← Chapters

ခရီးရှည်

Vol. 28 Ch. 430

ခရီးရှည်

Vol. 28 Ch. 430

တခြားဂိုဏ်းသုံးဂိုဏ်းသည်လည်း တူညီသော တိုက်ပွဲတစ်ရပ် ဆင်နွှဲနေကြသည်။ သို့သော်လည်း သူတို့သည် ချီရွှဲ့ထုံဂိုဏ်းကဲ့သို့ အစီအမံများ မရှိသည်ဖြစ်၍ ချိန်သားကိုက် မဆောင်ရွက်နိုင်ကြပေ။ သို့သော်လည်း နောက်ကွယ်မှ ဓားကိုင်ရုံးခွဲကြောင့် ထိုပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သည်။

အလောင်းကိုမူ သူတို့ မချုပ်နှောင်နိုင်ခဲ့ကြပေ။

ထိုတည်နေရာသုံးခုတွင် အလောင်း၏ နတ်စွမ်းအားများသည် မြင့်မားသောအဆင့်အထိ ထိုးတက်သွားပြီး အသေခံ ဖောက်ခွဲလိုက်သည့်အလား ပြိုကွဲကာ ပြာများ ဖြစ်သွားသည်။

စစ်ဆင်ရေးပြီးဆုံးသွားသည့် တချိန်တည်းမှာပင် ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော မျက်နှာဖုံးနှင့် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည် တခြားပြည်နယ်ရှိ ဖုန်းဟိုင်မြို့ကြီး၏ မြို့တော်သို့ သွားနေသည်။

မျက်နှာဖုံးအောက်ရှိ မျက်လုံးများထဲတွင် ခံစားချက်အရိပ်အငွေ့များ ရှိမနေပေ။ ထိုမျက်လုံးများသည် ကန်ရေပြင်အလား ငြိမ်သက်နေပြီး သူ့နောက်ရှိ ယင်ဟွမ်ပြည်နယ်ကို လွမ်းဆွတ်တမ်းတနေဟန် မရှိပေ။ နန်းဟွမ်ကျွန်းကြီးမှ ထွက်ခွာလာပြီး ယင်ဟွမ်ပြည်နယ်သို့ ရောက်လာသည့်အချိန်ကအတိုင်းပင်။

သူ့နောက်တွင် ညဉ့်ငှက်ရှိသည်။

“ သခင်လေး၊ နတ်ဘုရားမျိုးစိတ်ငါးခုမှာ လေးခုကို မတော်တဆ ရှာတွေ့သွားတယ်။ တစ်ခုကတော့ ဖုံးကွယ်နေတုံးပဲ ”

“ အံ့သြစရာမရှိပါဘူး ”

ရှေ့မှ ဝတ်ရုံနက်လူငယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ ရှာတွေ့သွားတဲ့ နတ်ဘုရားမျိုးစိတ်လေးခုရဲ့ အားနည်းချက်တွေနဲ့ အစွမ်းတွေအားလုံးကို မှတ်တမ်းတင်ပြီး ငါးခုမြောက် နတ်ဘုရားမျိုးစိတ်ဆီ ပို့ထားပြီးပြီပဲ။ အဲဒါကို နောက်တစ်ဆင့် နန်ပူဇော်ပသပွဲမှာ တိုးတက်အောင် အသုံးချလို့ရတယ် ”

“ ဒါပေမဲ့ … ပြဿနာ နည်းနည်းရှိပါတယ် ”

ညဉ့်ငှက်သည် အတန်ငယ် ချီတုံချတုံ ဖြစ်သွားသည်။

“ ငါ့ကို ပြော ”

ရှေ့မှ ဝတ်ရုံနက်လူငယ်သည် တူညီသောအမူအရာ ရှိနေဆဲပင်။

“ ပြဿနာဖြစ်သွားတဲ့နေရာက စီအနိမ့်ဂိုဏ်းမှာပါ။ ချီရွှဲ့ထုံဂိုဏ်းက ကျနော်တို့ရည်ရွယ်ချက်ကို သတိထားမိပုံရပါတယ် ”

“ ဒီကိစ္စကို အစကနေ အဆုံးအထိ ကြည့်ရတာ သူတို့ရည်ရွယ်ချက်က အဲဒီမျိုးစိတ် ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ အဲဒီမျိုးစိတ်ရဲ့ အသေခံဖောက်ခွဲခြင်း အရေးနိမ့်သွားပြီး ချုပ်နှောင်ခံလိုက်ရပါတယ်။ နောက်ကွယ်က တရားခံက အမှတ်ခုနစ်သခင်ကြီး ဖြစ်လောက်ပါတယ် ”

ထိုနေရာအရောက်တွင် ညဉ့်ငှက်၏နဖူးတွင် ချွေးများဖြင့် ရွှဲနစ်လာသည်။

တည်နေရာလေးခုကို စီစဉ်ခဲ့သူမှာ သူ ဖြစ်သည်။ အရာအားလုံး ပုံမှန်သာ ဖြစ်ခဲ့သည်။ တည်နေရာများ ရှာတွေ့သွားခဲ့သည်မှာ ပြဿနာ ရှိပါသော်လည်း လက်မခံနိုင်သည်တော့ မဟုတ်ပေ။ သို့သော်လည်း နတ်ဘုရားမျိုးစိတ် ချုပ်နှောင်ခံလိုက်ရခြင်းသည် သူ့အတွက် တာဝန်ကြီးသွားခဲ့သည်။

ရှေ့မှသွားနေသော ဝတ်ရုံနက်လူငယ်၏ ခြေလှမ်းများ ရပ်သွားသည်။

အချိန်အတော်ကြာပြီးနောက် သူသည် ယင်ဟွမ်ပြည်နယ်ရှိရာအရပ်သို့ လှည့်ကြည့်လိုက်သည်။ နတ်ဘုရားမျက်နှာပျက်ကြီးမျက်နှာဖုံးအောက်ရှိ မျက်လုံးများက တည်ငြိမ်မနေတော့ဘဲ ထူးဆန်းသောအလင်းများဖြင့် ဝင်းလက်လာသည်။

“ ငါ့ညီရဲ့ ဆရာလား။ အဲဒီလူကို အရင်က ငါ စောင့်ကြည့်ခဲ့တယ်။ အခု ငါ ပြန်ကြည့်ရသလောက် အဲဒီလူက မရိုးရှင်းဘူးပဲ ”

“ ယင်ဟွမ်ပြည်နယ်ကိစ္စကို ငါတို့ သိပြီးသားဖြစ်နေတာ နှမျောစရာပဲ။ နို့မဟုတ်ရင် အဲဒီလူနဲ့ စကားပြောရရင် သိပ်ကောင်းမှာပဲ ”

ဝတ်ရုံနက်လူငယ်သည် ယင်ဟွမ်ပြည်နယ်ရှိရာအရပ်သို့ စူးစိုက်ကြည့်နေပြီးနောက် ခဏအကြာ အကြည့်လွှဲလိုက်ပြီး ရှေ့ဆက်လျှောက်သွားသည်။

“ သူတို့ ရသွားရင်လဲ ထားလိုက်ပါ။ ငါ့ညီကို လက်ခံပေးလို့ ကျေးဇူးတင်လက်ဆောင်အနေနဲ့ ပေးတယ်လို့ပဲ ထားလိုက်။ ပြီးတော့ နတ်စွမ်းအားဆိုတာ သာမန်လူတွေ လေ့လာပြီး ထိန်းချုပ်လို့ရတဲ့အရာ မဟုတ်ဘူး ”

ဝတ်ရုံနက်လူငယ်သည် မထူးခြားစွာဖြင့် ပြောလိုက်ပြီးနောက် ဝေးသည်ထက် ဝေးရာသို့ လျှောက်သွားသည်။

ညဉ့်ငှက်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ လမ်းတွင် သူ မနေနိုင်ဘဲ မေးလိုက်သည်။

“ သခင်လေး၊ နတ်စွမ်းအားဆိုတာ ဘယ်လိုမျိုးလဲ ”

“ ဇီဝကမ္မကွာခြားချက်ကြောင့် မင်းကို ရှင်းပြလို့မရဘူး ”

ဝတ်ရုံနက်လူငယ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ မင်း မသိနိုင်ဘူး။ အဲဒါကို မင်း ဖော်ထုတ်ဖို့ ခက်တယ်။ ပုရွက်ဆိတ်တစ်ကောင်က မင်းအတွေးတွေကို မသိနိုင်သလိုမျိုးပဲ။ မင်းလည်း အတူတူပဲ ”

“ အဲဒါက လူသားနဲ့ နတ်ဘုရားကြားက ကျော်ဖြတ်လို့မရတဲ့ ခြားနားချက်ပဲ ”

“ ရိုးရိုးရှင်းရှင်း ပြောရရင် အခိုက်အတန့်တိုင်းမှာ အတွေးသောင်းချီ ရှိနေနိုင်တယ်။ ဒါပေမဲ့ နတ်သတ္တဝါတွေမှာ အခိုက်အတန့်တိုင်း အတွေးတွေ အဆုံးအစမဲ့ ရှိတယ်။ အခိုက်အတန့်တိုင်းက စကားနဲ့ ရှင်းပြလို့မရတဲ့ နက်နဲခြင်းတွေ ပေါက်ဖွားလာနိုင်တယ် ”

“ မင်းက တစ်စုံတစ်ခုသော အဆင့်အထိ ရောက်သွားရင် သူတို့မျက်လုံးထဲမှာ မင်းက တစ်ယောက်တည်း မဟုတ်တော့ဘူး။ မရေမတွက်နိုင်လောက်အောင် ဖြစ်သွားတယ်။ မင်းနဲ့ ပတ်သက်တဲ့အရာအားလုံး ရှင်းလင်းသွားတယ်။ သူတို့မျက်လုံးတွေထဲမှာ မင်းရဲ့အတိတ်နဲ့အနာဂတ်က တစ်ပြိုင်နက်တည်း ပေါ်လာတယ် ”

ဝတ်ရုံနက်လူငယ်သည် စကားပြောရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ညဉ့်ငှက်၏ ခန္ဓာကိုယ်အပြင်ဘက်တွင် မရေမတွက်နိုင်သော ပုံရိပ်များစွာ ပေါ်လာသည်။ ယင်းသည် အတိတ်နှင့် အနာဂတ်ပုံရိပ်များ ဖြစ်သည်။ မရေမတွက်နိုင်သော ပုံရိပ်များသည် ထပ်သွားပြီး နတ်သတ္တဝါများကို လူသားများ မြင်၍ စိတ်ပိုင်းဆိုင်ရာထိခိုက်သွားသော ပုံရိပ်များ ဖြစ်လာသည်။

ဝတ်ရုံနက်လူငယ်သည် ထိုပုံရိပ်များအနက် ပုံရိပ်ခုနစ်ခုကို ဖမ်းဆုတ်လိုက်သည်။ ထိုပုံရိပ်များအားလုံးသည် လူအသီးသီး၏ လက်များထဲတွင် သေသွားရသော ညဉ့်ငှက်၏ ပုံရိပ်များ ဖြစ်သည်။

“ သူက မင်းနဲ့ ပတ်သက်ပြီး အရာအားလုံးကို ပြောင်းလဲနိုင်တယ်။ မင်းရဲ့အနာဂတ်ပုံရိပ်တွေကို ခြယ်လှယ်နိုင်တယ်။ အဲဒါက အခိုက်အတန့်လေးတစ်ခုပဲ ကြာတယ် ”

ထိုနေရာအရောက်တွင် ဝတ်ရုံနက်လူငယ်သည် ညင်သာစွာ ဖိချေလိုက်ရာ ပုံရိပ်များ အက်ကွဲကာ ပျောက်ကွယ်သွားသည်။

သူသည် ကောင်းကင်ယံရှိ နတ်ဘုရားမျက်နှာပျက်ကြီးကို ကြည့်၍ သက်ပြင်းချလိုက်သည်။

“ အဲဒါကြောင့် သူ ပေါ်လာကတည်းက သူ့ကို နတ်မင်းလို့ ခေါ်ရုံကလွဲပြီး ငါတို့မှာ ရွေးချယ်စရာမရှိခဲ့ဘူး ”

ညဉ့်ငှက်သည် ပျောက်ပျက်သွားသော ပုံရိပ်များကို ကြည့်၍ တုန်ရီသွားရသည်။ ထို့နောက် သူ့ရှေ့ရှိ သခင်လေးကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများထဲတွင် ပို၍ အရူးအမူးလေးစားသက်ဝင်သည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။

ဆည်းဆာနေရောင်ခြည်အောက်၌ လူရိပ်နှစ်ရိပ်သည် ဖုန်းဟိုင်မြို့ကြီး၏ မြို့တော်ကြီးဆီသို့ လျှောက်သွားသည်။

ချီရွှဲ့ထုံဂိုဏ်းသည် စီအနိမ့်ဂိုဏ်းထဲတွင် သွေးကြွေးတာဝန်ကို ဆောင်ရွက်ပြီးနောက် အတောင်ပံကြီးကို စီးနင်း၍ မဟာမိတ်သို့ ပြန်လာသည်။

တည်နေရာရွှေ့ပြောင်းခြင်း အငွေ့အသက်များ ပျံ့လွင့်သွားပြီး ကောင်းကင်ကြီး အရောင်ပြောင်းလဲကာ ချီရွှဲ့ထုံဂိုဏ်းအဖွဲ့ ပျောက်ကွယ်သွားသည်။

သူတို့ ပြန်ပေါ်လာသောအခါ ချီရွှဲ့ထုံဂိုဏ်းအထက်တွင် ရောက်နေပြီ ဖြစ်သည်။ ဆည်းဆာရောင်ခြည်တန်းများက လောကတစ်ခွင် ပြန့်ကျဲနေပြီး ပြန်ရောက်လာသော ဂိုဏ်းသားများအပေါ် ကျရောက်သွားသည်။ သို့သော်လည်း ဂိုဏ်းသားအများစုမှာ ကြောက်စိတ်မပျယ်ကြသေးပေ။

နတ်ဘုရား၏စွမ်းအားသည် ကြီးမားပြီး လောကကြီးကို ပြောင်းလဲသွားစေနိုင်ကြောင်း လူအားလုံး သိကြပါသော်လည်း အမှန်စင်စစ် ယင်းသည် အနှစ်သာရမရှိသော အဆိုပြုချက်တစ်ခုသာ ဖြစ်သည်။

နတ်ဘုရားက မည်သို့ ပြုမူတတ်သည်ကို အတိအကျသိသူများမှာ အလွန့်အလွန် နည်းပါးသည်။ နတ်ဘုရား၏ အရှိန်အဝါများက သတ္တဝါအားလုံးကို ကျူးကျော်ဝင်ရောက်သွားပြီး နတ်ဘုရားကြည့်လိုက်သည့်နေရာတိုင်း တားမြစ်နယ်မြေ ဖြစ်သွားတတ်သည်ကိုသာ သူတို့ သိကြသည်။

ယခုအခါတွင်မူ နတ်ဘုရား၏ အစွမ်းအနည်းအကျဉ်းကို သူတို့ နားလည်လာရပါသည်။ ထိုအနည်းအကျဉ်းသည်ပင် သူတို့ကို ထိန်းမနိုင်သိမ်းမရ ကြောက်လန့်သွားစေသည်။

သို့သော်လည်း လူတိုင်းက ထိုသို့ မဟုတ်ပေ။ ထိုအခြင်းအရာအားလုံးကို သိသွားသည့်တိုင်အောင် ရင်ထဲတွင် ရဲသွေးရဲမာန်များဖြင့် ပြည့်နှ့်လာသော ကျင့်ကြံသူအနည်းစု ရှိသည်။ ထိုအထဲတွင် ရွှီချင်းသည်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။

သူသည် နတ်ဘုရား၏အကြည့်ကို နှစ်ကြိမ် မြင်ခဲ့ဖူးသည်။ တခြားသူများထက် သူ ပို၍ ကံဆိုးခဲ့ပါသော်လည်း တချိန်တည်းမှာပင် ကံကောင်းသွားခဲ့သည်။ ပထမအကြိမ်တွင် သူ အသက်မသေခဲ့ဘဲ ဒုတိယအကြိမ်တွင် မျက်မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ရွှီချင်းသည် အမှတ်ခြောက်သခင်ကြီး၏ အုတ်ဂူသို့ ချက်ချင်း သွားလိုက်သည်။ အုတ်ဂူရှေ့တွင် သူတော်စင်ကြယ်၏ ခေါင်းကို သူ ထားလိုက်ပြီးနောက် ထိုင်ချလိုက်ပြီး အုတ်ဂူကို တိတ်ဆိတ်စွာ ငေးကြည့်လိုက်သည်။

ကောင်းကင်ကြီး မှောင်မည်းလာသောအခါတွင် ရွှီချင်းသည် သေရည်အိုးကို မ,၍ တစ်ကျိုက် သောက်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ အဲဒါ မပြီးသေးဘူး ”

“ ဟုတ်တယ် မပြီးသေးဘူး ”

သူ့နောက်မှ အမှတ်ခုနစ်သခင်ကြီး၏အသံ လွင့်ပျံလာသည်။

အမှတ်ခုနစ်သခင်ကြီး လျှောက်လာပြီး ရွှီချင်းဘေးတွင် ရပ်လိုက်သည်။ သူသည် ရွှီချင်း၏ပခုံးကို ဖိလိုက်ပြီး ထပြီး နှုတ်ဆက်ရန် မလိုကြောင်း ပြသလိုက်သည်။ ထို့နောက် အုတ်ဂူကို သူ ကြည့်လိုက်ပြီး အောက်ရှိ သူတော်စင်ကြယ်၏ ခေါင်းကို ကြည့်လိုက်သည်။

“ အလင်းတမန်အဖွဲ့ လုပ်ချင်နေတာက ဘယ်မျိုးနွယ်မှ သည်းမခံနိုင်တဲ့အရာပဲ။ ဒါ အစပဲ ရှိသေးတယ်။ ညဉ့်ငှက်သခင်ရဲ့အကြောင်းကို ငါ သိသွားပြီ။ သူ့နောက်မှာ … နတ်လောက ရှိတယ် ”

“ ခေတ်ကြီးတစ်ခေတ် ရောက်လာပြီဖြစ်လို့ အဲဒီနတ်လောကသားတွေက ဒီလောကကြီးထဲ ထပ်ဝင်ဖို့ ပြင်နေကြတယ် ”

အမှတ်ခုနစ်သခင်ကြီးက ခပ်တိုးတိုး ပြောလိုက်သည်။ ရွှီချင်း ငြိမ်သက်နေသည်။

ခဏအကြာ အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်း၏ပခုံးကို ထပ်ပုတ်လိုက်သည်။

“ သူက မင်းအစ်ကို မဟုတ်တော့ဘူး ”

ထိုသို့ပြောပြီးသည်နှင့် အမှတ်ခုနစ်သခင်ကြီးသည် အဝေးသို့ လျှောက်သွားသည်။

ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။

အချိန်အတော်ကြာပြီးနောက် အမှတ်ခုနစ်သခင်ကြီး ထွက်သွားသည့်အရပ်သို့ သူ လှည့်ကြည့်လိုက်သည်။

ထိုကိစ္စကို သူ ရည်ရွယ်ချက်ရှိရှိ ကွယ်ဝှက်ထားခြင်း မဟုတ်ပေ။ သူ မပြောလိုခြင်းသာ ဖြစ်သည်။ သို့သော်လည်း အလင်းတမန်အဖွဲ့ကို အစွမ်းကုန် အာရုံစိုက်၍ လေ့လာနေသော သူ၏ဆရာကို ကွယ်ဝှက်မရသည်မှာ ထင်ရှားသည်။

ညအချိန် ကျရောက်လာသည်နှင့် ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး အမှတ်ခြောက်သခင်ကြီး၏ အုတ်ဂူကို အရိုအသေပေးကာ ထွက်သွားသည်။

သူသည် တောင်ထိပ်မှ ဆင်းလာပြီး လမ်းပေါ်တစ်ယောက်တည်း လျှောက်သွားရင်း ညကောင်းကင်ကြီးကို ကြည့်နေသည်။

ဆယ်လပိုင်းလေပြေက ပင်လယ်အငွေ့အသက်များကို ဆောင်ကြဉ်းကာ အအေးဓာတ်နှင့်အတူ သူ့အပေါ်သို့ ကျရောက်လာသည်။

သို့သော် ရွှီချင်းသည် အအေးဓာတ်ကို မခံစားရပေ။ သူသည် လမ်းများထက်ရှိ လူအုပ်ကြီးနှင့် မီးရောင်များကို ကြည့်ရင်း သူ့အကြည့်က တစ်နေ့လုံး ပိတ်ထားသော ဆိုင်တစ်ဆိုင်ပေါ်သို့ ရောက်သွားသည်။ ဆိုင်ပိုင်ရှင်ကို သူ သိသည်။

ထိုဆိုင်သည် နန်းဟွမ်ကျွန်းမှာကတည်းက သူ သွားလေ့ရှိသော မနက်စာဆိုင်လေး ဖြစ်သည်။ ထိုဆိုင်ရှင်သည်လည်း ဝမ်ကူးဒေသကြီးသို့ ရောက်လာခဲ့ပြီး မနက်စာ ရောင်းချသည်သာမက နေ့တိုင်း ဆိုင်ဖွင့်ခဲ့လေသည်။

မကြာသေးခင်က မဟာမိတ်ထဲမှာ စိတ်ဓာတ်ကျစရာ ရှိခဲ့သည့်အတွက်ကြောင့်ပေလော၊ ဆိုင်က ယနေ့တွင် အနည်းငယ်စော၍ ပိတ်သွားသည်။ ဆိုင်ရှင်သည်လည်း ရွှီချင်းကို မြင်သွားပြီး ထွက်လာသည်။

“ စားမှာလား ”

ရွှီချင်း ခေါင်းညိတ်ပြလိုက်ပြီး လျှောက်သွားသည်။ သူ ထိုင်ချလိုက်သောအခါ ဆိုင်ရှင်က ပျော်ရွှင်စွာဖြင့် အမဲစွပ်ပြုတ်တစ်ပန်းကန်နှင့် ကြက်ဥသုံးလုံး ချပေးလိုက်သည်။ ရွှီချင်းသည် သောက်လိုက်ပြီး ရင်းနှီးသော အရသာကြောင့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာသည်။

လေတဟူးဟူး တိုက်ခတ်လာပြီး ရွှီချင်းကို ဖြတ်တိုက်သွားသည်။ သို့သော်လည်း ယင်းသည် အရေးမကြီးတော့ပေ။

စွပ်ပြုတ်က အလွန် အရသာရှိသည်။ ရွှီချင်းသည် ပန်းကန်ထဲတွင် တစ်စက်မျှ မကျန်တော့သည့်တိုင်အောင် တစ်ကျိုက်ပြီးတစ်ကျိုက် ဖြည်းဖြည်း သောက်လိုက်သည်။ ထို့နောက် ကြက်ဥကို ကောက်ယူလိုက်ပြီး အခွံခွာ၍ စားလိုက်ရသည်။

ကြက်ဥအခွံခွာရသည်ကို သူ အမှန်တကယ် သဘောမကျပါသော်လည်း စိတ်ကျေနပ်ရသည့်ခံစားချက်ကြောင့် ဂရုတစိုက်ဖြင့် ခွာလိုက်သည်။

နောက်ဆုံးတွင် သူ စားပြီးနောက် ကျေနပ်စွာဖြင့် ထရပ်လိုက်ပြီး ဝိညာဉ်ကြေးပြားများ ပေးလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဆုပ်၍ ဆိုင်ရှင်ကို အရိုအသေပေးလိုက်သည်။ ဆိုင်ရှင်၏ စိတ်မသက်မသာဖြစ်နေသော အမူအရာအောက်တွင် သူ၏ဆိပ်ကမ်းသို့ ပြန်သွားသည်။

“ ဘဝက ဆက်သွားနေတယ်။ အလျဉ်လိုစရာမလိုဘူး။ အရင်ဆုံးထွက်သွားရတဲ့သူက သူတော်စင်ကြယ် ဖြစ်နေတယ် ”

ရွှီချင်းက လမင်းကြီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် နက်နဲသော အလင်းများဖြင့် ဝင်းလက်သွားပြီး စစ်သင်္ဘောကြီးထဲရှိ အခန်းထဲသို့ ဝင်သွားသည်။ ထို့နောက် သူ ထိုင်ချလိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။

ထိုတိုက်ပွဲတွင် သူတော်စင်ကြယ်ကို သူ သတ်ခဲ့ပြီး ရွှေကျီးကန်းကို ဝါးမျိုခဲ့သည်။ ယခု သူ၏ရွှေကျီးကန်းသည် ဒုတိယအဆင့်သို့ ရောက်သွားပြီး သူ၏တိုက်ရည်ခိုက်ရည်က နောက်ထပ် ကောင်းကင်နန်းတော်တစ်ဆောင် တိုးတက်လာခဲ့သည်။ သူသည် နန်းတော်နှစ်ဆောင်သာ ရှိပါသော်ငြား သူ၏တိုက်ရည်ခိုက်ရည်က နန်းတော်သုံးဆောင်နှင့် ညီမျှသည်။

တခြားနည်းလမ်းများနှင့် ပေါင်းစပ်လိုက်ပါက နန်းတော်သုံးဆောင်စွမ်းအားကို ရွှီချင်း အနိုင်ယူနိုင်သည်။ အမှန်စင်စစ် အဆိပ်တားမြစ်ဆေးကို အသုံးပြုလိုက်ပါက ကောင်းကင်နန်းတော်လေးဆောင် ရွှေအမြုတေအဆင့်ကျင့်ကြံသူများသည်ပင် ကောင်းကင်သရဖူအကာအကွယ်ကို အချိန်တိုအတွင်း မဖျက်ဆီးနိုင်ခဲ့လျှင် သေသွားရမည်ဟု ရွှီချင်း ခံစားရသည်။

“ ဒါပေမဲ့ တတိယမြောက်ကောင်းကင်နန်းတော်ကို ရုပ်လုံးပေါ်လာအောင် ငါ ကြိုးစားရမယ် ”

ရွှီချင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ကွေ့ယုံသိုတောက်အတတ်ကို သူ အသုံးပြု၍ ရွှေအမြုတေများစွာကို ယူဆောင်ပြီးနောက် သူ၏တတိယမြောက် ကောင်းကင်နန်းတော်က တစ်ဝက်ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။

ထိုနှုန်းသည် အလွန် မမြန်ပါသော်လည်း တခြားရွှေအမြုတေအဆင့် ကျင့်ကြံသူများနှင့် ယှဉ်ပါက ရွှီချင်း၏နှုန်းက အလွန် မြန်ဆန်နေပြီ ဖြစ်သည်။ သူတော်စင်ကြယ်မှာမူ တခြားအခွင့်အရေးများ ရှိခဲ့ပြီး သူ၏နှုန်းသည်လည်း သာမန်မဟုတ်ပေ။

သူ လုယူခဲ့သော ရွှေအမြုတေများထဲရှိ အကြွင်းအကျန်များသည် သူ့ကို သက်ရောက်ခြင်း မပြုနိုင်ပေ။

သူ၏အသိပင်လယ်ထဲရှိ တစ္ဆေဧကရာဇ်တောင်ကြီးက အရာအားလုံးကို ဖိနှိပ်ပစ်သည်။

ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး မကြာခင် တစ်လ ကုန်ဆုံးသွားသည်။

ပြီးခဲ့သည့်တစ်လအတွင်း မဟာမိတ်သည် ထိုကပ်ဘေးကြီး၏ နောက်ဆုံးထိုးနှက်ချက်ကို လုံးလုံးလျားလျား ရှင်းထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ တချိန်တည်းမှာပင် ဂိုဏ်းများကို အင်အားဖြည့်တင်းရန် ကြိုးစားလုပ်ဆောင်လာခဲ့သည်။

ချီရွှဲ့ထုံဂိုဏ်းမှာလည်း တည်ငြိမ်သော တိုးတက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ယင်းအပြင် သခင်မကြီးတုံယုံသည် ရွှယ်လျန့်ကျစ်၏ ဖိတ်ကြားခြင်းကို လက်ခံခဲ့သည်။ တုံယုံကျွန်းက မဟာမိတ်ဖြစ်လာသည်သာမက သခင်မကြီးတုံယုံသည်လည်း ချီရွှဲ့ထုံဂိုဏ်းနှင့် ပူးပေါင်းခဲ့ပြီး ဧည့်သည်တော်ဘိုးဘေး ဖြစ်လာခဲ့သည်။

သခင်မကြီးတုံယုံ ရောက်ရှိလာခြင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ အင်အားကို ကြီးမားစွာ တိုးတက်သွားစေခဲ့သည်။ သွေးသစ်ပင်ဓမ္မရတနာကို ရရှိခဲ့သည့်အချက်ကို ထည့်တွက်လိုက်ပါက မဟာမိတ်ထဲတွင် ချီရွှဲ့ထုံဂိုဏ်း၏ အဆင့်အတန်းက ကြီးကြီးမားမား မြင့်တက်လာသည်။

အရာအားလုံးက အကောင်းဘက်မှနေ၍ တိုးတက်နေသည်။ ရွှီချင်းသည် တတိယမြောက်နန်းတော်ကို ရှစ်ဆယ်ရာခိုင်နှုန်းအထိ အကောင်အထည်ဖော်နိုင်ပြီ ဖြစ်သည်။ တတိယမြောက်နန်းတော် ရုပ်လုံးပေါ်လာရန် မလိုတော့ပေ။

သူ၏စိတ်အခြေအနေက များစွာ ပြန်သက်သာလာခဲ့ပြီး အရာအားလုံးကို သူ့ရင်ထဲတွင် မြှုပ်နှံလိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်လေးတိ့ုမှာမူ အဆင့်တက်ရန် အားသွန်ခွန်စိုက် ကြိုးစားနေကြသည်။

ထိုစဉ် မဟာမိတ်ထဲတွင် ကြီးမားသော ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထိုဖြစ်ရပ်ကြီးသည် ရွှမ်ယုံဂိုဏ်းထဲတွင် ဖြစ်ပျက်လာခဲ့ခြင်း ဖြစ်သည်။

တည်နေရာမှာ မြွေမိစ္ဆာကြီးကို သံရိုက်နှက်ထားရာ ရွှမ်ယုံဂိုဏ်း၏ တားမြစ်ပိုင်နက်ထဲတွင် ဖြစ်သည်။

ထိုအဖြစ်အပျက်သည် ယနေ့ မနက်အစောပိုင်းက ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်တုန်ဟီးစေပြီး မြေပြင်အက်ကွဲစေနိုင်လောက်သော ဟိန်းသံကြီး မဟာမိတ်တစ်ခွင် ပဲ့တင်ထပ်သွားပြီး ရွှမ်ယုံဂိုဏ်းထဲရှိ မြွေမိစ္ဆာကြီး၏ ဝိညာဉ် နိုးထလာခဲ့သည်။

ထိုဝိညာဉ်နိုးထလာရသည့် အကြောင်းအရင်းမှာ တစ်ဝက်က နှိုးဆွခံလိုက်ရသောကြောင့် ဖြစ်ပြီး တခြားတစ်ဝက်မှာ ၎င်း၏ပါးစပ်ထဲရှိ အစွယ်တစ်ချောင်းကို အမျိုးအမည်မသိသော နည်းလမ်းဖြင့် ချိုးပစ်လိုက်ခြင်းကြောင့် ဖြစ်သည်။

တရားခံကို နေရာမှာပင် ဖမ်းမိခဲ့သည်။ ထိုတရားခံမှာ ချီရွှဲ့ထုံဂိုဏ်းမှ ဝူကျန်းဝူ ဖြစ်သည်။

ဝူကျန်းဝူသည် အဖမ်းခံရသောအချိန်မှာပင် မြွေမိစ္ဆာကြီးကို ရည်ရွယ်၍ ကဗျာများ ရွတ်ဖတ်နေသေးသည်ဟု ပြောကြသည်။

ယင်းအပြင် လူကို ဖမ်းမိလိုက်ပါသော်လည်း အစွယ်က ပျောက်သွားခဲ့သည်။

ထိုအဖြစ်အပျက်ကို ရွှီချင်း သိလိုက်ရသောအချိန်တွင် မနက်စာဆိုင်မှာ သူ စွပ်ပြုတ်သောက်နေသည်။ ယန်ယန်က ဇနီးကောင်းတစ်ဦးပမာ ရိုသေကျိုးနွံစွာဖြင့် ရွှီချင်းအတွက် ကြက်ဥခွံများ နွှာပေးနေသည်။

ခဏအကြာ ရွှီချင်းသည် ဇွန်းကို ချလိုက်ပြီး အပြေးအလွှား လာနေသော လူရိပ်ကို ခေါင်းငဲ့ကြည့်လိုက်သည်။

ထိုလူရိပ်မှာ ခေါင်းဆောင်ပင်။

ခေါင်းဆောင်သည် ပျံသန်းရောက်ရှိလာပြီး ရွှီချင်းဘေးတွင် ထိုင်ကာ အပြစ်လုပ်ထားသည့်အမူအရာဖြင့် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

“ ခေါင်းဆောင်၊ ခေါင်းဆောင်ကို ကြည့်ရတာ ပုံမှန်မဟုတ်ဘူး။ ဘာမကောင်းတာ လုပ်လာခဲ့တာတုံး ”

ရွှီချင်းသည် စွပ်ပြုတ်တစ်ကျိုက် သောက်လိုက်ပြီး ခပ်တိုးတိုး မေးလိုက်သည်။

“ ချင်းလေး၊ အဓိပ္ပာယ်မရှိတာ ပြောမနေနဲ့ကွ။ ရာသီဥတုအေးတော့ ဖျားချင်သလိုလို ဖြစ်လာလို့ ”

ခေါင်းဆောင်သည် ချောင်းတဟွတ်ဟွတ် ဆိုးလိုက်ပြီး သူ့အမူအရာက တည်ကြည်လေးနက်သွားသည်။

“ ဒါနဲ့၊ နောက်ဆုံးတစ်ခေါက်တုန်းက ကိစ္စကြီးတစ်ခု လုပ်ကြမယ်လို့ ငါ မင်းကို ပြောခဲ့တာကို မှတ်မိသေးလား။ ငါ အခု သွားတော့မလို့။ မင်းတို့နှစ်ယောက် ငါနဲ့ လိုက်ခဲ့မလား ”

All Chapters