အမျိုးသမီးနှစ်ယောက်၏ စိတ်ထဲမှ အတွေးများ
Vol. 29 Ch. 426
“ဘာဖြစ်တာလဲ”
ရဲ့လင်းချန် မေးလိုက်သည်။
ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို ချစ်စဖွယ် မျက်လုံးများဖြင့် ကြည့်လေသည်။
“ကျွန်မ အရမ်း ပင်ပန်းနေလို့၊ ကျွန်မ မနေ့ညက ကုသမှုမျိုး လိုချင်လို့”
“အနှိပ်ခံချင်တာလား”
“အင်း”
ကျောက်လျန့်ရင်က ခပ်သွက်သွက် ခေါင်းညိတ်သည်။
“အခုလား”
ကျောက်လျန့်ရင်က ဆက်တိုက် ခေါင်းညိတ်ပြသည်။ သို့သော် သူမ တစ်နေ့လုံး ချွေးထွက်ပြီး အခြေအနေ မကောင်းသည်ကို သတိရလိုက်သည်။ သူမ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။
“ကျွန်မ ရေအရင်ချိုးလိုက်ဦးမယ်၊ ရှင် ဒီမှာနေပြီး ကျွန်မနဲ့ စကား ခဏပြောဦးနော်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီးနောက် ကျောက်လျန့်ရင်ကို တစ်ချက် ကြည့်လိုက်သည်။
“မင်းအဝတ်အစားတွေက …”
ကျောက်လျန့်ရင်သည် သူမ ညအိပ်ဝတ်စုံ ပြောင်းဝတ်ထားပြီးသည်ကို သတိပြုမိသွားသည်။ သူမ လျှာလေး ထုတ်၍ အဝတ်အစားကို ပြန်တင်းတင်းကျပ်ကျပ် ပြုပြုင်လိုက်ပြီး ရဲ့လင်းချန်အား ရှက်ရွံ့ဟန်ဖြင့် ကြည့် လေသည်။
*သူ တစ်ခုခု မြင်သွားတာပဲ၊ မဟုတ်ရင် သူ ငါ့ကို သတိပေးမှာ မဟုတ်ဘူး၊ သူ ငါ့ကို အခွင့်အရေး ယူတာပဲ၊ ဟွန့်”
သို့သော် ကျောက်လျန့်ရင်၏ နှုတ်ခမ်းထောင့်က တိတ်တခိုး ကော့တက်သွားပြီး ဘဝင်မြင့်သည့်အပြုံးမျိုး ဖြစ်လာသည်။
သူမသည် သာမန် လွယ်ကူသည့် မိန်းကလေးတစ်ယောက် မဟုတ်ပါ။ အကယ်၍ သူ့နေရာ၌ အခြားသူများ ဖြစ်ပါက သူမ စိတ်တိုပြီး ရက်အနည်းငယ်မျှ စားချင်စိတ် ပျောက်လောက်သည်။ သို့သော် ရဲ့လင်းချန်နှင့်ဆိုလျင် အခြေအနေက မတူပါ။ သူမ အနည်းငယ် ချိုမြိန်သလို ခံစားရသည်။
*သူ မြင်တော့ ဘာဖြစ်လဲ၊ ငါ အများကြီး ဆုံးရှုံးရတာမှ မဟုတ်တာ*
သို့သော် ထိုသို့သောအချိန်၌ ဟူယွဲ့အာသည် ရေချိုးပြီးသွားသဖြင့် အခန်းထဲသို့ ပြန်ဝင်လာသည်။ သူမက ပါးလျသော ပန်းရောင် ညအိပ်ဝတ်စုံကို ဝတ်ထားသည်။ ရေချိုးခန်းထဲမှ ထွက်လာသော မိန်းမလှလေးသည် ဆံပင်များ စိုနေဆဲဖြစ်ကာ ထိုမြင်ကွင်းက ရင်သက်ရှူမောဖွယ် ကောင်းလှသည်။
ရဲ့လင်းချန်ကို မြင်သောအခါ ဟူယွဲ့အာ အံ့ဩသွားသည်။ သူမက ထိတ်လန့်မသွားဘဲ ပျော်ရွှင်သွားလေသည်။
“လင်းချန် ကျွန်မ ရှင့်ကို လာရှာတော့မလို့”
“မင်းလည်း အနှိပ်ခံဖို့ လိုက်ရှာနေတာလား”
သူမ ဘာလိုချင်သလဲဆိုတာကို ရဲ့လင်းချန် ခန့်မှန်းမိနေသည်။
“အင်း”
ဟူယွဲ့အာ ခေါင်းညိတ်လိုက်သည်။
“ရှင် ဒီမှာ ရှိနေတော့ ပိုပြီးတော့ အဆင်ပြေသွားပြီ”
ထိုသို့ပြောပြီး သူမ ခုတင်ပေါ် လှဲလိုက်ပြီး သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်က ခုတင်ပေါ်၌ ကောက်ကြောင်း ထင်သွားလေသည်။
“ဟမ့်”
ကျောက်လျန့်ရင်က မကျေနပ်သံ ပြုသည်။ သူမ မခံမရပ်နိုင် ဖြစ်နေ၏။ သူမက ရဲ့လင်းချန်ကို ကိုယ်တိုင် ဖိတ်ခေါ်ခဲ့သော်လည်း အခြားတစ်ယောက်က အကျိုးအမြတ် ရသွားလေသည်။
“ရှောင်ရင်၊ ဒီမှာ ဘာရပ်လုပ်နေတာလဲ၊ နင် ရေချိုးမယ့် အလှည့် ရောက်ပြီလေ”
ဟူယွဲ့အာက ပြောလိုက်သည်။
ကျောက်လျန့်ရင်၏ မျက်နှာတွင် မပြတ်သားသော အမူအရာဖြစ်ပေါ်နေပြီး သူမမျက်နှာထားက ရှုံ့မဲ့နေသည်။ သူမ ရေသွားချိုးလျင် ဤနေရာ၌ ရဲ့လင်းချန်က ဟူယွဲ့အာနှင့် တစ်ယောက်တည်း ကျန်ခဲ့တော့မည်ကို သူမ သတိပြုလိုက်မိသည်။ သူတို့နှစ်ယောက်တည်းကို အတူတူ ထားခဲ့လျင် တစ်ခုခု ဖြစ်သွားလေမလား။
*အား … ငါ ရဲ့လင်းချန်ကို ဒီကို ဆွဲမခေါ်သင့်ဘူး၊ ငါ ရေချိုးပြီးတဲ့အထိ စောင့်လိုက်သင့်တာကို*
“မင်း ဘာတွေ စဉ်းစားနေတာလဲ”
ရဲ့လင်းချန်က ကျောက်လျန့်ရင်၏ ပြောင်းလဲနေသော အမူအရာကို လေ့လာနေမိသည်။ သူ မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။
“ဘာမှမဟုတ်ပါဘူး”
ကျောက်လျန့်ရင် နှုတ်ခမ်း ကိုက်လိုက်မိသည်။ သူမသည် ရှက်မနေဘဲ ရဲ့လင်းချန်ရှေ့၌ အတွင်းခံများကို ရှာဖွေ၍ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ ထို့နောက် သူမက စိတ်မချသလို ခံစားရနေသေးသဖြင့် သူတို့ကို သတိပေး လိုက်သည်။
“ဟေး ငါတို့က ရိုက်ကူးနေတုန်းနော်၊ ဒီက အသံလုံစနစ်က အဲ့လောက် မကောင်းဘူး၊ နင်တို့ သတိထားသင့်တယ်”
ရဲ့လင်းချန်က သူ့၌ ချစ်သူရှိသည်ဟု ကြေညာထားသော်လည်း ကျောက်လျန့်ရင်က သူမ၌ အခွင့်အရေး ရှိသေးသည်ဟု ခံစားမိနေသည်။ ဟူယွဲ့အာက အလွန် အစွမ်းအစ ရှိသော ပြိုင်ဘက်တစ်ယောက်ပင်။ သူမကို သတိထားရန် လိုအပ်ပေသည်။
“ငြိမ်ငြိမ်လှဲနေ”
ရဲ့လင်းချန်က ဟူယွဲ့အာကို ပြောလိုက်သည်။ ဟူယွဲ့အာက ညင်သာစွာ ညည်းတွားပြီး ရဲ့လင်းချန်အား မမှိတ်မသုန် ကြည့်နေ၏။
ရဲ့လင်းချန်က ဟူယွဲ့အာ၏ ဗိုက်ပေါ် လက်တင်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူမ ခန္ဓာကိုယ်တစ်ခုလုံးသို့ နွေးထွေးသော စီးကြောင်းတစ်ခုက ပျံ့နှံ့လာပြီး သူမအား ကျေနပ်စွာ မှိတ်လိုက်မိသည်။ ပထမဆုံးအကြိမ် မဟုတ်သဖြင့် သူမ သက်တောင့်သက်သာ ဖြစ်မိသည်။
“လင်းချန် ရှင့်ချစ်သူကို ရှင် အမြဲတမ်း နှိပ်ပေးလား”
ဟူယွဲ့အာက မေးသည်။
“တစ်ခါတစ်ရံပေါ့”
ရဲ့လင်းချန် ပြောလိုက်သည်။ သူသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ထပ်ပြောလေသည်။
“ငါ နောက်ဆို ပိုပြီး လုပ်ပေးဖြစ်မှာ”
သူသည် မကြာသေးခင်မှ ကျန်းယွင်ရှီနှင့် ဆက်ဆံရေးကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် တကယ်ပင် တစ်ခါတစ်ရံမှ လုပ်ပေးဖြစ်သော အရာဖြစ်ပြီး ကျန်းယွင်ရှီသည် အမြဲ အလွန်အကျွံ အလုပ်လုပ်လေ့ ရှိပြီး အခြေနေတစ်ခု၌ ပင်ပန်းဒုက္ခရောက်တတ်သည်။ သို့သော် နောင်တွင် သူသည် ကျန်းယွင်ရှီ၏ ခန္ဓာကိုယ် ပြန်သက်သာလာအောင် ဆက်တိုက် ကူညီပေးမည် ဖြစ်သည်။
“နောက်ဆိုရင်လား”
ဟူယွဲ့အာက ရဲ့လင်းချန်၏ စကားကို သတိထားမိသွားသည်။
“မဟုတ်မှလွဲရော ရှင် ချစ်သူဆက်ဆံရေးကို မကြာသေးခင်ကမှ စထားတာလား”
ကျန်းယွင်ရှီအကြောင်း ပြောနေရင်းနှင့် ရဲ့လင်းချန်သည် ထိုညကို ပြန်မတွေးမိဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ သူ့မျက်နှာ၌ အပြုံးတစ်ခု ပေါ်လာ၏။
ဟူယွဲ့အာသည် ရဲ့လင်းချန် အသာပြုံးလိုက်သည်ကိုမြင်ပြီး နှုတ်ခမ်း စူသွားကာ တိတ်ဆိတ်သွားသည်။
အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် သူမ ကျန်းယွင်ရှီ၏ အကြံများကို ချက်ချင်း တွေးမိသွားလေသည်။
ရဲ့လင်းချန်က ဤသို့သော အစီအစဉ်မျိုး၌ ပါဝင်ရန်အတွက် သူ၏ ချစ်သူက အခြားသူများ လက်ဦးမှု ယူမည်ကို သေချာပေါက် ကြောက်ရွံ့မှာပင်။ သူမသာ ကျန်းယွင်ရှီနေရာ၌ ဆိုပါက သူမသည်လည်း အရင်ဆုံး လှုပ်ရှားမိ လောက်သည်။
သို့သော် ယခုပေါ်လာသော သတင်းသစ်ကြောင့် သူမအခွင့်အရေးက ပိုတိုးလာပေတော့မည်။
ဟူယွဲ့အာသည် စိတ်ထဲ၌ ဝမ်းသာနေပြီး ပျော်ရွှင်စွာ မျက်လုံးမှိတ်ထားသည်။
ယခုတစ်ခေါက်တွင် ကျောက်လျန့်ရင်သည် ဆယ်မိနစ်တည်းနှင့် ရေချိုး၍ ပြီးသွားလေသည်။ ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် သူမ အခန်းထဲသို့ ခပ်သွက်သွက် ပြန်လာသည်။
ရဲ့လင်းချန်က ဟူယွဲ့အာကို နှိပ်ပေးရုံမျှသာ ရှိသည်ကို မြင်မှ သူမ စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ ဟူယွဲ့အာ၏ ငြိမ်ငြိမ်လေး လှဲနေသောပုံကို ကြည့်ပြီး သူမ မေးလိုက်သည်။
“သူ ဘာဖြစ်တာလဲ”
“အိပ်ပျော်သွားတာ”
ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။
ကျောက်လျန့်ရင် ဝမ်းသာသွားသည်။ ထိုသို့ဆိုလျင် သူမ ရဲ့လင်းချန်နှင့် တစ်ခန်းတည်း၌ နှစ်ကိုယ်တည်း အချိန် ဖြုန်း နိုင်လေပြီ။
“ငေးငိုင်မနေနဲ့၊ မင်း အနှိပ်ခံဖို့ အသင့်ပြင်ထားဦး”
ရဲ့လင်းချန်က လက်ကို ရပ်လိုက်ပြီး ပြောလိုက်သည်။
နှိပ်နယ်ခြင်းအား ဆယ့်ငါးမိနစ်ဝန်းကျင်မျှသာ ကန့်သတ်ထားသင့်သည်။ အချိန် အတော်ကြာသွားလျင် အခြားသော ပြဿနာများ ဖြစ်လောက်သည်။
“အိုး”
ကျောက်လျန့်ရင် ပြန်ဖြေလိုက်ပြီးနောက် အိပ်ယာပေါ်လှဲ၍ ရဲ့လင်းချန်အား စိုက်ကြည့်လေသည်။
ရဲ့လင်းချန်က နှာခေါင်းပြန်ပွတ်လိုက်ပြီးနောက် လက်ဆန့်၍ ကျောက်လျန့်ရင်၏ အဝတ်အစားကို ပြန့်အောင် လုပ်ပြီးမှ သူမကို စ၍ နှိပ်ပေးသည်။
*ဒီမိန်းကလေးက တော်တော် ပေါ့ပေါ့ပါးပါး နေတာပဲ၊ ငါက သူ့ကို နှိပ်ပေးတာကို သူက ခုတင်ပေါ်မှာ ဒီလိုမျိုး ခုခံမှုမရှိဘဲ လှဲနေရလား ပြီးတော့ ဒီလို နာခံတဲ့ပုံစံမျိုး လုပ်နေသေးတယ်၊ သူ့ရဲ့ ညအိပ်ဝတ်စုံကတောင်မှ တော်တော် ပေါ်နေပြီ*
ဆယ့်ငါးမိနစ် ကြာပြီးနောက် ရဲ့လင်းချန်သည် သူ့အခန်းသို့ ပြန်သွား၍ အိပ်ရာဝင်လေသည်။
နောက်တစ်နေ့တွင် ရဲ့လင်းချန်သည် ပုံမှန်အတိုင်း မနက်စောစော နိုးလာ၏။
မနေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တောင်ပေါ်မှ ရှုခင်းက ပို၍တောင်မှ လှလာသည်။ တောင်တစ်ခုလုံး စိမ်းလန်း စိုပြည်ပြီး လေတောင်မှ လတ်ဆတ်နေသည်။
ရိုက်ကူးရေး ဝန်ထမ်းများသည် မနေ့က သင်ခန်းစာရပြီးနောက် စောစော ထလာကြသည်။ ထိုသို့ ထတာတောင်မှ ရဲ့လင်းချန်က သူတို့ထက် အရင် ရှုခင်းကြည့်သည့် တဲအိမ်လေး၌ ရပ်နေ၏။
သူသည် အဝေးသို့ လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်သွားကာ သူ့မျက်နှာတွင် အံ့ဩသော အရိပ်အယောင် ပေါ်လာသည်။
ယခုတစ်ခေါက်တွင် သူသည် ယခင်က သူတို့ သွားခဲ့သော တောင်ကုန်းကို သေချာ အာရုံစိုက်၍ ကြည့်နေ၏။ မမျှော်လင့်ဘဲ ရေကန်နားမှ စိတ်ဝိညာဉ် စွမ်းအင်သည် ပို၍ စုစည်းလာနေသည်။ မိုးကြောင့်လား မသေချာသော်လည်း တောင်၏ အခြားနေရာများမှ စိတ်ဝိညာဉ် စွမ်းအင်များတောင်မှ ထိုနေရာသို့ စုဝေး လာနေသည်။
*ပတ်ဝန်းကျင်က အစီအရင် ရှိတဲ့ပုံ မပေါ်ပါဘူး၊ ဘာလို့ အဲ့နေရာမှာ စိတ်ဝိညာဉ် စွမ်းအင် စုစည်းနေရတာလဲ*
*ဧကန္တ လျှို့ဝှက်ထားတဲ့ သဘာဝ ရတနာတွေများ ရှိလို့လား*
ရဲ့လင်းချန် စိတ်လှုပ်ရှားသွားသည်။ လောကအား ဤမျှ လှုပ်လှုပ်ရှားရှား ဖြစ်စေသော အရာသည် သက်တမ်းရင့်နေသော ဂျင်ဆင်းအချို့၊ ဆေးပင်များနှင့် အချို့သော ထိပ်တန်း အရည်အသွေးရှိသည့် သလင်းကျောက်တို့ ဖြစ်နိုင်ချေ များသည်။
စိတ်ဝိညာဉ်ဆေးပင်များ ဆိုပါက သေချာပေါက် အလွန် အဖိုးတန်သည်။ သူ၏ တရုတ်ရိုးရာ ဆေးပညာ ကျွမ်းကျင်မှုအရ သူသည် ၎င်းတို့၏ အမြင့်ဆုံး စွမ်းရည်ကို ထုတ်ဖော်နိုင်ပေသည်။
၎င်းသည် သလင်းကျောက် ဖြစ်ပါကလည်း အဖိုးတန်ပေသည်။ ဟူယွဲ့အာ၏ ကျောက်စမ်းဆွဲကြိုးသည်လည်း ထိပ်တန်း အရည်အသွေး ဖြစ်သည်။ သို့သော် သလင်းကျောက်နှင့် ယှဉ်လိုက်လျင် အကွာကြီး ကွာပေသည်။ ဤသို့သော သတင်းကျောက်သည် လူတစ်ယောက်ကိုသာ သက်ရောက်မည် မဟုတ်ဘဲ နယ်မြေတစ်ခုလုံးကို သက်ရောက်ပေမည်။
အကယ်၍ ထိုသလင်းကျောက်ကိုသာ အိမ်၌ ထားပါက ဖုန်းရွှေက တိုးတက်လာပေမည်။ ယင်းက လူတစ်ယောက်၏ ကျန်းမာရေးကို တိုးတက်စေရုံသာမက မိသားစုကိုပါ နှစ်ပေါင်းများစွာ တိုးတက်လာ စေပေမည်။