← Chapters

ရေကန်၏ ထူးဆန်းမှုများ

Vol. 29 Ch. 427

ရေကန်၏ ထူးဆန်းမှုများ

Vol. 29 Ch. 427

အခြားသော အကြောင်းပြချက်များကြောင့်လည်း ဖြစ်နိုင်ပေသည်။ နောက်ကွယ်မှ အကြောင်းပြချက်က ဘာပဲ ဖြစ်နေပါစေ ရဲ့လင်းချန် စိတ်ဝင်စားမိသည်။

ပါရမီရှင်တစ်ယောက်၏ ဘဝက ရိုးရှင်း၍ ပျင်းစရာ ကောင်းလှသည်။ ရဲ့လင်းချန်၏ စိတ်ဝင်စားမှုကို ရနို်သော အရာက သိပ်မရှိပေ။ ထို့ကြောင့် သူ ပိုမို၍ လေ့လာချင်မိသည်။

ထိုစဉ် ရိုက်ကူးရေးအဖွဲ့က တဖြည်းဖြည်း အနားကပ်လာပြီး သူ့အား မျှော်လင့်တကြီး မေးလာသည်။

“ရဲ့နတ်ဘုရား မင်း ဒီနေ့ ငါတို့ကို ကွန်ဖူးအကွက်လေးတွေ ထပ်မပြတော့ဘူးလား”

“မပြဘူး”

ရဲ့လင်းချန်က ခေါင်းခါပြပြီး ဘာမှ ထပ်မပြောတော့ချေ။

မနေ့က သူသည် ချီသန့်စင်မှုကြောင့် လုပ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ သွေးလည်ပတ်မှုကို လှုံ့ဆော်ရန် သူ ကိုယ်လက် လှုပ်ရှားရန် လိုအပ်သည်။ သို့သော် သူသည် ဤမနက်တွင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်ပြီး မနေ့ကလောက် မအံ့ဩတော့ချေ။ သူတစ်ယောက်တည်းသာ ရှိပါက သူ သိုင်းကွက်အချို့ လေ့ကျင့်မိလောက်သည်။ သို့သော် သူတို့သည် တိုက်ရိုက် ထုတ်လွှင့်မှု လုပ်နေခြင်း ဖြစ်ပြီး ၎င်းက သူ စီစဉ်ထားသော အရာတစ်ခု မဟုတ်ပေ။

ရိုက်ကူးရေးဝန်ထမ်းက အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော်လည်း သူတို့ အတင်း တိုက်တွန်း၍ မရနိုင်မှန်း သိနေသည်။ သူတို့ ရဲ့လင်းချန်ကို ရန်မစရဲသဖြင့် သူ့စိတ်တိုင်းကျသာ လုပ်ခွင့်ပြုနိုင်ပေသည်။

ထင်ထားသည့်အတိုင်းပင် ဒုတိယမြောက် နိုးလာသူက ဟွမ်လေ့ဖြစ်ပြီး သူက လူတိုင်းအတွက် မနက်စာ ပြင်ဆင်လေသည်။ ရဲ့လင်းချန်က ရှုခင်းကြည့်သည့် တဲအိမ်လေး၌ ပျင်းရိပျင်းတွဲ ထိုင်နေသည်ကို ကြည့်ပြီး သူ မနေနိုင်ဘဲ ပြံးလိုက်မိသည်။

“ရဲ့နတ်ဘုရားရေ၊ မင်းလည်း ဒီသနားစရာ အဘိုးကြီးအတွက် မစဉ်းစားပေးဘူးပဲ၊ မင်းရဲ့ ဟင်းချက်ပညာနဲ့ဆိုရင် ငါ့ကို မနက်စာ ကူပြင်ပေးရင် ပိုကောင်းမှာပဲ”

“ဆရာဟွမ်လေ့၊ ကျွန်တော်က ဒီမှာ ဧည့်သည်လေ၊ ကျွန်တော်က ခင်ဗျားရဲ့ မနက်စာကို စောင့်နေတာ”

ရဲ့လင်းချန်က ပြုံး၍ ပြန်ပြောလိုက်သည်။ သူနှင့် စကားရည်လုရန် သူ ပျင်းရိလွန်းနေသည်။ တစ်ချိန်တည်းမှာပင် သူသည် ဟွမ်လေ့၏ ထင်ပေါ်မှုကို မခိုးယူချင်ပါ။

ဟွမ်လေ့က ရယ်ပြီး မနက်စာကို စလုပ်သည်။

အချိန် အနည်းငယ် ကြာပြီးနောက် ဟယ်ကျားက သူ့အခန်းမှ ထွက်လာသည်။ ရဲ့လင်းချန်နှင့် ဟွမ်လေ့ကို မြင်သောအခါ သူ မအံ့ဩသွားဘဲ သူတို့ကို နှုတ်ဆက်လေသည်။

အံ့ဩစရာကောင်းသည်မှာ သူ ဆင်းလာပြီး မကြာခင်မှာပင် ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ကလည်း ဆင်းလာသည်။

အမျိုးသမီးများ၌ အိပ်တတ်သည့် အကျင့် ရှိသည်။ ထို့အပြင် ကျောက်လျန့်ရင်၏ အိပ်စက်ခြင်းကို မြတ်နိုးမှုက အနုပညာလောက တစ်ခုလုံး အသိပင်။ သူမက ကားထဲ ထိုင်နေစဉ်မှာပင် အိပ်ပျော်နိုင်၏။

“ဝိုး … ဒီနေ့က ဘယ်လို အထူးတလည် နေ့မျိုးမို့ မင်းတို့ နှစ်ယောက်လုံး ဒီလောက် စောစော ထရတာလဲ”

ဟယ်ကျားက တအံ့တဩ မေးလေသည်။

“ဟွန့် ငါတို့ ထချင်လို့ ထတာကို၊ တစ်ခုခု ဖြစ်လို့လား”

ကျောက်လျန့်ရင် နှုတ်ခမ်းစူသွားပြီးနောက် ရဲ့လင်းချန်အား တစ်ချက် ခိုးကြည့်သည။

“ကျွန်မက စောစောအိပ်ပြီး စောစောထတတ်တဲ့ မိန်းမကောင်းလေးပါနော်”

“ခွိခွီ … ဟားဟားဟား …”

သူမစကားက ဟွမ်လေ့နှင့် ဟယ်ကျားကို ဟားတိုက် ရယ်မောသွားစေသည်။ ဟူယွဲ့အာတောင်မှ ရယ်မိလေသည်။

“ငါ ရသစုံ ရှိုးတစ်ခုက အပိုင်းတစ်ပိုင်းကို အခုထိ မှတ်မိပါသေးတယ်၊ မင်း နေ့တစ်ဝက်လောက် ပျောက်နေခဲ့တာလေ၊ ပြီးတော့ မင်း ပေးခဲ့တဲ့ အကြောင်းပြချက်က မင်း အိပ်ပျော်နေလို့လေ”

ဟွမ်လေ့က သူမအကြောင်းကို မညှာမတာ ဖော်လေသည်။

“အဲ့လို လုံးဝ မဖြစ်ခဲ့ပါဘူးနော်၊ ရှင် အမှတ်မှားနေတာပဲ ဖြစ်မယ်”

ကျောက်လျန့်ရင်က ခွန်းတုံ့ပြန်ပြောလိုက်ပြီး သူမမျက်နှာက နီရဲနေ၏။

တကယ်တမ်းတွင် ရဲ့လင်းချန်ကြောင့် သူတို့ စောစောနိုးနိုင်ခြင်း ဖြစ်သည်။ လူတော်တော်များများက အအိပ်မက်၍ အိပ်ကြခြင်း မဟုတ်ပေ။ ၎င်းက သူတို့၏ အိပ်စက်ချိန် အရည်အသွေးနှင့် ပတ်သက်နေ၍ ဖြစ်သည်။

သုတေသနများက ကောင်းကောင်း အိပ်စက်ပါက လူတစ်ယောက်သည် တစ်နေ့တွင် ဆယ့်ခုနစ်မိနစ်သာ အိပ်ရန် လိုအပ်သည်ဟု ဆိုထားသည်။ အချက်အလက်က လွန်ကြူးသည်ဟု ထင်ရသော်လည်း အတော်လေး ပြဿနာများ ရှိလေသည်။

ရဲ့လင်းချန်၏ နှိပ်နယ်ခြင်းက သူမတို့ နှစ်ယောက်လုံးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပြီး အနှောင့်အယှက်မရှိ အိပ်စေသည်။ သူမတို့ မျက်လုံးဖွင့်လိုက်သည်နှင့် သူတို့တို့ အားအင် ပြည့်နေပြီး ခေါင်းကြည်သလို ခံစားရသည်။ ဤသို့သော အခြေအနေမျိုး၌ ဘယ်သူမှ အိပ်နိုင်မည် မဟုတ်ပါ။

လူတိုင်း ပျော်ရွှင်စွာ စကားစမြည် ပြောနေကြသည်။ မနက်စာ စားချိန် ရောက်လုနီးသောအခါ ဝေ့တရွှင်းက အိပ်မှုန်စုံမွှားဖြင့် ဆင်းလာသည်။ အားလုံးက သူ့အား စောင့်နေသည်ကို မြင်သောအခါ သူ အနည်းငယ် ရှက်သလို ခံစားလိုက်ရသည်။

“ရှင် တော်တော် အိပ်တာပဲ၊ ရှင်က ဝက်လား”

ကျောက်လျန့်ရင်က ချက်ချင်း သူ့ကို မညှာမတာ ဖဲ့လေသည်။ ဤကိစ္စ၌ ရှားရှားပါးပါး သူမ အောင်နိုင်သူလို ခံစားရလေသည်။ ယခုတစ်ခေါက်သည် သူမဘဝ၌ အခြားသူများထက် ပထမဆုံးအကြိမ် စောစောနိုးနိုင်ခြင်း ဖြစ်သည်။

ထိုစကားက ချက်ချင်း ရယ်သံများ ဖြစ်ပေါ်လာစေသည်။ သူတို့၏ မနက်စာက ပျော်ရွှင်စွာ ပြီးဆုံးသွားသည်။

“ရဲ့နတ်ဘုရား ငါတို့ ဘာလုပ်ကြမှာလဲ”

ဟွမ်လေ့က မေးလိုက်သည်။

“ကျွန်တော် တောင်ပေါ်ကို နောက်တစ်ခါ သွားဖို့ စိတ်ကူးထားတယ်”

“ကျွန်မတို့လည်း လိုက်မယ်”

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့၏ မျက်လုံးများက ချက်ချင်း ဝင်းပလာပြီး ပြိုင်တူ ဖြေလာသည်။

“ဒီတစ်ခေါက် ကျွန်မတို့ ငါးနည်းနည်းလောက် ပိုဖမ်းထားပြီး နောက်ပိုင်းအတွက် သိမ်းထားရမယ်”

ကျောက်လျန့်ရင်က စိတ်အားထက်သန်စွာ ပြောလေသည်။

“တကယ်တော့ ငါတို့ ငါးကို ဈေးထဲမှာ အသားတစ်ချို့နဲ့ လဲပြီး ရောင်းလို့ရတယ်”

ဟူယွဲ့အာက အကြံပြုသည်။

“အကြံကောင်းပဲ”

ဟယ်ကျားက သူတို့စကားကို သဘောတူသည်။

“ဒီတစ်ခေါက် ငါတို့ မင်းနဲ့အတူ တောင်ပေါ် လိုက်ခဲ့ရင်ရော၊ အရင်တစ်ခေါက်တုန်းက အဲ့က ရှုခင်းက လှတယ်လို့ မင်း ပြောခဲ့တယ်လေ၊ ငါတို့ အဲ့ဒါကို မမြင်ရသေးဘူး”

“ကောင်းသားပဲ၊ ဘာပဲဖြစ်ဖြစ် စောနေသေးတာပဲလေ၊ ပြီးတော့ ငါတို့ ငါးပိုဖမ်းဖို့ လိုတယ်ဆိုရင် လူနည်းနည်းလေးနဲ့ဆို ပြန်သယ်ဖို့ ခက်မှာပဲ”

ဟွမ်လေ့က ခေါင်းညိတ်ထောက်ခံသည်။

“ဒါဆို သွားကြတာပေါ့”

ဝေ့တရွှင်း စိတ်မရှည်တော့ချေ။

ရဲ့လင်းချန်အတွက် အဆင်ပြေပါသည်။ သွားမည့် လူအရေအတွက်က သူ့အတွက် သိပ်ထိခိုက်မှု မရှိပါ။ သို့သော် ထိုအခြေအနေကြောင့် ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့က မပျော်ရွှင်ပါ။

အစက သူတို့ နှစ်ယောက်လုံး … သုံးယောက်လုံးအတွက် သီးသန့်အချိန်လေး ဖြစ်သည်။ ရုတ်တရက် မီးလုံးကြီးများနှင့်တူသော ဦးလေးကြီး သုံးယောက်က အပိုပါလာလေပြီ။

ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သဖြင့် တစ်ဖွဲ့လုံး ချက်ချင်း လှုပ်ရှားကြသည်။ သူတို့သည် မှိုအိမ်လေးထဲမှ ထွက်လာပြီး တောင်ပေါ်သို့ အတူတူ ဦးတည် ထွက်ခွာလာကြလေသည်။

ပတ်ဝန်းကျင်သည် မိုးကြောင့် စိုစွတ်နေဆဲဖြစ်ကာ တောင်တက်လမ်းက အတော်လေး ခက်ခဲနေသေးသည်။ ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့က တစ်ခါတစ်ရံ အလန့်တကြား ထအော်တတ်သည်။ နောက်ဆုံးတွင် သူတို့သည် ရဲ့လင်းချန်ကို ပေါ်တင် လှမ်းဆွဲထားရန် ဆုံးဖြတ်လိုက်ပြီး သူမတို့ သွားသည့် နေရာတိုင်း သူ့ကို ကပ်ထားကြသည်။

ရဲ့လင်းချန်၏ ခြေလှမ်းများက တိုင်လုံးအလား ခိုင်မာလှသည်။ လမ်းတွင် သူတို့ကို ကြီးမားသော လုံခြုံမှု ဖြစ်စေသည်။

တစ်ဖွဲ့လုံး ရေကန်ကို ကြာသောအခါ သူတို့ တအံ့တဩ အသံများ မထွက်ဘဲ မနေနိုင်ပါ။ သူတို့၏ မျက်လုံးတွင် အံ့ဩနေသော အရိပ်အယောင်က အထင်းသားပဲ။

မနေ့ကနှင့် ယှဉ်လိုက်လျင် ရှုခင်းက ပို၍ မှင်တက်ဖွယ်ကောင်းလှသည်။ အပင်တိုင်းတွင် နေရောင်ခြည် ဖြာကျနေပြီး သူတို့အား အကန့်အသတ်မဲ့သော အသက်ဓာတ် ပေးစွမ်းနေ၏။

“ဒီနေရာက နတ်ပြည်လိုပဲ၊ ဘဝရဲ့ အံ့ဩစရာတွေက တကယ်ကို ရင်သက် ရှုမောဖွယ် ကောင်းတာပဲ”

ဟယ်ကျားက တအံ့တဩ ပြောသည်။

“ငါ အိုမင်းလာရင် ဒီနေရာမှာ အနားယူဖို့ စိတ်ကူးထားတယ်၊ အပင်လေး စိုက်ပြီး တစ်ခါတလေ ငါးဖမ်းချင်တယ်၊ ဒါ သေချာပေါက် ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတဲ့ နည်းပဲ”

ဟွမ်လေ့က သူ့အနားယူမည့်ကိစ္စကို စိတ်ကူးပြီးနေလေပြီ။

“ဒီက အပင်တွေက မနေ့ကထက် ပိုပြီးတော့ လှနေတယ်လို့ ငါ ဘာလို့ ခံစားမိနေတာပါလိမ့်”

ကျောက်လျန့်ရင်က မြေကြီးထဲဥ အပင်များကို ကြည့်ပြီး တအံ့တဩ မေးနေသည်။

“မိုးကြောင့် ဖြစ်နိုင်တယ်၊ မိုးရေနဲ့ ဆေးကြောခံလိုက်ရတော့ မြင်ကွင်းက ပိုလှလာတာပေါ့”

ဟူယွဲ့အာက ခန့်မှန်းသည်။

ရိုက်ကူးရေး အဖွဲ့သားများက တိုက်ရိုက် ထုတ်လွှင့်မှုအတွက် အနီးကပ် ရိုက်ကူးကြသဖြင့် ကြည့်ရှုသူများထံမှ အံ့ဩသံများ ထွက်ပေါ်လာ၏။

ရိုက်ကူးရေးအဖွဲ့သားများသည် ဤနေရာကို ရွေးချယ်ရန်အတွက် လီတောင်တန်း၏ အာဏာပိုင်များနှင့် ညှိနှိုင်း ဆွေးနွေးပြီးသား ဖြစ်သည်။ သူတို့သည် လီတောင်တန်းကို ကူညီ၍ ကြော်ငြာပေးပြီး ခရီးသွားများကို ပိုဆွဲဆောင်ရန် ရှုခင်းအလှအပကို တိုး၍ ကြော်ငြာကြသည်။ ယင်းမှာ ဤအစီအစဉ်၏ အဓိက ရည်ရွယ်ချက်ပင်။

ရဲ့လင်းချန်က အဖွဲ့ကို လျစ်လျူရှုထားသည်။ သူ ရောက်လာကတည်းက ရေကန်၏ အလယ်ကို အပြည့်အဝ အာရုံ စိုက်နေမိသည်။

သူ သတိပေးစရာပင် လိုအပ်ခြင်းမရှိဘဲ အဖွဲ့၏ အာရုံက ရေကန်၏ အလယ်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

ရေကန်အလယ်၌ ရေပူဖောင်းများ မနားတမ်း ဖြစ်ပေါ်နေပြီး ဝဲကတော့ အသေးစားတစ်ခု ဖြစ်နေသည်ကို သူတို့ မြင်နေရသည်။ ဤသို့သော ရေသေကန်၌ ထိုအဖြစ်မျိုးကို မြင်ရသည်က အလွန် ထူးဆန်းလှသည်။ အထူးသဖြင့် ငါးအုပ်ကြီးက ဝဲကတော့ ပတ်လည်တွင် ပါးစပ်များဟ၍ အသည်းအသန် ကူးနေကြသည်။ ထို့အပြင် မရေတွက်နိုင်သော ငါးများက ဝဲကတော့တွင်းမှနေ၍ လျင်မြန်သော အရှိန်ဖြင့် အပြင်သို့ ကူးခပ်နေ၏။

ယင်းကို ရဲ့လင်းချန် မနေ့ကတည်းက သတိထားမိသည်။ ငါးများသည် အလွန် ပျင်းရိသည်။ သူတို့သည် ပါးစပ်များကို မနားတမ်း ဟထားသော်လည်း စကားပြောခဲ၏။

သူ ငါးဘာသာစကားကို နားလည်သော်လည်း ပြီးခဲ့သည့်တစ်ခေါက်က ငါးများထံမှ ဘာမှ များများစားစား မကြားလိုက်ရပါ။ သို့သော် လက်ရှိအချိန်၌ သူ့နားထဲတွင် ငါးတို့၏ အသံများနှင့် ပြည့်နေသည်။

…

All Chapters