← Chapters

အဲ့ဒီမှာ မိစ္ဆာကောင်တွေ ရှိကောင်းရှိလောက်တယ်၊ ဒါပေမဲ့ ငါကတော့ ရှေ့ဆက်သွားမှာပဲ

Vol. 29 Ch. 433

အဲ့ဒီမှာ မိစ္ဆာကောင်တွေ ရှိကောင်းရှိလောက်တယ်၊ ဒါပေမဲ့ ငါကတော့ ရှေ့ဆက်သွားမှာပဲ

Vol. 29 Ch. 433

ဧရာမ သားရဲနှစ်ကောင်၏ တိုက်ပွဲက ဆက်လက် ဖြစ်ပွားလျက် ရှိပြီး ဧရာမ လိပ်ကြီး၏ အော်သံက အားနည်းသထက် နည်းလာသည်။ ၎င်း၌ သန်မာသော အသက်ဓာတ်သာ မရှိလျင် အစောကြီးကတည်းက သေသွားလောက်သည်။

ရဲ့လင်းချန်၏ အာရုံက တစ်ချိန်လုံး စပါးအုံးမြွေပေါ်၌သာ ကျရောက်နေသည်။ သူသည် စပါးအုံးမြွေ၏ ခွန်အားနှင့် လျင်မြန်မှုကို အကြမ်းဖျင်း ခန့်မှန်းနေပြီး အကြည့်များက လျင်မြန်စွာ ရွေ့လျားနေ၏။

ထို့နောက် သူသည် သူ၏ ရေပန်းစားမှုအမှတ်ကို ကြည့်လိုက်သည်။ သူ ရေငုပ်လိုက်သည်က အချိန်တိုလေးမျှသာ ရှိသေးသော်လည်း သူ၏ ရေပန်းစားမှုက ၃၆၀,၀၀၀ မှ ၇၅၀,၀၀၀ သို့ တက်သွားလေပြီ။

ဤမျှ မြန်ဆန်မှုက သူ၏ နှလုံးခုန်နှုန်းကို ထိန်းမရအောင် မြင့်တက်လာစေသည်။

အချိန်တစ်ခုအထိ သုံးသပ်ပြီးနောက် သူ၏ ရေပန်းစားမှုအမှတ်နှင့် ပတ်သက်သည့် စည်းကမ်းအချို့ကို သူ ရှာဖွေ တွေ့ရှိခဲ့သည်။ ယင်းမှာ လူတစ်ယောက်၏ အတွေးအမြင်ကို စိန်ခေါ်သည့် မည်သည့်အရာမဆိုသည် သူ၏ ရေပန်းစားမှုအမှတ် လျင်မြန်စွာ တိုးတက်လာရန် အထောက်အကူ ဖြစ်စေသည်။

ဥပမာ ပြောရလျင် စူပါမန်းဝိုင် ထွက်လာသည့်အခိုက်တွင် သူ၏ ရေပန်းစားမှုက အခြားအခြေအနေများနှင့် ဆန့်ကျင်စွာ သိသိသာသာ တိုးလာခဲ့သည်။ လက်ရှိအခြေအနေတွင်လည်း ယင်းက သူ၏ ရေပန်းစားမှုအမှတ် တိုးလာစေသည်။

ထို့အပြင် တိုးတက်မှုသည် တိုက်ရိုက် ထုတ်လွှင့်မှုကြောင့်သာ ရလာခြင်း ဖြစ်သည်။ အခြေအနေက တိုးတက်လာပြီး ရုတ်ရုတ်သဲသဲ ဖြစ်လာပါက ဒုတိယအကြိမ် တစ်ဟုန်ထိုး ရေပန်းစားမှု တိုးတက်လာရန် ကြိုမြင်ယောင် နေသည်။

ဤသို့သော မြင်ကွင်းမျိုးကို ရိုက်ကူးခြင်းက ကြီးမားသော ရေပန်းစားမှုပမာဏကို ရရှိစေသည်။ ဤသို့သော အရာမျိုးကို သူ ဆက်လုပ်လျင် သူ၏ ရေပန်းစားမှုက ပေါက်ကွဲမတတ် ဖြစ်လာလောက်သည်။

*သေစမ်း၊ ကြွယ်ဝမှုနှင့် ဂုဏ်သိက္ခာက စွန့်စားမှုမရှိဘဲ မရဘူးပဲ၊ ငါ့အတွက် ဒီအတိုင်း လုပ်လိုက်ဖို့ အချိန်တန်ပြီ*

ရဲ့လင်းချန်သည် အကြည့်ကို ပြန်အာရုံစိုက်လိုက်ပြီးနောက် ပခုံးပေါ်မှ ဖုန်းကို သူ့ဘက်လှည့်လိုက်သည်။ ထို့ကြောင့် သူက တိုက်ရိုက် ထုတ်လွှင့်နေသည့် ဖုန်းကင်မရာနှင့် မျက်နှာခြင်းဆိုင် ဖြစ်သွားသည်။

ထိုအခိုက်တွင် ဖန်သားပြင်ပေါ်မှ မှတ်ချက်များက သူ့မျက်နှာအရိပ်ထက်၌ လျင်မြန်စွာ ကျော်တက်သွားပြီး တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ လူများသည် ယခုထိ အုတ်အုတ်ကျွတ်ကျွတ် ဖြစ်နေဆဲပင်။

ရဲ့လင်းချန်က တိုက်ရိုက် ထုတ်လွှင့်မှုအား လှည့်ကြည့်လာသည်ကို မြင်သောအခါ ကြည့်ရှုသူများစွာတို့သည် ချက်ချင်း စိတ်လှုပ်ရှားလာပြီး ဖန်သားပြင်ပေါ်၌ အသည်းအသန် မှတ်ချက်များ ရေးကြလေသည်။

[အား…အား…အား… ရဲ့နတ်ဘုရားက တကယ်ကြီး ဖန်သားပြင်ကို ကြည့်လာတာပဲ၊ ငါ သိပ်စိတ်လှုပ်ရှားတာပဲ]

[ရဲ့နတ်ဘုရား ကျွန်မကို ကြည့်ပါ၊ ကျွန်မကို ကြည့်ပါ]

[ရဲ့နတ်ဘုရား‌ ပြေးတော့၊ ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်၊ အသက်ရှင်အောင် နေပေးပါ]

[ရဲ့နတ်ဘုရား ပြေးတော့၊ ပြေး]

…

သူတို့ထဲမှ ရှစ်ဆယ် ရာခိုင်နှုန်းကျော်က ရဲ့လင်းချန်အား မြန်နိုင်သမျှ မြန်မြန်ပြေးရန် ပြောနေကြသည်။

ထိုသို့သော အခြေအနေမျိုး၌ ရဲ့လင်းချန်က သူ့နှုတ်ခမ်းကို အသာတွန့်ကွေး၍ ကြည့်ကောင်းသော အပြုံးတစ်ခုကို ပေးကာ ပြောလိုက်သည်။

“အားလုံး‌ သေချာအာရုံစိုက်ထားကြပါ၊ ရှေ့မှာ မိစ္ဆာတွေ ရှိကောင်းရှိလောက်ပင်မယ့် ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် ဆက်သွားမှာပဲ”

တိုက်ရိုက် ထုတ်လွှင့်မှုက ရှေ့မှမြင်ရသော မြင်ကွင်းဖြစ်သည်က စိတ်မကောင်းစရာပင်။ အနောက်က ကြည့်လျင် သူ ဘယ်လောက် ချောမောလဲဆိုသည်ကို ပရိသတ်များကို သူ မပြနိုင်သည်က နှမြောစရာပင်တည်း။

သူသည် စိတ်ထဲမှ တွေးတောပြီးနောက် ကင်မရာကို ပြန်ချိန်ညှိလိုက်သည်။ ထို့နောက် သူသည် ဧရာမ စပါးအုံးမြွေနှင့် ဧရာမ လိပ်ကြီးရှိရာသို့ လျှောက်သွားလေသည်။

[သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ၊ သူ အဲ့ဒါ ဘာပြောတာလဲ]

[လခွမ်း သူ ရူးနေပြီ၊ ရဲ့နတ်ဘုရား ရူးနေပြီ]

[မင်းကိုမင်း သတ်မနေနဲ့၊ ပြန်လာခဲ့၊ ရဲ့နတ်ဘုရား ပြန်လာခဲ့ပါ]

[ချီး … ဒါ ဘာသဘောလဲ၊ ရဲ့နတ်ဘုရားက စပါးအုံးမြွေရဲ့ သွားကြားတောင် ညပ်မှာ မဟုတ်ဘူး၊ သူ အဲ့ကို သွားပြီး ဘာတွေများ လိုချင်လို့လဲ]

[သွားပြီ၊ ရဲ့နတ်ဘုရားက ကြောက်လန့်လွန်းလို့ သူ့ဦးနှောက် ပျက်သွားတာ ဖြစ်လိမ့်မယ်]

…

ရဲ့လင်းချန်၏ လုပ်ရပ်ကြောင့် လူတိုင်း မှင်တက်သွားသည်။ သူတို့ဦးနှောက်များ ဗလာဖြစ်နေပြီး ထိုလုပ်ရပ်ကို သူတို့ လုံးဝ နားမလည်နိုင်ကြချေ။

မကြာခင်မျာပင် မှတ်ချက်များက ဖန်သားပြင်မှ အစအန မရှိအောင် ပျောက်သွားသည်။ ဘယ်သူမှ ကြည့်မနေ၍ ဖြစ်သွားခြင်း မဟုတ်ဘဲ လူတိုင်းက ကြောက်လန့်နေ၍ ဖြစ်သည်။

တိုက်ရိုက် ထုတ်လွှင့်နေသော ဖုန်းသည် ဧရာမ စပါးအုံးမြွေကြီးနှင့် ဧရာမလိပ်ကြီးဘက်ကို ချိန်ထားသဖြင့် ရဲ့လင်းချန် အနားကပ်သွားသည်နှင့် အားလုံးသည် ထိုသားရဲကြီးနှစ်ကောင်က သူတို့နား ကပ်လာသည်ဟု ခံစား လာရသည်။ ဤထိတ်လန့်စရာက သူတို့ကို သွေးပျက်မတတ် ဖြစ်စေပြီး ကြက်သီးမွေးညင်း ထလာစေသည်။ သူတို့သည် စာရိုက်ရန်မဆိုထားနှင့် စကားပင် မပြောနိုင်ပါ။

ဤသို့ မယှဉ်နိုင်သော သားရဲများနှင့် ရင်ဆိုင်ရာတွင် ခုခံခြင်းက မေးနေစရာကို မလိုပါ။ လူတစ်ယောက်အဖို့ ကြောက်စိတ်ကြောင့် ဘောင်းဘီထဲ ကျင်ငယ်မစွန့်ဘဲ ထိုသားရဲများကို ရင်ဆိုင်နိုင်ခြင်းကပင် ပြောစမှတ် တွင်စရာ ဖြစ်နေလေပြီ။

သူ ပိုနီးကပ်သွားလေလေ ဧရာမ စပါးအုံးမြွေကြီး၏ အရေခွံက အခြားသော မြွေအရေခွံများနှင့် တကယ် ကွာခြားသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် အနည်းငယ် ဖောင်းနေပုံရပြီး ကြေးခွံတစ်ဝက် ဖုံးနေသော အနေအထား ဖြစ်လာသည့်ပုံပင်။

ထိုသို့သောအချိန်၌ ဧရာမ စပါးအုံးမြွေကြီးသည် ၎င်း၏ လျှာကို လျင်မြန်စွာ ပြူတစ်ပြူတစ် လုပ်နေပြီး အားနည်းလာသော ဧရာမလိပ်ကြီးအား အေးစက်သော မျက်လုံးများနှင့် စောင့်ကြည့်နေသည်။ စပါးအုံးမြွေ၏ ပါးစပ်က ခပ်ကျယ်ကျယ် ပွင့်လာပြီး တစ်ခါတည်း သေသွားအောင် လိပ်၏ ဦးခေါင်းကို တန်းကိုက်ရန် အသင့် ဖြစ်နေ၏။

ထိုအခိုက်တွင် ဒဏ်ရာရနေသော ဧရာမလိပ်ကြီးသည် ဧရာမ စပါးအုံးမြွေ၏ လှုပ်ရှားမှုကို အမှီမလိုက် နိုင်တော့ပေ။

ရဲ့လင်းချန်သည် ထိုအရာကို လုံးဝ အာရုံစိုက်နေချိန် မရပါ။ သူသည် သူ့လက်တမျှ အရွယ်အစားရှိသော ကျောက်ခဲကို ကောက်၍ အားကုန် ပစ်လိုက်သည်။

“ဒုတ်”

အရိပ်က ဖြတ်ခနဲ ပြေးသွားပြီး ကျောက်တုံးက ဧရာမ စပါးအုံးမြွေ၏ ဦးခေါင်းကို အတိအကျ သွားမှန်သည်။ အားကောင်းသော ပစ်ချက်ကြောင့် ဧရာမ စပါးအုံးမြွေ၏ ခန္ဓာကိုယ်ကို တုန်သွားစေပြီး ၎င်း၏ ဦးခေါင်းမှာ တစ်ဖက်သို့ စောင်းသွားလေသည်။

“ဂါး”

စပါးအုံးမြွေက ဒေါသတကြီး ဟစ်ကြွေးသည်။

“ဟေ့ကောင်ကြီး ဒီကို ကြည့်စမ်း”

ရဲ့လင်းချန်က သူ ရှိနေကြောင်း ပြရန် ဆက်တိုက် လက်ဝှေ့ယမ်းပြသည်။

“တီကောင်လေး၊ မင်း တတ်နိုင်ရင် ငါ့လာကိုက်စမ်း”

ထိုသို့ပြောနေချိန်တွင် သူက ကျွမ်းထိုးလိုက်၊ မြွေအား တင်ပါးကို ခါယမ်းပြလိုက် လုပ်နေသည်။

ဧရာမ စပါးအုံးမြွေကြီးနှင့် ဧရာမ လိပ်ကြီးတို့ နှစ်ကောင်လုံးသည် ရဲ့လင်းချန်ကို လှမ်းကြည့်လာသည်။ တစ်ခဏလောက် အချိန် ရပ်တန့်သွားပုံရပြီး သားရဲနှစ်ကောင်လုံး၏ မျက်လုံးတွင် အူကြောင်ကြောင် ဖြစ်ဟန် ပေါ်လာသည်။

ထိုသို့ အားနည်းသော သတ္တဝါတစ်ကောင်က သူတို့အရှေ့၌ ပေါ်လာရဲပြီး သူတို့ကိုတောင်မှ ရန်စရဲလိမ့်မည်ဟု သူတို့ မယုံကြည်နိုင် ဖြစ်နေ၏။

ထို့နောက် ဧရာမ စပါးအုံးမြွေသည် ရဲ့လင်းချန်ကို မကြည့်တော့ဘဲ ဧရာမ လိပ်ကြီးကိုသာ ပြန်ကြည့်လေသည်။ စပါးအုံးမြွေသည် လျှာကို ထုတ်၍ နောက်တစ်ကြိမ် တိုက်ခိုက်ရန် အရှိန်ယူနေ၏။ ၎င်းက ရဲ့လင်းချန်ကို လုံးဝ လျစ်လျူရှုထားသည်။

ရဲ့လင်းချန်သည် သူ၏ ရန်စနေသော အပြုအမူကို ရပ်လိုက်ပြီး အောင့်သီးအောင့်သက်ဖြင့် ရပ်ကာ နှာခေါင်းပွတ် လိုက်မိသည်။

[ခွီး … ဟားဟားဟား … ဒီလူက ငါ့ကို ရယ်ပြီး သေအောင် လုပ်နေတာပဲ]

[ဒါရိုက်တာ ဇာတ်ညွှန်းက တစ်ခုခု မှားနေတာလား၊ ဘယ်လိုလုပ် ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ကား တစ်ကားက ရုတ်တရက်ကြီး ဟာသကား ဖြစ်လာတာလဲ]

[ငါ အစက အသည်းအသန် တုန်နေတာ၊ ဒါပေမဲ့ ခဏနေတော့ ငါ အားရပါးရ ရယ်မိတာပဲ၊ မင်းတို့ ယုံနိုင်မလား]

[ရဲ့နတ်ဘုရား : မင်း ကြိုက်ကြိုက်၊ မကြိုက်ကြိုက် မင်းအမေက မကောင်းတဲ့သူလို့ ပြောချင်တယ်]

[မင်းက တီကောင်လေးလို့တောင် ခေါ်ခဲ့တာပဲ၊ အများကြီး လေးစားပါတယ်၊ တော်တော်ကို အံ့ဩမိပါတယ်]

[အဲ့ဒါက မင်းကို လျစ်လျူရှုတာပဲ၊ ပေါ်တင်ကြီး မသိချင်ယောင်ဆောင်တာ၊ ရဲ့နတ်ဘုရားက သူ့အသက်ကို စွန့်စားဖို့ ဆုံးဖြတ်ချက် ချပြီး ထွက်လာပြီးမှ ဒီလို မသိချင်ယောင်ဆောင်ခံရမယ်လို့ ဘယ်သူက ထင်ထားမှာလဲ]

[သူ့စိတ်ကို ပိုထိခိုက်အောင် လုပ်နိုင်တဲ့အရာ တစ်ခုခု ရှိသေးလား]

…

ဆန့်ကျင်ဘက် ပြောင်းလဲမှုက လူတိုင်း၏ ထင်မြင်ချက်ထက် ကျော်လွန်နေပြီး ဖန်သားပြင်၌ မှတ်ချက်များ ပြည့်လာပြန်သည်။

သို့သော် ရဲ့လင်းချန်တွင် သူတို့ကို ဖျော်ဖြေချိန် မရှိပါ။ စပါးအုံးမြွေက တိုက်ခိုက်လာစဉ်တွင် သူက ကျောက်တုံး တစ်တုံးဖြင့် ထပ်ပစ်လိုက်သဖြင့် စပါးအုံးမြွေ နောက်သို့ ရွေ့သွားသည်။

“တီကောင်လေး မင်း သတ္တိရှိရင် ဒီကိုကြည့်စမ်း”

ရဲ့လင်းချန်က ဆက်၍ ရန်စသည်။

“ဂါး”

ဒုတိယအကြိမ် ရန်စခြင်းက ဧရာမ စပါးအုံးမြွေကြီး၏ သည်းခံမှုကို လုံးဝ ကုန်ဆုံးသွားစေသည်။ ၎င်းက ဟစ်ကြွေး၍ အမြီးကို ရွှေ့လိုက်ပုံက မသိလျင် ပုရွက်ဆိတ်ကို တတ်နင်းတော့မည့် လူတစ်ယောက်လိုပင်။

ပြင်းထန်သော အားအင်က လေကိုဖြတ်သန်းလာပြီး လေတိုးသံပင် ထွက်ပေါ်လာသည်။ လွှဲချက်လေး တစ်ချက်က ကျောက်တုံးကြီးကိုပင် ပြောင်းပြန်လှန်နိုင်ရန် လုံလောက်ပေသည်။

ရဲ့လင်းချန် ခြေထောက်ကို ကွေး၍ လေထဲ ခုန်လိုက်သည်။ မြွေ၏ အမြီးက သူ့ခြေထောက်အောက်မှ ဖြတ်သွားသည်။ သို့သော် ၎င်း၏ မျက်လုံးက အေးစက်စွာ လတ်ခနဲ ဖြစ်သွားပြီး သူ့အမြီးကို ယင်ရိုက်တံကဲ့သို့ ချက်ချင်း ပြန်၍ နောက်ပြန်လွှဲချသည်။ ၎င်းက လေထဲ၌ ရှိနေသော ရဲ့လင်းချန်ထံ တည့်တည့်ဦးတည်နေ၏။

“ယီးပဲ”

ရဲ့လင်းချန် ကျိန်ဆဲလိုက်မိသည်။ ဧရာမ စပါးအုံးမြွေကြီးက သူ ထင်ထားသည်ထက် ပို၍ သန်မာနေပြီး သူ သတိမမူမိခဲ့ပေ။

သူ့တစ်ကိုယ်လုံးမှာ ကြွက်သားများကို တင်းလိုက်ပြီး ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းကို အဆုံးစွန်ထိ ထုတ်သုံးလိုက်သည်။ သူသည် လက်သီးကိုဝင့်၍ စပါးအုံးမြွေ၏ အမြီးကို ထိုးနှက်လိုက်လေသည်။

“ဝုန်း”

ရဲ့လင်းချန်သည် ဒုံးပျံသဖွယ် အနောက်သို့ လွင့်ထွက်သွားသည်။ သူ့တစ်ကိုယ်လုံး ရေထဲကျသွားသဖြင့် ဗွမ်းခနဲ အသံ ထွက်လာသည်။ သို့သော် ဧရာမ စပါးအုံးမြွေကြီးသည်လည်း အော်ဟစ်လာ၏။ မြွေအမြီးတွင် ဒဏ်ရာတစ်ခု ရှိနေပြီး အရေခွံ အက်ကွဲ၍ သွေးများ စီးကျနေသည်။

“ဝုန်း”

ဧရာမ စပါးအုံးမြွေကြီးသည် ရဲ့လင်းချန် ကျသွားသော နေရာကို စူးစိုက်ကြည့်နေ၏။ ရေခဲတမျှ အေးစက်သည့် သတ်ဖြတ်ချင်စိတ်ကို မြင်နေရပြီး ၎င်းက တုံ့ဆိုင်းခြင်းမရှိဘဲ နောက်လှည့်လာသည်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်က ရေထဲ ဆင်းလာပြီး ရဲ့လင်းချန်ထံ လျင်မြန်စွာ ပြေးဝင်လာနေသည်။

…

All Chapters