← Chapters

အခန်း(၁၄၃) စျေးဖြတ်ခြင်း

Vol. 10 Ch. 143

အခန်း(၁၄၃) စျေးဖြတ်ခြင်း

Vol. 10 Ch. 143

အခန်း(၁၄၃) စျေးဖြတ်ခြင်း

ထုရွေ့ကျီကတော့ ဖေးချမ့်နဲ့ ဆန့်ကျင်ဘက်ပင်။ ဂိမ်းများကို ကစားရင်း 'ငါ့မျက်လုံးတွေ သွားပါပြီ' ဟူသော ဘော့စ်ဖေး၏ မျက်နှာကို မြင်သောအခါ သူ့နှလုံးသား မြေကြီးပေါ် ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သူ့ကုမ္ပဏီက ဂိမ်းတွေ ဘယ်လောက်ဆိုးရွားမှန်း သိသဖြင့် ထုရွေ့ကျီ သူ့ဂိမ်းတွေကို တစ်ခါမှ မကစားဖူးခဲ့ပါ။ ဘော့စ်ဖေးကို ဒီလို အမှိုက်သရိုက်ဂိမ်းများကို ကစားခွင့်ပေးလိုက်ခြင်းဖြင့် ရက်စက်လိုက်မိပြီဟု ခံစားလိုက်ရပါသည်။

ဘော့စ်ဖေးသာ ဒီဂိမ်းနှစ်ခုကို သဘောမကျပါက ဒါတွေကို အကြောင်းပြချက်အဖြစ် အသုံးချရင်း စျေးနှိမ်လောက်သည်။ ထုရွေ့ကျီလည်း စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပြီးပြီ ဖြစ်ပါသည်။

ဖေးချမ့်က လက်ပ်တော့ကို ပိတ်လိုက်ပြီး ဝမ်ရှောင်းပင်ကို ပြန်ပေးလိုက်ကာ ပြောလိုက်ပါသည်။ "မဆိုးပါဘူး။”

မဆိုးပါဘူး ဟုတ်လား။

ထုရွေ့ကျီ ဖေးချမ့်ကို ရုတ်တရက်ကြီး အလွန် လေးစားသွားမိပါသည်။ ဘော့စ်ဖေးက သူ့ကို မရှက်အောင် ဟန်ဆောင်ပေးနေသည်ဟု ထင်သွား၏။ ဒီလို အမှိုက်ဂိမ်းတွေကို ဘယ်လိုလုပ်ပြီး မဆိုးပါဘူးဟု ပြောရဲရတာလဲ။ သူက တကယ်ပဲ သဘောကောင်းလွန်းပါသည်။

တကယ်တော့ ဖေးချမ့် ဒီဂိမ်းတွေက တကယ် မဆိုးဘူးဟု ထင်သောကြောင့်ပင်။ ဖေးချမ့်က ဒီဂိမ်းတွေရဲ့ အမှိုက်သရိုက်ဆန်သည့် အဆင့်မျိုးကို သူဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်မှန်း နားလည်သွားသည်။ ထို့အပြင် ဘယ်လိုဂိမ်းအမျိုးအစားပဲဖြစ်ဖြစ် အမြတ်မရရင် ဂိမ်းကောင်းအဖြစ် သတ်မှတ်နိုင်သည်။

ဝမ်ရှောင်းပင်က ပုံမှန်အတိုင်း မေးလိုက်ပါသည်။ "ဘော့စ်ဖေး ဒီဂိမ်းနှစ်ဂိမ်းနဲ့ ပတ်သတ်ပြီး ဘာမေးစရာရှိသေးလဲ။ မေးချင်တာ မေးပါ ကျွန်တော် ဖြေပေးပါ့မယ်။”

ထုရွေ့ကျီ ဒေါသထွက်လွန်းသွားပြီး ဝမ်ရှောင်းပင်ကို ကန်ထုတ်ချင်သွားပါသည်။

မင်းဘာတွေ ပြောနေတာလဲ မင်းသိရဲ့လား။ ဒီကိစ္စကို မြန်မြန်လေး အဆုံးသတ်လိုက်လို့ မရဘူးလား။ ဘာလို့ ဘော့စ်ဖေးကို ဂိမ်းကို ဝေဖန်အောင် အတင်းတောင်းဆိုနေတာလဲ။

ဖေးချမ့်က ရယ်မောရင်း ပြောလိုက်ပါသည်။ "ဒီဂိမ်းတွေရဲ့ ဒီဇိုင်းကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။ မေးစရာ မရှိတော့ပါဘူး။”

တကယ်တော့ ဒီလောက်စုတ်ပြတ်သည့် ဂိမ်းမျိုး ဘယ်လိုထုတ်ထားတာလဲဟု သူတို့ကို မေးချင်ပါသည်။ သို့သော်လည်း သေချာ စဥ်းစားကြည့်မှ ဒီလောက်ကြီး မပွင့်လင်းသင့်မှန်း ဆင်ခြင်မိသည်။

ဝမ်ရှောင်းပင်က လက်ပ်တော့ကို လှမ်းယူလိုက်ပြီး ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ဟုတ်ပါတယ် ဘော့စ်ဖေး။ ဘော့စ်ဖေးက ပရော်ဖက်ရှင်နယ်တစ်ယောက်ပဲကို။ ဒီဂိမ်းကို တစ်ချက်လောက် ကြည့်လိုက်တာနဲ့ နားလည်မှာပါ။ ကျွန်တော်က စာအုပ်ကြီးအတိုင်း လုပ်နေမိတာပါ။”

ထုရွေ့ကျီ စိတ်အေးစွာ သက်ပြင်းချလိုက်ပါတော့သည်။ ဒီကိစ္စကို မြန်မြန် အဆုံးသတ်ကာ ဝယ်ယူမှုကို မြန်မြန် ပြီးစေချင်နေပြီး ပိုက်ဆံပိုက်ကာ ထွက်သွားချင်နေပါပြီ။

ထိုအချိန်ရောက်ပါက ဒီဟောင်းနွမ်းနေသည့် ပရိဘောဂများ ကွန်ပျူတာများ၊ အသုံးမဝင်သည့် ဝန်ထမ်းများအားလုံးကို ထန်းတာ့ဆီသို့ ပစ်ပေးနိုင်တော့မည်။ ဘော့စ်ဖေးက ထိုအရာတွေကြောင့် ခေါင်းကိုက်ရမည့်သူ ဖြစ်သွားလိမ့်မည်။

ဖေးချမ့်က ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး ရှင်းဟိုက်လူကို စတင်စျေးခေါ်လို့ ရပြီဟု အချက်ပြလိုက်ပါသည်။

ဖေးချမ့်က နောက်ထပ် ယွမ် ၃၀၀,၀၀၀ - ၄၀၀,၀၀၀ လောက် ထပ်ပြီး သုံးရတာ စိတ်မရှိသော်လည်း သူ ဒီလောက် ငွေပိုငွေလျှံများကို ပေးလိုက်ပါက သူက ရှုံးသွားသည့်လူ ဖြစ်သွားမည်ဟု ခံစားမိပါသည်။ စနစ်၏ ပိုင်ဆိုင်မှုများ ဖြစ်သော်လည်း ဘော့စ်ထုကို ထိုပိုက်ဆံများ ပေးဖို့ကိုတော့ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပါသည်။

ထိုပိုက်ဆံများနှင့် ဝန်ထမ်းတွေ၏ ဖူလုံရေးကို တိုးမြှင့်ပေးလို့ ရတာပဲမဟုတ်လား။

ထို့ကြောင့် ဘော့စ်ထု၏ ရင်ထဲက အနိမ့်ဆုံး ပေးနိုင်သည့် စျေးကို မရောက်ခင်အထိ စျေးကို နှိမ်သင့်ပါသည်။

လက်ထောက်ရှင်းက မှတ်စုစာအုပ်ကို ပြန်လှန်ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဘော့စ်ထု ကျွန်မ သိသလောက်တော့ ဝန်ထမ်းတွေရဲ့ တစ်လတာ လစာကို အချိန်ဆွဲထားတယ်။ ဂိမ်းနှစ်ခုထဲက တစ်ခုက မလည်ပတ်တော့ဘူး။ တခြား ဝင်ငွေတွေလည်း ထိုးဆင်းနေတယ်လို့ သိထားပါတယ်။ လောလောဆယ် ဂိမ်းနှစ်ခုကို အရည်အသွေးမြင့် ပိုင်ဆိုင်မှုလို့ သတ်မှတ်လို့မရတော့ဘဲ IP တန်ဖိုးလည်း သိပ်မရှိတော့ဘူး။”

"ဒီပရိဘောဂနဲ့ ရုံးကွန်ပျူတာတွေက လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်က ဝယ်ထားတာ။ အဲ့ကတည်းက စျေးကြီးတဲ့ပစ္စည်းတွေ မဟုတ်ဘူး။ ဘယ်လောက်ထိ သုံးပြီးပြီလဲဆိုတာကို ကြည့်ခြင်းအားဖြင့် အသင့်တော်ဆုံးစျေးကတော့ အဟောင်းစျေးပဲ ရနိုင်မယ်လို့ ထင်ပါတယ်။ ရှင်တို့ သိတဲ့အတိုင်း ထန်းတာ့ရဲ့ လက်ရှိ အလုပ်ပတ်ဝန်းကျင်အတွက်ဆို ဒီအရာတွေက အသုံးမဝင်ပါဘူး...။”

လက်ထောက်ရှင်းက အလွန်လျင်မြန်စွာ ပြောနေသည်။ ထုရွေ့ကျီ၏ မျက်နှာလည်း တဖြည်းဖြည်း ဖြူရော်လာပါသည်။

သွားပါပြီ။ ခုနက သုံးခဲ့သမျှ လေတွေ အလကား ဖြစ်ကုန်ပြီ။

အစကတော့ ဘော့စ်ဖေးက အလွန်ငယ်ရွယ်ပြီး အတွေ့အကြုံ သိပ်မရှိလောက်ဘူးဟု သူ ထင်ထားခဲ့သည်။ ထုရွေ့ကျီက ကြွားဝါပြီး သူ့ဆီက ငွေမျာားများ ပိုရနိုင်မည်ဟု တွက်ထားခဲ့သည်။ သို့သော်လည်း သူ လူကြွားမှားပြီဆိုတာကို သိလိုက်ရပါသည်။

ဘော့စ်ဖေးက ဝယ်ယူဖို့ ကိစ္စအသေးစိတ်တွေကို စိတ်မဝင်စားပါ။ အနောက်က လက်ထောက်ကသာ ဒါကို တာဝန်ယူထားခြင်း ဖြစ်သည်။ ထိုလက်ထောက်က အလွန် အတွေ့အကြုံရှိသည့်ပုံစံပင်။ သူမက ထုရွေ့ကျီထက် ရှုထောင့်ပေါင်းစုံက ပိုပြီး သာလွန်နေပါသည်။

တခြားဟာတွေ ချန်ထားဦး။ သူမ၏ တည်ရှိမှုကပင် ထုရွေ့ကျီထက် အများကြီး သာလွန်နေပါပြီ။ ထုရွေ့ကျီက ပရိုက်ဗိတ်လုပ်ငန်းတစ်ခု၏ ဘော့စ်တစ်ယောက်သာ ဖြစ်သည်။ ကော်ပိုရေးရှင်းအကြီးစားများတွင် အလုပ်လုပ်ဖူးသည့် လက်ထောက်ရှင်းကို သွားယှဥ်လို့ မရပါ။ သိပ်မကြာခင် သူမ ပြောသွားသည့် စကားများကြောင့် သူဆွံ့အသွားပါသည်။

လက်ထောက်ရှင်းက မှတ်စုစာအုပ်ကို ပြန်ပိတ်လိုက်သည်။ "ကျွန်မတို့ သေချာစဥ်းစားပြီးတဲ့နောက် ကမ်းလှမ်းနိုင်တဲ့စျေးကတော့ ၅၅၀,၀၀၀ ယွမ်ပါ။”

ထုရွေ့ကျီက တံတွေးမျိုချလိုက်ပါသည်။ ဒီစျေးက သူ့အတွက် လက်ခံနိုင်သည် ဆိုရုံလောက်သာ ရှိသည်။ သို့သော်လည်း မကျေနပ်သေးပေ။

ဖေးချမ့်က ပြုံးကာ ပြောလိုက်ပါသည်။ "အဆင်ပြေပါတယ် ဘော့စ်ထု။ ကျွန်တော် နောက်ထပ် ၅၀,၀၀၀ တိုးပေးပါ့မယ်။ ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုအရ ၆၀၀,၀၀၀ ပေးပါ့မယ်။”

ထုရွေ့ကျီ ခဏလောက် စဥ်းစားကြည့်လိုက်သည်။ သူ စျေးကိုတော့ ထပ်မြင့်စေချင်သည်။ သို့သော်လည်း စဥ်းစားပြီးနောက် ထပ်ပြီး စျေးမဆစ်ဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။

လက်ထောက်ရှင်းက သူမ၏ တွက်ချက်မှုများကို အလွန်တိကျစွာ ဆောင်ရွက်ထား၏။ သူ ထပ်ပြီး စျေးဆစ်စရာ အကြောင်း မရှိတော့ပါ။ ဘော့စ်ဖေး သဘောမကျလောက်သည့် စကားတစ်ခုခု ပြောလိုက်မိပါက ချက်ချင်း ပြန်သွားနိုင်သည်။ အဲ့တာဆို အကုန်ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား။

ထုရွေ့ကျီ ဒါကို တွေးလိုက်ပြီးနောက် မျက်နှာပေါ်တွင် တောက်တောက်ပပ အပြုံးတစ်ခု ဆောင်လိုက်ပါသည်။ "ကောင်းပါပြီ ဘော့စ်ဖေး။ ဒါဆိုလည်း ၆၀၀,၀၀၀ ပေါ့။ ကျွန်တော့် ညီအစ်ကိုတွေ အနာဂတ်ကောင်းစေဖို့ ကျွန်တော်လက်ခံလိုက်တာပါ...။”

ဖေးချမ့် ဆွံ့အသွားပါသည်။ ဒီလူက စကားလုံးလှလှလေးများနဲ့ ကြွားဝါရတာကို အသားကျနေသူ ဖြစ်လောက်သည်။ သူပြောတာ မှန်သမျှ ယုံချင်စရာ မရှိပါ။

"ဒါဆို လုပ်ငန်းဆောင်တာတွေ ဆက်လုပ်ကြတာပေါ့။” ဖေးချမ့်က လက်ထောက်ရှင်းကို ကြည့်လိုက်ပါသည်။

သူတို့ သဘောတူညီချက် ရသွားပြီ ဖြစ်သော်လည်း အများကြီး လုပ်စရာ ကျန်ပါသေးသည်။ ကုမ္ပဏီ၏ အသေးစိတ်များကို သေချာ အတည်ပြုပြီးမှ ဝယ်ယူမှု သဘောတူ စာချုပ်ကို ချုပ်ဆိုရပါမည်။ စူပါမားကတ်ထဲမှာ စျေးဝယ်သလို မဟုတ်ပါ။ ပစ္စည်းကို ယူပြီး ကတ်ဖြတ်ပြီး အိမ်တန်းပြန်သွားလို့ မရပါ။ သူတို့ တစ်ဆင့်ချင်း လုပ်ရပါမည်။

သို့သော်လည်း ဖေးချမ့်က ဒါတွေ စိတ်ပူဖို့ မလိုပေ။

"ဘော့စ်ဖေးက အရမ်း စေတနာရှိတာပဲ။ သေချာပေါက် အောင်မြင်မှာပါဗျာ။”

ထုရွေ့ကျီက အလွန်ပျော်ရွှင်နေပါသည်။ စျေးက သူမျှော်လင့်ထားတာထက် ပိုနည်းနေသော်လည်း ဘော့စ်ဖေး ထပ်ပေါင်းလိုက်သည့် နောက်ဆုံး ယွမ် ၅၀,၀၀၀ က သူ့ကိုပျော်သွားစေပါသည်။

အဓိက အချက်က နောက်ဆုံးတော့ သူ ဝန်ထုပ်ဝန်ပိုးများ လွှတ်ချနိုင်တာ ဖြစ်ပါသည်။ ဒါနဲ့တင် သူသေပျော်ပါပြီ။

"အပြင်က ဝန်ထမ်းတွေကို အလုပ်နားဖို့ ပြောလိုက်တော့။ ဒီလုပ်ငန်းဆောင်တာတွေ ပြီးသွားမှ ပြန်လာဖို့ ပြောလိုက်။”

"အာ... လာမယ့် တနင်္လာနေ့ မေလ ၁၀ ရက်နေ့လို့ သတ်မှတ်လိုက်ကြမယ်။”

ဖေးချမ့်က ရက်စွဲကို ကြည့်လိုက်သည်။ ဒီနေ့က ဗုဒ္ဓဟူးနေ့။ ၄ ရက်လောက်ဆို လုပ်ငန်းဆောင်တာ အတော်များများကို ပြီးလောက်ပါသည်။

ဘာပဲဖြစ်ဖြစ် ဒါက သန်းချီတန်သည့် ဝယ်ယူခြင်းမျိုး မဟုတ်ပါ။ ရှန်းယန်းဂိမ်း ကုမ္ပဏီက ကုမ္ပဏီ အသေးစားလေး ဖြစ်ပါသည်။ ရှင်းစရာ ကိစ္စများစွာ ရှိသည်။ လက်ထောက်ရှင်းက အလွန် အစွမ်းအစရှိပြီး သေချာပေါက် အချိန်မှီ တာဝန်များကို ပြီးမြောက်နိုင်ပါသည်။

ထန်းတာ့၏ အလုပ်အရှိန်အဝါကို ကြိုတင် အသားကျထားရအောင် ဝန်ထမ်းများကို အနားပေးဖို့ အချိန်ကောင်းဖြစ်၏။ နောက်ပိုင်းတွင် ရှန်းယန်ဂိမ်းဆိုတာ ထန်းတာ့၏ အရန်လုပ်ငန်းခွဲ ဖြစ်လာတောမ့ည်။ ၎င်းတို့ မူလကုမ္ပဏီကြီး၏ ကျင့်ဝတ်များနှင့် ခံစားခွင့်များကို လိုက်နာကြရတော့မည်။

ဝမ်ရှောင်းပင်က ခဏလောက် ကြက်သေ သေသွား၏။ သူက ခေါင်းငြိမ့်လိုက်ပြီး ပြန်ပြောလိုက်ပါသည််။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး တခြားသူတွေကို အခုပဲ အကြောင်းကြားလိုက်ပါတော့မယ်။”

ဖေးချမ့် လိုက်မသွားဘဲ လက်ထောက်ရှင်းနှင့် ဘော့စ်ထုတို့၏ ရုံးခန်းထဲက လုပ်ငန်းဆောင်တာ စကားဝိုင်းကိုသာ ဆက်ပြီး နားထောင်နေပါသည်။

ခဏကြာသောအခါ အပြင်ဘက်က ရေသေကန်တစ်ကန် ပြန်လည်ရှင်သန်လာသလိုမျိုး အပြင်ဘက်က တီးတိုးပြောသံများ ထွက်လာပါသည်။

ဝမ်ရှောင်းပင် ဝန်ထမ်းများကို နောက်တစ်ပတ် တနင်္လာနေ့အထိ အနားယူရမည်ဟုပြောပြီး ကုမ္ပဏီ၏ ပိုင်ရှင်ပြောင်းလဲတော့မည်ဟု ကြေညာလိုက်သောအခါ ပွက်လောရိုက်သွားခဲ့ပါသည်။

အစကတော့ ရှန်းယန်ဂိမ်းမှာ ကျဆုံးနေသည့် အခြေအနေရောက်နေပြီး ဝန်ထမ်းများစွာက အလုပ်သစ်များကိုတောင် ရှာဖွေနေကြပြီ ဖြစ်သည်။ လျို့ကြီးလို လျှောက်လွှာကောင်းကောင်းရှိသည့် လူတွေကတော့ အလုပ်သစ်များပင် ရကုန်ကြပါပြီ။

သို့သော်လည်း ထုရွေ့ကျီက မနေ့ကတည်းက တခြားကုမ္ပဏီတစ်ခုက သူတို့ ကုမ္ပဏီကို လွှဲပြောင်း ဝယ်ယူတော့မည်ဟု ရုတ်တရက် ကြေညာခဲ့သည်။ အားလုံးကို တစ်ညနေလုံး နေရာကို သန့်ရှင်းရေး လုပ်ခိုင်းကာ စားပွဲများကို စီရီခိုင်းခဲ့၏။ သူတို့၏ ဘော့စ်အသစ် ဖြစ်လာနိုင်သည့်လူကို စိတ်ဓာတ်တက်ကြွမှုများနဲ့ ကြိုဆိုဖို့ ပြောခဲ့ပါသည်။

ထိုသတင်းကြောင့် လူများစွာ ထိတ်လန့်ကုန်ကြပါသည်။ ဘာပဲဖြစ်ဖြစ် ရှန်းယန်ဂိမ်း ဘယ်လောက် ဆိုးရွားနေမှန်း အားလုံး သိကြပါသည်။ ဘယ်လို စိတ်မှန်တဲ့လူက ဒီပြဿနာကြီးကို လွှဲပြောင်းယူမှာလဲ။

သို့သော်လည်း မေးမြန်းမှုတချို့ လုပ်ပြီးနောက်မှာတော့ သူတို့ပိုင်ရှင်အသစ်က ထန်းတာ့ဂိမ်းဖြစ်မှန်း သိလိုက်ရကာ တုန်လှုပ်သွားကြပါသည်။

ဒီသတင်းကောင်းက... ရွှေမိုးတွေ ရွာချလိုက်သလိုပဲ။

ထန်းတာ့က ဂိမ်းလောကထဲမှာ နာမည်ကောင်း ရထားသူ ဖြစ်၏။ လူများစွာက ထိုကုမ္ပဏီကို ဝင်ချင်သော်လည်း လမ်းစ ရှာမရခဲ့ပါ။

သူတို့ကုမ္ပဏီကို ထန်းတာ့ဝယ်ယူမည်ဆိုပါက 'မယားပါသား' ကဲ့သို့ သဘောမျိုး ဖြစ်ပြီး 'သားအရင်းများ' ကဲ့သို့ အကျိုးခံစားခွင့်တွေတော့ ရမှာ မဟုတ်ပါ။ သို့သော်လည်း သူတို့ ထန်းတာ့လက်အောက်မှာ အလုပ်လုပ်ရမည် ဖြစ်သည်။ သူတို့ အနာဂတ်က အခုထက် အများကြီး အလားအလာ ရှိလာနိုင်ပါသည်။

ဝယ်ယူမှုက အနည်းဆုံး ၁ ပတ်လောက် ကြာလိမ့်မည်ဟု ထင်ထားခဲ့ပြီး အနားယူရလိမ့်မည်ဟု မထင်ထားခဲ့ပါ။ ဘာပဲဖြစ်ဖြစ် အလုပ်ချိန်မှာလည်း အားလုံးက အချိန်ဖြန်းနေရုံသာ ဖြစ်ပါသည်။

သို့သော်လည်း ဒီလုပ်ငန်းစဥ်ကြီး ဒီလောက် ချောမွေ့နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဒီလောက် အချိန်တိုလေးနဲ့ အကြိုသဘောတူညီမှုကို ရလိုက်တာလား။ နောက်တစ်ပတ် တနင်္လာနေ့အထိ သူတို့ နားကြရတော့မှာလား။

ရှန်းယန်ဂိမ်း၏ ဝန်ထမ်းများတွင် အတွေးတစ်ခုသာ ရှိတော့သည်။ သူတို့ ဘဝ အတက်အကျများက လျင်မြန်လွန်းလှပါသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်လောက်မှ သူတို့ အလုပ်ပြုတ်တော့မည့် ဒုက္ခကို ခံစားခဲ့ရသည်။ ရုတ်တရက်ကြီး ကံကြမ္မာအပြောင်းမအလဲကို ကြုံတွေ့ခဲ့ရပြီး သူတို့အားလုံး ထန်းတာ့၏ ဝန်ထမ်းများ ဖြစ်သွားကြပါသည်။

သူတို့အိပ်မက်မက်နေသလိုပင်။

All Chapters