ အများစုက ဒုက္ခမပေးနိုင်ပါ။

ထို့အပြင် ဒီ့ရောဂါမတိုင်ခင် ခုနက ပြောခဲ့သမျှ ရောဂါတွေကလည်း ဖြစ်နေကျရောဂါတွေပဲမဟုတ်လား။ ကြောက်ဖို့ကောင်းတဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်နေရသလိုမျိုး လုပ်ဖို့လောက်အထိ မလိုဘူးမဟုတ်လား။

အားလုံးမေးခွန်းထုတ်စရာများရှိနေသည်ကို နားလည်သွားပြီးနောက် ဖေးချမ့်က တည်ကြည်သော မျက်နှာထားဖြင့် စားပွဲကို ခေါက်လိုက်ပါသည်။

"အားလုံးပဲ စကားကိုကြည့်ပြောပါ။ မင်းတို့ရဲ့ ခန္ဓာကိုယ်က မင်းတို့ကိုယ်ပိုင်မဟုတ်ဘူး။ ဝန်ထမ်းတွေက ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုပဲ။ ထန်းတာ့ရဲ့ ဝန်ထမ်းတွေဖြစ်နေတာကြောင့် မင်းတို့ရဲ့ ကျန်းမာရေးက ငါတို့ကုမ္ပဏီကြီးဆက်လည်ပတ်နိုင် မလည်ပတ်နိုင်ကို ဆုံးဖြတ်ပေးနိုင်တယ်။ မင်းတို့အားလုံး စာချုပ်ချုပ်ပြီးသားဆိုတော့ မင်းတို့ကျန်းမာရေးအတွက် တာဝန်ယူရမယ်။”

"မာယန်နဲ့ ဟွမ်းစစ်ပေါ်တို့။ မင်းတို့လည်း ပြန်ပြီး ယွီအင်တာနက်ကဖေးနဲ့ ဖေးဟွမ်လုပ်ငန်းရဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာရေးတွေကို စောင့်ကြည့်ထား။ အခုငါမင်းတို့ကို စီမံပေးနေတဲ့စံနှုန်းအတိုင်းပဲ သူတို့ကိုစီမံပေးလိုက်။”

ထိုစကားလုံးများက စွမ်းအားကြီးပြီး နောက်ဆုံးစကားများဖြစ်သည်။

အားလုံး မှင်သက်သွားကြသည်။ ဝန်ထမ်းမျာားက ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများဖြစ်သည်တဲ့။ထို့ကြောင့် သူတို့ ကျန်းမာရေးက သူတို့ကိုယ်ပိုင်မဟုတ်ဘဲ ကုမ္ပဏီနဲ့ သက်ဆိုင်နေပါသည်။ သူတို့ အလုပ်များကိုကောင်းကောင်း ပြီးမြောက်အောင်မြင်စေရန် ကျန််းမာဖို့လိုအပ်သည်။

...အလွန်ယုတ္တိရှိပါသည်။

သို့သော်လည်း ဘော့စ်ဖေး၏ လောဂျစ်က ထူးဆန်းနေသည့်ပုံ။ တစ်ခုခုတော့ လွဲနေသည်။

"ကျန်သေးတယ်။” ဖေးချမ့်က အခန်းထဲက ဝန်ထမ်းတိုင်းကို စစ်ကြည့်လိုက်ပြီး ဆက်ပြောလိုက်ပါသည်။

"ဒီတစ်ခေါက် ဆေးစစ်ချက်မှာ လုပ်ငန်းဒဏ်ရာတွေအမျာားကြီးပေါ်လာတယ်။ ငါအပြစ်ရှိသလိုခံစားနေရတယ်။ ဆိုလိုတာက မင်းတို့တွေကို အလုပ်တွေပေးအပ်တဲ့နေရာမှာ ငါသေချာ မစီမံနိုင်ခဲ့လို့။ ငါမင်းတို့ရဲ့ ကျန်းမာရေးကို ဂရုမစိုက်ခဲ့မိဘူ။ မင်းတို့အားလုံးကို ပြန်တောင်းပန်ရမယ်။”

"နောက်တစ်ခုက မင်းတို့ကို ငါတို့ကုမ္ပဏီက ကမ်းလှမ်းမယ့် အကျိုးခံစားခွင့်အသစ်တွေကို ပြောပြမယ်။”

"ပထမဆုံး လုပ်ငန်းဒဏ်ရာတွေပေါ့။ မင်းတို့အလုပ်နဲ့ပတ်သတ်တဲ့ ကျန်းမာရေးပြဿနာတိုင်းကို လုပ်ငန်းဒဏ်ရာလို့သတ််မှတ်တယ်။ ဆေးဝါးအာမခံက မကာမိတဲ့ ကုန်ကျစရိတ်တိုင်းကို ကုမ္ပဏီက သတ်မှတ်ထားတဲ့ အတိုင်းအတာအထိ တာဝန်ယူပေးသွားမယ်။ မင်းတို့တွေကို မကြာခင် အဲ့ဒီအတိုင်းအတာကို ကြေညာပေးသွားမယ်။”

စနစ်က သူ့ကို ဘယ်လောက်ထိသုံးခွင့်ပြုထားသလဲမသိသေးသဖြင့် ဖေးချမ့် အသေးစိတ် မပြောရခြင်းဖြစ်သ်ည။

ဥပမာအာားဖြင့် ဝန်ထမ်းတစ်ယောက်က ကင်ဆာဖြစ်ပြီး ကုသစရိတ် ယွမ် သိန်းနဲ့ချီပြီး သုံးစွဲရပါက ဒီ့ထဲက တစ်စိတ်တစ်ပိုင်းကို လုပ်ငန်းကြောင့်ဖြစ်သည်ဟု ပြောလို့ရပါသသည်။ သို့သော်လည်း အားလုံးကို လုပ်ငန်းဒဏ်ရာဟုပြောပြီး ဖြေရှင်းပေးဖို့ကတော့ စနစ်ကခွင့်မပြုနိုင်ဘူးဟု ဖေးချမ့်သံသယဖြစ်မိပါသည်။

ထို့ကြောင့်ဖေးချမ့်က ဝန်ထမ်းများ လုပ်ငန်းဒဏ်ရာတစ်ခုခုတွေ့ပါက တင်ပြဖို့ ညွှန်ကြားခဲ့သည်။ ထို့နောက်ဖေးချမ့်က သူဘယ်လောက်ထိ သုံးနိုင်မလဲ စစ်ဆေးကြည့်မည်။ စနစ်က ခွင့်ပြုထားသည့် အများဆုံး ပမာဏဖြစ်သည်။

ဖေးချမ့်က ခဏတာမျှစဥ်းစားလိုက်ပြီး ဆက်ပြောလိုက်ပါသည်။ "ဝန်ထမ်းအားလုံးရဲ့ ခန္ဓာကိုယ်တွေက ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေပဲ။ မင်းတို့ ပြဿနာတစ်ခုခုတွေ့ရင် ဖုံးကွယ်ထားလို့မဖြစ်ဘူး။ နားလည်လား။”

"ဒီ့အပြင် လက်ထောာက်ရှင်း၊ ဝန်ထမ်း တစ်ယောက်ချင်းစီတိုင်းကို Gym ကစားဖို့အတွက် တစ်နှစ်တာာ မန်ဘာဝင်ကတ်တွေ ပေးလိုက်ပါ။ လတိုင်း ဝန်ထမ်းတစ်ယောက်ချင်းစီအတိုင်းအတွက် သီးသန့် လေ့ကျင့်ရေး ဆက်ရှင် ၈ ခုစိဝယ်ပေးလိုက်ပါ။ အားလုံး တစ်ပတ်ကိုနှစ်ခေါက် Gym သွားကစားရမယ်။”

ကျင်းကျိုးမြို့တွင် တစ်နှစ်တာ Gym မန်ဘာဝင် ကတ်က ယွမ် ၂,၀၀၀ လောက်တန်ပါသည်။ သီးသန့်လေ့ကျင့်ရေး ဆက်ရှင်တစ်ခုချင်းစီကလည်း ယွမ် ၂၀၀ လောက်တန်သည်။ သီးသန့်လေ့ကျင့်ရေး ဆက်ရှင်် ၈ ခုဆို စုစုပေါင်း ယွမ် ၁,၆၀၀ ဖြစ်သည်။

ဒါဆို တစ်နှစ် ၂၀,၀၀၀ ယွမ်ဖြစ်သွားပါပြီ။

သို့သော်လည်း ဒီပမာဏကို တစ်ချီတည်းပေးလိုက်လို့မရပေ။ စနစ်က လစဥ်တစ်ခေါက်သာ ဝယ်ယူခွင့်ပေးပါသည်။ ထို့အပြင် သူလစဥ်အများဆုံး ဝယ်ယူနိုင်သည့် သီးသန့်လေ့ကျင့်ရေးဆက်ရှင်ပမာဏက ၁၀ ခုသာဖြစ်သည်။

တွက်ချက်ကြည့်လိုက်သောအခါဆိုလိုရင်းက လတိုင်း Gym တွင် ယွမ် ၂၀၀,၀၀၀ လောက်သုံးနိုင်မည့်သဘောဖြစ်သည်။

"အစာားအသောက်ပြဿနာလည်းရှိသေးတယ်။ ငါတို့ဝန်ထမ်းတော်တော်များများမှာ အစာအိမ်ပြဿနာရှိတယ်။ ဒါက အဓိကအားဖြင့် မင်းတို့စားတဲ့အစားအသောက်တွေကြောင့်ဖြစ်တယ်။ မာယန်။ ယွီအင်တာနက်ကဖေးမှာ စားဖိုမှူးကောင်းတစ်ယောက် မခန့်ရသေးဘူးလား။ နှစ်ယောက် ထပ်ခန့်လိုက်။ နေ့လည်တိုင်း ဟင်းလျာကောင်းကောင်းတွေချက်ပြုတ်ပြီး ရုံးကိုယူလာပေး။ ကုမ္ပဏီက ဟင်းလျာတွေအတွက်လည်း တာဝန်ယူပေးသွားမယ်။”

"နေ့တိုင်းမင်းတို့အလုပ်လာရင် အတူတူ နေ့လည်စာဘာစားချင်ကြသလဲတိုင်ပင်ကြ။ ဒါပေ့ါ အာဟာရဖြစ်ဖို့လည်းလိုသေးတယ်။ မာယန်နဲ့ ကျန်းယွမ်တို့က ဒါ့အတွက် တာဝန်ယူရမယ်။”

မာယန်က အမြန်ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး။”

မာယန် အခုတလော စိတ်ဓာတ်ကျနေသည်။

ဂိမ်းဒီဇိုင်နာကဝင်ငွေကောင်းနေသည်။ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝလည်း ထိုနည်းလည်းကောင်းပင်။ သို့သော်လည်း ယွီအင်တာနက်ကဖေးကတော့ လတိုင်း ယွမ် ၃၀၀,၀၀၀ လောက်အရှုံးပေါ်နေဆဲဖြစ်သည်။ သူစိတ်ဓာတ်မကျဘဲနေမနိုင်မလား။

သူအသုံးမကျသလိုခံစားမိသည်။

အခုတော့ သူ့အစွမ်းကိုထုတ်ပြဖို့ အခွင့်အရေးရလာပြီ။ သူတန်ဖိုးထားပါ့မည်။

"ကျန်သေးတယ်။ ဝန်ထမ်းအားလုံး သေချာပေါက် ကျန်းမာရေးကောင်းစေဖို့အတွက် ငါတို့ အာဟာရပညာရှင်တစ်ယောက်ကိုခန့်အပ်ရမယ်။ လက်ထောက်ရှင်း မှတ်ထားပြီး သင့်တော်မယ့်လူတစ်ယောက်ကို အလုပ်ခန့်လိုက်ပါ။” ဖေးချမ့် ဝန်ထမ်းများအား ထိုအရာများ အသေးစိတ်ပြောနေရင်း စနစ်၏ တုန့်ပြန်ချက်ကိုလည်းစောင့်ကြည့်နေပါသည်။

စနစ်က ဘာမှ မကန့်ကွက်သေးပါ။ ဆိုလိုတာက အားလုံးကို လက်ခံနိုင်သည်ဟူသည့်ဘောဖြစ်သည်။ ထိုစီစဥ်မှုများကိုဆောင်ရွက်ပြီးနောက် ဖေးချမ့်ပျော်ပျော်ကြီး ယွမ် ၅၀၀,၀၀၀လောက် သုံးလိုက်ပြီးတာကို သိလိုက်ရပါသည်။

အမှန်ပင်။ အရှုံးပေါ်ဖို့တော့ အများကြီးလိုပါသေးသည်။

သို့သော်လည်း ကံကိုသူ့ဘက်ရောက်လာအောင် ဆွဲခေါ်နေတာဖြစ်သည်။ အလဲအထပ်ပြီးသောအခါ ယွမ် ၅,၀၀၀ လောက် လျော့ပြီးရမှာဖြစ်သော်လည်း နောက်ကွယ်မှာအဓိပ္ပာယ်ရှိပါသည်။

စနစ်နာမည်အောက်တွင် ငွေဖြုန်းဖို့ လမ်းစအသစ်ကို ဖောက်နိုင်ခဲ့သည်။ သူ့မှာ ဝန်ထမ်း ၅၀ ရှိသည်။ ထိုကြောငာ့် ယွမ်  ၅၀၀,၀၀၀ သုံးနိုင်သည်။ ဝန်ထမ်း ၅၀၀ သာရှိပါက ယွမ် ၅ သန်းသုံးနိုင်မှာပဲ မဟုတ်လား။ အနာဂတ်မှာ အရှုံးပေါ်နိုင်ဖို့အတွက် အခြေခိုင်အောင် ဆောင်ရွက်နေခြင်းသာဖြစ်ပါသည်။

"ဟုတ်ပြီ ဒီနေ့တော့ ဒီလောက်ပါပဲ။ သွားလို့ရပါပြီ အားလုံးပဲ။” ဖေးချမ့်က မတ်တပ်ရပ်လိုက်ပြီး အစည်းအဝေးခန်းထဲမှ ကိုယ့်ကိုယ်ကို စိတ်တိုင်းကျစွာဖြင့် အစည်းအဝေးခန်းထဲက ထွက်သွားပါသည်။ ဒီအပတ်အတွက်တော့ Game Over ဖြစ်သွားသော်လည်း အနာဂတ်က တောက်ပနေပါသည်။

အစည်းအဝေးခန်းထဲက တခြားလူများ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ သူတို့ စိတ်ထိခိုက်သွားကြသည်။ ကျန်တာအားလုံးထက် ကိုယ့်ဝန်ထမ်းတွေရဲ့ကျန်းမာရေးကို ပိုအလေးပေးတဲ့ ဘော့စ်မျိုး တခြားဘယ်မှာရှာနိုင်ဦးမှာလဲ။ မယုံနိုင်စရာကောင်းလွန်းပါသည်။”

လူများစွာက ဘော့စ်ဖေးအား လေးစားစရာနောက်ထပ်အချက်တစ်ချက်ကို တွေ့သွားကြပြီး သူအခန်းထဲက ထွက်သွားတာကိုကြည့်နေကြပါသည်။

ဘော့စ်ဖေးကတကယ့် ဘော့စ်ကောင်းတစ်ယောက်ဖြစ်ပါသည်။ အမြဲတမ်း ကြွားဝါမှုမရှိဘဲ တိုးတိတ်စွာသာ အနစ်နာခံသည်။ ဝန်ထမ်းများကို မိသားစုလိုဆက်ဆံသည်ဟုပြောပြီး အမြဲတမ်း အလှူအတမ်းရက်ရောသလို လုပ်ပြနေသည့် တခြား သူဌေးများလိုမဟုတ်ပါ။ ထိုသူဌေးတွေက သူတို့နာမည်ကောင်းရဖို့ပဲ ဒါတွေလုပ်ပြနေတာမဟုတ်လား။

ဘော့စ်ဖေးကတော့ လုံးဝခြားနားသည်။ အမြဲတမ်း သူ့ဝန်ထမ်းများကို ချစ်မြတ်နိုးမှုကြောင့်သာ ဒါတွေအားလုံးကိုလုပ်ပေးနေခြင်းဖြစ်သည်။ မီဒီယာကို ဒါတွေထုတ်ပြောဖို့လည်း အစီအစဥ်မရှိပါ။

ဒါ ဘော့စ်ကြီးတစ်ယောက်ရဲ့ရက်ရောမှုလား။

သူတို့ ခံစားချက်များကို နည်းလမ်းတစ်ခုဖြင့်သာ ဖော်ပြနိုင်ပါတော့သည်။ သူတို့ ဂုဏ်သိက္ခာမြင့်မားသည့် လူတစ်ယောက်ကို အနက်ရှိုင်းဆုံး လေးစားပါသည်။

မာယိချွမ်က တိတ်တဆိတ်ဆုံးဖြတ်ချက်ချလိုက်လေသည်။  နောက်တစ်နေ့ ဟူယွဲ့နဲ့ အင်တာဗျူးဖြေဖို့ စီစဥ်ထားပြီးသားဖြစ်သည်။ ဘော့စ်ဖေး၏သရုပ်မှန်နဲ့ ထန်းတာ့၏ အကျိုးခံစားခွင့်များကို ဖော်ပြလို့မရသော်လည်း သူပြောလို့ရတာတွေအများကြီးရှိပါသေးသည်။

ဒီတစ်ခေါက် အင်တာဗျူးကိုအကောင်းဆုံးဖြေရမည်။ ဒါမှ ထန်းတာ့၏ စိတ်ဓာတ်ကို လူထုက သိရှိနားလည်သွားကြလိမ့်မည်။

All Chapters