← Chapters

ကြောက်စရာကောင်းသော ရေဝိညာဉ် ခန္ဓာကိုယ်

Vol. 29 Ch. 430

ကြောက်စရာကောင်းသော ရေဝိညာဉ် ခန္ဓာကိုယ်

Vol. 29 Ch. 430

တစ်ချိန်တည်းမှာပင် လူများစွာတို့သည် သတင်းကို ကြားပြီး ဝင်ကြည့်လာကြသဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုက ယခင်ကထက် ပို၍ စည်ကားနေ၏။

[အနာကွန်ဒါမြွေကြီးက ဘယ်မှာလဲ၊ ငါ ဘာလို့ မမြင်ရတာလဲ၊ လူလိမ်တွေပဲ]

[သေစမ်း၊ ရဲ့နတ်ဘုရားက အင်္ကျီမပါတာတောင် ကြည့်လို့ကောင်းနေတယ်]

[ဝေ့ပေါ်ပေါ်က ဆူဆူညံညံတွေကို မြင်ပြီး ငါ လာခဲ့တာ၊ အား … ငါ ဘာတွေ လွတ်သွားပြီလဲ]

[ငါ့ရှောင်ရင်လေးအတွက် ငါ စိတ်မကောင်း ဖြစ်မိတယ်၊ သူ့ပါးပေါ်က မျက်ရည်စီးကြောင်းတွေနဲ့ သူ့ရဲ့ ဖြူရော်နေတဲ့ မျက်နှာလေးကို ကြည့်ပါဦး]

[မင်းတို့ ရှောင်ရင်ရဲ့ အကြည့်ကို သတိထားမိလား၊ သူ ရဲ့နတ်ဘုရားကို ကြည့်တဲ့ပုံက သူ့မျက်လုံးတွေ ကျွတ်တော့တော့မတတ်ပဲ၊ ဒါပဲလေ၊ သူ အခု နက်နက်ရှိုင်းရှိုင်းကြီး ချစ်မိသွားပြီ၊ ကယ်လို့ မရတော့ဘူး]

[သူရဲကောင်းတစ်ယောက်က မိန်းမလှလေးကို အန္တရာယ်တွင်းထဲက ကယ်တင်ခဲ့တာပဲ၊ ငါသာ သူ့နေရာမှာဆိုရင် ချက်ချင်း ရဲ့နတ်ဘုရားဆီ ခုန်ဝင်မိလောက်တယ်]

…

ဟူယွဲ့အာက ရဲ့လင်းချန်ကို ကြည့်ပြီး စိုးရိမ်နေသောအသံဖြင့် မေးလေသည်။

“လင်းချန် ရှင် အဆင်ပြေရဲ့လား”

“ငါ ဘာမှမဖြစ်ပါဘူး”

ရဲ့လင်းချန်က ခေါင်းခါရမ်း၍ ရယ်သည်။

“ဒီနေ့ နေ့လယ်စာက အဆင်သင့်ပဲ၊ အဲ့ဒီ အနာကွန်ဒါ မြွေကများ ငါတို့ ရှောင်ရင်ကို တိုက်ခိုက်ရဲတယ်တဲ့လား၊ ငါတို့ သူ့ကို ပြန်စားပြီး လက်တုံ့ပြန်ရမယ်”

“ဟားဟားဟား … ဟုတ်တယ် ငါတို့ စားကိုစားရမယ်”

အချို့သော ရိုက်ကူးရေးဝန်ထမ်းများက အားပါးရတရ ရယ်မောနေပြီး တင်းမာသော အခြေအနေက လွင့်ပြယ်လာသည်။

ကျောက်လျန့်ရင်၊ ဟူယွဲ့အာနှင့် အခြား အမျိုးသမီး ရိုက်ကူးရေးများအားလုံးသည် အနာကွန်ဒါ မြွေကြီး၏ ကြောက်စရာကောင်းသော အဖြစ်အပျက်ကို သူတို့အတွေးထဲ၌ မြင်ယောင်နေဆဲဖြစ်ကာ အားလုံး မျက်နှာ ဖြူရော်နေကြသည်။

“ရဲ့နတ်ဘုရား၊ ငါတို့ မင်းကို အကြွေးတင်သွားပြီ၊ ရိုက်ကူးရေး ဝန်ထမ်း အားလုံးကိုယ်စား ငါ မင်းကို ကျေးဇူးတင်ပါတယ်”

ဒါရိုက်တာ ရဲ့လင်းချန်နားသို့ လျှောက်လာပြီး စိတ်ရင်းနှင့် ကျေးဇူးတင်စကား ဆိုသည်။ ထို့နောက် သူက ရဲ့လင်းချန်နှင့် မျက်နှာချင်းဆိုင်၍ ကိုးဆယ် ဒီဂရီ အရိုအသေ ပေးလေသည်။

ရဲ့လင်းချန်ကြောင့်သာ မဟုတ်ပါက ကျောက်လျန့်ရင်သည် သူမ၏ သေဘေးကို တွေ့ရလုနီးပါး ဖြစ်လောက်သည်။ ထို့အပြင် ကျောက်လျန့်ရင်က အနုပညာရှင်တစ်ဦး ဖြစ်သောကြောင့် ဆူညံပွက်လောရိုက်မှုက ကြီးမားလောက်သည်။ အစီအစဉ်သည် အဆုံးသတ်သွားလောက်ပြီး ဒါရိုက်တာတစ်ဦး ဖြစ်သောကြောင့် သူ့တွင် သက်ရောက်မှုရှိမည် ဖြစ်ပြီး သူ၏ အလုပ်အကိုင် ပျက်စီးသွားလောက်သည်။

“ဒါ ကျွန်တော့်တာဝန်ပါ”

ရဲ့လင်းချန်က အေးအေးလူလူ ပြန်ပြောသည်။

“အားလုံး ဘာမှမဖြစ်ဘူးဆိုတော့ ပြန်ကြရအောင်”

ဒါရိုက်တာက အကြံပြုသည်။

ဤနေရာက လူတိုင်းအတွက် စိတ်ဒဏ်ရာပင်။ ဤနေရာ၌ ကြာကြာနေပါက သူတို့စိတ်ထဲမှ ကြောက်စိတ်များ ထွက်ပေါ်လာလောက်သည်။ ထိုနေရာ၌ အနာကွန်ဒါ မြွေတစ်ကောင် ရှိနေဖြင့် ဒုတိယ၊ တတိယအကောင်များ ရှိနေနိုင်မလား ဆိုသည်ကို ဘယ်သူက သိနိုင်မည်နည်း။ ဤပြဿနာရှိသော နေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်လာသည်က အကောင်းဆုံးပင်။

အားလုံး ပြန်ရန် အသင့်ဖြစ်နေချိန်တွင် ရဲ့လင်းချန်က နေရာမှာတင် ရပ်နေသည်။ သူ့အကြည့်က ရေကန်တွင် ကပ်ညိနေပြီး တစ်ခုခုကို အာရုံစိုက်နေပုံ ရသည်။

ထိုအခိုက်တွင် ရေကန်ထဲမှ ငါးများသည် အသည်းအသန် ကူးခပ်နေဆဲ ဖြစ်ပြီး ဝဲကတော့ကလည်း ပျောက်မသွားသေးပေ။

“လင်းချန် ဘာဖြစ်လို့လဲ”

ဟူယွဲ့အာက ရဲ့လင်းချန်ကို‌ မေးလိုက်သည်။

“ငါ ရေကန်ထဲ တစ်ချက် ဆင်းကြည့်မလို့”

“ဘာ”

လူတိုင်း အံ့ဩတကြီး အော်ဟစ်လာကြသည်။ သူတို့သည် ရဲ့လင်းချန်ကို ငေးကြည့်နေပြီး ဆွံ့အာက သူတို့မျက်လုံး၌ ကြောက်စိတ်တို့ စတင် ပေါ်လွင်လာသည်။

သူတို့အတွက် ရေကန်ထဲကို သွားခြင်းက သေတွင်းတူးရုံသက်သက်ပင်။

“ရဲ့နတ်ဘုရား၊ ရေကန်က တအား နက်တယ်၊ ပြီးတော့ အခြား အနာကွန်ဒါ မြွေတွေလည်း ရှိနေနိုင်တယ်၊ မင်း မသွားသင့်ဘူး”

“ဟုတ်တယ်၊ ရေကန်ထဲမှာ ဘာရှိလဲဆိုတာကို ဘယ်သူမှ မသိဘူး၊ ကန်ရဲ့အနက်ကိုတောင် သိတာ မဟုတ်ဘူး၊ မင်း မသွားခင် ပိုပြီး လေ့လာသင့်တယ်”

ဟယ်ကျားနှင့် ဟွမ်လေ့က သူ့ကို နားချရန် ကြိုးစားနေပြီး ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့က သူ့ကို ဘေးတစ်ဖက် တစ်ချက်ဆီမှ ကိုင်ထားပြီး သူ့အား စိုးရိမ်တကြီး ကြည့်လေသည်။

“ကျွန်တော် ဆုံးဖြတ်ထားပြီးပြီ၊ ဒါရိုက်တာ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ရေအောက်မှာ ရိုက်ကူးနိုင်တဲ့ ဖုန်းတစ်လုံး ငှားပါ၊ ကျွန်တော် အဲ့ဒါကို ကျွန်တော့်နဲ့အတူ ယူသွားမယ်၊ အဲ့နည်းနဲ့ ခင်ဗျားတို့ တိုက်ရိုက် ထုတ်လွှင့်မှုကနေ ကျွန်တော့်အခြေအနေကို လေ့လာနိုင်ပြီ”

ရဲ့လင်းချန်က တောင်းဆိုလာပြီး သူတို့ကို ညှိနှိုင်းခွင့် မပေးပေ။

အစောပိုင်းက သူ အနာကွန်ဒါမြွေကို သတ်လိုက်စဉ်က သူ၏ ရေပန်းစားမှုအမှတ်က နှစ်သိန်းခွဲသို့ မြင့်တက် သွားသည်။

သူ ဘဝ၏ ရုန်းကန်ခြင်းကို ပထမဆုံး ပါဝင်သည့်အခါက ရေပန်းစားမှုအမှတ် သုံးသောင်းဝန်းကျင်သာ ရှိသည်ကို သူ မှတ်မိပါသည်။ သူ၏ ရေပန်းစားမှုအမှတ်က ပြီးခဲ့သည့် ရိုက်ကူးရေး နှစ်ရက်အတွင်း ပုံမှန်တိုးလာသော်လည်း တစ်သိန်းတစ်သောင်းသို့သာ ရောက်သေးသည်။ သို့သော် ယခုအခါ၌ သူ၏ ရေပန်းစားမှုအမှတ်က ရုတ်တရက် သုံးသိန်းခြောက်သောင်းသို့ တက်သွားခဲ့သည်။

သူ၏ ရေပန်းစားမှုအမှတ် တိုးနှုန်းက သူ့ကို စိတ်အားထက်သန်မှု ပြင်းပြလာစေသည်။

*ဆူဆူညံညံ ဖြစ်အောင် လုပ်ရမယ်၊ ပိုကြီးလေ ကောင်းလေ*

ဆူညံပွက်လောရိုက်အောင် လုပ်သည့် အခါမှသာ သူ၏ ရေပန်းစားမှုအမှတ်က တစ်ဟုန်ထိုး မြင့်တက်လာ လောက်သည်။

ထို့အပြင် ရေကန်၏ အောက်ခြေ၌ လိပ်အိုကြီးနှင့် ဧရာမ စပါးအုံးမြွေကြီးတို့ အချင်းချင်း တိုက်ခိုက်နေဆဲ ဖြစ်သည်ကို သူ့စိတ်ထဲ၌ သိနေသည်။

ဧရာမ စပါးအုံးမြွေကြီးဟု ခေါ်ကြသဖြင့် အနာကွန်ဒါမြွေထက် အဆပေါင်းများစွာ ပိုကြီးမှာ အသေအချာပင်။

ထိုသို့သော မြင်ကွင်းက သူ၏ ရေပန်းစားမှုအမှတ်များအား အမြင့်သစ်တစ်ခုသို့ ခေါ်ဆောင်သွားမှာ သေချာသည်။ သူ ဘယ်လိုလုပ် ထိုအခွင့်အရေးကို လက်လွှတ်ခံနိုင်ပါမည်နည်း။

“ရဲ့နတ်ဘုရား၊ ငါတို့ ဒီကို ထပ်မလာခင် ရေကူးဝတ်စုံလိုမျိုး ပစ္စည်းတချို့ကို ပြင်ထားသင့်တယ်လို့ ငါ ထင်တယ်”

ဒါရိုက်တာက စိုးရိမ်တကြီး ဖျောင်းဖျသည်။

“မလိုဘူး”

ရဲ့လင်းချန်က ခေါင်းခါသည်။

“စိတ်မပူပါနဲ့၊ ကျွန်တော် ဘာလုပ်နေလဲ ကျွန်တော် သိပါတယ်၊ ပြီးတော့ ကျွန်တော် ရေကူးကျွမ်းပါတယ်၊ ကျွန်တော်က သိချင်ရုံလေးပါ၊ တစ်ခုခု မှားနေပြီဆိုရင် ကျွန်တော် ချက်ချင်း ပြန်လှည့်လာမှာပါ”

“ရဲ့နတ်ဘုရား၊ မင်း …”

ဟယ်ကျားက ဆက်ပြောရန် ပြင်ကာစပဲ ရှိသေးသည်။

“ခင်ဗျား ထပ်ပြောနေစရာ မလိုပါဘူး၊ ခင်ဗျား ခုနကလည်း မြင်တာပဲလေ၊ အနာကွန်ဒါမြွေက ကျွန်တော့်အတွက် လုံးဝ အန္တရာယ် မဟုတ်ဘူး၊ မစိုးရိမ်ပါနဲ့”

ရဲ့လင်းချန်က သူတို့ကို ပြတ်သားစွာ စကားစသည်။

ဒါရိုက်တာသည် သူ၏ တိုက်ရိုက် ထုတ်လွှင့်မှုမှ ကြည့်ရှုသူနှုန်းကို ကြည့်ပြီး နောက်ဆုံး၌ အံကြိတ်လိုက်သည်။

“ကောင်းပြီလေ၊ ငါ သဘောတူတယ်၊ ဒါပေမဲ့ မင်း ဘေးကင်းကင်း နေမယ်လို့ ငါ့ကို ကတိပေးမှ ဖြစ်မယ်”

တကယ်တမ်းတွင် သူသည်လည်း တစ်ကိုယ်ကောင်း ဆန်ပါသည်။ သူ၏ တိုက်ရိုက် ထုတ်လွှင့်မှုမှ ကျော်ကြားမှုသည် တစ်ခဏတာ တိုးတက်မှုသာ ဖြစ်သည်။ အကယ်၍ သူ ဒါကို ထိန်းထားချင်ပါက လှုပ်လှုပ်ရှားရှား ဖြစ်လောက်သည့် တစ်စုံတစ်ရာကို သူ ရိုက်ကူးမှဖြစ်မည်။ သူ ရဲ့လင်းချန်နှင့်အတူ လိုက်၍ လောင်းကစား လုပ်ရန် လိုအပ်ပေသည်။

“ကျွန်မ သဘောမတူဘူး”

ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို တင်းနေအောင် ဖက်ထားပြီး သူ့အား မျက်ရည်များ ပြည့်နေသည့် သနားစရာ မျက်လုံးဖြင့် စိုက်ကြည့်သည်။ ၎င်းမျက်ရည်များက အချိန်မရွေး ကျလာတော့မယောင်ပင်။

“ကျွန်မ ရှင့်ကို သွားခွင့်မပေးဘူး”

“ကျွန်မလည်း သဘောမတူဘူး”

ဟူယွဲ့အာက ဝင်ပြောသည်။

“လင်းချန် မကစားနဲ့တော့၊ ဘဝမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်၊ ဒီလို အန္တရာယ်များတဲ့အရာတစ်ခုကို ခုန်ချစရာ မလိုဘူး၊ ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်နော်”

ရဲ့လင်းချန်က မိန်းကလေး နှစ်ယောက်ကို ကြည့်လိုက်သည်။ သို့သော် သူ့မျက်လုံးများက ယုံကြည်ချက်တို့နှင့် တောက်ပနေပြီး သူတို့ကို ပြုံး၍ ကြည့်နေသည်။

“ငါ့အသက်ကို ငါ သိပ်တန်ဖိုးထားတာ၊ မင်းတို့ထက် ပိုတာပေါ့၊ ငါ ရေကန်ထဲ ဝင်မယ်လို့ ဆုံးဖြတ်လိုက်ပြီး ကတည်းက ငါ့အသက် အန္တရာယ်ကို အာမခံနိုင်မယ့် နည်းလမ်းတွေ ငါ့မှာ ရှိပါတယ်”

သူ့တွင် စနစ် ရှိသောကြောင့် သူ သေခြင်းတရားကို ရှောင်ချင်ပါသည်။ စနစ်ကြောင့်လည်းပဲ သူ့တွင် ယုံကြည်ချက် ရှိနေပြီး သူ လိုအပ်သည့်အချိန် နောက်ဆုတ်နိုင်ခြင်း ဖြစ်သည်။

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ လက်မလျှော့သေးသည်ကို မြင်ပြီး ရဲ့လင်းချန်က ဆက်ပြောသည်။

“ငါ့ကို ယုံပါ”

ချက်ချင်းဆိုသလိုပင် မိန်းကလေး နှစ်ယောက်သည် သူ့နှုတ်ခမ်းကို ကိုက်ရုံသာ တတ်နိုင်ပြီး ဘာမှမပြော နိုင်တော့ချေ။

မကြာခင်မှာပင် ဒါရိုက်တာက ဖုန်းတစ်လုံးကို ယူလာပြီး ရဲ့လင်းချန်၏ ပခုံးတွင် ချည်နှောင်ပေးလိုက်သည်။ ၎င်းက တိုက်ရိုက် ထုတ်လွှင့်နေသည့် ချန်နယ်နှင့် ချက်ချင်း ချိတ်ဆက်နေသည်။ ရဲ့လင်းချန် ဘာမြင်ရမြင်ရ တိုက်ရိုက် ထုတ်လွှင့်မှုတွင်း၌ ပြသနေမည် ဖြစ်သည်။

“ရဲ့နတ်ဘုရား သတိထားပါ”

လူတိုင်းက ရဲ့လင်းချန်ကို ကြည့်ပြီး စိတ်ရင်းနှင့် အားပေးနေကြသည်။

“ကဲ ကျွန်တော် သွားတော့မယ်”

ရဲ့လင်းချန်က သူတို့ကို ကြည့်လိုက်ပြီးနောက် ရေကန်ထဲသို့ ဒိုင်ဗင်ထိုး၍ ခုန်ချသွားသည်။

ခုန်ချလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်က ရေကန်ထဲသို့ အပြည့်အဝ နစ်ဝင်သွားသည်။ ရဲ့လင်းချန်သည် သူ၏ ဆဲလ်များအားလုံး ပျော်ရွှင်လာသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြောမပြတတ်လောက်အောင် သက်တောင့်သက်သာ ဖြစ်သွားပြီး မသိလျင် ရေက ဟိုးအရင်ကတည်းက သူ့အိမ် ဖြစ်နေသလိုပင်။

ထို့အပြင် သူ့ပတ်ဝန်းကျင်မှ ရေတွင် ကိုယ်ပိုင် ခံစားချက်များ ရှိပုံပေါ်နေပြီး သူ့အပေါ် အလွန် ဖော်ရွေသည်။ သူတို့က ခုခံခြင်း မပြုသည့်အပြင် သူ၏ လှုပ်ရှားမှုများ၌ပင် ကူညီပေးလိုက်သေးသည်။ တစ်ချက် တွေးလိုက်ရုံနှင့် သူသည် အတော်ဝေးဝေးသို့ ကူးခပ်သွားနိုင်၏။

အထူးသဖြင့် ရဲ့လင်းချန်သည် သူ၏ အာရုံငါးပါးလုံးက ရေ၏ သက်ရောက်ခြင်း မခံရသည်ကို သတိပြု လိုက်မိသည်။ သူ အသက်ရှူနိုင်၏။ ထို့အပြင် သူ၏ အမြင်အာရုံနှင် နိုးကြားမှုကလည်း သိသိသာသာ တိုးတက် လာသည်။

တကယ်တမ်းတွင် … ရေထဲ၌ သူ၏ ချီသန့်စင်မှုက ပိုမို၍ မြန်ဆန်သေးသည်။

*ရေဝိညာဉ် ခန္ဓာကိုယ်၊ ဒီစွမ်းရည်က ကြောက်ဖို့ကောင်းလွန်းတာပဲ*

ယင်းက မသိလျင် သူ့ခန္ဓာကိုယ်က သူ့အနီးအနားမှ ရေနှင့် ပေါင်းစပ်သွားပြီး သူ့အား ရေထဲ၌ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားသလိုပင်။

သူ ဖတ်ခဲ့သော ဝတ္ထုများမှ ကောက်ချက်ချရလျင် ဤရေဝိညာဉ် ခန္ဓာကိုယ်သည် ကျင့်ကြံရေးနယ်ပယ်ထဲမှ ထူးခြားသော ရေနှင့်ပတ်သတ်သည့် ခန္ဓာကိုယ်များထဲမှ တစ်ခု ဖြစ်နိုင်ချေ ရှိပြီး သူ၏ ရေနှင့် ရင်းနှီးမှုကို ပိုတိုးလာစေပြီး ရေနှင့် ပတ်သက်သော ထူးခြားသော သိုင်းပညာရပ်များ လေ့ကျင့်ရာတွင် သူ့အား အကျိုးသက်ရောက်မှု ပိုတိုးစေသည်။

ရဲ့လင်းချန်သည် စိတ်ထဲ၌ ဝမ်းသာသွားပြီး အံ့အားသင့်သွားရသည်။ စနစ်က သူ့အား စိတ်မပျက်စေရပါ။

ရေကန်၏ အစွန်းများက အခြား ပုံမှန်ရေကန်များနှင့် ခြားနားခြင်း မရှိပါ။ သို့သော် အနည်းငယ်မျှ ဆက်သွားလိုက်သည်နှင့် ကန်အနက်က တစ်မီတာ ကျော်လာ၏။ အနည်းငယ်မျှ ထပ်သွားလိုက်သောအခါ အနက်က နှစ်မီတာ ဖြစ်သွားလေသည်။

ထိုအခြေအနေက ထူးဆန်းလှသည်။ ယင်းက သဘာဝအတိုင်း ဖြစ်လာသော ရေကန်နှင့် မတူပါ။ ထိုအစား ယင်းသည် မြေကြီးထဲကို အားဖြင့် တူးခြင်းကြောင့် ဖြစ်လာသော အပေါက်တစ်ခု ဖြစ်ပုံရသည်။ ယင်းက တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။

ရေကန်၏ အလယ်သို့ ရဲ့လင်းချန် ရောက်သွားသောအခါ အနက်က အဆုံးမရှိသလိုပင်။

…

All Chapters