← Chapters

လိပ်အိုကြီးနှင့် ဧရာမ စပါးအုံးမြွေ

Vol. 29 Ch. 428

လိပ်အိုကြီးနှင့် ဧရာမ စပါးအုံးမြွေ

Vol. 29 Ch. 428

“အရမ်း ကြောက်ဖို့ကောင်းတာပဲ၊ လိပ်အိုကြီးနဲ့ ဧရာမ စပါးအုံးမြွေတို့ ချနေကြတာ”

“ဝေးဝေးပြေးကြ၊ လိပ်အိုကြီးက သေတော့မယ်”

“ဟင့်ဟင့်ဟင့် … လိပ်အိုကြီး သေသွားမယ်ဆိုရင် ငါတို့ ဘာဖြစ်လာမှာလဲ”

“လိပ်အိုကြီးကို ကူညီရအောင်၊ ငါတို့ ရေတွေ ပိုပြီး ပို့ပေးရမယ်”

…

ငါးအုပ်ကြီးက မနားတမ်း ပြောနေကြသည်။ ထို့အပြင် သူတို့သည် အလွန်အမင်း စိုးရိမ်ပူပန်နေပြီး အသက်ရှူမဝ ဖြစ်နေကြသည်။ သူတို့ စိုးရိမ်နေမှန်း သိသာနေသည်။

ရေထဲမှ ထွက်လာသော ပူစီဖောင်းများသည် သူတို့ စကားပြောခြင်းကြောင့် ဖြစ်သည်။

ငါးများတွင် ခုနစ်စက္ကန့်မျှသော မှတ်ဉာဏ်သာ ရှိသည်ဟု ကျော်ကြားသော စကားတစ်ခု ရှိသော်လည်း ယင်းက မမှန်ကန်ပါ။ ငါးတစ်ကောင်၏ မှတ်ဉာဏ်က ခုနစ်မိနစ်အထိသာ အကန့်အသတ် ရှိခြင်း မဟုတ်ပေ။ ထိုအတွက် သိပ္ပံပညာရှင်များက သုတေသန ပြုလုပ်ကြသည်။ ယခင်က ဖမ်းမိသော ငါးများသည် ငါးစာ၌ နောက်တစ်ကြိမ် ဖမ်းမိရန် ရာခိုင်နှုန်း သိသိသာသာ နည်းပေးသည်။ သူတို့သည် ပို၍ သတိထားလာကြသည်။ အချို့သော ကိစ္စများတွင် ငါးသည် အချိန် အတော်ကြာအောင် ဂရုစိုက်ပေးသော ပိုင်ရှင်ကိုပင် မှတ်မိတတ်သည်။

ထိုစကားမှာမူ အချို့သော ကြုံရာကျပန်း အရေးအသားများ ထွက်လာသော နားလည်မှုလွဲခြင်း တစ်ခုသာ ဖြစ်သည်။ ‘ငါးတွေက ဒဏ္ဍာရီအရ မှတ်ဉာဏ် ခုနစ်စက္ကန့်ပဲ ရှိတယ်၊ အတိတ်ရော အခုလက်ရှိ ဘဝရောက အဲ့ ခုနစ်စက္ကန့်ထဲမှပဲ၊ အဲ့ထဲကနေ တစ်စက္ကန့် ပေါင်းဖို့ ဒါမှမဟုတ် နုတ်ဖို့ မဖြစ်နိုင်ဘူး …’

ယင်းမှာ လှပသော အရေးအသားတစ်ခုပင်။ ၎င်းက မှတ်မိလွယ်သဖြင့် လူတို့အား ငါးနှင့်ပတ်သက်၍ နားလည်မှု လွဲခြင်း ဖြစ်စေသည်။

ငါးတစ်ကောင်တွင် မှတ်ဉာဏ် ခုနစ်စက္ကန့်သာ ရှိပါက ထိုငါးသည် စိတ်ပိုင်းဆိုင်ရာ မဖွံ့ဖြိုးမှုများ ရှိနေသော ငါးတစ်ကောင် ဖြစ်သည်မှာ မလွဲမသွေပင်။ အယ်လ်ဇိုင်းမား ရောဂါရနေသော ငါးပင် ဖြစ်လောက်သည်။

ရဲ့လင်းချန်သည် သူတို့၏ အပြန်အလှန် စကားပြောသံမှနေ၍ သတင်းအချက်အလက် စုဆောင်းနေ၏။

*လိပ်အိုကြီးနဲ့ ဧရာမ စပါးအုံးမြွေကြီး*

တိရစ္ဆာန်များကြားမှ ပြောဆိုခြင်းသည် အလွန် ရိုးရှင်းသည်။ ထို့ကြောင့် ရဲ့လင်းချန်သည် သူတို့၏ စကားဝိုင်းမှနေ၍ အဓိက အချက်များကို အလွယ်တကူ သိနိုင်သည်။

*ဒီက စိတ်ဝိညာဉ်စွမ်းအင်က အဲ့ဒီ လိပ်အိုကြီးနဲ့ ဧရာမ စပါးအုံးမြွေကြီးနဲ့များ ဆက်စပ်နေမလား*

*တကယ်ပဲ သူတို့ကြောင့် ဖြစ်တာဆိုရင် အဲ့နှစ်ကောင်က အံ့ဩဖို့ကောင်းတာပဲ၊ သူတို့ကလည်း ချီသန့်စင်မှုကို သိနေတာများလား*

ဝဲကတော့အတွင်း၌ ငါးများသည် ဆက်လက်၍ ထွက်ပြေးနေဆဲ ဖြစ်သည်။ ထို့အပြင် သူတို့၏ မဆုံးနိုင်သော စကားများအရ ရဲ့လင်းချန်သည် လိပ်အိုကြီးနှင့် ဧရာမ စပါးအုံးမြွေကြီးနှင့် ပတ်သက်၍ ပိုသိလိုက်ရသည်။

လိပ်အိုကြီးသည် အရွယ်အစား ကြီးလွန်းသဖြင့် ရေကန်အောက်၌ ညပ်နိုင်ချေ များသည်။ ၎င်းက အချုပ်ခံထားရသည်နှင့် အတူတူပင်။ ထိုစဉ် ဧရာမ စပါးအုံးမြွေကြီးက ထိုအချက်ကို အခွင့်ကောင်းယူ၍ လိပ်အိုကြီး အားနည်းနေချိန်၌ သတ်ရန် ကြိုးစားနေ၏။

ဧရာမ စပါးအုံးမြွေကြီးသည် ရေကန်ထဲ၌ နှစ်ပေါင်းများစွာ ပုန်းခိုနေပုံရပြီး လိပ်အိုကြီး အသက်စွမ်းအင် ကုန်ခမ်းချိန်ကို စောင့်၍ သတ်ရန် ပြင်နေပုံရသည်။ ထိုငါးများသည် ဧရာမ မြွေအိုကြီးကို ကြောက်ရွံ့ပြီး မုန်းတီးကြသည်။

ရဲ့လင်းချန်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်ပေါ်နေ၏။ လက်ရှိ အခြေအနေအရ လိပ်အိုကြီးနှင့် ဧရာမ စပါးအုံးမြွေကြီးတို့ နှစ်ကောင်လုံးသည် သာမန်နှင့် မတူပေ။ နှစ်ကောင်လုံးက စိတ်ရောကိုယ်ပါ တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သူတို့က သာမန် တိရစ္ဆာန်များထက် ပို၍ ဉာဏ်ထက်သည်။

*စိတ်ဝင်စားစရာပဲ၊ စိတ်ဝိညာဉ် စွမ်းအင်တွေ စုစည်းနေတဲ့နေရာက တကယ်ကို ဆန်းကြယ်မှုတွေ ဖြစ်ပေါ်စေတာပဲ*

သူသည် ရေကန်အလယ်ကို ကြည့်ပြီး သူ့မျက်လုံးများသည် စိတ်အားထက်သန်မှုတို့နှင့် တောက်ပလျက် ရှိသည်။ သူ့တွင် သူ၏ ရေကူးစွမ်းရည်ကို တိုးမြှင့်ပေးနိုင်သည့် ရေဝိညာဉ် ခန္ဓာကိုယ် ရှိသည်။ သူ မစမ်းကြည့်ရ သေးသော်လည်း ယင်းက အလွန် အစွမ်းထက်လောက်သည်။ ရေထဲ၌ အသက်ရှင်သန်နိုင်မည့် သူ့အရည်အချင်းကို သူ ယုံကြည်မှု ရှိသည်။

“မြတ်စွာဘုရား၊ ငါတို့ ချမ်းသာပြီ၊ ငါးတွေ အများကြီးပဲဟ”

ဝေ့တရွှင်းက စိတ်လှုပ်ရှားစွာ ရေရွတ်သည်။ ထိုသို့ပြောပြီးနောက် သူက ပြေးဆင်းရန် ပြင်လေသည်။ သို့သော် သူ့အား ဟွမ်လေ့က ပြန်ဆွဲထားသည်။

“မင်း အဲ့ကို သွားလို့မဖြစ်ဘူး”

ဟွမ်လေ့၏ အသံက လေးနက် တည်ကြည်နေသည်။

“ငါ ထင်တာ မမှားဘူးဆိုရင် ဒီရေကန်က နက်တယ်၊ အရမ်း နက်တယ်”

“ဟုတ်တယ်၊ ကန်အလယ်က ရေရဲ့ အရောင်နဲ့ ဝဲကတော့အရဆိုရင် ဒီရေကန်က သာမန်ရေကန်တွေနဲ့ မတူဘူးလို့ သက်သေ ပြနေတယ်”

ဟယ်ကျားက ဝင်ပြောသည်။

“ပြီးတော့ ဝဲကတော့ထဲက ငါးတွေကို ကြည့်လိုက်၊ သူတို့အားလုံး အောက်ခြေကနေ ကူးလာတာ၊ ရေကန်တစ်ခုတည်းမှာ အဲ့လောက် ငါးတွေ အများကြီး ရှိနေတာ ထူးဆန်းတယ်လို့ မထင်ဘူးလား”

“ဒါက …”

ဝေ့တရွှင်း အရှေ့သို့ ဆက်မသွားတော့ချေ။ နောက်တစ်ခေါက် လှမ်းကြည့်လိုက်သောအခါ ဝဲက မကောင်းဆိုးဝါး တစ်ကောင်၏ အစာအိမ်သဖွယ် ပုံစံပြောင်းနေသည်ဟု ထင်ရပြီး လူတစ်ယောက်အား အကောင်လိုက် ဝါးမျိုရန် အသင့် ဖြစ်နေသလိုပင်။

“ပုံမှန်မဟုတ်တဲ့ပုံတော့ ပေါက်တယ်၊ ဘယ်လိုလုပ် ဒီလို ရေကန်ထဲမှာ ဝဲတစ်ခု ဖြစ်နေတာလဲ”

ဟူယွဲ့အာ စဉ်းစားလေသည်။

“အိုက်ယား ကျွန်မတို့ ဘာလို့ အဲ့လောက် စဉ်းစားရမှာလဲ၊ ကျွန်မတို့ ဒီကို ငါးဖမ်းဖို့ လာတာလေ၊ ကျွန်မတို့ ငါးနည်းနည်းလောက် ဖမ်းလို့ရတာနဲ့ အဆင်ပြေနေတာပဲကို”

ကျောက်လျန့်ရင်၏ အတွေးများက ရိုးရှင်းသည်။ သူမသည် ရေကန်နားသို့ ပျော်ရွှင်စွာ ကပ်သွားပြီး ကန်အစွန်း၌ ခြေဗလာဖြင့် ရပ်နေသည်။

ကန်လယ်အပြင် အခြားသော နေရာများတွင်လည်း ငါးများစွာ ရှိသည်။ ကန်ထဲမှ ငါးများသည် နေရာအနှံ့သို့ ကူးခပ်နေ၏။

*ဟုတ်သားပဲ၊ ဘာလို့ အဲ့လောက် တွေးရမှာလဲ၊ ငါးနည်းနည်းလောက် ဖမ်းကြတာပေါ့*

အခြားသူများက ရယ်မောလိုက်ပြီးနောက် အင်္ကျီစကို ပင့်တင်၍ လုပ်ငန်းစရန် ပြင်လေသည်။

“ရေကန်နဲ့ ဝေးဝေးနေ”

သို့သော် ထိုသို့သောအချိန်၌ ရဲ့လင်းချန်က ရုတ်တရက် အော်ဟစ်လာသည်။ သူ့အသံတွင် စိုးရိမ်စိတ်နှင့် အမိန့်ပေးသံတို့ ပါဝင်နေ၏။

“ရဲ့နတ်ဘုရား ဘာဖြစ်တာလဲ”

ဟယ်ကျားက အလွန်အမင်း မျက်နှာတည်နေသော ရဲ့လင်းချန်ကို ကြည့်လိုက်သည်။

“အားလုံး‌ နောက်ဆုတ်ကြ”

ရဲ့လင်းချန်က အော်ဟစ်လိုက်ပြီးနောက် ကျောက်လျန့်ရင်ကို စိုက်ကြည့်သည်။

“ရှောင်ရင် ရေထဲက ထွက်လာခဲ့၊ မြန်မြန်”

“ဘာတွေဖြစ်နေတာလဲ”

ကျောက်လျန့်ရင် ကြောက်ရွံ့သွားသည်။ ရဲ့လင်းချန် ထိုမျှ အလေးအနက် ဖြစ်နေသည်ကို သူမ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဘာဖြစ်နေသလဲ နားမလည်သဖြင့် သူမ နေရာတွင် ငိုင်နေမိသည်။

“ငိုင်မနေနဲ့၊ မြန်မြန် ထွက်လာခဲ့”

ရဲ့လင်းချန်၏ မျက်နှာက မည်းမှောင်သွားသည်။ တစ်ချိန်တည်းမှာပင် သူက ကျောက်လျန့်ရင်ထံသို့ ပြေးသွား လေသည်။

ဤသို့ဖြစ်ရခြင်းမှာ ထိုသို့သောအချိန်၌ ငါးအုပ်ကြီးက ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး ရေအောက်၌ စပါးအုံးမြွေ တစ်ကောင်က အစာကို အမဲလိုက်ရန် လာနေသည်ဟု ရဲ့လင်းချန် ကြားလိုက်ရသည်။

“ဘာဖြစ်နေတာလဲ”

ကျောက်လျန့်ရင် စိုးရိမ်သွားသည်။ သူမ ရေကန်ကို ကြည့်လိုက်သောအခါ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အော်ဟစ်တော့သည်။

“အား …. မြွေကြီး”

သူတို့ သတိမထားမိခင်မှာပင် ကန်ထဲမှ ငါးများက ထောင့်ဘက်သို့ ပြေးကြသည်။ ရေထဲ၌ ဘာမှမရှိတော့သည်နှင့် အနက်ရောင် အရိပ်တစ်ခုက ကူးခပ်နေသည်။

ကျောက်လျန့်ရင်၏ အော်သံဥ မြွေ၏ အာရုံကို ဆွဲဆောင်မိသွားသည်။ အရိပ်က ဖျတ်ခနဲ လှုပ်လာပြီး ရေလှိုင်းများ ဖြစ်လာကာ ကျောက်လျန့်ရင်ထံသို့ ရေငုပ်သင်္ဘောသဖွယ် ဦးတည်လာနေသည်။

“ဗွမ်း”

တစ်ခဏအတွင်းမှာပင် အနက်ရောင် အနာကွန်ဒါမြွေကြီးတစ်ကောင်က ရေထဲမှ ဘွားခနဲ ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်က နေရောင်အောက်၌ ရှည်လျားသော အရိပ်တစ်ခု ဖြစ်စေပြီး ပတ်ဝန်းကျင်မှ လူတိုင်းကို မှင်တက် စေသည်။

အနာကွန်ဒါမြွေသည် လေးမီတာမျှ ရှည်လျားပြီး သိပ်သည်းသော ခန္ဓာကိုယ် ရှိသည်။ ၎င်း၏ ပါးစပ်က ခပ်ကျယ်ကျယ် ဟနေပြီး ခန္ဓာကိုယ်က ကျောက်လျန့်ရင်ထံ တွားသွားလာနေသည်။

အကယ်၍ ကျောက်လျန့်ရင်သာ အနာကွန်ဒါမြွေ၏ ရစ်ပတ်ခြင်း ခံရပါက သူမ ချက်ချင်း ရေအောက်သို့ ဆွဲချခံရလောက်ပြီး ရေမွန်းကာ နောက်ဆုံး၌ အနာကွန်ဒါမြွေ၏ အစာ ဖြစ်သွားလောက်ပေသည်။

“လခွမ်း ဒီမှာ မြွေတွေ ရှိတာလား”

“ရှောင်ရင် ပြေးတော့”

“အားးးး”

အော်သံများကိုသာ ကြားနေရသည်။ အားလုံး၏ မျက်နှာတွင် ကြောက်စိတ်တို့ စိုးမိုးနေ၏။

ကျောက်လျန့်ရင်၏ စိတ်က ဗလာနတ္ထိ ဖြစ်နေသည်က စိတ်မကောင်းစရာပင်။ သူမသည် သတိလက်လွတ် ကြောက်ရွံ့နေပြီး သူမကို တိုက်ခိုက်လာသည့် အနာကွန်ဒါမြွေကြီးအား မျက်လုံးအပြူးသားဖြင့်သာ ကြည့်နေ မိသည်။

[ချီးပဲ ချီးပဲ … ရှောင်ရင် မင်း ဘာလို့ ငိုင်နေတာလဲ၊ ပြေးလေ]

[အား … ရှောင်ရင် ဘေးကင်းပါစေ၊ အဲ့ဒါ ဘယ်လို သောက်သုံးမကျတဲ့ နေရာကြီးလဲ၊ ဘာလို့ အဲ့မှာ မြွေတွေ ရှိနေတာလဲဟ]

[ဒီလိုမြွေကြီးက ရေထဲမှာ ရှိနေတာပဲ၊ ရစ်ပတ်ခံရတာနဲ့ သေခြင်းတရားကို ရှောင်မရနိုင်ဘူး]

[ယီးပဲ ရိုက်ကူးရေး ဝန်ထမ်းအားလုံးက အရူးတွေလား၊ မင်းတို့ အဲ့မှာ ဘာလုပ်နေတာလဲ၊ သူ့ကို ကယ်လေ]

…

မကြာခင်မှာပင် အနာကွန်ဒါမြွေ၏ ခန္ဓာကိုယ်က ကျောက်လျန့်ရင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လာပြီး သူမအား ရေထဲသို့ အရှိန်ဖြင့် ဆွဲချလေသည်။

ကျောက်လျန့်ရင်၏ မျက်လုံးတွင် ဆောက်တည်ရာမရခြင်းတို့နှင့် ပြည့်နေသည်။ သူမ အော်ဟစ်၍ အကူအညီ တောင်းချိန်ပင် မရလိုက်ပဲ သူမတစ်ကိုယ်လုံး ရေထဲ နစ်သွားလေသည်။ ထို့နောက်တွင်မူ သူမ စကားပြောရန် မဆိုထားနှင့် အသက်ပင် မရှူနိုင်တော့ပါ။

…

All Chapters