← Chapters

အခန်း(၁၃၅) တည်းဖြတ်ထုတ်ဝေမှုအသစ်များ ထုတ်လုပ်ခြင်း

Vol. 9 Ch. 135

အခန်း(၁၃၅) တည်းဖြတ်ထုတ်ဝေမှုအသစ်များ ထုတ်လုပ်ခြင်း

Vol. 9 Ch. 135

အခန်း(၁၃၅) တည်းဖြတ်ထုတ်ဝေမှုအသစ်များ ထုတ်လုပ်ခြင်း

ဧပြီလ ၃၀ ရက်နေ့၊ ငွေစာရင်းရှင်းမည့်နေ့...။

စနစ်က ဖေးချမ့်၏ အမြင်အာရုံထဲ အလိုအလျောက်ပေါ်လာခဲ့ပါသည်။

"အမြတ်ငွေကြောင့်နဲ့ ၄၀,၀၀၀ နီးပါး ငါ့ပိုက်ဆံဖြစ်လာမယ်လို့ ထင်မထားဘူး...။”

ဖေးချမ့် ဒီလောကကြီးကို နားမလည်နိုင်တော့ပါ။

ဒီငွေစာရင်းရှင်းချိန်မတိုင်မီ တစ်ပတ်အလိုက ထန်းတာ့နဲ့ ပတ်သတ်သည့် သတင်းကြောင့် ၎င်း၏ ဂိမ်းများက ပို၍ပင် ရေပန်းစားလာခဲ့ပါသည်။ အင်တာနက်အသုံးပြုသူများက အွန်လိုင်းပေါ်မှာ အားတက်သရော ဆွေးနွေးနေကြသဖြင့် ထန်းတာ့ဂိမ်းက ပရိသတ်မြောက်များစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

ရလဒ်အနေဖြင့် ထန်းတာ့နာမည်အောက်က ဂိမ်းအားလုံး ရောင်းအားမြင့်တက်လာသည်။ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ ကြည့်ရှုသူပမာဏတောင် ဆက်တိုက် မြင့်တက်လာခဲ့ပါသည်။

စနစ်ရန်ပုံငွေထဲက နောက်ဆုံး ပမာဏမှာ ဖေးချမ့်ခန့်မှန်းထားတာထက် ၂,၁၀၀,၀၀၀ လောက် ပိုများနေခဲ့ပါသည်။

ဖေးချမ့်၏ ကိုယ်ပိုင်စည်းစိမ်ထဲမှာလည်း ၈၀,၀၀၀ ကျော်လောက် ရှိသွားပါသည်။ စံချိန်ချိုးသည့် ပမာဏ ဖြစ်၏။

စနစ်မျက်နှာပြင်က အရောင်ဆက်လက်နေပါသည်။

ဖေးချမ့်က ဆက်စောင့်နေဆဲဖြစ်သည်။ သို့သော်လည်း မျက်နှာပြင်က ဒီမှာပဲ ရပ်တန့်သွားခဲ့သည်။ စက္ကန့်ပိုင်းလောက်ကြာသောအခါ အလိုလျောက် အရောင်မှိန်သွားသည်။

"ဒီတစ်ခေါက် အထူးမစ်ရှင်လည်း မရှိဘူး၊ သက်တမ်းကလည်း တိုသွားတယ်..."

"ဒါ ငါ့ကို ဝန်ပိုပိအောင်လုပ်နေတာမဟုတ်ဘူးလား။”

ဖေးချမ့်က နောက်ထပ် အထူးမစ်ရှင်ကို မျှော်နေခြင်း ဖြစ်သည်။ သို့သော်လည်း အထူးမစ်ရှင်က ကျပန်းရတတ်သည့်ပုံပင်။ ဒီတစ်ခေါက် ပေါ်မလာခဲ့ပါ။ ငွေစာရင်းရှင်းချိန်ကလည်း ၃ လမှ ၂ လအထိ ပိုတိုသွားပါသည်။

စဦး စနစ်ရန်ပုံငွေက ၁ သန်းမှ ၅ သန်းအထိ မြင့်တက်လာခဲ့ပါသည်။ ဖေးချမ့်က ၄,၉၁၀,၀၀၀ လောက် အမြတ်ရပြီးသား ဖြစ်သဖြင့် တကယ့်ငွေဖြည့်သွင်းမှုက ၈၀,၀၀၀ လောက်သာ ရှိသည်။ ထို့ကြောင့် ဖေးချမ့် အနည်းငယ် စိတ်ပူပန်လာပါသည်။

သူသာ အရင်တစ်ခေါက်တုန်းက အရှုံး ၁ သန်းလောက် အရှုံးပေါ်လိုက်ပါက ကိုယ်ပိုင် စည်းစိမ်ထဲ ၁သန်းလောက် ရောက်လာရုံတင်မကဘဲ စနစ်ကလည်း အလိုလျောက် စနစ်ရန်ပုံငွေ ၅သန်းကို ဖြည့်သွင်းပေးရပါလိမ့်မည်။

တွက်ကြည့်ပါက သူ ၁ သန်းလောက် ဆုံးရှုံးသွားခဲ့ပါသည်။

ဖေးချမ့် အနည်းငယ် စိတ်ဓာတ်ကျသွားပါသည်။ သို့သော်လည်း မကြာခင် စိတ်ပြန်ထိန်းလိုက်နိုင်၏။ အရင်တစ်ခေါက်တုန်းက သူ အကောင်းဆုံး ကြိုးစားခဲ့ကာ ကျန်တာကို ကံကြမ္မာကိုသာ ပုံအပ်ထားခဲ့ပြီးသား ဖြစ်သည်။ အမြတ်ဝင်လာတာ အလွန်မြန်ဆန်ကြောင်း သိလိုက်ရချိန်တွင် နောက်ကျသွားပြီ ဖြစ်သည်။

ငွေစာရင်းရှင်းချိန်ရောက်ဖို့ တစ်လတောင် မကျန်တော့သဖြင့် ဖေးချမ့် ထုတ်ကုန်သစ်များအတွက် ငွေထပ်ပြီး သုံးလို့ မရတော့ပါ။ ငွေစာရင်းရှင်းချိန်မတိုင်ခင် မထုတ်ပြန်ရသေးသော ထုတ်ကုန်များရှိလို့ မဖြစ်ပါ။ မဟုတ်ပါက ငွေစာရင်းရှင်းချိန် ရွှေ့ဆိုင်းခံရမည်။ ဖေးချမ့် ပိုက်ဆံကို ပိုပြီးတောင် ဆုံရှုံးသွားနိုင်ပါသည်။

ဒီတစ်ခေါက် ရလဒ်များမှာ ယွမ် ၄၀,၀၀၀ လောက်ကို ကိုယ်ပိုင်စည်းစိမ်အဖြစ် ပြောင်းလဲနိုင်ခဲ့သဖြင့် အတော်လေး လက်ခံနိုင်ဖွယ်ရှိပါသေးသည်။

အနည်းဆုံးတော့ အခု ဖေးချမ့်မှာ တစ်လကို ၁၃,၀၀၀လောက် လစာရသည့် နိုင်ငံတော်ဝန်ထမ်းအဆင့်လောက် ရှိနေပါပြီ။

"ဒီတစ်ခေါက် ၂ လပဲ အချိန်ရတယ်။ ဒီပိုက်ဆံတွေအကုန်လုံးကို အရှုံးဖြစ်လာအောင်လုပ်ဖို့ကတော့ ဖိအားတော်တော်များမှာပဲ။ ငါ့အစီအစဥ်အတိုင်းပဲ ဂိမ်းသစ်လုပ်တာတွေကို ရပ်ဆိုင်းထားမယ်။ လုမင်လျန်နဲ့ တခြားသူတွေကို ရှိပြီးသားဂိမ်းတွေကိုပဲ အပ်ဒိတ်တင်ခိုင်းလိုက်မယ်။ အင်တာနက်ကဖေးအတွက် ဆိုင်ခွဲတွေလည်း ထပ်ဖွင့်ရမယ်။”

"အင်း.. တခြားနည်းလမ်းတွေကိုလည်း စဥ်းစားဖို့ လိုသေးတယ်။ အချိန်က အရေးကြီးတယ်။ ဒီတာဝန်က လွယ်မှာတော့ မဟုတ်ဘူးပဲ။”

အပြင်ပိုင်းမှာတော့ စနစ်ရန်ပုံငွေ ၅ သန်းသာ ဖြစ်သည်။ ဖေးချမ့်သာ အရှုံးပေါ်ချင်ပါက လက်ရှိ ဝင်ငွေကောင်းနေသည့် ပရောဂျက်များကိုပါ ထည့်စဥ်းစားရပါမည်။

တစ္ဆေစစ်သူကြီးက ၆၀၀,၀၀၀ လောက်ဝင်ငွေရနေ၏။ သမုဒ္ဒရာရဲတိုက်က ၃,၅၀၀,၀၀၀ လောက်ရသည်။ ဂိမ်းဒီဇိုင်နာက လစဥ် ၁,၇၀၀,၀၀၀ လောက် ဝင်ငွေယူပေးနေပါသည်။

၎င်းတို့က သတင်းထွက်ပြီးနောက် ပမာဏများ ဖြစ်ကြသည်။

ဂိမ်းဒီဇိုင်နာက ဂိမ်းသစ်တစ်ခုဖြစ်သော်လည်း သမုဒ္ဒရာရဲတိုက်လိုမျိုး ကျယ်ကျယ်ပြန့်ပြန့် လက်ခံနိုင်စွမ်း မရှိသဖြင့် ကစားသမားများက အကြာကြီး ကစားကြမှာ မဟုတ်ပါ။ ထို့အပြင် လူများစွာက Cloud Clearance ကို ရွေးချယ်ခဲ့ကြသည်။ နာမည်ကြီးသော်လည်း ၎င်း၏ ဝင်ငွေက သမုဒ္ဒရာရဲတိုက်ကို မယှဥ်နိုင်သေးပါ။

ဖေးချမ့်မှာ အရှုံးပေါ်သည့် ပရောဂျက်တစ်ခုသာ ရှိပါသည်။ ယွီအင်တာနက်ကဖေး ဖြစ်၏။ သို့သော်လည်း လစဥ် ၃၀၀,၀၀၀လောက်သာ အရှုံးပေါ်ပါသည်။ ရုံးခန်းအတွက် ငှားရမ်းခ၊ လစာများ၊ ကုမ္ပဏီအကျိုးခံစားခွင့်များနဲ့ တခြားအသုံးစရိတ်များကို ပေါင်းလိုက်သောအခါ တစ်လကို အများဆုံး ၁သန်း ကုန်ကျပါသည်။

ဒီလိုတွက်ချက်ကြည့်သောအခါ ဖေးချမ့်တစ်ယောက် မီးလောင်တာကို သောက်ရေခွက်နဲ့ ပက်နေသလို ဖြစ်နေပါသည်။

ဖေးချမ့်သာ ဘာမှမလုပ်ပါက သူ့လစဥ် အမြတ်ငွေမှာ ၄.၅ သန်းလောက် ရှိနေသည်။ အမှန်ပင်။ ဒါက အကြမ်းဖျင်း တွက်ချက်မှုသာ ဖြစ်သည်။ ဂိမ်းသုံးခုစလုံးအတွက် ရောင်းအားများက လစဥ်ပြောင်းလဲနေကာ ကုမ္ပဏီ၏ အသုံးစရိတ်များကိုလည်း တိတိကျကျ မတွက်ချက်နိုင်ပါ။ အနှစ်ချုပ်ပြောရလျှင် အတော်တော့ များပါလိမ့်မည်။

၂ လအတွင်း ဖေးချမ့်တစ်ယောက် ၂လစာ ဝင်ငွေကော၊ စနစ်ရန်ပုံငွေကော စုစုပေါင်း ၁၄သန်းလောက်ကို အရှုံးပေါ်အောင် လုပ်ရပါမည်။

"၁၄ သန်း... ယွီအင်တာနက်ကဖေး ၁ ဆိုင်ထပ်ဖွင့်ရင် ၃ သန်း ကုန်မယ်။ ဒါဆို နောက်ထပ် ဆိုင်ခွဲ ၄ဆိုင် ထပ်ဖွင့်ရုံပေါ့။ အင်တာနက် ကဖေး ၅ ဆိုင်က အတူတူ အရှုံးပေါ်မယ်ဆိိုရင် အရင်းအပြင် ၁.၅သန်းလောက် အရှုံးပေါ်လိမ့်မယ်။ ကောင်းတယ်။”

"နေပါဦး။”

"ဒီတစ်ခေါက် ကစားသမားတွေအတွက် တည်းဖြတ်ထုတ်ဝေမှုအသစ်တွေလည်း ထုတ်ပေးရဦးမယ်။ ဘယ်လောက်ပဲ စျေးသတ်မှတ်ပါစေ၊ အမြတ်တော့ သေချာပေါက် ရနေမှာပဲ။ ကြည့်ရတာ ဒီအင်တာနက်ကဖေးအသစ်တွေကို ဖွင့်ရုံနဲ့ လုံလောက်မှာ မဟုတ်ဘူးထင်တယ်။ တခြား တစ်ခုခု စဥ်းစားမှ ဖြစ်မယ်။”

ဖေးချမ့်က ၃ မိနစ်လောက် စဥ်းစားကြည့်လိုက်သော်လည်း ဘာမှ အသုံးမဝင်ပါ။

"ထားလိုက်ပါတော့ကွာ။ ငါယွီအင်တာနက်ကဖေးနဲ့ပဲ အရင်စလိုက်မယ်။ ပြီးမှ ဘယ်လို အရှုံးပေါ်အောင် ဆက်လုပ်ရမလဲ စဥ်းစားတော့မယ်။”

ရုံးထဲက အခြေအနေက အလွန်ကောင်းမွန်ပါသည်။ တချို့လူတွေက ဂိမ်းကစားနေကြသည်။ တချို့ကတော့ သမ်းဝေနေကြပြီး တချို့က မုန့်စားရင်း ရှိုးကြည့်နေကြပါသည်။ သူတို့ အွန်လိုင်းပေါ်မှာ ခရီးသွားစရာနေရာတွေ ရှာနေကြတာ ဖြစ်နိုင်သည်။

အားလုံး အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာလုပ်တာကို ဖေးချမ့် တစ်ခါမှ ဂရုမစိုက်ခဲ့ပါ။ အပြင်ပိုင်းမှာ အနည်းငယ် ဆူညံသည့်ပုံပေါက်သော်လည်း ရင်ထဲမှာတော့ ဒီလိုလုပ်တာတွေကို ပိုလို့တောင် အားပေးပါသေးသည်။ သို့သော်လည်း အကုန်လုံးက အလုပ်လုပ်သည့်အခါ အစွမ်းကုန် ကြိုးစားပြီး စိတ်ဓာတ်များ တက်ကြွနေကြတာကတော့ စိတ်ပျက်ဖို့ ကောင်းပါသည်။ ထို့ကြောင့် ဖေးချမ့် ခေါင်းကိုက်ရပါသည်။

မနက်ဖြန်က အလုပ်သမားအားလပ်ရက်များ၏ ပထမနေ့ ဖြစ်သည်။ ထန်းတာ့က စည်းမျဥ်းစည်းကမ်းထက် ပိုများသည့် အားလပ်ရက်များကို ပေးသည်။ ဘယ်တော့မှ မလျော့စေရပါ။ ထို့အပြင် ဂိမ်းသစ်တစ်ခု ထုတ်လုပ်ပြီးသည့်အချိန်နဲ့ တိုက်ဆိုင်နေသဖြင့် အားလုံးက အားလပ်ရက် ခရီးသွားဖို့ စီစဥ်နေကြသည်။ တချို့က အိမ်ပြန်ဖို့ ပြင်ဆင်ကာ တချို့ကတော့ လျှောက်လည်ကြမည်ဖြစ်သည်။

ဖေးချမ့်က အားလုံးကို အစည်းအဝေးခန်းထဲသို့ ခေါ်လိုက်ပြီး အားလပ်ရက်ပြီးသောအခါ ဆောင်ရွက်ရန် အစီစအစဥ်များ ချမှတ်ထားပါသည်။ မကြာမီ အားလုံးရောက်လာကြသည်။

တခြားဘော့စ်များသာဆိုရင် ဝန်ထမ်းအားလုံးကို အားပေးပြီး ဂိမ်းဒီဇိုင်နာ၏ အောင်မြင်မှုအကြောင်း ကြွားဝါပြလိမ့်မည်။အားလုံးကို အလုပ်ကြိုးစားသည့်အတွက် ချီးကျူးပြီး ဒီလိုအောင်မြင်မှုမျိုး ထပ်ရအောင် တခြား ပရောဂျက်တွေမှာလည်း ဒီတိုင်း ဆက်ကြိုးစားကြဖို့ အားပေးပါလိမ့်မည်။

သို့သော်လည်း ဖေးချမ့်ကတော့ ဒါတွေကို ပြောတောင်မပြောပါ။ သူ့စိတ်ဒဏ်ရာက အရှင်းမပျောက်သေးပေ။ အားလုံးလည်း ထူးဆန်းသည်ဟု မထင်မိပါ။ ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေးက အောင်မြင်မှုအပေါ်မှာ သာယာတတ်တဲ့လူမျိုးမှ မဟုတ်ဘဲ။

ဖေးချမ့်က ခေတ္တစဥ်းစားလိုက်ပြီး ပထမနေရာ ပထုတ်ခြင်း စနစ်အကြောင်း ရှင်းပြဖို့ ဆုံးဖြတ်လိုက်ပါသည်။

"ပထမဆုံးအနေနဲ့ နောက်ထပ် အကောင်းဆုံး ဝန်ထမ်းရွေးချယ်မှု အကြောင်း ပြောချင်ပါတယ်။ အခုချိန်ကစပြီး အကောင်းဆုံးဝန်ထမ်း ရွေးချယ်မှုကို ၁ နှစ် ၂ ခါ ကျင်းပပေးမယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့ရယ် သြဂုတ်လ ၁ ရက်နေ့ရယ်။ အကောင်းဆုံး ဝန်ထမ်းတိုင်းကို အိပ်မက်ရန်ပုံငွေ ၁သန်း ချီးမြှင့်ပေးပြီး ဒုတိယအတော်ဆုံးဝန်ထမ်းကတော့ တစ်လတာ လစာခံစားခွင့် ပိတ်ရက်ရမယ်။”

အရင်တစ်ခေါက် လူရွေးပွဲပြီးသွားကတည်းက နောက်တစ်ချီ ဘယ်တော့ စတင်မလဲ ဖေးချမ့် မစဥ်းစားရသေးပါ။ သူက အကျိုးအမြတ်များများရဖို့ မကြာခဏ လုပ်ချင်သည်။ သို့သော်လည်း ၁ နှစ် ၂ ခါသာ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ပထမနေရာပထုတ်စနစ်က သိပ်ပြီး အားကိုးလို့မရသောကြောင့် ဖြစ်သည်။

ထို့အပြင် လုမင်လျန်က အစီအစဥ်ဆွဲသူချုပ်အဖြစ် ထူးချွန်နေသည်။ ဖေးချမ့်ကလည်း စိတ်ကျေနပ်မှု ရှိနေပါသည်။ လုမင်လျန်ကို လက်မလွှတ်ချင်ပါ။ ယခု ဖေးချမ့်က ဝန်ထမ်းများအား ကိုင်တွယ်ရာတွင် အလွန်သတိထားနေရပါသည်။ နောက်ထပ် ပါရမီရှင်များနဲ့ ထပ်ကြုံရမှာကို စိတ်ပူနေပါသည်။

သို့သော်လည်း ဒီစနစ်ကို လုံးလုံးဖျောက်ပစ်ဖို့လည်း မတတ်နိုင်ပါ။ ထို့ကြောင့်ဖေးချမ့်က ၁ နှစ် ၂ခါအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး အားလုံး ဘာမှမပြောကြပါ။ သူတို့ ဒီတစ်ခေါက် လူတစ်ယောက်ကို ရွေးရမည်ဆိုရင်တောင် မဲပေးစရာ ထူးခြားသည့် လူတစ်ယောက်ကို မစဥ်းစားနိုင်ပါ။ အများစုက လုမင်လျန်ကိုသာ မဲပေးကြလိမ့်မည်။

သို့သော်လည်း လုမင်လျန်က ဒီဆုနဲ့ မထိုက်တန်ပါ။ ဘာပဲဖြစ်ဖြစ် ဂိမ်းဖန်တီးရာမှအစ ဖြန့်ချိသည့်အဆင့်အထိ ဘော့စ်ဖေးကိုယ်တိုင် စီမံကွပ်ကဲခဲ့တာ မဟုတ်ပါလား။

လုမင်လျန်ကိုယ်တိုင်တောင် ဒီလိုပဲ ခံစားရပါသည်။ ဘော့စ်ဖေးက လူရွေးပွဲ၏ ကာလကို အရင်တုန်းက မသတ်မှတ်ရသေးသဖြင့် အားလုံး ဆုံးဖြတ်ချက်ကို သဘောတူလိုက်ကြပါသည်။ သြဂုတ်လ ၁ရက်နေ့ရောက်ဖို့ ၃ လ ကျန်ပါသေးသည်။ လူများစွာက ကြိုးစားကြည့်ဖို့ လက်များ ပွတ်နေကြပါပြီ။

သူတို့ အတော်ဆုံးဝန်ထမ်းဖြစ်လာပြီး အိပ်မက်ရန်ပုံငွေ ၁ သန်း မရနိုင်ရင်တောင် ဒုတိယအတော်ဆုံးဆုကိုရပြီး တစ်လတာ လစာခံစားခွင့် အားလပ်ရက်ရတာလည်း မဆိုးလှပါ။ ပေါင်ရှုတစ်ယောက်ပဲ ကြက်သီးထမိပြီး သူ့ကို ထည့်မစဥ်းစားဖို့ ဘော့စ်ဖေးကို တောင်းဆိုချင်မိပါသည်။

ဘယ်သူမှ မကန့်ကွက်တာကို မြင်သောအခါ ဖေးချမ့် ဆက်ပြောပါသည်။ "နောက် ၂လအတွက် လုပ်ငန်းအစီအစဥ်ကို ပြောပါမယ်။”

"ငါတို့လက်ရှိ ဂိမ်းတွေရဲ့ ကစားသမားတွေက အပ်ဒိတ်နဲ့ တည်းဖြတ်ထုတ်ဝေမှုအသစ်တွေကို တောင်းဆိုနေကြတော့ ဂိမ်းအသစ်တွေကို ထုတ်လုပ်တာ ယာယီရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တယ်။ ငါတို့ အဲ့ဒီ ၂ လအတွင်းမှာ လက်ရှိဂိမ်းတွေကို ပြန်ဆန်းသစ်ပြီး ကစားသမားတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်။”

"အကြမ်းဖျင်းအစီအစဥ်ကတော့ ဒီလိုပဲ။"

"အထီးကျန်ကန္တာရလမ်းအတွက် Endless Mode တစ်ခု၊ Multiplayer စနစ်နဲ့ မြေပုံအသစ်တစ်ခုပါမယ်။ အကုန်လုံးကို DLC အနေနဲ့ ၁ ယွမ်စျေးနှုန်းနဲ့ ရောင်းမယ်။”

"တစ္ဆေစစ်သူကြီးအတွက် စစ်သူကြီး အသစ်တွေထပ်ထည့်ပြီး ၅ ယွမ်အဖြစ် စျေးသတ်မှတ်မယ်။"

"သမုဒ္ဒရာရဲတိုက်အတွက် ဆန်းကြယ်လက်နက်အသစ်တွေ ထပ်ထည့်မယ်။ စျေးနှုန်းကတော့ ၈၈၈ယွမ်အဖြစ် သတ်မှတ်မယ်။ တစ်လကို လက်နက် ၅၀၀ ပဲ ရောင်းချဖို့ ကန့်သတ်ထားမယ်။”

"ဂိမ်းဒီဇိုင်နာအတွက် ဘာသာစကားနဲ့ ဆက်တင်တွေ ပိုထည့်မယ်။ ၅ ယွမ်နဲ့ ရောင်းချမယ်။”

အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ နားကြားမမှားဘူး မဟုတ်လား။ စျေးကပေါလှချည်လား။ သူတို့ အရင်းတောင် ကျေပါ့မလား။

တစ္ဆေစစ်သူကြီးနဲ့ ဂိမ်းဒီဇိုင်နာတို့ နှစ်ခုတည်းနဲ့တင် ၎င်းတို့၏ ရုပ်ပုံပန်းချီများကို ရွမ်ကွမ်းကျန်ကိုယ်တိုင် ရေးဆွဲထားခြင်း ဖြစ်သည်။ ဘော့စ်ဖေးနဲ့ ရင်းနှီးရင်တောင် ပုံမှန်အတိုင်းပဲ ပေးရပါလိမ့်မည်။

သမုဒ္ဒရာရဲတိုက်က ပို၍ပင် ဆိုးရွားသေးသည်။ ဆန်းကြယ်လက်နက်အသစ်များကို လစဥ် အခု ၅၀၀သာ ရောင်းချမည်ဟု ကန့်သတ်လိုက်သည်။

အားလုံး၏ မျက်နှာထားများက အံ့သြမှုမှ စိတ်ရှုပ်မှုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် လေးစားမှုအဖြစ် ပြန်လည်ပြောင်းလဲသွားပါသည်။

အမှန်ပင်။ ဘော့စ်ဖေးသာ ဒီလိုလုပ်လိမ့်မည်။

ဖေးချမ့်က လေးစားအားကျသော အကြည့်များဖြင့် ရင်ဆိုင်လာရသော်လည်း မျက်နှာထားက ပုံမှန်အတိုင်းပဲ ဖြစ်ပါသည်။

မတတ်နိုင်ပေ။ ဂိမ်းဒီဇိုင်နာနဲ့ တစ္ဆေစစ်သူကြီးတို့၏ ၅ ယွမ်တန် DLC က စနစ်လက်ခံနိုင်သည့် အနိမ့်ဆုံးစျေး ဖြစ်ပါသည်။ ထို့အပြင် သမုဒ္ဒရာရဲတိုက်အတွက် အမြတ်ရဖို့ DLC နည်းလမ်းကို သုံးလို့ မရသဖြင့် ဆန်းကြယ်လက်နက်များကိုသာ ဆက်ရောင်းနေလို့ရပါသည်။

ဆန်းကြယ်လက်နက်အသစ်များကို ၈၈၈ ယွမ်စျေးဖြင့် ရောင်းချသည်။ စနစ်က စျေးနှုန်းပြောင်းလဲခွင့် မပေးပါ။ ဖေးချမ့်က နောက်တစ်လမ်းကို ရွေးချယ်ပြီး တစ်လတာ ရောင်းနိုင်သော ပမာဏကို ကန့်သတ်လိုက်ပါသည်။ ဒီလိုဆို တစ်လကို လက်နက် ၅၀၀ သာ ရောင်းနိုင်လိမ့်မည်။ ဒါဆို ဝင်ငွေကို လျှော့ချနိုင်မှာ ပဲမဟုတ်ပါလား။

All Chapters