← Chapters

အခန်း(၁၄၂) ငွေတွေဆုံးရှုံးဖို့ ပရော်ဖက်ရှင်နယ်တွေကို အားကိုးရမယ်

Vol. 10 Ch. 142

အခန်း(၁၄၂) ငွေတွေဆုံးရှုံးဖို့ ပရော်ဖက်ရှင်နယ်တွေကို အားကိုးရမယ်

Vol. 10 Ch. 142

အခန်း(၁၄၂) ငွေတွေဆုံးရှုံးဖို့ ပရော်ဖက်ရှင်နယ်တွေကို အားကိုးရမယ်

"ဘော့စ်ဖေးနဲ့ ထန်းတာ့ဂိမ်းတို့က ကျင်းကျိုးမြို့တော်မှာ တကယ့် ပွဲတိုင်းကျော်တွေပဲလို့ ကျွန်တော်ကြားမိတာကြာပါပြီ။ ဘော့စ်ဖေးဖန်တီးတဲ့ ဂိမ်းတိုင်းက ရေပန်းစားလာပြီး ဝေ့ပေါ် ပေါ်မှာလည်း ရေပန်းစား ရှာဖွေမှုတွေ ဖြစ်လာတယ်။ ကျွန်တော်တို့ အရမ်းအားကျတာပဲ။” ထုရွေ့ကျီက လက်ဖက်ရည် သောက်ရင်း ပြောလိုက်ပါသည်။

ဖေးချမ့်က ယဥ်ယဥ်ကျေးကျေးပဲ ပြန်ပြောလိုက်ပါသည်။ "တကယ်တော့ ကျွန်တော်လည်း ဘော့စ်ထုကို အားကျပါတယ်။”

ထုရွေ့ကျီက ကြောင်သွားသည်။ "ဘာကို အားကျတာလဲဗျ။”

"အာ... ခင်ဗျားရဲ့ ကံကို အားကျတာပါ။” ဖေးချမ့်က 'သူ့ရဲ့ ငွေကို အရှုံးပေါ်စေသည့် အစွမ်းအစကို အားကျသည်' ဟုပြောဖို့ အစက ကြံစည်နေပါသည်။ သို့သော်လည်း ထိုစကားလုံးများက မသင့်တော်မှန်း ရုတ်တရက် နားလည်သွားပြီး စကားလုံးများကို ပြောင်းလဲလိုက်ရပါသည်။

ထုရွေ့ကျီက အကျယ်ကြီး ရယ်မောလိုက်၏။ "ဘော့စ်ဖေး ခင်ဗျားက တကယ်ရယ်ရတာပဲ။ ကြည့်ရတာ ကျွန်တော့်ကံက တကယ်ကောင်းတယ်ထင်ပါတယ်။ တခြားကုမ္ပဏီတွေသာ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရရင် သူတို့ သိပ်မကြာခင်မှာပဲ ပိတ်ချလိုက်ရမှာ။ ဘော့စ်ဖေးက ဒီကုမ္ပဏီကို ဝယ်ယူချင်တယ်ဆိုတော့ ကျွန်တော် ကံကောင်းတာပေါ့။”

"ဘော့စ်ဖေး ရှန်းယန်ဂိမ်းကို ကယ်တင်ချင်တာ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အဲ့တာကြောင့် လှည့်ကွက်တွေ အကုန်လုံးကို ပယ်ပြီး ခင်ဗျားကို အမှန်တိုင်း ပြောပါ့မယ်။”

"တကယ်တမ်းတော့ ကုမ္ပဏီရဲ့ ဆိုးရွားတဲ့ အော်ပရေးရှင်းတွေအတွက် ကျွန်တော့်မှာ တာဝန်အရှိဆုံးပါပဲ။ ရှန်းယန်ဂိမ်းကို ကျရှုံးမှုကနေ ကယ်တယ်ပြီး ဘဝသစ်ပေးနိုင်မယ်ဆိုရင် ကုမ္ပဏီကို ခင်ဗျားကို တိုက်ရိုက်ပေးလိုက်မှာပါ။”

"ဒါပေမယ့်... ပထမဆုံးအနေနဲ့ ဒီကုမ္ပဏီက ကျွန်တော်နဲ့ တခြား ညီအစ်ကိုတစ်ယောက် အတူတူ တည်ထောင်ခဲ့ကြတာ။ ကျွန်တော်တို့ သွေးတွေ ချွေးတွေ အများကြီး ပေးဆပ်ခဲ့ရတယ်။ ဒုတိယအနေနဲ့ကတော့ ဒီကုမ္ပဏီရဲ့ ဝန်ထမ်းတွေ အားလုံးက ကျွန်တော့်ရဲ့ ညီအစ်ကိုတွေချည်းပဲ။ သူတို့ သွားဖို့ နေရာကောင်းကောင်း ရှာပေးနိုင်ဖို့ မျှော်လင့်မိပါတယ်...။” ထုရွေ့ကျီက လက်ဖက်ရည်သောက်ရင်း ပြောလိုက်ပါသည်။

ထုရွေ့ကျီက စကားလုံးလှလှလေးများ ပြောနေသော်လည်း ဘော့စ်ထု စျေးတင်ချင်နေတယ်ဆိုတာ ဖေးချမ့် နားလည်ထားပါသည်။

သူ့စကားလုံးများ၏ အဓိကနေရာက 'ဒါပေမယ့်' ဆိုသည့် စကားလုံးနောက်က ပါလာသည်။

ခြုံပြောရလျှင်တော့ ဘော့စ်ထုက ကုမ္ပဏီဖွင့်စဥ်တုန်းက သူ့အခက်အခဲများနှင့် ဝန်ထမ်းများ ဘယ်လောက် တော်ကြောင်း ထုတ်ပြောချင်ခြင်း ဖြစ်သည်။ လည်ပတ်နေဆဲဖြစ်သည့် ဂိမ်းနှစ်ခုကလည်း မျှော်လင့်ချက်ရှိသေးပြီး နည်းနည်းလောက် အားစိုက်ထုတ်လိုက်ပါက ပြန်လည် အမြတ်ရလာနိုင်သည်ဟုလည်း ပြောချင်နေပုံရသည်။

ဖေးချမ့်က တိုးတိတ်စွာ နားထောင်ရင်း ပြုံးလိုက်ပါသည်။

ထုရွေ့ကျီက ၁၀ မိနစ်ကြီးများတောင် စကားကို ဆက်တိုက်ပြောနေခဲ့သည်။ ရှန်းယန်ဂိမ်းကုမ္ပဏီ၏ အခြေအနေကို တင်ပြပြီး ကိုယ်ရေးကိုယ်တာာ အမြင်များစွာကိုလည်း ပြောပြ၏။ သူက အလွန်ပြင်ဆင်ထားက ရှိန်လောက်စရာပုံပင်။

ဖေးချမ့်က သူ့စကားများကို ဘာမှ မတုန့်ပြန်သေးပေ။ ဒီအကြောင်းအရာတွေကိုလည်း လုံးဝ စိတ်မဝင်စားပါ။

ဖေးချမ့်၏ အသက်အရွယ်ကြောင့်လားမသိ။ ဘော့စ်ထုက သူ့ကို ကြွားဝါပြီး စျေးမြင့်မြင့်ပေးဖို့ အယုံသွင်းနေသည်။ သို့သော်လည်း ဖေးချမ့်က ဒါတွေကို စိတ်မဝင်စားဘဲ တာဝန်လည်း ယူမထားတာကို သူ မသိခဲ့ပါ။ အားလုံးက လက်ထောက်ရှင်း၏ အလုပ်သာ ဖြစ်သည်။

လက်ထောက်ရှင်းသည် ဖေးချမ့်၏ နောက်ကွယ်မှ တိုးတိတ်စွာ နားထောင်ရင်း အချက်အလက်များကို သူ၏ မှတ်စုစာအုပ်ထဲ မှတ်တမ်းတင်နေပါသည်။ ဖေးချမ့်၏ အမိန့်နဲ့ စျေးကို အချိန်မရွေး စတင်ဖြတ်နိုင်ဖို့ ပြင်ဆင်ထားပြီးသား ဖြစ်၏။

"ဘော့စ်ဖေး ဒါအကုန်ပါပဲ။ ကျွန်တော် ခင်ဗျားကို အရမ်းသင့်တော်တဲ့ စျေးပဲ ခေါ်မှာပါ။ အစွန်းထွက်တွေ အကုန်ဖျက်ပြီး ၁ သန်း တိတိကျကျနဲ့ ပေးပါ့မယ်။ ဘယ်လိုသဘောရလဲ။”

ဘော့စ်ထု၏ မျက်နှာပေါ်တွင် "ဒါ ခင်ဗျားကို စျေးလျှော့ပေးတာ" ဟူသော အနေအထားမျိုး ပေါ်နေ၏။

ဖေးချမ့်က ဘာမှ မတုန့်ပြန်ဘဲ ဒီတိုင်း မေးလိုက်ပါသည်။ "ခင်ဗျားတို့ရဲ့ အရင်တုန်းက အစီအစဥ်ရေးဆွဲသူချုပ်က လျို့ကြီးလို့ခေါ်တဲ့ တစ်ယောက်မလား။ သူ ဘယ်ရောက်သွားတာလဲ။”

ထုရွေ့ကျီ ကြက်သေ သေသွားပါသည််။ ထို့နောက် ခေါင်းကို အနည်းငယ် ခါလိုက်၏။ "သြော် လျို့ကြီးလား။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အလုပ်ထွက်သွားတယ်လေ။ သူ နောက်ထပ် ကုမ္ပဏီတစ်ခု ရှာတွေ့သွားပြီ ထင်ပါတယ်။”

"စိတ်ချပါ ဘော့စ်ဖေး ရှောင်းပင်ကလည်း ကျွန်တော်တို့ရဲ့ စနစ်ဒီဇိုင်နာ လုပ်တာ ကြာပါပြီ။ သူ့အစွမ်းအစတွေက အရမ်းကောင်းတယ်။ အစီအစဥ်ရေးဆွဲသူချုပ်အဖြစ် ရာထူးတိုးလိုက်ပြီး သေချာပေါက် လျို့ကြီးရဲ့ တာဝန်တွေကို လွှဲယူနိုင်မှာပါ။ အဲ လျို့ကြီးထက်တောင် ပိုပြီး တော်နိုင်လောက်တယ်။”

အလုပ်ထွက်သွားတယ် ဟုတ်လား။

ဘယ်လို...

ဖေးချမ့်  အနည်းငယ် ဒုက္ခတွေ့သွားပါသည်။

ကုမ္ပဏီ ပြိုကွဲတော့မှာကို လျို့ကြီးက သိသွားပြီး တခြား အလုပ်တစ်ခုကို ကြိုတင် ရှာဖွေခဲ့သည်။ အမှန်ပင်။ လျို့ကြီး၏ ဂိမ်းအစီအစဥ်ဆွဲ အတွေ့အကြုံနှင့် ပြောင်မြောက်သော လျှောက်လွှာတို့ကြောင့် အလုပ်ရှာဖို့ မခက်ခဲခဲ့ပေ။

သို့သော်လည်း နည်းနည်းတော့ သနားစရာ ကောင်းပါသည်။ ဒီလို မက်လောက်စရာ ကုမ္ပဏီက မဝယ်ခင်မှာတင် မပြည့်မစုံ ဖြစ်နေပါသည်။ သို့သော်လည်း ဖေးချမ့် ရင်ထဲ သိပ်မထားခဲ့ဘဲ လျို့ကြီးကိုလည်း ပြန်ခေါ်ဖို့ အစီအစဥ် မရှိခဲ့ပါ။

ကုမ္ပဏီမှာ အစီအစဥ်ရေးဆွဲသူချုပ်တစ်ယောက်သာ လျော့နည်းသွားခြင်း ဖြစ်၏။ ထို ရာထူးကို တာဝန်ယူဖို့ နောက်တစ်ယောက် ရှာလိုက်ခြင်းအားဖြင့် ဆက်လက် လည်ပတ်နိုင်ပါသည်။

သို့သော်လည်း ဖေးချမ့်က ဝမ်ရှောင်းပင်ကို လှမ်းကြည့်လိုက်ပြီး ဒီကောင် အစီအစဥ်ရေးဆွဲသူချုပ် မဖြစ်နိုင်ဘူးဟု ခံစားလိုက်မိပါသည်။

ဘော့စ်ထု ပြောပုံအရဆို သူက အရင်ပရောဂျက်များအတွက် စနစ်ဒီဇိုင်နာ ဖြစ်သည်။ သူက ပရောဂျက်များကို လေးလေးနက်နက် နားလည်ထားပြီး အလွန်စွမ်းဆောင်နိုင်၏။ ဒါအမှန်ပဲ ဖြစ်လောက်သည်။ ဒီလိုသာဆို သေချာပေါက် သူ့ကို ဖေးချမ့် အစီအစဥ်ရေးဆွဲသူချုပ်အဖြစ် ခန့်အပ်လို့ မရပါ။ သူသာ လျို့ကြီးထက် ပိုတော်နေရင် ဘယ်လိုလုပ်မလဲ။  နောက်တစ်ယောက်ကို ပြောင်းခန့်ရပါလိမ့်မည်။

ဖေးချမ့်က ဒါကို ရင်ထဲမှာ ချိန်ဆကြည့်ကာ မျက်နှာပေါ်မှာတော့ ထုတ်မပြခဲ့ပေ။

"ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဂိမ်းနှစ်ဂိမ်းကို ကစားကြည့်လို့ရမလားဗျ" ဖေးချမ့်က မေးလိုက်သည်။

ထုရွေ့ကျီက ခေါင်းငြိမ့်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ရတာပေါ့။ ရှောင်းပင် လက်ပ်တော့ တစ်လုံး ယူလာခဲ့။ ဘော့စ်ဖေးကို ငါတို့ဂိမ်း စမ်းပြီး ကစားကြည့်ခိုင်းလိုက်။”

ဝမ်ရှောင်းပင်က ခေါင်းငြိမ့်လိုက်ပြီး ရုံးခန်းထဲက ထွက်သွားကာ အပြင်မှာ လက်ပ်တော့တစ်လုံး သွားရှာလိုက်ပါသည်။

ထုရွေ့ကျီ၏ ရုံးခန်းစားပွဲပေါ်မှာ လက်ပ်တော့တစ်လုံး ရှိနေတာကို ဖေးချမ့် သတိထားမိသည်။ ဆိုလိုတာက ထုရွေ့ကျီ သူ့ကုမ္ပဏီက ဂိမ်းများကို တစ်ခါမှ မကစားဖူးဘူးဟူသည့်သဘောပင်။ ဖေးချမ့် အနည်းငယ် အားကျမိပါသည်။

ကြည့်လိုက်ပါဦး။ ရင့်ကျက်တဲ့ ကုမ္ပဏီတစ်ခုဆိုတာ ဒီလိုပဲဖြစ်သင့်တာ။ ဘော့စ်က အော်ပရေးရှင်းတွေ အကြောင်းကို စိတ်မဝင်စားဘူး။ ကုမ္ပဏီက သူ့ဖာသာသူ အရှုံးပေါ်နိုင်တယ်။

ထန်းတာ့ကို ကြည့်လိုက်။ ငါက ဂိမ်းအတွက် အသေးစိတ်မှန်သမျှကို လိုက်ဂရုစိုက်တာတောင် ဒုက္ခပေးနေတုန်းပဲ။

သိပ်မကြာခင် ဝမ်ရှောင်းပင် လက်ပ်တော့တစ်လုံးဖြင့် ရောက်လာခဲ့ပါသည်။

ရှန်းယန်ဂိမ်းက ဂိမ်းနှစ်ခုကို ထုတ်လုပ်ထား၏။ တစ်ခုက Romantic Taoist ဟုခေါ်ပြီး နောက်တစ်ခုက Bloody Battle Song ဟု အမည်ရသည်။ နှစ်ခုစလုံးက အင်တာနက် Browser ဂိမ်းများ ဖြစ်ကြသည်။ သို့သော်လည်း ပထမတစ်ခုက စီမံရေးအမျိုးအစား ဂိမ်းဖြစ်ပြီး နောက်တစ်ခုက နိုင်ငံနှစ်ခုအကြား စစ်ပွဲအကြောင်း RPG ဂိမ်းတစ်ခု ဖြစ်ပါသည်။

ဖေးချမ့် Romantic Taoist ကို အရင်ဆုံး ဖွင့်ကြည့်လိုသည်။

အကောင့်တစ်ခုဖွင့်ပြီး ပထမဆုံး မြင်လိုက်ရတာကတော့ နှာခေါင်းသွေးလျှံလောက်သည့် မြင်ကွင်းတစ်ခု ဖြစ်သည်။လှပသော မိန်းကလေးတစ်ယောက်၏ ပုံအကြီးကြီးကို အလယ်တွင် ပြထားသည်။ သူမက မလုံမလဲ ဝတ်ထားပြီး နှာခေါင်းသွေးလျှံလောက်သည်။

ထုရွေ့ကျီနှင့် ဝမ်ရှောင်းပင်တို့က အနည်းငယ် စိတ်မသက်မသာဖြစ်နေသည့် ပုံပင်။ ရုပ်ဆိုးဆိုး ကောင်မလေးတစ်ယောက် ယောက္ခမကို တွေ့ခါနီးအချိန်လိုမျိုး ရှက်နေကြပါငသည်။ ဘော့စ်ဖေးက ဘော့စ်တစ်ယောက်ဖြစ်ရုံမကဘဲ ထန်းတာ့ဂိမ်း၏ ခေါင်းဆောင်ဒီဇိုင်နာဖြစ်သည်ဟုလည်း ကြားဖူးပါသည်။

ဥပမာအားဖြင့် လတ်တလော ရေပန်းစားနေသည့် ဂိမ်းဒီဇိုင်နာဂိမ်းမှာ ပြည်တွင်းဂိမ်းလောကို နှံ့နှံ့စပ်စပ် လေ့လာဆန်းစစ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသော ဂိမ်း ဖြစ်သည်။ ၎င်း၏ Gameplay ရုပ်ထွက်နှင့် အဓိက ပေးချင်သည့် မက်ဆေ့ချ်တို့က နိုင်ငံခြား ထိပ်တန်း ဂိမ်းပရိုဂျူဆာများနှင့် ယှဥ်နိုင်လောက်သည်။

သို့သော်လည်း ရှန်းယန်ဂိမ်းတွေကို ကြည့်လိုက်ပါဦး။ လက်ခံနိုင်လောက်သည်ဟူသော အဆင့်လောက်သာ ရှိသည်။

၎င်းတို့၏ အဆင့်အတန်းမြင့်မားမှုက အဝေးကြီး ခြားနားပါသည်။

ဘော့စ်ဖေးသာ ဒီလိုဂိမ်းမျိုးကို မြင်ပြီး သဘောမကျဖြစ်လာပြီး သူတို့ကုမ္ပဏီကို မဝယ်ယူဖို့ ဆုံးဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

ဖေးချမ့်က ဂိမ်းကို သေချာ စမ်းကစားကြည့်လိုက်ပြီး အချိန်တိုအတွင်းမှာပဲ ဒီဂိမ်းရဲ့အမည်က တော်တော်လေးလွဲနေတာကို အတည်ပြုလိုက်နိုင်ပါသည်။ ဒါက ကောင်မလေးများစွာ ပါဝင်သည့် သာမန် Browser စီမံရေးဂိမ်းမျိုးသာ ဖြစ်သည်။ အချိန်အတော်ကြာသောအခါ အသစ်သစ်သော မိန်းမလှလေးများ ထပ်ပြီး ပွင့်လာမည်။

ဂိမ်းက ဘယ်ဘက်ကကြည့်ကြည့် တော်တော် ဆိုးရွားပါသည်။ ထို့ကြောင့်လည်း ဒီဂိမ်းလည်ပတ်တာကို ရပ်တန့်ရတော့မှာ ဖြစ်သည်။

ဖေးချမ့်က ဂိမ်းကို ပိတ်လိုက်ပြီး Bloody Battle Song ကို တိတ်ဆိတ်စွာ ဖွင့်လိုက်ပါသည်။

ဒီဂိမ်းရုပ်ထွက်က အရင်ဂိမ်းထက် အများကြီး ပိုကောင်းပါသည်။ သို့သော်လည်း ဆိုးရွားတာတော့ ဆိုးရွားနေဆဲ ဖြစ်သည်။

ရိုးရိုတန်းတန်း လိုက်လံခုတ်ထစ်ရသော ဂိမ်းမျိုး ဖြစ်၏။ ၎င်း၏ 2D ရုပ်ထွက်ကြောင့် ဖေးချမ့် ကျောက်ခေတ်ပြန်ရောက်သွားသလို ခံစားလိုက်ရပါသည်။

ဒီဂိမ်းက ရှန်းယန်ဂိမ်း၏ လစဥ် လည်ပတ်ခ ၃၀၀,၀၀၀ ကို ကာမိအောင် ပထမနှစ်လအတွင်း အမြတ် တော်တော်လေး ရခဲ့တာ မယုံနိုင်စရာ ကောင်းလှပါသည်။ ဆန်းကြယ်မှု တစ်ခုအဖြစ်တောင် သတ်မှတ်နိုင်ပါသည်။

ထိုဂိမ်းနှစ်ခုကို မြင်ပြီးသောအခါ ဖေးချမ့် ရုတ်တရက်ကြီး သဘောပေါက်လာသည်။ ဘာကြောင့် သူ အရှုံးမပေါ်နိုင်တာလဲဆိုတာကို နားလည်လာပုံရသည်။ သူက တွေးခေါ်ခြင်း မရှိသောကြောင့်ပင်။ ၂၀၁၉ ခုနှစ်က လူတစ်ယောက်အဖြစ် သူ့အမြင်နှင့် စတိုင်တို့က ထိုခေတ်အခါက ဂန္တဝင်လက်ရာမျိုးစုံ၏ လွှမ်းမိုးမှုကို ခံနေရဆဲ ဖြစ်၏။

အမှိုက်သရိုက်ဂိမ်းများကို တမင်သက်သက် ထုတ်လုပ်ချင်ရင်တောင် သူ စဥ်းစားနိုင်သည့် တစ်ခုတည်းသောအရာက စျေးကွက်ပေါ်က High Paywall များဖြင့် ဂိမ်းများဖြစ်သည်။ သို့သော်လည်း Paywall ပါသည့် ဂိမ်းများအားလုံးက စျေးကွက်ထဲက ပြင်းထန်သည့် တိုက်ပွဲများကို ရှင်သန်ပြီး အမြတ်ရနိုင်သည့် အောင်နိုင်သူများသာ ဖြစ်ကြသည်။

သူ့တွေးခေါ်နိုင်စွမ်းက အကန့်အသတ်ရှိနေပါသည်။ ဒါ့ထက်ပိုပြီး အမှိုက်ဆန်သည့် ဂိမ်းများကို မတွေးနိုင်ပါ။ သို့သော်လည်း အခုတော့ နားလည်သွားပါပြီ။

Romantic Taoist နှင့် Bloody Battle Song ကဲ့သို့သော ဂိမ်းတွေ...

ဂိမ်းထဲ ပထမဆုံး ဝင်ဝင်ချင်း ၂ မိနစ်အတွင်းမှာပင် သူ့ဦးနှောက် မြေပေါ် အလုံးလိုက် ထွက်ကျသွားသလို ခံစားလိုက်ရပါသည်။

ထင်ထားသည့်အတိုင်း 'ငွေဆုံးရှုံးဖို့ ပရော်ဖက်ရှင်နယ်များကိုသာ အားကိုးရမည်'။ ဒီအပေးအယူက တကယ်ပဲ တန်ပါသည်။

All Chapters