← Chapters

ရဲ့နတ်ဘုရား ကျေးဇူးပြုပြီး ငါ့ကို ဒူးထောက်ပြီး ကြည့်ခွင့်ပေးပါ

Vol. 29 Ch. 434

ရဲ့နတ်ဘုရား ကျေးဇူးပြုပြီး ငါ့ကို ဒူးထောက်ပြီး ကြည့်ခွင့်ပေးပါ

Vol. 29 Ch. 434

ရဲ့လင်းချန် လေထဲ လွင့်ထွက်သွားသည်ကို မြင်သောအခါ လူတိုင်း ရင်တုန်သွားကြသည်။ သူတို့သည် အခြေအနေ တစ်ခုလုံးကို သူတို့အမြင်နှင့် မြင်ရခြင်း မဟုတ်ဘဲ ရဲ့လင်းချန် မြင်သကဲ့သို့ ကြည့်နေရခြင်း ဖြစ်သည်။ ရဲ့လင်းချန် လွင့်သွားပြီးနောက် သူတို့သည် ရေစက်များကိုသာ မြင်လိုက်ရပြီး ကင်မရာသည်လည်း ရေအောက် ရောက်သွားသည်။

သူတို့၏ ရဲ့နတ်ဘုရားသည် ဧရာမ စပါးအုံးမြွေကြီး၏ ရိုက်ထုတ်ခြင်း ခံလိုက်ရမှန်း သိသာပေသည်။

ရဲ့လင်းချန်သည် တကယ် အဖြစ်ဆိုးပုံ ပေါက်နေသည်။ သို့သော် သူ ဒဏ်ရာ ကြီးကြီးမားမား မရလိုက်ပါ။ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းက သူ့တစ်ကိုယ်လုံးမှ ကြွက်သားများကို တင်းမာစေသသဖြင့် သူသည် ယင်းရလဒ်ကြောင့် တချို့သော သက်ရောက်မှုကိုသာ ခံစားလိုက်ရသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများက အချို့သော ထိခိုက်မှု ရှိလျင်တောင်မှ သူ၏ ချီသန့်စင်မှု၏ အကျိုးကျေးဇူးများကို အသုံးချနိုင်ပါသည်။

ချီသန့်စင်မှုသည် ကျန်းမာရေး ထိန်းသိမ်းမှု၏ ဆန်းပြားရှုပ်ထွေးသော ပုံစံတစ်ခု ဖြစ်ပြီး ယင်းက လူတစ်ယောက်၏ ကိုယ်တွင်းအင်္ဂါများကို အားဖြစ်စေသည်။ ယင်းက ရဲ့လင်းချန်အား သူ့နှလုံးမှ မသက်မသာ ဖြစ်မှုကို လျင်မြန်စွာ ချုပ်ထိန်းပေးနိုင်စွမ်း ရှိသည်။

ထို့အပြင် ရဲ့လင်းချန်သည် ရေဝိညာဉ် ခန္ဓာကိုယ်ကို အသုံးပြုထားသဖြင့် ရေထဲ၌ ကူးလိုက်သည်နှင့် ငါးတစ်ကောင်လို ဖြစ်သွားသည်။ သူ့တစ်ကိုယ်လုံး အလွန် သက်တောင့်သက်သာ ဖြစ်လာ၏။

ရေထဲမှ လှိုင်းများကို ခံစားမိသောအခါ ရဲ့လင်းချန်သည် သူ့စိတ်ကို ချက်ချင်း စုစည်း၍ ကြည့်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှ လူတိုင်းသည် မြင်ကွင်း ငြိမ်သွားသည်အထိ စောင့်နေကြရသည်။ သူတို့ စိတ်ပါလက်ပါ စောင့်ပြီးနောက် လိပ်ပြာလွင့်မတတ် ကြောက်လာပြီး တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်လာသည်။

[လခွမ်း မြွေက ဒီရောက်နေပြီဟ]

[သွားပြီ ရဲ့နတ်ဘုရား တစ်လုပ်တည်းနဲ့ မျိုချခံရလောက်တယ်]

[ငါ ရဲ့နတ်ဘုရားကို သူ့သေတွင်းထဲ မသွားနဲ့လို့ ပြောခဲ့တယ်၊ သူက မကြာခင် အဲ့လိုအခြေအနေမျိုးထဲ သူ့ကိုယ်သူ တွန်းပို့တော့မှာပဲ]

[ကြောက်ဖို့ကောင်းလိုက်တာ၊ မြွေရဲ့ ပါးစပ်က ဆင်တစ်ကောင်ကိုတောင် မျိုချနိုင်လောက်တယ်]

[ငါ ထပ်ပြီး မကြည့်ရဲတော့ဘူး၊ ဒီမြွေကြီးက ရဲ့နတ်ဘုရား အသတ်မခံရမချင်း ရပ်မှာ မဟုတ်ဘူး]

…

ပရိသတ်များသည် ဖန်သားပြင်မှတဆင့် ကြည့်နေခြင်း ဖြစ်သော်လည်း ဧရာမ စပါးအုံးမြွေကြီး၏ ပါးစပ်မှ ထွက်လာသော ညှီနံ့ကို ရနိုင်သလို ခံစားနေကြရသည်။ ယင်းက ရေခဲတမျှ အေးစက်လာပြီး လူတိုင်း၏ ခန္ဓာကိုယ်အား ကြောက်လန့်ကာ တောင့်တင်းသွားစေသည်။

ဧရာမ စပါးအုံးမြွေကြီးသည် ကုန်းပေါ်မှာတင် အလွန် သန်မာနေပြီ ဖြစ်ပြီး ရေထဲ၌ ပို၍ အားကောင်းရန်သာ ရှိသည်။ ယင်းသည် ဧရာမ စပါးအုံးမြွေကြီး၏ ပိုင်နက်ဖြစ်ပြီး ၎င်း၏ လျင်မြန်မှုက ရေငုပ်သင်္ဘောနှင့် ယှဉ်နိုင်ပေသည်။

“မဖြစ်ရဘူး”

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့ နှစ်ယောက်လုံးက သွေးပျက်နေသော အသံများဖြင့် အော်ဟစ်လာသည်။

ထိုအခိုက်တွင် ကင်မရာထဲမှ ပုံရိပ်က လျင်မြန်စွာ ဝေးကွာသွားသည်။ ဧရာမ စပါးအုံးမြွေကြီးသည် ရဲ့လင်းချန်ကို အမီမလိုက်နိုင်သည့်အပြင် နောက်၌ ပိုပို၍ ကျန်ရစ်နေသည်။

တိုက်ရိုက် ထုတ်လွှင့်မှုက ရဲ့လင်းချန်၏ အသွင်အပြင်ကိုသာ ဖမ်းယူနိုင်ပါက ရဲ့လင်းချန် ပြုံးနေပြီး သူ့မျက်လုံးတွင်း၌ သွေးပျက်ဟန် မရှိသည်ကို မြင်ရပေလိမ့်မည်။

ဧရာမ စပါးအုံးမြွေကြီးသည် ရန်စခံလိုက်ရသည်ဟု ခံစားသွားပုံရကာ ရေထဲ၌ ဟစ်ကြွေး၍ ၎င်း၏ ခန္ဓာကိုယ်ကို ထပ်မံ၍ အရှိန်တင်ပြန်သည်။

၎င်းက ရဲ့လင်းချန်ကို မီ၍ ကိုက်မိလုမတတ် ဖြစ်လာသည်။ ရဲ့လင်းချန်၏ ခန္ဓာကိုယ်က အလွန်အမင်း ပေါ့ပါး ဖျတ်လတ်လှသည်။ သိသာသော လှုပ်ရှားမှု ရှိပုံမပေါ်သော်လည်း သူ့ခန္ဓာကိုယ်က ရေထဲတွင် ဖျတ်ခနဲ ကူးခပ်ကာ တစ်ဖက်သို့ နေရာရွှေ့လိုက်သဖြင့် မြွေသည် ရေမှလွဲ၍ ဘာကိုမှ မဝါးမိပေ။

ဧရာမ စပါးအုံးမြွေကြီး၏ ဦးခေါင်းက ရဲ့လင်းချန်ဘေးမှ တဲတဲလေး ဖြတ်သွားသောအခါ စပါးအုံးကို အနီးကပ် သေချာ မြင်လိုက်ရသည်။

၎င်းတွင် အညိုရင့်ရင့် အရေခွံနှင့် အေးစက်သော မျက်လုံးများ ရှိသလို ပါးစပ်တွင်း၌ ချွန်ထက်သော သွားများ ရှိသဖြင့် လူတိုင်းအား မယုံနိုင်လောက်အောင် ကြောက်ရွံ့သွားစေသည်။ မြွေများသည် လူတိုင်း၏ ရင်ထဲ၌ ထူးခြားသော ကြောက်စိတ်တစ်မျိုး ဖြစ်စေသည်။ အထူးသဖြင့် မိန်းကလေးများအတွက်ပင်။ ဤမျှအရွယ်အစား ရှိသော ဧရာမ စပါးအုံးမြွေကြီးတစ်ကောင်က တော်တော်များများ၏ ရင်ထဲ၌ အရိပ်မည်းတစ်ခုအဖြစ် ထင်ကျန် နေမှာ အသေအချာပင်။

မသည် အထူး ပြုလုပ်ချက်များနှင့် သိသိသာသာ ကွာခြားသည်။ ၎င်း၏ ကြမ်းကြုတ်သော သားရဲအကျင့်စရိုက်က ဖန်သားပြင် ခြားနေလျင်တောင်မှ မည်သူ့ကိုမဆို ကြောက်လန့်သွားစေလောက်သည်။

“ဂါး”

ဧရာမ စပါးအုံးမြွေကြီး၏ ဦးခေါင်းက အလိုက်သင့် လှည့်လာပြီး ပါးစပ်ကို ကျယ်ကျယ်ဟထားသည်။ ထို့နောက် ၎င်းက ရဲ့လင်းချန် ရှိရာဘက်သို့ ဆက်တိုက် တိုက်ခိုက်လာသည်။ ဤမျှ နီးကပ်လှသော အကွာအဝေးကြောင့် တိုက်ရိုက် ထုတ်လွှင့်မှုမှ ပရိသတ်များသည် ၎င်း၏ ပါးစပ်ထဲမှ နီရဲသော ချွဲမြှေးကို မြင်နေရပြီး မသိလျင် ရဲ့လင်းချန်က ဧရာမ စပါးအုံးမြွေကြီး၏ ပါးစပ်ထဲ ရောက်သွားပြီးသလိုပင်။

ရဲ့လင်းချန်၏ မျက်လုံးများက စူးလက်သွားပြီး ဧရာမ စပါးအုံးမြွေကြီးနှင့်အပြိုင် ခန္ဓာကိုယ်အား ပျော့ပျောင်းစွာ လှုပ်ရှားလေသည်။

ရေထဲ၌ လှိုင်းလုံးများ ဖြစ်အောင် ပြုလုပ်ပြီးနောက် သူသည် စပါးအုံးမြွေနှင့် ပြန်၍ ခပ်ဝေးဝေး နေနိုင်သွားသည်။ ထို့အပြင် သူသည် စပါးအုံးမြွေ၏ အပေါ်သို့ ရောက်အောင် ခန္ဓာကိုယ်ကို ကူးခပ်ကာ အောက်သို့ ပြန်ထိုးဆင်း၍ စပါးအုံးမြွေ၏ ခေါင်းပေါ်၌ ရပ်နေလိုက်သည်။

ရေအောက်၌ သူ စကားမပြောနိုင်သည်က နှမြောစရာပင်။ သို့မဟုတ်ပါက သူသည် ကင်မရာကို သူ့ဘက်လှည့်၍ ဟိတ်ဟန်ထုတ်၍ ပြောမိလောက်သည်။

သို့ပေမည့်လည်း တိုက်ရိုက် ထုတ်လွှင့်မှု၌ ဆူညံနေ၏။

[၆၆၆၆၆…]

[မတရား မိုက်တယ်ဟေ့၊ မိုက်တယ်ဆိုတာထက် အခြားဘယ်စကားလုံးနဲ့မှ ရဲ့နတ်ဘုရားကို ငါ မဖော်ပြ တတ်တော့ဘူး]

[ရဲ့နတ်ဘုရား ကျေးဇူးပြုပြီး ငါ့ကို ဒူးထောက်ပြီး ကြည့်ခွင့်ပြုပါ]

[ချောလိုက်တာ၊ သိပ်ချောတာပဲ၊ ငါ မခံနိုင်တော့ဘူး၊ ရဲ့နတ်ဘုရားရဲ့ ချောမောမှုက ငါ့ကို ငိုအောင် လုပ်နေပြီ]

[အမေရေ … ရဲ့နတ်ဘုရားက တအား အံ့ဩဖို့ကောင်းတယ်၊ သူက စပါးအုံးမြွေရဲ့ ရေအောက်ထဲမှာ လိုက်ဖမ်းတာကို ရှောင်နိုင်တဲ့အပြင် အဲ့ကောင်ရဲ့ ခေါင်းပေါ်မှာပါ ရပ်နိုင်တယ်၊ သူက လူထူးလူဆန်းပဲ]

[နဂါး သူရဲကောင်း … မဟုတ်ဘူး၊ သူက မြွေသူရဲကောင်းပဲ၊ ရဲ့နတ်ဘုရားက မိုက်တယ်ဟေ့ (အက်ကွဲတော့မည့် အသံနှင့်)]

…

“လခွမ်း ရဲ့နတ်ဘုရားက သောက်ရမ်း မိုက်တယ်ဟ”

ဝေ့တရွှင်း ပါးစပ် အဟောင်းသား ဖြစ်နေပြီး ပြန်မပိတ်နိုင်ချေ။ ထိတ်လန့်ခြင်း ဟူသည့် စကားလုံးက သူ့မျက်နှာ၌ ရေးထိုးထားသလို ဖြစ်နေ၏။

“သေရောကွာ၊ သူ ရေထဲ ဆင်းရဲတာ အံ့ဩစရာ မရှိတော့ဘူးပဲ၊ သူ့ခွန်အားက အရမ်း လန့်ဖို့ကောင်းတာကိုး”

ဟွမ်‌လေ့၏ မျက်လုံးများက ပြူးကျယ်လာပြီး မျက်နှာတွင် မှင်တက်ဟန်‌ ပေါ်နေသည်။

“ရဲ့နတ်ဘုရားက တကယ်ကို ရဲ့နတ်ဘုရားလို့ အခေါ်ခံရဖို့ ထိုက်တန်တာပဲ၊ ငါတို့နိုင်ငံရဲ့ အားကစားသမားတွေက ဒီလောက် တော်လား၊ ဒါက အားကစား အတိုင်းအတာထက် ကျော်နေတယ်လို့ ငါ ဘာလို့ ခံစားမိတာပါလိမ့်”

ဟယ်ကျားက ခြောက်ကပ်နေသော သူ့နှုတ်ခမ်းကို သပ်၍ ရေရွတ်လေသည်။

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် စပါးအုံးမြွေ၏ ဦးခေါင်းထက်၌ ရပ်နေသော ပုံရိပ်ကို ကြည့်ပြီး အနည်းငယ် နားဝေတိမ်တောင် ဖြစ်နေသည်။

“ဝှစ် ဝှစ် ဝှစ်”

စပါးအုံးမြွေ၏ ခန္ဓာကိုယ်က ရေထဲ၌ ဆက်တိုက် ယမ်းနေသည်။ မြေအောက်ရေကန်၌ လှိုင်းလုံးများက အရပ်မျက်နှာအနှံ့ လွင့်စင် တိုက်ခတ်နေ၏။ စပါးအုံးမြွေသည် အချိန်နှင့်အမျှ ရေထဲမှ ထိုးထွက်၍ လေထဲ၌ ယမ်း၍ ရဲ့လင်းချန်အား အောက်သို့ ကျအောင် ခါထုတ်ရန် ကြိုးစားနေလေသည်။

ရေသည် စပါးအုံးမြွေ၏ ပိုင်နက် ဖြစ်ပြီး ဤသို့သော အခြေအနေ၌ ဘယ်သူမှ မြဲမြဲ မတောင့်ထားနိုင်ပါ။ သို့သော်ငြားလည်း ရဲ့လင်းချန်က သူ့ခေါင်း၌ ကော်သဖွယ် ကပ်နေပြီး သူ၏ ရေထဲ၌ ခံနိုင်ရည်က စပါးအုံးမြွေထက် သာလေသည်။

အချိန်ကျလုနီးပါး ဖြစ်လာသည်။

ရဲ့လင်းချန်သည် စနစ်၏ မျက်နှာပြင်သို့ တစ်ချက်ကြည့်လိုက်သောအခါ ရေပန်းစားမှုအမှတ်က တစ်သန်း ကျော်ရုံမကဘဲ ၁.၂ သန်းကျော်သို့ ရောက်ရှိနေ၏။

သူ၏ ရေပန်းစားမှုအမှတ်က အချိန်တိုအတွင်း ငါးသိန်းကျော် တိုးလာခဲ့သည်။

သို့သော် နောက်ဆက်တွဲ အဖြစ်အပျက်ကို အကုန် မပြသင့်လောက်ပါ။

“ဂါး”

ဧရာမ စပါးအုံးမြွေကြီးက ထပ်အော်၍ ၎င်း၏ ခန္ဓာကိုယ်အား ရေထဲ၌ စပရိန်လို အရူးအမူး လှည့်နေသည်။ ဘေးပတ်လည်မှ ရေများက အပြင်းအထန် လှုပ်ခါလာ၏။

ရဲ့လင်းချန်၏ ခန္ဓာကိုယ်က မတည်ငြိမ်ပုံ ပေါ်လာသည်။ ၎င်းသည် အသည်းအသန် လှုပ်ခါနေပြီး တိုက်ရိုက် ထုတ်လွှင့်မှု၏ မျက်နှာပြင်က ဆက်တိုက် ဆိုးဆိုးရွားရွား ပြောင်းလဲနေသည်။ တစ်ခဏအကြာတွင် ဖုန်းသည် အဝေးသို့ လွှင့်သွားပုံ ရသည်။ တိုက်ရိုက် ထုတ်လွှင့်မှု၏ ဖန်သားပြင်က မည်းမှောင်သွားပြီး ကွယ်သွားလေသည်။

[ယီးပဲ ယီးပဲ ယီးပဲ၊ အရေးအကြီးဆုံး အခြေအနေမှာမှ ဘာလို့ ပြတ်သွားတာလဲ]

[ဘာတွေဖြစ်သွားတာလဲ၊ ဖုန်းက ဘာဖြစ်သွားတာလဲ၊ ရဲ့နတ်ဘုရား ဘယ်မှာလဲ၊ ဖန်သားပြင် ဘယ်မှာလဲ]

[သေစမ်း၊ ဒီဧရာမ စပါးအုံးမြွေက အရမ်း သန်မာတာပဲ၊ ရေထဲမှာ မုန်တိုင်းထန်သလို လှိုင်းထအောင် လုပ်နိုင်တယ်၊ ကြောက်ဖို့ ကောင်းလိုက်တာ]

[စပါးအုံးမြွေရဲ့ နောက်ဆုံး တန်ပြန်တိုက်စစ်လေ၊ ရလဒ်က ဘယ်မှာလဲ]

[ဘုရားသခင် စောင့်ရှောက်ပေးပါ၊ ရဲ့နတ်ဘုရား ဘာမှမဖြစ်ပါစေနဲ့]

…

တိုက်ရိုက် ထုတ်လွှင့်မှု ကွယ်သွားပြီးနောက် မရေတွက်နိုင်သောလူများ၏ ရင်ထဲတွင် စိုးထိတ်လာ၏။

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားသည်။ သူ၏ ခန္ဓာကိုယ်က စပါးအုံးမြွေ၏ ခေါင်းကို နင်းထားဆဲ ဖြစ်သည်။ သူသည် လက်ကိုမြှောက်၍ မြွေအား ထိုးနှက်လိုက်သည်။

“ဒုန်း”

ဧရာမ စပါးအုံးမြွေကြီး၏ တစ်ကိုယ်လုံး တုန်ခါသွားသည်။ ပြင်းထန်သော ထိုးနှက်မှုကို ရရှိပြီးနောက် ၎င်း၏ ခန္ဓာကိုယ်က ရေထဲသို့ မီတာများစွာ ကျဆင်းသွားသည်။

ဦးခေါင်းသည် မည်သည့်သက်ရှိမဆို၏ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်သဖြင့် ဦးခေါင်း၌ ပြင်းထန်သော တိုက်ခိုက်မှု ရလိုက်သဖြင့် မခံနိုင်မှာ သေချာသည်။

ဧရာမ စပါးအုံးမြွေကြီး၏ အော်သံက တိုက်ခိုက်မှုကြောင့် သိသိသာသာ အားနည်းလာသည်။ ၎င်း၏ မျက်လုံးတွင် ကြမ်းကြုတ်မှုအစား ကြောက်စိတ်က တဖြည်းဖြည်း အစားထိုးလာသည်။ အားနည်းပုံ ပေါ်သော ခန္ဓာကိုယ်၌ ဤမျှ ကြောက်စရာကောင်းသော ခွန်အား ရှိနေသည်က မယုံနိုင်စရာ ကောင်းလှသည်။

ရဲ့လင်းချန်က မပြီးသေးပါ။ သူသည် ညာဘက်ကို လက်သီးဆုပ်၍ ထပ်မံ၍ ထိုးနှက်လိုက်သည်။

…

All Chapters