← Chapters

အခန်း(၁၃၀) အင်တာဗျူး

Vol. 9 Ch. 130

အခန်း(၁၃၀) အင်တာဗျူး

Vol. 9 Ch. 130

အခန်း(၁၃၀) အင်တာဗျူး

ဧပြီလ ၂၀ ရက်နေ့...

အလုပ်ပြီးနောက် မာယိချွမ်က ရုံးဘေးက ကဖေးငယ်လေးသို့ တိတ်တဆိတ်သွားလိုက်ပြီး ဟူယွဲ့နဲ့ အင်တာဗျူးဖြေဖို့အတွက် သွားလိုက်ပါသည်။ ဟူယွဲ့က မနက်ကလုပ်လာသော မှတ်စုတိုလေးများကို ထုတ်လိုက်သည်။ အစကတည်းက မာယိချွမ်၏ နာမည်အစစ်နဲ့ သရုပ်မှန်ကို မဖော်ဘဲ ဗီဒီယိုလည်း မရိုက်ကူးဖို့ သဘောကြိုတူထားပြီးသားဖြစ်ပါသည်။

ဒါက အင်တာဗျူး၏ စစ်မှန်မှုကို အများကြီး လျော့ကျသွာားစေနိုင်သော်လည်း ယူဟွဲ့က အတော်လေး ကျေနပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထန်းတာ့၏ ဝန်ထမ်းတစ်ယောက်ကို အင်တာဗျူးနိုင်ပြီး အလားအလာရှိသည့် ကုမ္ပဏီကြီး၏ အခြေအနေကို အကြမ်းဖျင်း နားလည်နိုင်တော့မည် ဖြစ်သောကြောင့် ဖြစ်သည်။

ဟူယွဲ့က သူမ အနည်းငယ် စိတ်လှုပ်ရှားနေတာကို သတိထားလိုက်မိပါသည်။ သူမ စိတ်အေးအေးထားလိုက်ပြီးနောက် ခေါင်းထဲတွင် အရေးအကြီးဆုံး မေးခွန်းများကို ပြန်ဖော်နေလိုက်သည်။ မနေ့ညက အများကြီး စဥ်းစားပြီးမှ ဒီမေးခွန်းများကိုသာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ယောက် အချင်းချင်း နားလည်မှု ရှိကြ၏။ ပထမဆုံး ကုမ္ပဏီ၏ ဘော့စ်အမည်နဲ့ သရုပ်မှန်ကို ဖော်ပြလို့မရပါ။ ဒုတိယက ကုမ္ပဏီ၏ ဝန်ထမ်းများ ရရှိသော လစာနဲ့ အကျိုးခံစားခွင့်များကို ဟူယွဲ့ကလည်း မေးလို့မရပါ။

ထို့ကြောင့် ဟူယွဲ့က ထိုအချက်များကို ရှောင်ဖို့ ပြင်ဆင်ထားပါသည်။ "စိတ်မလှုပ်ရှားပါနဲ့။ ကျွန်မက ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်တစ်ယောက်ပါ။ ကျွန်မရဲ့ ကျွမ်းကျင်မှုကို ယုံကြည်ပေးပါ။”

"ထူးချွန်တဲ့ ဂျာနယ်လစ်တစ်ယောက်က သေချာပေါက် စကားဝိုင်းကို ချောမွေ့ပြီး သာမန်အတိုင်း ဖြစ်စေလိမ့်မယ်။ အင်တာဗျူးခံရတဲ့လူ သိတောင်မထားမိဘဲ အင်တာဗျူးထဲမြောပါသွားအောင်တောင် လုပ်နိုင်တဲ့အထိ တော်တယ်။ ရှင်လုပ်ဖို့လိုတာဆိုလို့ ကျွန်မနဲ့ ပူးပေါင်းပေးဖို့ပါပဲ။”

ဟူယွဲ့က အလွန်ယုံကြည်ချက်ပြည့်ဝနေသည့်ပုံပင်။

မာယိချွမ်က ခေါင်းငြိမ့်လိုက်ပါသည်။

"ဒါဆို စလိုက်ကြရအောင်။ ပထမဆုံး ရှင်ထန်းတာ့နဲ့ အလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲလို့ မေးပါရစေ။ ရှင့်ရဲ့ အလုပ်တာဝန်က ဘာလဲ သိပါရစေ။ စိတ်မပူပါနဲ့။ ရှင့်ရဲ့ တကယ့်ရာထူးအစစ်ကို မူကြမ်းထဲ ထည့်မရေးပါဘူး။ ရှင်က ကုမ္ပဏီထဲမှာ ဘာတာဝန်ယူထားတာလဲ အကြမ်းဖျင်း နားလည်ထားချင်ရုံပါ။ ဒါဆို ကျွန်မ ကုမ္ပဏီနဲ့ လုပ်ငန်းအကြောင်းမေးတဲ့အခါ ပိုပြီး လွယ်ကူတာပေါ့။”

ဟူယွဲ့က သူမ၏ မှတ်စုစာအုပ်ကို ကောက်ယူလိုက်ပြီး စတင်မှတ်တမ်းတင်ဖို့ ပြင်လိုက်ပါသည်။ မာယိချွမ်က ခဏတာမျှစဥ်းစားလိုက်ပြီး အမှန်တိုင်းပြောပြလိုက်ပါသည်။ "ကျွန်တော် ထန်းတာ့ကို လွန်ခဲ့တဲ့ တစ်လလောက်က ဝင်ခဲ့တာပါ။ ကျွန်တော့် အလုပ်တာဝန်က... လေ့လာသင်ယူဖို့ပါ။”

ဟူယွဲ့က အသည်းအသန် မှတ်တမ်းကို လိုက်ရေးနေသည်။ သို့သော်လည်း ရုတ်တရက်ကြီး သူမ ရပ်တန့်သွား၏။ သူ့အလုပ်တာဝန်က... သင်ယူဖို့ဟုတ်လား။

"ထပ်ပြောပြလို့ရမလား။”

မာယိချွမ်က ခေါင်းငြိမ့်လိုက်ပါသည်။ "ထန်းတာ့ဂိမ်းက တခြားကုမ္ပဏီတွေနဲ့ အရမ်းခြားနားတယ်။ ထန်းတာ့ဂိမ်းမှာဆို ကျွန်တော်တို့ အဆင့်မြင့်တဲ့ ဒီဇိုင်းတွေကိုပဲ လုပ်တယ်။ လူသစ်တွေက ကူညီပေးဖို့ကော အလုပ်လုပ်ခွင့်ကောမရှိဘူး။ ကျွန်တော်တို့ ဒီတိုင်းပဲ စောင့်ကြည့်ပြီး လေ့လာသင်ယူရတယ်။ ပြိးတော့လည်း အဲ့ဒီလေ့လာသင်ယူတဲ့ အချိန်ကာလကလည်း အကြာကြီးပဲ။”

"ကျွန်တော် နေ့တိုင်း ဖိအားများရတယ်။ ကျွန်တော် ဘော့စ်ဖေးဆီကနေ ဂိမ်းနောက်ကွယ်က အဓိပ္ပာယ်နဲ့ အတွေးတွေကို လေ့လာသင်ယူပြီး စီနီယာကြီးတွေရဲ့ တွေးပုံခေါ်ပုံတွေနဲ့ အဲ့ဒီအတွေးပုံစံကနေ စိတ်ကူးစိတ်သန်းတွေကို ပြန်ဆွဲသားရတယ်။ ဒီလိုပြောရင်းနဲ့ ကျွန်တော် လိပ်ပြမလုံသလို ခံစားမိပါတယ်။ အခုချိန်ထိ ကျွန်တော်တိုးတက်တာ အရမ်းနှေးကွေးတယ်။”

"အခုချိန်ထိ ဘော့စ်ဖေး လုပ်တာတွေရဲ့ အစိတ်အပိုင်းသေးသေးလေးကိုတောင် နားမလည်နိုင်ဘူး။ ဘော့စ်ဖေးရဲ့ အတွေးကို နားလည်နိုင်ဖို့ စီနီယာကြီးတွေကို မေးရတုန်းပဲ။”

ဟူယွဲ့က အံ့သြသွားပါသည်။ သူမ ထိုအဖြေများကို အမြန်ချရေးလိုက်သည်။ တခြား ကုမ္ပဏီများတွင် နှစ်ဝက်လောက် လုပ်လာသည့် ဝန်ထမ်းများကပင် ဒီကုမ္ပဏီတွင် စောင့်ကြည့်ပြီး လေ့လာသင်ယူရသည်။ ဒီကုမ္ပဏီ၏ စံနှုန်းများ ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းသလဲဆိုတာကို ခန့်မှန်းနိုင်ပါသည်။

ထိုသို့ဆိုကာမှ ဒီကုမ္ပဏီ၏ ဘော့စ်က ဝန်ထမ်းများကို ခန့်အပ်ပြီး စောင့်ကြည့် လေ့လာသင်ယူဖို့အတွက်သာ လစာပေးထားသည်။ ကုမ္ပဏီတိုင်းမှာ ဒီလိုအာဏာနဲ့ အစွမ်းအစမျိုး မရှိပါ။

ဘာမှ ထပ်ပြောဖို့ မလိုအပ်တော့ပေ။ ဒါတောင် အစပဲ ရှိပါသေးသည်။

စိတ်အေးအေးထား။ ငါက ပရော်ဖက်ရှင်နယ်ဂျာနယ်လစ်တစ်ယောက်ပဲ။

ဟူယွဲ့က သူမ၏ စိတ်ခံစားချက်များကို ပြန်ထိန်းသိမ်းလိုက်ပြီး နောက်ထပ်အကြောင်းအရာသို့ သွားလိုက်ပါသသည်။ "ဂိမ်းဒီဇိုင်နာအကြောင်းပြောရအောင်။ အရမ်းရေပန်းစားလာတဲ့ နောက်ဆုံးထွက်ဂိမ်းလေ။ အဲ့ဒီဂိမ်းက ဟန်ဆောင်အနုပညာ မားကတ်တင်းပုံစံမျိုးကို အသုံးပြုသွားတယ်နော်။ ရှင်တို့ကုမ္ပဏီက အစကတည်းက အဲ့ဒီဗျူဟာကို အစကတည်းက တွေးထားပြီးသားလား။”

မာယိချွမ်က ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်တို့အားလုံး အမှောင်ချထားခံရတယ်။ ကုမ္ပဏီညစာစားပွဲရောက်တဲ့အထိ ကျွန်တော်တို့အားလုံး ဂိမ်းရဲ့ ရောင်းအားကို စိတ်ပူနေကြရတာပါ။”

"ဘော့စ်ဖေးက အစကတည်းက ဟန်ဆောင် အနုပညာ မားကတ်တင်းစတိုင်မျိုး အသုံးပြုမယ်လို့ ဆုံးဖြတ်ထားပြီးသား။ ဒါကို ရုံးထဲက အားလုံးကို ဖုံးကွယ်ထားတယ်။ ဂိမ်းရဲ့ ရောင်းအားက အရမ်းနိမ့်ပြီး ကျွန်တော်တို့အားလုံး စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ရောင်းအားက ချက်ချင်း တက်သွားတယ်။ ကျွန်တော်တို့ အရမ်းကောင်းတဲ့ တစ်ကျော့ပြန် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတယ်။”

"အဲ့အကြောင်းပြောရင် ထပ်ပြီး လိပ်ပြာမလုံသလို ခံစားရတယ်။ ကျွန်တော်တို့ ဘာမှ မကူညီနိုင်ခဲ့ဘူး။”

ဟူယွဲ့၏ မျက်လုံးများ ဝိုင်းစက်သွားသည်။

ဒါက တော်တော်တန်ဖိုးရှိတဲ့ ကုမ္ပဏီဖြစ်ပြီး သူကလည်း တော်တော်တန်ဖိုးရှိတဲ့ ဘော့စ်ပါလား။

"ရှင့်ရဲ့ ဘော့စ်ဖေးအကြောင်းကို ထပ်ပြောပြလို့ရမလား။” ဟူယွဲ့က မှတ်စုစာအုပ်ထဲတွင် အသည်းအသန် လိုက်ရေးနေပါသည်။

မာယိချွမ်၏ မျက်နှာထားက လေးလေးနက်နက် လေးစားသော မျက်နှာမျိုးဖြစ်သွားပြီး ပြောလိုက်ပါသည်။"ဘော့စ်ဖေးက ပါရမီရှိတဲ့ ဒီဇိုင်နာတစ်ယောက်ပဲ။ တစ်ခါတစ်လေ ဘော့စ်ဖေးက ကျွန်တော်တို့ကို ရိုးရှင်းတဲ့ လမ်းညွှန်မှုနဲ့ ဦးတည်ချက်တွေ ချပေးတယ်။ အဲ့ဒီအတိုင်း လိုက်လုပ်တာနဲ့ ကျွန်တော်တို့ ဂိမ်းကောင်းတစ်ခုကို ထုတ်လုပ်နိုင်သွားကော။ သမုဒ္ဒရာရဲတိုက်က သာဓကပေါ့။”

"တစ်ခါတစ်လေ ဘော့စ်ဖေးက သူ့ဖာသာသူ လုပ်တတ်တယ်။ အသေးစိတ်အတွက် လိုအပ်ချက်တွေ အများကြီးရှိတယ်။ ဂိမ်းကို သူ့ကိုယ်ပိုင်အားထုတ်မှုနဲ့ ပြောင်မြောက်လာတဲ့အထိ ကြိုးစားပြင်ဆင်တယ်။ အဲ့တာက ဂိမ်းဒီဇိုင်နာမှာ ဖြစ်ခဲ့တဲ့အရာပေါ့။

"ပြီးတော့လည်း ဘော့စ်ဖေးမှာ အရမ်းထူးခြားပြီး သဘောကျဖို့ကောင်းတဲ့ စရိုက်မျိုး ရှိတယ်။ ဝါရင့်တော်တော်များများက သူ့ကိုကပ်ချင်ပြီး သူနဲ့ အလုပ်လုပ်ချင်ကြတယ်။”

"ပန်းချီဆရာကြီး ရွမ်ကွမ်းကျန့်နဲ့ ထိပ်တန်းအဆင့် အကြောင်းအရာ ဖန်တီးသူ ဆရာချောင်းတို့က ဘော့စ်ဖေးရဲ့ မိတ်ဆွေကောင်းတွေပဲလေ။ သူတို့ရဲ့ ခင်မင်မှုကို တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေက မဖျက်ဆီးနိုင်ဘူး။”

"ဘော့စ်ဖေးက အထီးကျန်နဲ့ လူတော်တစ်ယောာက်ပါ။ သူ့နားလည်မှုက ကျွန်တော်တို့မျိုးဆက်ထက် ပိုသာလွန်နေပြီ။ အဲ့တာကြောင့်လည်း အမြဲတမ်း လူတွေ အထင်လွဲတာကို ခံရတယ်။ ဒါပေမယ့် ဘော့စ်ဖေးက ဒါတွေ စိတ်ထဲမထားဘူး။ အကြိမ်ကြိမ် ထပ်ခါထပ်ခါ သူ့ကိုယ်သူ ကျော်လွန်တယ်။”

ဟူယွဲ့က အားလုံးကို တတ်နိုင်သမျှ အမြန်ဆုံး ချရေးနိုင်ဖို့ ကြိုးစားနေပါသည်။

မာယိချွမ်က ဘော့စ်ဖေး၏ ကောင်းကွက်များကို လှလှပပ ချီးကျူးနေပြီး တချို့က သူ့ဘော့စ်ကို ဖားယားနေသည်ဟု ထင်နိုင်သော်လည်း မဖြစ်နိုင်မှန်း ဟူယွဲ့ သိပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒါက အမည်မသိ အင်တာဗျူးတစ်ခု ဖြစ်သောကြောင့်ပင်။

အစကတည်းက မာယိချွမ်၏ သရုပ်မှန် သို့မဟုတ် ရာထူးကို အင်တာဗျူးမူကြမ်းတွင် ထည့်သွင်းသွားမှာ မဟုတ်မှန်း ဟူယွဲ့ သဘောတူထားပါသည်။ မာယိချွမ် ချီးကျူးစကားများကို ဘော့စ်ဖေးမြင်ရင်တောင် ဘယ်သူ သူ့ကိုချီးကျူးမှန်း ဘော့စ်ဖေး သိမှာ မဟုတ်ပါ။

မက်လုံးလည်း မရှိပါ။

ထို့ကြောင့် ဒါတွေအားလုံးက မာယိချွမ်၏ ရိုးရိုးသားသား အတွေးအမြင်များသာ ဖြစ်ပါသည်။

ဟူယွဲ့လည်း မနေနိုင်ဘဲ ခိုက်သွားပါသည်။ ဒီလို အဆင်ပြေလိုက်ဖက်သည့် ဘော့စ်နဲ့ ဝန််ထမ်းအတွဲမျိုးကို မတွေ့ရသလောက် ရှားပါးသည်။

"အမှတ် ၁၀၀မှာ ရှင့်ဘော့စ်ဖေးကို ဘယ်နှမှတ်ပေးမလဲ" ဟူယွဲ့က မေးလိုက်ပါသည်။

တွန့်ဆုတ်မှုမရှိဘဲ မာယိချွမ်က ပြန်ဖြေလိုက်ပါသည်။ "အမှတ် ၂၀၀ ပေါ့ဗျာ။ ဒီလောကထဲက ဘော့စ်တချို့က သူတို့ ဝန်ထမ်းတွေကို အချိန်ပိုလစာကောင်းကောင်း၊ ကောင်းမွန်တဲ့ ဝန်ထမ်းဖူလုံရေး စတာတွေနဲ့ အမှတ်ပေးရင် အမှတ် ၉၀ လောက်ရရင် ရနိုင်မယ်။”

"ဒါပေမယ့် ဘော့စ်ဖေးကတော့ အမှတ် ၂၀၀ပဲ။”

"ဘော့စ်ဖေးက ဝန်ထမ်းတိုင်းအပေါ် ရက်ရောတယ်။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးပြီး ကျွန်တော်တို့အတွက် ပိုက်ဆံဘယ်လောက်ကုန်ပါစေ ဂရုမစိုက်ဘူး။ ဒါပေမယ့် ကုမ္ပဏီထဲက စီနီယာကြီးတွေ ပြောစကားအရဆို ဘော့စ်ဖေးက သူ့ကိုယ်သူအတွက်ဆိုရင်တော့ အရင်းတင်းကြပ်တယ်တဲ့။ ပြောရရင် အရမ်းကပ်စေးနဲတယ်ပေါ့ဗျာ။”

"ကျွန်တော်ပြောနိုင်တာကတော့ ကျွန်တော် ထန်းတာ့ကို မရောက်ခင်က ဘော့စ်ဖေးလိုလူမျိုးရှိတယ်လို့ တစ်ယောက်ယောက်က ပြောရင် လုံးဝ ယုံမှာ မဟုတ်ဘူးဗျ။ ဟုတ်တာပေါ့။ ဘော့စ်ဖေးလိုလူမျိုး ကမ္ဘာကြီးထဲမှာ ရှိတယ်လို့ ပြောရင်တောင် ယုံမှာ မဟုတ်ဘူး။”

ဟူယွဲ့က ထိုအဖြေများကို မှတ်စုစာအုပ်ထဲ ဆက်လက်ရေးသားသည်။ ထိုအဖြေများကို ကြားရရုံနဲ့ သူမ ကြည်နူးသွားသည်။ သူ့ စိတ်ခံစားချက်များကို ထိန်းသိမ်းဖို့ ခက်ခဲနေပါသည်။

မာယိချွမ်၏ ခံစားချက်များ သူ့မထံသို့ ကူးစက်လာသည့်ပုံပင်။

မာယိချွမ်၏ စကားလုံးများကိုကြည့်ခြင်းအားဖြင့် ထန်းတာ့၏ ဝန်ထမ်းများ ဘော့စ်ဖေးအပေါ် ထားသော နက်ရှိုင်းသည့် လေးစားမှုနဲ့ ကျေးဇူးတင်မှုတို့ကို အာရုံခံနိုင်ပါသည်။ ဘော့စ်ဖေး၏ မြင့်မြတ်ပြီး ခမ်းနားသည့် ပုံရိပ်ကိုပင် သူမ ဝိုးတိုးဝါးတား မြင်လာရပါသည်။

ဟူယွဲ့က သူမမှတ်စုစာအုပ်ထဲက မှတ်စုများကို ငုံ့ကြည့်လိုက်ပြီး အင်တာဗျူးမှ ရခဲ့တာတွေကို ကျေနပ်သွားပါသည်။

အင်တာဗျူးပြီးသွားပြီး တည်းဖြတ်ကာ ထုတ်ဝေလိုက်ပါက သေချာပေါက် ပေါက်သွားလိမ့်မည်။

"နောက်ဆုံးတော့ ဘော့စ်ဖေးအကြောင်း ပြောကြရအောင်။”

"ဂိမ်းဒီဇိုင်နာကို ဘော့စ်ဖေးရဲ့ ကိုယ်ပိုင်အတွေ့အကြုံဖြစ်တယ်လို့ လူတော်တော်များများက ထင်ကြတယ်။ ဒီဇိုင်နာတစ်ယောက်အနေနဲ့ ဘော့စ်ဖေးကော အဲ့လိုအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရလား။ အဲ့တာကြောင့် ဒီဂိမ်းထဲကို ဒီလောက်နက်ရှိုင်းတဲ့ အဓိပ္ပာယ်နဲ့ သဘောထားတွေကို ထည့်သွင်းနိုင်ခဲ့တာလား။

All Chapters