← Chapters

လကြွေ လျှိုမြောင်

Vol. 28 Ch. 425

လကြွေ လျှိုမြောင်

Vol. 28 Ch. 425

အပြာရောင်ကောင်းကင်ကြီးတွင် မိုးသားတိမ်စိုင်များ ရှင်းလင်းနေသည်။

နေ့သစ်၏ အာရုဏ်ဦးရောင်ခြည်တန်းများ မြေပြင်ပေါ် သက်ဆင်းနေပြီး ရှစ်ဂိုဏ်းမဟာမိတ်၏ ပင်မမြို့ကြီးကို အလင်းပေးနေသည်။

ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသော ဟိန်းသံနှင့်အတူ လှိုင်းတွန့်များ ပေါ်လာသည်။ ကြီးမားသော အတောင်ပံကြီးများနှင့် နဂါးနက်ကြီးသည် လေပြင်းများ ဖြစ်တည်သွားစေပြီး ချီရွှဲ့ထုံဂိုဏ်းထဲမှ ကောင်းကင်ယံသို့ ပျံတက်သွားသည်။

ပထမတွင် နဂါးနက်ကြီးသည် ပေတစ်ထောင်သာ ရှည်လျားသည်။ သို့သော် တခဏလေးအတွင်း နဂါးနက်ကြီးမှာ တုန်ခါသွားပြီး သိသိသာသာ ပိုရှည်လာသည်။

မကြာခင် ပေခြောက်သောင်းကျော် ရှိလာသည်။

နဂါးနက်ကြီးက အတောင်ပံများကို ဖြန့်ကျက်လိုက်သောအခါတွင် ကောင်းကင်ကြီးကို ဖုံးကွယ်သွားဟန်တူသည်။

နဂါးနက်ကြီး၏ခန္ဓာကိုယ်မှ ကြောက်ခမန်းလိလိအရှိန်အဝါတစ်ခု ဖြာထွက်လာပြီး လေပြင်းများ တိုက်ခတ်သွားကာ မုန်တိုင်းတစ်ခု ပေါ်ပေါက်လာသည်။

အဝေးမှကြည့်ပါက နဂါးနက်ကြီး၏ ကျောပေါ်တွင် မရေမတွက်နိုင်သော အဆောက်အအုံများ ရှိနေသည်ကို မြင်နိုင်သည်။

အဆောက်အအုံများထဲတွင် လူရိပ်များစွာ ရှိသည်။

ရွှီချင်းသည် ထိုလူများထဲတွင် ရှိသည်။

ထိုနဂါးနက်ကြီးသည် အမှတ်ခုနစ်သခင်ကြီး၏ အတောင်ပံကြီးသုံးကောင်အနက် တစ်ကောင် ဖြစ်သည်။

ကျန်လူများမှာမူ သွေးကြွေးတာဝန်တွင် ပါဝင်ကြသော ချီရွှဲ့ထုံဂိုဏ်းသားများ ဖြစ်ကြသည်။

သူတို့အားလုံးက လက်စားချေရန် လိုက်လာကြခြင်း မဟုတ်ပေ။ အများစုက များပြားသော ဆုကြေးငွေကြောင့်သာ ဖြစ်ပေသည်။

သို့သော်လည်း ယင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ ပုံစံဖြစ်သည်။ ထိုနည်းလမ်းတွင် အားသာချက်နှင့် အားနည်းချက်များ ရှိပါသော်လည်း ဤလောကပျက်ကြီးထဲတွင် အကျိုးက အပြစ်ထက် သာနေသည်။

ထိုအချိန်၌ ရွှီချင်းရှေ့ရှိ အမြင့်ဆုံးအဆောက်အအုံပေါ်တွင် ရပ်နေသော လူရိပ်နှစ်ရိပ် ရှိသည်။

သူတို့က အမှတ်ခုနစ်သခင်ကြီးနှင့် ဘိုးဘေး ရွှယ်လျန့်ကျစ်တို့ ဖြစ်သည်။

သူတို့နှစ်ယောက်သည် လေကို မျက်နှာမူ၍ ရပ်နေကြပြီး သူတို့ဝတ်ရုံများ တဖျပ်ဖျပ်လွင့်နေသည်။ သူတို့ မျက်လုံးများ အေးစက်နေပြီး သူတို့၏ သတ်ဖြတ်လိုသောစိတ်ဆန္ဒက အေးစက်စက်လှိုင်းများအဖြစ် ပြောင်းလဲသွားသည်။

သူတို့နှစ်ယောက်သည် ဤစစ်ဆင်ရေးတွင် ချီရွှဲ့ထုံဂိုဏ်းကို ကိုယ်တိုင်ဦးဆောင်လာကြခြင်း ဖြစ်သည်။

အတောင်ပံနက်ကြီးနောက်တွင် အမှတ်ခြောက်သခင်ကြီး ဖန်တီးထားခဲ့သော စစ်ခံတပ်ကြီးက လေထဲသို့ တဖြည်းဖြည်း မြင့်တက်လာသည်။

ဧရာမတောင်ကြီးက ကြီးမားသော ဖိအားများ သက်ရောက်သွားပြီး ထိုတောင်ကြီးကို မြင်သည့်လူတိုင်း ကြီးမားသောစွမ်းအားကို ခံစားမိကြမည် ဖြစ်သည်။

ဆဋ္ဌမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများမှာမူ အမှတ်ခြောက်သခင်ကြီးနှင့် ဆက်စပ်နေသောကြောင့်ဖြစ်စေ၊ အကျိုးအမြတ်ကြောင့်ဖြစ်စေ ဂိုဏ်းသားအားလုံး လိုက်ပါလာကြသည်။

ထိုစစ်ဆင်ရေးတွင် ပါဝင်ကြသည့် ဂိုဏ်းများမှာ တိမ်လွှာဓားဂိုဏ်း၊ ရွှမ်ယုံဂိုဏ်းနှင့် မိစ္ဆာသားကောင်ဂိုဏ်းတို့ ဖြစ်သည်။

ဂိုဏ်းကြီးလေးဂိုဏ်းက ဘိုးဘေးများနှင့်အတူ ထွက်လာကြသည်။ ဂိုဏ်းကြီးရှစ်ဂိုဏ်း၏ တားမြစ်ဓမ္မရတနာများကို တစ်ပြိုင်နက်တည်း ပြင်ဆင်လိုက်ပြီး အသက်သွင်းရန် အသင့်ပြင်ထားသည်။

ထိုတားမြစ်ဓမ္မရတနာများ၏ အစွမ်းများ ပျံ့လွင့်သွားစဉ် တိမ်လွှာဓားဂိုဏ်းမှ ဧရာမရှေးဟောင်းကြေးဓားကြီးကိုးစင်း ပျံထွက်လာသည်။ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးနှင့် ဂိုဏ်းချုပ်တို့မှာ သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

မိစ္ဆာသားကောင်ဂိုဏ်းတည်ရှိရာအရပ်တွင် ပေခုနစ်ဆယ်၊ ရှစ်ဆယ်ရှည်သော ကြီးမားသော မကောင်းဆိုးဝါးမျက်လုံးကြီးတစ်လုံး ကောင်းကင်ယံ၌ ပေါ်လာသည်။ ထိုမျက်လုံးကြီးတွင် အာကာသစွမ်းအားများ ပါဝင်နေဟန်တူပြီး မျက်လုံးကြီးထဲတွင် မရေမတွက်နိုင်သော မိစ္ဆာသားကောင်ဂိုဏ်းသားများကို မြင်နိုင်သည်။

ရွှမ်ယုံဂိုဏ်းက ပို၍ပင် ထည်ဝါသည်။ ရွှမ်ယုံဂိုဏ်းဆီမှ ကြောက်မက်ဖွယ်ကောင်းသော ဂူကျောက်စာတိုင်ကြီးတစ်တိုင် မြင့်တက်လာသည်။

ထိုဂူကျောက်စာတိုင်ကြီးပေါ်တွင် သွေးရောင်ကမ္ပည်းစာများ ရေးထွင်ထားသည်။ ထိုကျောက်တိုင်ကြီး ပေါ်လာသည်နှင့် ရှေးဆန်သောအငွေ့အသက်များ လွင့်ပျံလာသည်။ နတ်မိမယ်ကျစ်ရွှမ်သည် ရွှမ်ယုံဂိုဏ်းသားများနှင့်အတူ ထိုကျောက်တိုင်ကြီးပေါ်တွင် ရပ်နေသည်။

ကောင်းကင်ယံသို့ ဂိုဏ်းကြီးလေးဂိုဏ်း ပျံတက်လာသည်နှင့် ကောင်းကင်ယံတွင် မဟာမိတ်ခေါင်းဆောင်၏ မျက်နှာကြီး ပေါ်လာပြီး နက်နဲသောအလင်းများ ဝင်းလက်နေသော မျက်လုံးများဖြင့် အဝေးသို့ ကြည့်လိုက်သည်။

“ အလင်းတမန်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး အသိဉာဏ်ဌာနမှာ စစ်ဆေးပြီးတဲ့နောက် ယင်ဟွမ်ပြည်နယ်ထဲက သူတို့ရဲ့ လျှို့ဝှက်နေရာလေးခုကို အတည်ပြုပြီးသွားပြီ။ ဒီနေ့ အဲဒီနေရာလေးခုကို ငါတို့ မဟာမိတ်က တိုက်ခိုက်မယ်။ ဂိုဏ်းလေးဂိုဏ်းက တစ်နေရာစီသွားပြီး ငါတို့ မိတ်ဆွေတွေ သေခဲ့ရတာအတွက် အလင်းတမန်အဖွဲ့ဝင်တွေကို လက်စားချေကြမယ် ”

“ မဟာမိတ်က တားမြစ်ဓမ္မရတနာတွေအားလုံးကို ပြင်ဆင်ထားပြီးပြီဖြစ်လို့ အချိန်မရွေး အသက်သွင်းနိုင်တယ်။ မဟာမိတ်တစ်ခုလုံး နောက်မှ အဆင်သင့်ရှိနေတယ် ”

“ ပြီးတော့ ဒီစစ်ဆင်ရေးကို ဓားကိုင်ရုံးခွဲကို တင်ပြထားတယ်။ ဓားကိုင်ရုံးခွဲက ဒီကိစ္စကို အထူးအလေးထားပြီး ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေလိမ့်မယ်။ ညဉ့်ငှက်ရဲ့သခင် နောက်ထပ် ပေါ်လာရင် သူ သေချာပေါက် လွတ်မှာ မဟုတ်ဘူး ”

“ ပြီးတော့ ဓားကိုင်ရုံးခွဲမှာ အဲဒီသေတ္တာထဲက အလင်းကို ခုခံနိုင်တဲ့နည်းလမ်း ရှိတယ် ”

“ ကဲ … ထွက်ကြတော့ ”

မဟာမိတ်ခေါင်းဆောင်၏ စကားများအပြီးတွင် ဂိုဏ်းကြီးလေးဂိုဏ်းက တဟုန်ထိုး ပျံတက်သွားသည်ဖြစ်၍ တဂျိမ်းဂျိမ်း မြည်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။ လေထဲတွင် တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်များ ပေါ်လာပြီး တည်နေရာလေးခုသို့ သူတို့ ရွှေ့ပြောင်းသွားသည်။

ချီရွှဲ့ထုံဂိုဏ်း ရွေးချယ်လိုက်သည့်နေရာသည့် နေရာသည် သူတော်စင်ကြယ်၏ ခြေရာလက်ရာများကို ရှာတွေ့ခဲ့သော နေရာ ဖြစ်သည်။ ရွှယ်လျန့်ကျစ်သည် ထိပ်သီးအဖွဲ့ဝင်တစ်ယောက်ဆိုသော ရာထူးကို အသုံးချ၍ တိမ်လွှာဓားဂိုဏ်းကို ဖိနှိပ်ကာ ထိုတည်နေရာကို ကိုယ်တိုင်သွားလိုက်သည်။

အလင်းတမန်အဖွဲ့သည် အမှတ်ခြောက်သခင်ကြီး သေဆုံးသည့်ကိစ္စတွင် နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်ပါသော်လည်း သူတော်စင်ကြယ်နှင့် သူ၏အဖေကလည်း ထိုကိစ္စဖြစ်ရန် ကူညီပေးခဲ့သည်။ သို့ဖြစ်၍ ထိုလူနှစ်ယောက်ကို ချီရွှဲ့ထုံဂိုဏ်း သုတ်သင်ရပေမည်။

သူတော်စင်ကြယ်၏ ခြေရာလက်ရာများကို စီအနိမ့်ဂိုဏ်းထဲတွင် တွေ့ရသည်။

မဟာမိတ်နှင့် ထိုက်စီရှန်းမုန်ဂိုဏ်းကြား လျှို့ဝှက်သဘောတူညီမှုကြောင့် ထိုက်စီရှန်းမုန်ဂိုဏ်းသည် ဆည်ကြီး ပျက်စီးသွားသည့်ကိစ္စပြီးနောက် ပြဿနာမရှာဘဲ ထိုကိစ္စကို သွယ်ဝိုက်သောအားဖြင့် သဘောတူခဲ့သည်။

စတေးခံလိုက်ရသော စီအနိမ့်ဂိုဏ်းမှာ ခါးသီးခြင်းများကို မျိုသိပ်၍ ဂိုဏ်းပြန်လည်တည်ထောင်ရန် နေရာသစ်တစ်ခုကို ရွေးချယ်လိုက်ရသည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ စီအနိမ့်ဂိုဏ်းကို ထိုက်စီရှန်းမုန်ဂိုဏ်း၏ ပြင်ပဂိုဏ်းခွဲအဖြစ် ယူဆထားကြသည်။ သို့ဖြစ်၍ စီအနိမ့်ဂိုဏ်းကို နှစ်သိမ့်ရန် ထိုက်စီရှန်းမုန်ဂိုဏ်းက ရာထူးတိုးခွဲတမ်းအပေါ် ကန့်သတ်ချက်များကို ဖြေလျော့ပေးလိုက်သည်။

ရလဒ်အနေဖြင့် ထိုက်စီရှန်းမုန်ဂိုဏ်းသို့ စီအနိမ့်ဂိုဏ်းမှ ပို့ပေးနိုင်သော ဂိုဏ်းသားအရေအတွက် သိသိသာသာ တိုးလာသည်။

ထိုက်စီရှန်းမုန်ဂိုဏ်းသည် ပြင်ပမှ ဂိုဏ်းသားများကို လက်မခံသလောက်ပင်။ ကံအကြောင်းတိုက်ဆိုင်၍ လက်ခံသော ဂိုဏ်းသားတချို့ရှိသည်။ ဥပမာ လီကျစ်မေ့သည် ရေစက်ဆုံ၍ ရွေးချယ်ခံလိုက်ရခြင်း ဖြစ်သည်။

သူတို့ဂိုဏ်းရှိ ဂိုဏ်းသားရင်းမြစ်မှာ အမှန်စင်စစ် သူတို့၏ လက်အောက်ခံဂိုဏ်းများ သို့မဟုတ် သူတို့နှင့် ပတ်သက်ရာဂိုဏ်းများ၏ ရာထူးတိုးခွဲတမ်းများမှ လာပေသည်။ ထိုခွဲတမ်းများကို လက်အောက်ခံဂိုဏ်း၏ အင်အားကိုလိုက်၍ သတ်မှတ်ထားသည်။

ယခင်က စီအနိမ့်ဂိုဏ်းသည် တစ်နှစ်လျှင် လေးနေရာစာသာ ရရှိပါသော်လည်း ယခုတွင် ရှစ်နေရာစာအထိ တိုးသွားသည်။

ယင်းသည် စီအနိမ့်ဂိုဏ်းအတွက် အလွန် အကျိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ယင်ဟွမ်ပြည်နယ်ရှိ ထိုက်စီရှန်းမုန်ဂိုဏ်းကို ဝင်ချင်ကြသော မရေမတွက်နိုင်သည့် သာမန်လူများနှင့် ဂိုဏ်းသားများက ထိုအခွင့်အရေးအတွက် ယှဉ်ပြိုင်ရန် စီအနိမ့်ဂိုဏ်းသို့ ပို၍ ဝင်ချင်လာကြမည် ဖြစ်သောကြောင့် ဖြစ်သည်။

ထိုက်စီရှန်းမုန်ဂိုဏ်းဆိုသည်မှာ လူသားမျိုးနွယ်၏ မဏ္ဍိုင်ဖြစ်သော ဓားကိုင်ရုံးခွဲမှလွဲ၍ ယင်ဟွမ်ပြည်နယ်မှာ အင်အားအကြီးဆုံးဖြစ်သော အဖွဲ့အစည်း ဖြစ်သည် မဟုတ်ပါလား။

မည်သည့်အတွက်ကြောင့်မသိ ဂိုဏ်းကို သစ္စာဖောက်သွားခဲ့သော သူတော်စင်ကြယ်သည် စီအနိမ့်ဂိုဏ်းတွင် လျှို့ဝှက်စွာ စာရင်းပေးသွင်းခဲ့သည်။ သူ၏ရုပ်ကို ပြောင်းလဲခဲ့ပြီး သူ့အဆင့်အတန်းကို ဖုံးကွယ်ကာ သာမန်ဂိုဏ်းသားတစ်ယောက်အဖြစ် ဂိုဏ်းထဲ ဝင်သွားခဲ့သည်။

သူ့တာဝန်က စီအနိမ့်ဂိုဏ်းကို အသုံးချ၍ ထိုက်စီရှန်းမုန်ဂိုဏ်းသို့ ဝင်ရောက်ရန် ဖြစ်နိင်သည်ကို မှန်းဆကြည့်နိုင်သည်။

လျှို့ဝှက်နည်းလမ်းကို သုံး၍ အမှတ်ခုနစ်သခင်ကြီး ရခဲ့သည့် သတင်းနှင့် မဟာမိတ်၏ အသိဉာဏ်ဌာနအရ သူတော်စင်ကြယ်အပြင် စီအနိမ့်ဂိုဏ်းမှာ သူတော်စင်ကြယ်ကဲ့သို့ သာမန်အဖွဲ့ဝင်များစွာ ရှိနေနိုင်သည်ကို တွေ့လိုက်ရသည်။ ထိုအဖွဲ့ဝင်များထဲတွင် အလင်းတမန်အဖွဲ့၏ အဓိကအဖွဲ့ဝင်များ ရှိနေနိုင်ချေမှာ ရှစ်ဆယ်ရာခိုင်နှုန်းမှ ကိုးဆယ်ရာခိုင်နှုန်းအထိပင် ရှိသည်။ ]

ညဉ့်ငှက်နှင့် သူ့သခင် ပေါ်လာမည့်ကိစ္စကိုမူ ချီရွှဲ့ထုံဂိုဏ်း မသေချာပေ။

သို့သော်လည်း ထိုစစ်ဆင်ရေး သူတို့ကို မျှားခေါ်ရန် ဖြစ်သည်။ ထိုတိုက်ပွဲသည် ဂိုဏ်းကြီးလေးဂိုဏ်းက တစ်နေရာစီခွဲကာ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ထင်ရပါသော်လည်း အမှန်စင်စစ် မဟာမိတ်နှင့် ဓားကိုင်ရုံးခွဲတို့ ပူးပေါင်းတိုက်ခိုက်ကြခြင်း ဖြစ်သည်။

သို့သော်လည်း မဟာမိတ်က ပေါ်တင်လှုပ်ရှားနေပြီး ဓားကိုင်ရုံးခွဲက နောက်ကွယ်မှ စောင့်ကြည့်နေသည်။

ထိုအကြောင်းအရာများကို ရွှီချင်းလည်း သိထားသည်။

သူသည် လူသတ်ချင်စိတ်များဖြင့် စောင့်နေစဉ် နဂါးနက်ကြီးနှင့် ဆဋ္ဌမမြောက်တောင်ကြီးတို့က ဧရာမတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကြီးထဲ တရှိန်ထိုး ဝင်သွားသည်။

နဂါးနက်ကြီးက ကောင်းကင်ကြီး ကွဲအက်သွားလောက်အောင် အော်ဟစ်လိုက်စဉ်မှာပင် ယင်ဟွမ်ပြည်နယ်ရှိ လကြွေလွင်ပြင်အထက်တွင် ပေါ်လာသည်။

လကြွေလွင်ပြင်သည် ယင်ဟွမ်ပြည်နယ်၏ အရှေ့မြောက်အရပ်တွင် တည်ရှိသည်။ ထိုက်စီရှန်းမုန်ဂိုဏ်းနှင့် မြောက်စူးစူးရှိ ရေခဲလွင်ပြင်အကြားတွင် ထိုနယ်မြေ ရှိသည်။အေးစက်သော ရာသီဥတု ဖြစ်ပါသော်လည်း ဤနေရာရှိ ဝိညာဉ်စွမ်းအားများက မဆိုးလှပေ။ ယင်းသည် အရွယ်အစားအသီးသီးရှိသော ဂိုဏ်းထောင်ချီ၏ နေအိမ်ဖြစ်သည်။

လကြွေလွင်ပြင်၏ အစွန်အဖျားတွင် လကြွေလျှိုမြောင်ဟုခေါ်သော လျှိုမြောင်ကြီးတစ်ခု ရှိသည်။

ယင်းသည် စီအနိမ့်ဂိုဏ်း၏ ပြန်လည်တည်ထောင်ထားသော နယ်နိမိတ်ဖြစ်သည်။

စီအနိမ့်ဂိုဏ်းသည် အလယ်အလတ်အဆင့် အင်အားစုတစ်စု ဖြစ်ပါသော်လည်း တိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများစွာ ကြုံခဲ့ရသည်။ ယခု ဂိုဏ်းသားတစ်သောင်းအောက်သာ ရှိတော့သည်။

မနက်ခင်း နေရောင်ခြည်တန်းများက စူးရှတောက်ပစွာ ဖြာကျနေပြီး ဂိုဏ်းထဲရှိ ဂိုဏ်းသားအများစုက ကျင့်ကြံရင်း အလုပ်ရှုပ်နေသည်။ သို့ဖြစ်၍ ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်လာသော တိမ်မည်းများနှင့် နဂါးနက်ကြီး၏ ဟိန်းသံများကြောင့် စီအနိမ့်ဂိုဏ်းထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

သို့သော်လည်း စီအနိမ့်ဂိုဏ်း မလှုပ်ရှားနိုင်ခင် နဂါးနက်ကြီးက အနီးသို့ ချဉ်းကပ်သွားသည်။ မြေပြင်သို့ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ဆဋ္ဌမမြောက်တောင်ကြီးက ကြောက်ခမန်းလိလိအစွမ်းများဖြင့် ဝေဟင်တွင် ပေါ်လာသည်။

တချိန်တည်းမှာပင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်ထဲတွင် ဘိုးဘေးရုပ်အလောင်းရုပ်ထု ဆယ့်လေးခုအထက်ရှိ ရှေးဟောင်းကြေးမုံပြင်ကြီး ရုတ်တရက် လည်ပတ်လာသည်။ ကြေးမုံပြင်ကြီးသည် ယင်ဟွမ်ပြည်နယ်ရှိ လကြွေ လျှိုမြောက်ကို ချိန်ရွယ်ထားသည်။

ဘိုးဘေးရုပ်ထုများ တဂျိမ်းဂျိမ်းမြည်ဟည်းလာပြီး ပြင်းထန်သော အားလှိုင်းကြီး ထွက်ပေါ်လာစဉ် သွေးမျက်လုံးကြီးခုနစ်လုံး တစ်ပြိုင်နက်တည်း ပွင့်လာသည်။

ထိုမျက်လုံးကြီးများက လကြွေလျှိုမြောင်ကို စူးစိုက်ကြည့်လိုက်သည်။

တခဏလေးအတွင်း လကြွေလျှိုမြောင်အထက်ရှိ ကောင်းကင်ယံတွင် သွေးရောင်ဝင်းလက်သွားသည်။

စီအနိမ့်ဂိုဏ်း၏ ထိပ်သီးကျင့်ကြံသူများအပါအဝင် စီအနိမ့်ဂိုဏ်းတစ်ဂိုဏ်းလုံး အလန့်တကြား ဖြစ်သွားစဉ် ဂိုဏ်းထဲရှိ အနိမ့်ဆုံးဂိုဏ်းသားတစ်ထောင်ခန့်ဆီမှ မည်းနက်သောအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

ထိုအရှိန်အဝါသည် သွေးရောင်အောက်တွင် အလွန် ထင်ရှားနေသည်။

သွေးရောင် ဖြာကျသွားသည်နှင့် သူတို့၏ ရုပ်ဖျက်ထားခြင်းများအားလုံး ပျောက်ပျယ်သွားပြီး မျက်နှာများ ပျက်သွားကာ မူလရုပ်ရည်အစစ်အမှန် ပေါ်လာတော့သည်။

သူတို့ထဲမှ အနည်းစုက စီအနိမ့်ဂိုဏ်း၏ သာမန်ဂိုဏ်းသားများ ဖြစ်ကြသည်။ သို့သော် သူတို့ထဲတွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ရှိသည်။ ပို၍ပင် တုန်လှုပ်စရာကောင်းသည်မှာ ဂိုဏ်း၏ ယွမ်ယင်အဆင့် မဟာအကြီးအကဲများပင်။ သူတို့၏ရုပ်ရည်များက သူစိမ်းများအဖြစ် ရုတ်ခြည်း ပြောင်းလဲသွားသည်။။

စီအနိမ့်ဂိုဏ်းထဲရှိ လူအားလုံး မျက်နှာအမူအရာအမျိုးမျိုး ဖြစ်နေကြသည်။

ဂိုဏ်းချုပ်၏မျက်နှာ မည်းမှောင်သွားသည်။

ထိုအဖြစ်အပျက်ကြောင့် တခြားလူများ အံ့အားသင့်သွားကြပါသော်လည်း သူကတော့ မဟုတ်ပေ။

ထိုက်စီရှန်းမုန်ဂိုဏ်းနှင့် ရင်းနှီးသော ဆက်ဆံရေးကြောင့် အနိမ့်ဆုံးအနေဖြင့် သူက ထိုက်စီရှန်းမုန်ဂိုဏ်းကို သစ္စာဖောက်မည် မဟုတ်ပေ။ သို့ဖြစ်၍ စီအနိမ့်ဂိုဏ်းထဲသို့ အလင်းတမန်အဖွဲ့ဝင်အများအပြား စိမ့်ဝင်နေကြောင်း ထိုက်စီရှန်းမုန်ဂိုဏ်းထံမှ အသိပေးချက်ကို သူ လက်ခံရရှိခဲ့သည်။

ထိုအဖြစ်အပျက်အားလုံးကို ကြည့်၍ စီအနိမ့်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာ အရုပ်ဆိုးသွားပြီး ချက်ချင်းပင် အမိန့်ထုတ်ပြန်လိုက်သည်။

“ အနက်ရောင်အရှိန်အဝါထုတ်လွှတ်နေတဲ့ ကျင့်ကြံသူတွေကို သတ်ပစ်လိုက်ကြ။ အဲဒီလူတွေက အလင်းတမန်အဖွဲ့ဝင်တွေပဲ ”

“ မင်း ဘာမှလုပ်ဖို့ မလိုပါဘူး ”

ဂိုဏ်းချုပ်၏စကားဆုံးသည်နှင့် ရွှယ်လျန့်ကျစ်၏ ခက်ထန်တင်းမာသောအသံကြီး ဟိန်းထွက်လာသည်။ သူသည် လက်ကိုဝှေ့ယမ်းလိုက်ရာ ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာစွမ်းအားများ ပေါ်ပေါက်လာပြီး နေရာတစ်ခုလုံးကို ပိတ်လှောင်လိုက်သည်။

ထို့နောက် အမှတ်ခုနစ်သခင်ကြီး အမိန့်ပေးလိုက်သည်။ နဂါးနက်ကြီးက ဟိန်းဟောက်လိုက်ပြီး ချီရွှဲ့ထုံဂိုဏ်းသားများသည် အလင်းတန်းများအသွင် ပြောင်းလဲ၍ စီအနိမ့်ဂိုဏ်းဆီသို့ ပြေးဝင်သွားသည်။

သူတို့သည် သာမန်စီအနိမ့်ဂိုဏ်းသားများကို လျစ်လျူရှုလိုက်ပြီး အနက်ရောင်အရှိန်အဝါများ ထုတ်လွှတ်နေသည့် ကျင့်ကြံသူများကိုသာ သတ်ဖြတ်လိုက်သည်။

ရွှီချင်းသည် စီအနိမ့်ဂိုဏ်း၏ သာမန်ဂိုဏ်းသားတစ်ယောက်ကို စူးစိုက်ကြည့်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာအလင်းရောင်အောက်တွင် သာမန်ဂိုဏ်းသား၏ ရုပ်ရည် ပြောင်းလဲသွားပြီး မူလရုပ်ရည် ပြန်ဖြစ်သွားသည်။

သူသည် ချောမောသောမျက်နှာရှိပြီး သူ့ထံမှ ရွှေအမြုတေအဆင့်အငွေ့အသက်များ ထွက်ပေါ်နေသည်။

သူက သူတော်စင်ကြယ်ပင်။

သူတော်စင်ကြယ်မှာ သိသိသာသာ မျက်နှာပျက်သွားသည်။ ချီရွှဲ့ထုံဂိုဏ်းက သူ့ကို ထိုမျှ မြန်ဆန်စွာ ရှာတွေ့သွားသည့်အတွက် အလွန် ထိတ်လန့်သွားသည်။

သို့သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံသည် ယခင်က ရွှီချင်း မြင်ခဲ့ဖူးသည်နှင့် အလွန် ကွာခြားသွားပြီ ဖြစ်သည်။

သူတော်စင်ကြယ်၏ ကိုယ်မှ ရွှေအမြုတေအဆင့်အငွေ့အသက်များ တဟုန်းဟုန်း ထွက်ပေါ်နေသည်။ သူ၏ညာဘက်မျက်လုံးရှိ မူလရွှေကျီးကန်းကို ချုပ်နှောင်လိုက်ဟန်တူသည်။ ထိုရွှေကျီးကန်း မှိတ်ဖျော့သွားသည်နှင့် ၎င်း၏အစွမ်းသည်လည်း ပြောင်းပြန်ဖြစ်သွားသည်။ မူလက သူ့စိတ်ကို စေစားရန် သူ၏သက်စောင့်အားများကို စုပ်ယူနေရာမှ သူ၏ကိုယ်ပိုင်ရွှေကျီးကန်းမျက်လုံးအဖြစ် ပြောင်းလဲသွားသည်။

သူတော်စင်ကြယ်ကို ရွှီချင်း မြင်လိုက်သည့်အခိုက် သူ့မျက်လုံးများထဲတွင် တခြားတစ်ယောက် မရှိတော့ပေ။

အမှတ်ခုနစ်သခင်ကြီး၏ အမိန့်ပေးသံနှင့်အတူ ရွှီချင်းသည် လူသတ်ငွေ့များ ဆူဝေနေသောအကြည့်ဖြင့် သူတော်စင်ကြယ်ထံသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။

ယခုတစ်ကြိမ်တွင် သူတော်စင်ကြယ်ကို သူ သေချာပေါက် လက်စတုံးရပေမည်။

All Chapters