← Chapters

အခန်း(၁၄၁) ကုမ္ပဏီကို ဝယ်ယူသိမ်းပိုက်ခြင်း

Vol. 10 Ch. 141

အခန်း(၁၄၁) ကုမ္ပဏီကို ဝယ်ယူသိမ်းပိုက်ခြင်း

Vol. 10 Ch. 141

အခန်း(၁၄၁) ကုမ္ပဏီကို ဝယ်ယူသိမ်းပိုက်ခြင်း

ဖေးချမ့် ခဏလောက်စဥ်းစားလိုက်ပြီး မေးလိုက်ပါသည်။ "ဒါက ကျွန်တော် ကုမ္ပဏီတစ်ခုကို ပထမဆုံး ဝယ်ဖူးတာဆိုတော့ သတိထားရမယ့်အချက်တွေ ရှိလား။”

လက်ထောက်ရှင်းက သူမ၏ မှတ်စုစာအုပ်ကို လှန်ကြည့်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "စွန့်စားရမှာတွေတော့ ရှိတယ်။ ဥပမာအားဖြင့် တချို့ကုမ္ပဏီတွေက မကြာခဏဆိုသလိုပဲ သူတို့ရဲ့ စာရင်းရှိ အရင်းအနှီး ပြဿနာတွေ ရှိတတ်ကြတယ်။ သူတို့မှာ အရင်းအနှီး အတုအယောင်တွေ ဒါမှမဟုတ် ပြန်ထုတ်ထားတာတွေ ရှိသလားဆိုတာ စစ်ဆေးရမယ်။”

"ပြီးတောလ့ည်း သူတို့ရဲ့ ကုမ္ပဏီပိုင်ဆိုင်မှု၊ တာဝန်တွေ၊ ပိုင်ရှင်ရဲ့ ရှယ်ယာတန်ဖိုး စတာတွေကိုပါ စစ်ဆေးရမယ်။ ပြီးရင် သူတို့ရဲ့ ပုံသေပိုင်ဆိုင်မှုနှုန်း၊ ကြွေးမြီနဲ့ ပြန်မရနိုင်တဲ့ ပိုင်ဆိုင်မှုတွေကိုပါ သတိထားရမယ်။”

"ဒါပေမယ့် ဒါက အသေးစား ပရိုက်ဗိတ်လုပ်ငန်းလေးပါ။ ပိုင်ရှင်က ထုရွေ့ကျီလို့ခေါ်တယ်။ သူနဲ့ တခြား ပါတနာတစ်ယောက်က ကုမ္ပဏီရဲ့ ရှယ်ယာအားလုံးကို ကိုင်ဆောင်ထားတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ထုရွေ့ကျီက ကုမ္ပဏီရဲ့ အော်ပရေးရှင်းတွေအတွက် အဓိက တာဝန်ရှိသူပဲ။”

"အခု ကုမ္ပဏီကို ပေးရဖို့ အတော်အသည်းအသန်ဖြစ်နေပြီထင်တယ်။ ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေကလည်း အနုတ်ဘက်ကို ရောက်နေပြီး လတိုင်းအရှုံးပေါ်နေတာကိုး။ ကျွန်မတို့ နည်းနည်းလောက်ထပ်စောင့်လိုက်ရင် စျေးကို ထပ်နှိမ်ပြီး ကုမ္ပဏီကို သိန်းဂဏန်းလောက်နဲ့ ရနိုင်လိမ့်မယ်။”

"စိတ်ရှည်မယ်ဆို အဲ့ထက်နိမ့်တဲ့စျေးနဲ့တောင် ရနိုင်လိမ့်မယ်။”

ဖေးချမ့်က ခဏလောက်ကြောင်သွားပါသည်။ "အဲ့လောက် စျေးပေါတာလား။”

သူ အနည်းငယ် စိတ်ပျက်သွားပါသည်။

တစ်ဖက်လူက ကုမ္ပဏီကို အနည်းဆုံး ၁ သန်း ၂ သန်းလောက်နဲ့ ရောင်းလိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော်လည်း ယွမ်သိန်းဂဏန်းလောက်နဲ့ သူတို့ရနိုင်မှာတဲ့လား။

လက်ထောက်ရှင်းက ခေါင်းငြိမ့်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ဒါပေါ့ ဘော့စ်ဖေးရဲ့။ ဒီကုမ္ပဏီကို ထုရွေ့ကျီနဲ့ တခြား ပါတနာတစ်ယောက်က တည်ထောင်ထားတာ။ စဦး အရင်းအနှီးကလည်း ယွမ် ၁ သန်းပဲရှိတယ်။ ဒါပေမယ့် သူတို့ကံကောင်းပြီး သူတို့လုပ်ထားတဲ့ ဂိမ်းတွေကနေ ဝင်ငွေရတာကြောင့် အခုလို အဆင့်ထိရောက်လာနိုင်တာပါ။”

"ထုရွေ့ကျီက အဲ့ဒါကနေ အများကြီးရခဲ့ပြီးပြီ။ သူ့လက်ထဲက ဒုက္ခအိုးကိုသာ ရောင်းနိုင်ရင် နောက်ထပ် သိန်းဂဏန်းလောက်တော့ ရနိုင်သေးတယ်။ အဲ့ပိုက်ဆံကို ရဖို့အသေအလဲ ကြိုးစားနေတာ။ သူစျေးကို မြှင့်ရဲမှာမဟုတ်ဘူး။”

"ကုမ္ပဏီရဲ့ အော်ပရေးရှင်းတွေကို ဘယ်သူမှ မယူဘူးဆိုရင် ကုမ္ပဏီပိုင်ဆိုင်မှုတွေကို စျေးပေါပေါနဲ့ ရောင်းဖို့ပဲရှိတော့တယ်။ ဝန််ထမ်းတွေ သုံးထားတဲ့ ကွန်ပျူတာတွေကို ဝန််ထမ်းတွေကိုပဲရောင်းပြီး လစာထဲက ပြန်ဖြတ်မယ်လို့တောင် ထုရွေ့ကျီစီစဥ်နေတယ်လို့ ကြားမိပါတယ်။”

ဖေးချမ့် ဆွံ့အသွားသည်။

တော်လိုက်တာ။

တစ်ဖက်မှာတော့ လုပ်ငန်းသုံးကွန်ပျူတာ အဟောင်းများစွာကို ပြန်ရောင်းရမည့်ဒုက္ခမှ လွတ်သွားသည်။ နောက်တစ်ဖက်မှာလည်း ဝန်ထမ်းများ၏ လစာနှောင့်နှေးခြင်းကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မည်။ ဒီဘော့စ်ထုဆိုတာ တကယ့်ဉာဏ်ကြီးရှင်ပါလား။

ဖေးချမ့်က စျေးမတင်ချင်ပါ။ တစ်ဖက်မှာ စျေးကို အတင်းအကြပ်တင်လိုက်ပါက သဘာဝမကျရာကျလွန်းမည်။ ကုမ္ပဏီကို ယွမ် သိန်းဂဏန်းလောက်နဲ့ ရနိုင်ပါလျက်နဲ့ သန်းဂဏန်းထိမြှင့်ပေးပါက သိသာလွန်းလိမ့်မည်။ ဒီလိုလုပ်ပါက သူ့ကိုသံသယဖြစ်လာနိုင်ပါသည်။

နောက်တစ်ဖက်မှာတော့ ဖေးချမ့်က သူ့ရန်ပုံငွေများကို ယွီအင်တာနက်ကဖေးများဖွင့်ဖို့သာ ရင်းနှီးထားချင်သည်။ ထို့ကြောင့်လက်ထဲမှာလည်း အရင်းအနှီး သိပ်မရှိပေ။

ထို့ကြောင့် ပုံမှန်စျေးအတိုင်းပဲ ရရင် အဆင်ပြေပါပြီ။

လက်ထောက်ရှင်းက သူလုပ်ရမည့် တခြား အရေးကြီး အချက်များစွာကိုလည်း ထောက်ပြသည်။ ကုမ္ပဏီ၏ အစုရှယ်ယာဝင် ပြောင်းလဲမှုများကို စစ်ဆေးခြင်း၊ ဘဏ္ဍာရေး၊ ဝန်ထမ်းများ၏ အလုပ်သမား စာချုပ်နဲ့ ၎င်းတို့၏ အာမခံ၊ လစာများနဲ့ပတ်သတ်သည့် အချက်အလက်များကို စုဆောင်းခြင်း၊ သက်ဆိုင်ရာ စာချုပ်စာတမ်းများကို အတည်ပြုခြင်း စသည်တို့ဖြစ်သည်။

ဖေးချမ့်က ဒါတွေကို စိတ်မပူပါဘူး။ သူက ပိုက်ဆုံထုတ်ပေးဖို့သာ တာဝန်ရှိသည်။ ထိုအသေးစိတ်လုပ်ငန်းများကို ပရော်ဖက်ရှင်နယ်များကိုသာ တာဝန်ပေးလိုက်ပါမည်။

လက်ထောက်ရှင်းက သူမ မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ပြောလိုက်ပါသည်။ "ဒါသတိထားရမယ့်အချက် အားလုံးပါပဲ ဘော့စ်ဖေး။ ကုမ္ပဏီကို လျှို့ဝှက်စစ်ဆေးချင်သေးလား။”

ဖေးချမ့်ကြောင်သွား၏။ "ဘာကို စစ်ဆေးမှာလဲ။”

"ဝယ်ယူဖို့ အတည်ပြုပြီးသွားပြီဆိုရင် ဘော့စ်ဖေး ကုမ္ပဏီကို သွားစစ်ဆေးတဲ့အခါ ဘော့စ်ထုက သေချာပေါက် ပြင်ဆင်မှုတွေ လုပ်ထားပြီးလောက်ပြီ။ အဲ့တာကြောင့် ရှန်းယန်ဂိမ်းရဲ့ အခြေအနေ အစစ်အမှန်ကို မသိရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။” လက်ထောက်ရှင်းက ရှင်းပြလိုက်ပါသည်။ "ဘော့စ်ဖေး သရုပ်မှန်ကို ဖုံးကွယ်ပြီး ဝန်ထမ်းတွေရဲ့ အလုပ်အခြေအနေနဲ့ အလုပ်ပတ်ဝန်းကျင်ကို သွားလေ့လာလို့ရပါတယ်။ အဲ့တာဆို နောက်ပိုင်းဆွေးနွေးတဲ့အခါ စျေးနှိမ်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။”

သူမ ဆိုလိုရင်းကို ဖေးချမ့် သဘောပေါက်ပါသည်။ သူမ ပြောချင်တာက ကုမ္ပဏီတစ်ခု၏ အထက်လူကြီးများ ရုတ်တရက် လာရောက်စစ်ဆေးတာမျိုးနဲ့တူပါသည်။

တစ်ဖက်လူက လာရောက်စစ်ဆေးမှာကို သိထားပါက ရှိုးထုတ်ဖို့အတွက် သေချာပေါက် ပြင်ဆင်ထားလိမ့်မည်။ အထက်လူကြီးများက အခြေအနေမှန်ကို မသိရလောက်ပါ။

ဖေးချမ့်က ခေါင်းခါလိုက်ပြီး ပြောလိုက်ပါသည်။ "အဲ့လိုလုပ်ဖို့ မလိုဘူးး။ ရှိုးထုတ်ဖို့ သက်သက် လုပ်ထားတာတွေကလည်း အသေးအဖွဲတွေပဲနေမှာ။ တချို့အရာတွေက ဖုံးကွယ်ထားလို့ မရနိုင်ဘူး။”

ဘော့စ်ဖေးက ကုမ္ပဏီကို သူ့လက်ထက်မှာ ပိုင်ဆိုင်ထားသလိုမျိုး ယုံကြည်ချက်ပြည့်ဝနေပါသည်။

လက်ထောက်ရှင်းက ဒီကိစ္စကို ဆက်ပြီး မတိုက်တွန်းတော့ပါ။ "ဘော့စ်ထုနဲ့တွေ့ဆုံဖို့အတွက် တစ်ဖက်ကို ကျွန်မ ဆက်သွယ်လိုက်ပါ့မယ်။”

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည််။ "မြန်လေ ကောင်းလေပဲ။”

နောက်တစ်နေ့ နေ့လည်ခင်း...။

ဖေးချမ့်တစ်ယောက် ရှန်းယန်ဂိမ်းကုမ္ပဏီသို့ ရောက်လာသည်။ Cayenne ကားတံခါးကို ဖွင့်လိုက်တာနဲ့ အသက် ၂၀ နှောင်းပိုင်း မျက်မှန်နဲ့ ယောက်ျားတစ်ယောက်က လာကြိုပါသည်။

"ခင်ဗျားက ဘော့စ်ဖေးလား မသိဘူး။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ဝမ်ရှောင်းပင်ပါ။ ရှန်းယန်ဂိမ်းရဲ့ အစီအစဥ်ရေးဆွဲသူချုပ်တစ်ယောက်ပါ။ ဘော့စ်ထုက အပေါ်ထပ်မှာ စောင့်နေပါတယ်။” ဝမ်ရှောင်းပင်က အလွန်နွေးထွေးစွာ ကြိုဆိုပါသည်။

သို့သော်လည်း ဖေးချမ့် အနည်းငယ် ကြောင်စီစီ ဖြစ်သွား၏။ "အစ်ကိုကြီးလျို့က အစီအစဥ်ရေးဆွဲသူချုပ် မဟုတ်ဘူးလား။”

ရှန်းယန်ဂိမ်းကုမ္ပဏီအကြောင်း အများကြီး မသိသော်လည်း အစ်ကိုကြီးလျို့က အစီအစဥ်ရေးဆွဲသူချုပ်ဆိုတာ သေချာပါသည်။ သူနဲ့လည်း ရင်းရင်းနှီးနှီးသိ၏။ ထန်းတာ့မှာ အင်တာဗျူးလာဖြေတုန်းက အစ်ကိုကြီးလျို့ကို ဖေးချမ့် တွေ့ဖူးပါသည်။ သူ့သတင်းများကို ဟွမ်စစ်ပိုနဲ့ မာယန်တို့ဆီကလည်းကြားဖူး၏။

အစ်ကိုကြီးလျို့ လုပ်ခဲ့သည့်အရာများကို ကြားတိုင်း ဖေးချမ့် နောင်တရမိသည်။ ပထမ အင်တာဗျူးမှာ ပါရမီရှင်တစ်ယောက်ကို သူ လက်လွှတ်ခဲ့မိသည်။ ထိုအချိန်တုန်းက အစ်ကိုကြီးလျို့ကိုသာ အလုပ်ခန့်ခဲ့ပါက ဂိမ်းများ ကျရှုံးနေလောက်ပြီ။ ပိုက်ဆံဆုံးရှုံးဖို့ ဒီလောက်ထိ ဒုက္ခခံနေစရာလည်း မလိုလောက်ပါ။

ကောင်းတာတစ်ခုကတော့ ကျရှုံးပြီးနောက် သင်ခန်းစာ ပြန်ယူလို့ရတာပင်။ အရမ်းကြီး မနောက်ကျသေးပါဘူး။

ဖေးချမ့်က ရှန်းယန်ဂိမ်း၏ တစ်ဖွဲ့လုံးကို ဆက်ပြီး ခေါ်ထားချင်သည်။ အစီအစဥ်ရေးဆွဲသူချုပ်တစ်ယောက်ဖြစ်သည့် အစ်ကိုကြီးလျို့က ဒီအဖွဲ့၏ အရေးပါသည့် လူတစ်ယောက်ဖြစ်တာ သိသာပါသည်။

သို့သော်လည်း ဒီနေ့ဘာလို့ အစ်ကိုကြီးလျို့ လာမကြိုတာလဲ။ ဘာလို့ သူစိမ်းတစ်ယောက်က လာကြိုရတာလဲ။

ဝမ်ရှောင်းပင် အနည်းငယ် နေရခက်သွားပါသည်။ "ဘော့စ်ဖေး ကျွန်တော်တို့ကုမ္ပဏီအကြောင်းကို အများကြီး သိနေမယ် မထင်ထားဘူး။ ခဏနေရင် ကျွန်တော်ရှင်းပြပါမယ်။ ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ။”

သံသယအပြည့်ဖြင့် ဖေးချမ့်တစ်ယောက် ဝမ်ရှောင်းပင်အနောက်မှ ရုံးခန်းအဆောက်အဦး၏ ကုမ္ပဏီဒုတိယထပ်ကို တက်လာခဲ့ပါသည်။

သူတို့ ရုံးနေရာကို အရင်ဆုံးဖြတ်သွားရ၏။ အလုပ်စားပွဲခုံများက ပြွတ်သိပ်နေသည်။ ဖေးချမ့် အနည်းငယ် အသားမကျဖြစ်သွားပါသည်။ သူက ထန်းတာ့မှ ကျယ်ဝန်းသေသပ်သည့် အခင်းအကျင်းကိုသာ မြင်နေကျ ဖြစ်သည်။ ထို့ကြောင့် အလုပ်ပတ်ဝန်းကျင် ဘယ်လောက်  ကျဥ်းမြောင်းနေမှန်း မြင်လိုက်ရသောအခါ သူ အနည်းငယ် အသက်ရှူကျပ်သွားပါသည်။

အနှစ်ချုပ်ဆိုရင်တော့ အလုပ်ပတ်ဝန်းကျင်က ကောင်းမွန်ပါသည်။ ကြမ်းပြင်များက သန့်ရှင်းနေသည်။ အလုပ်စားပွဲများက သပ်ရပ်၏။ ဝန်ထမ်းအားလုံးကလည်း ကွန်ပျူတာရှေ့မှာ ကီးဘုတ်ရိုက်နေကြသည် သို့မဟုတ် အယ်ဒီတာကို သုံးနေကြသည်။ သူတို့ အလုပ်ကို အာရုံစိုက်နေကြသည့် ပုံစံပင်။

ဒါတွေက ရုတ်တရက် လာရောက်စစ်ဆေးမှုအတွက် ရှိုးထုတ်ပြရုံသက်သက် ဟန်ပြတွေမှန်း ဖေးချမ့် သိပါသည်။ သေချာကြည့်လိုက်ပါက ဝန်ထမ်းတွေက တကယ်အလုပ်လုပ်နေတာမဟုတ်ဘဲ လုပ်ချင်ယောင်ဆောင်နေတာမှန်း မြင်နိုင်ပါသည်။

လူများစွာက ၎င်းတို့၏ စာတမ်းတွင် စကားလုံး တစ်လုံး နှစ်လုံးသာ ရိုက်ပြီး ဖန်သားပြင်ကြီးကို စိုက်ကြည့်နေသည်။ဘာတွေ စဥ်းစားနေမှန်းလည်း မသိပါ။

ဖေးချမ့်ကတော့ ဟန်ပြများကို မဖော်ထုတ်ခဲ့ပါ။ သူနဲ့ လက်ထောက်ရှင်းတို့ ဝမ်ရှောင်းပင်နောက်သို့ လိုက်လာပြီး ထုရွေ့ကျီ၏ ရုံးခန်းသို့ သွားခဲ့ကြပါသည်။ သူက ရှန်းယန်ဂိမ်းကုမ္ပဏီ၏ ဘော့စ် ဖြစ်သည်။

ထုရွေ့ကျီက သူ့ရုံးခန်းတံခါးဝမှာ စောင့်နေပါသည်။

ဘော့စ်ထုက အသက် ၃၀ ဝန်းကျင်ရှိသူဟု ထင်ရသည်။ ခေါင်းပေါ်မှာ ဆံပင်ပါးပါးနဲ့ ဗိုက်ကတော့ မပူပါ။ သူ့ပုံစံက ထပ်မြက်သည့် သက်လက်ပိုင်းအရွယ် အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ပုံစံနဲ့ တူပါသည်။

"ဘော့စ်ဖေး ကြိုဆိုပါတယ်ဗျာ။ ဘော့စ်ဖေးက အလားအလာရှိတဲ့လူငယ်တစ်ယောက်လို့ ကျွန်တော်ကြားထားတာ။ ကောလဟာလတွေက တကယ်ပဲကိုး။”

ထုရွေ့ကျီက ရှေ့တိုးလာပြီး ဖေးချမ့်နဲ့ လက်ထောက်ရှင်းတို့ကို ရုံးခန်းထဲ ဖိတ်လိုက်ပါသည်။ ဝမ်ရှောင်းပင်က လက်ဖက်ရည် အမြန်သွားဖျော်၏။

လက်ဖက်ရည်ဖျော်တယ်ဆိုတာ လက်ထောက်တစ်ယောက် သို့မဟုတ် စီမံရေးအပိုင်းက လူများ၏ တာဝန် ဖြစ်သည်။ သို့သော်လည်း ရှန်းယန်ဂိမ်းမှာတော့ စီမံရေး ရာထူး မရှိပါ။ ထို့ကြောင့် ဝန်ထမ်းများကပဲ ဒီအလုပ်များကို လုပ်ရပါသည်။

တကယ်တော့ ဒါက အသေးစားဂိမ်းကုမ္ပဏီများအတွက် ပုံမှန်ပဲ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့ စီမံရေးဝန်ထမ်းများကိုလည်း လစာပေးရဦးမည်။ ကုမ္ပဏီတစ်ခု၏ အရွယ်က အတိုင်းအတာတစ်ခုထိ မကျယ်ပြန့်သေးပါက ဂိမ်းကုမ္ပဏီအများစုမှာ တတ်နိုင်သမျှ ကုန်ကျစရိတ်များကို လျှော့ချပါလိမ့်မည်။

သာမန်လူတွေကတော့ ဖေးချမ့်လို ဂိမ်းတစ်ခုတောင် မထုတ်ရသေးဘဲ လှပသည့် ဧည့်ကြိုကောင်မလေးနှစ်ယောက်ကို ခန့်အပ်တာမျိုး လုပ်မှာ မဟုတ်ပါ။

ဝမ်ရှောင်းပင်က အလွန်လျင်မြန်စွာဖြင့် လက်ဖက်ရည်ယူကာ ပြန်ရောက်လာပါသည်။ ဖေးချမ့်က လက်ဖက်ရည်ကို မျက်လုံးထောင့်ဖြင့် ကြည့်လိုက်ပြီး အရည်အသွေး သိပ်ကောင်းတဲ့ လက်ဖက်ရည်တော့ မဟုတ်ဘူး ဟုတွေးလိုက်ပါသည်။ ခွက်ကို ကိုင်လိုက်ပြီး အယောင်သောက်ပြကာ ပြန်ချလိုက်ပါသည်။

"မင်းလည်းထိုင် ရှောင်းပင်။ မင်းက ဂိမ်းတွေနဲ့ ပတ်သတ်ပြီး ဘော့စ်ဖေး မေးတဲ့မေးခွန်းတွေကို ဖြေပေးလိုက်" ထုရွေ့ကျီက ဝမ်ရှောင်းပင်ကို သူ့ဘေးမှာ ထိုင်ဖို့ အမူအယာလုပ်ပြလိုက်ပါသည်။

ဘော့စ်ထုက ငွေလိုက်ကောက်ဖို့သာ တာဝန်ရှိပြီး သူ့ဂိမ်းတွေအကြောင်းသိပ်ပြီး မသိတာ သိသာပါသည်။

ဘော့စ်ဖေးက ဘော့စ်တစ်ယောက်ဖြစ်ရုံတင်မကဘဲ အလွန်တော်သည့် ဂိမ်းဒီဇိုင်နာတစ်ယောက် ဖြစ်ကြောင်းကိုလည်း ထုရွေ့ကျီ ကြားဖူးပြီးသား ဖြစ်သည်။ ဂိမ်းနဲ့ပတ်သတ်ပြီး သူမသိသည့် အကြောင်းအရာတွေကို ဘော့စ်ဖေး မေးမှာ ကြောက်သဖြင့် ဝမ်ရှောင်းပင်ကို ကူညီဖြေပေးစေခြင်း ဖြစ်သည်။

ဝမ်ရှောင်းပင်လည်း ကုမ္ပဏီတစ်ခုလုံး၏ နောက်ဆုံးမျှော်လင့်ချက်က သူ့ပခုံးပေါ်တွင်ရှိနေသည်ဟူသောအတွေးကြောင့် အနည်းငယ် စိတ်လှုပ်ရှားလာပါသည်။

All Chapters