← Chapters

အခန်း(၁၄၄) ဘော့စ်ဖေးရဲ့ အားလပ်ရက်များ

Vol. 10 Ch. 144

အခန်း(၁၄၄) ဘော့စ်ဖေးရဲ့ အားလပ်ရက်များ

Vol. 10 Ch. 144

အခန်း(၁၄၄) ဘော့စ်ဖေးရဲ့ အားလပ်ရက်များ

ဖေးချမ့် ဒီတစ်ပတ် အားလပ်ရက်များတွင် အတော်လေး အလုပ်များနေခဲ့ပါသည်။

အစကတော့ သူ့အငှားတိုက်ခန်းမှာ အေးအေးဆေးဆေး အိပ်ဖို့ ကြံထားခဲ့၏။ သို့သော်လည်း အိပ်ပျော်ဖို့ ခက်ခဲသည်။ မျက်လုံးကို ပိတ်လိုက်တိုင်း အင်တာနက်ကဖေး နာမည်ကြီးလာပြီး ငွေအလုံးလိုက်ကြီး ဝင်လာတာကို မြင်ယောင်လာပါသည်။ ထို့ကြောင့် သူစိတ်မသက်မသာဖြစ်နေ၏။

ရွေးချယ်စရာ မရှိတော့ဘဲ လက်ထောက်ရှင်းကို ကားဖြင့် လာခေါ်ခိုင်းရတော့သည်။ သူကိုယ်တိုင် သွားပြီး သေချာအောင် အတည်ပြုမှ ဖြစ်မည်။

အမှန်ပင်။ ဒါက လက်ထောက်ရှင်းကို အချိန်ပိုလစာ ပေးဖို့အတွက် ဆင်ခြေကောင်းကောင်းလည်း ရသွားစေပါသည်။

ပထမဆုံး ယွီအင်တာနက်ကဖေး၏ မူရင်းဗဟိုဆိုင်ကို အရင်ဆုံး သွားလိုက်ပါသည်။ ကော်ဖီတစ်ခွက်သောက်ကာ ဆိုင်ထဲတွင် အချိန်ဖြုန်းပြီးနောက် ဒီဆိုင်မှာတော့ အရှုံးကို အမြတ်အဖြစ် ပြောင်းလဲနိုင်မည့် အခြေေအနေမျိုး မရှိတာ အတည်ပြုနိုင်ခဲ့ပါသည်။

ထို့နောက် ယွီအင်တာနက်ကဖေး ဆိုင်ခွဲသစ်များ၏ ပြင်ဆင်မွမ်းမံမှုများကို သွားခဲ့ပါသည်။

ထိုဆိုင်ခွဲနှစ်ဆိုင်၏ တည်နေရာများမှာ မူရင်းဆိုင်ထက် အများကြီး ပိုဆိုးပါသည်။ ၎င်းတို့၏ တစ်ခုတည်းသော အားသာချက်က ကျယ်ဝန်းမှုသာ ဖြစ်သည်။ ထိုဆိုင်ခွဲနှစ်ဆိုင်၏ အတွင်းပိုင်ဒီဇိုင်းများက မူရင်းဆိုင်နဲ့တော့ အတိအကျ မတူနိုင်ဘဲ ဖေးချမ့်၏ အသားပေးမှုအတိုင်းသာ ဖန်တီးနိုင်ပါသည်။

အနှစ်ချုပ်အားဖြင့် ရိုးရှင်းသည့် စတိုင်မျိုးရှိကာ အလွန်ချဲ့ကားထားသော အသေးစိတ် များစွာ မရှိပေ။ သို့သော်လည်း စားပွဲခုံများ၊ ထိုင်ခုံများ၊ ဘားကောင်တာ၊ စာအုပ်စင်များနှင့် တခြား ပရိဘောဂများကတော့ အလွန် အဆင့်မြင့်သည့်ပုံစံပေါက်ပါသည်။

ဖေးချမ့်က ဒီလိုအဆင့်မြင့်သည့် စတိုင်ကို ကြိုက်တာ မဟုတ်ပေ။ ရွေးလိုက်ရသည့် အဓိက အကြောင်းအရင်းက ထိုစတိုင် ပရိဘောဂများ၏ စျေးနှုန်းကြောင့် ဖြစ်ပါသည်။

ဆိုင်ခွဲသစ်နှစ်ခု၏ မန်နေဂျာများက အလွန် အလုပ်ကြိုးစားသည့်ပုံစံပေါက်ပါသည်။ ဆိုင်ကို ပြန်လည် မွမ်းမံနေသည့် အလုပ်သမားများအား သေချာ စောင့်ကြည့်နေသည်။ ဖေးချမ့်က သူတို့ကို ချဥ်းကပ်ပြီး နွေးထွေးစွာ ကြိုဆိုလိုက်ပါသည်။ ဆိုင်ခွဲမန်နေဂျာတစ်ယောက်ကို အိမ်ပြန်ဖို့ တိုက်တွန်းလိုက်၏။ သို့သော်လည်း တစ်ဖက်လူက အိမ်ပြန်ဖို့ ဆန္ဒမရှိပါ။ ဖေးချမ့် သူ့ကို အချိန်ပို လစာပေးရုံသာ ရှိတော့သည်။

အင်တာနက်ကဖေးများ၏ ပြန်လည်မွမ်းမံမှုများကို ကြည့်ရှုပြီးနောက် ဖေးချမ့် စိတ်မချသေးပါ။ ထိုဆိုင်ခွဲများ ပတ်လည်တွင် လမ်းလျှောက်ရင်း အချိန်ဖြုန်းခဲ့သေးသည်။ နောက်ဆုံးတော့ ဒီတည်နေရာက မူလဆိုင်ထက်တောင် ပိုပြီး လူသူကင်းမဲ့နေတာကို အတည်ပြုနိုင်ခဲ့ပါသည်။ ဒီဆိုင်ကိုလာသည့် ကတ်စတမ်မာ များများစားစား မရှိလောက်ပါ။

အိမ်ပြန်လမ်းတွင် ဖေးချမ့် ရုတ်တရက်ကြီး ကုမ္ပဏီကို သွားကြည့်ချင်စိတ် ပေါ်လာ၏။ လုမင်လျန်နဲ့ တခြားဒီဇိုင်းအဖွဲ့ဝင်များ အချိန်ပို လုပ်နေကြတာကို မြင်သွားပါသည်။

ဘော့စ်ဖေး အလွန်စိတ်ဆိုးသွား၏။

အစကတော့ ဟွမ်စစ်ပေါ်တို့ကိုသာ အချိန်ပိုလုပ်ခွင့်ပြုခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဟွမ်စစ်ပေါ်နှင့် ပေါင်ရှုတို့က ထိုအချိန်များတွင် ဂိမ်းသာ ကစားနေသည်ဟု ထင်သောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း သူတို့ အချိန်ပိုလုပ်သည့်အခါ ဂိမ်းကစားနေတာ မဟုတ်မှန်း သိလိုက်ရ၏။ သူတို့ အလုပ်လုပ်နေကြတာ သိသာပါသည်။

ထို့ကြောင့် ဖေးချမ့်က တင်းကြပ်တော့မည်ဟု ခံစားမိကာ အားလုံးကို ရုံးအလုပ်ချိန်ပြီးနောက် ရုံးမှာ ပေါ်မလာဖို့ တားမြစ်လိုက်ပါသည်။

ဒီတစ်ခေါက် ဖေးချမ့်က ပေါင်ရှုအပါအဝင် အားလုံးကို အပြင်ထုတ်လိုက်ပါသည်။ အကြောင်းပြချက်ကတော့ သူတို့ကို အိမ်မှာ အနားယူခိုင်းပြီး ဆံပင်ကို ဂရုစိုက်ဖို့ ဖြစ်၏။

အရင်ဆေးစစ်ချက်များ၏ ရလဒ်များကို ပြန်တွေးကြည့်ပြီးနောက် ပေါင်ရှုလည်း တခြား ဆင်ခြေပေးစရာ မရှိတော့ဘဲ ပစ္စည်းများထုပ်ပိုးကာ အိမ်ပြန်လိုက်ရတော့သည်။

အခုချိန်တွင် ပေါင်ရှုလက်ထဲမှာ ပိုက်ဆံ အများကြီး ရှိနေပြီ ဖြစ်သည်။ အင်တာနက်ကဖေးတစ်ခုမှာ နေထိုင်နေတာ မဟုတ်တော့ပါ။ စတူဒီယိုတိုက်ခန်းတစ်ခုကို ငှားရမ်းပြီး ကွန်ပျူတာအသစ်တစ်လုံး ဝယ်ထားသည်။ ယခု အိမ်မှာ ကွန်ပျူတာ ဂိမ်းများကို ကစားနိုင်ပါပြီ။

ပေါင်ရှုကို ဘော့စ်ဖေး အောင်မြင်စွာ ဖြောင်းဖြနိုင်လိုက်တာကို မြင်လိုက်ရသောအခါ သူတို့လည်း တိုးတိတ်စွာဖြင့် အထုပ်အပိုးများ ပြန်ပြင်ရင်း ပြန်ကြရတော့သည်။ မြင်ကွင်းက အတော်လေး စိတ်ပျက်ဖို့ကောင်းပါသည်။ အဖွဲ့သားများက အပြင်ကို အလွန်စိတ်ဓာတ်ကျစွာဖြင့် ထွက်သွားကြသည်။ အကြောင်းအရင်းကို မသိသည့်လူတွေကတော့ သူတို့ အလုပ်ထုတ်ခံလိုက်ရသည်ဟု ထင်သွားနိုင်ပါသည်။

အားလုံးကို မောင်းထုတ်ပြီးနောက် ဖေးချမ့် အနီးအနားက ကျပန်း ထိုင်ခုံတစ်လုံးမှာ ထိုင်ချလိုက်ပါသည်။ သူ စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင်ပန်းနေသည်။

ဒီကောင်တွေကတော့ ငါ့ကို ခေါင်းကိုက်အောင် လာလုပ်နေတာပဲ။

"ရုံးတံခါးလော့ခ်ကို ပြောင်းဖို့ အချိန်ကျပြီထင်တယ်။ အဆင့်မြင့်တဲ့ ဒစ်ဂျစ်တယ်လော့်ခ်မျိုးကို ဝယ်သင့်လား။ နေ့ထူးနေ့မြတ် အားလပ်ရက်တွေမှာ တချို့အရာရှိတွေကိုပဲ ဝင်ခွင့်ပေးတဲ့ ဟာမျိုးလေ...။”

ဖေးချမ့်က လက်ထောက်ရှင်းကို ကြည့်လိုက်ပါသည်။ ရှင်းဟိုက်လူက တွန့်ဆုတ်စွာ ပြောလိုက်သည်။ "အဲ့တာဆို အားလုံးရဲ့ အလုပ်လုပ်ဖို့ တက်ကြွတဲ့စိတ်ကို လျော့မသွားစေဘူးလား။”

အားလုံးရဲ့ စိတ်ဓာတ်တက်ကြွမှုကို လျော့သွားစေမယ် ဟုတ်လား။

အဲ့တာဆို သိပ်ကောင်းတာပေါ့။ စိတ်ဓာတ်ကျရုံတင်မဟုတ်ဘဲ စိတ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်နိုင်ရင် ပိုတောင် ကောင်းဦးမည်။

"ဒါဆိုလည်း ဆုံးဖြတ်လိုက်ပြီ။ စီမံရေးဌာနတွေမှာ အဲ့လိုလော့ခ်မျိုး ရှိလား သွားစုံစမ်းကြည့်ဦး။ မဟုတ်ရင် ဝယ်သာဝယ်လိုက်။”

"တံခါးကို နေ့ထူးနေ့မြတ် အားလပ်ရက်တွေမှာ အခွင့်ရှိတဲ့လူကြီးတွေပဲ ဝင်နိုင်မယ်။ အဲ့ဒီထဲမှာ... ခင်ဗျားရယ်၊ ကျွန်တော်ရယ်၊ စီမံရေးဌာနက ကောင်မလေးတချို့ရယ် ဒါပဲ ပါမယ်။”

စီမံရေးဌာန၏ အလုပ်က အရိုးရှင်းဆုံး ဖြစ်သည်။ ၉ နာရီတွင် အလုပ်စလုပ်ပြီး ၅ နာရီတွင် ပြန်ကြသည်။ သူတို့ ၁ မိနစ်လောက် နောက်ကျနိုင်သည်။ သို့သော် အလုပ်က ၁ မိနစ်လောက် ပြန်တော့မှ စောမပြန်ပါ။

သူတို့ ရုံးပိတ်ရက်တွေမှာလည်း ရှိကြမှာ မဟုတ်ပေ။

ဖေးချမ့်က သူတို့ကို တံခါးဖွင့်ခွင့်ပေးဖို့ အလွန်စိတ်ချပါသည်။ လက်ထောက်ရှင်းက မှတ်စုစာအုပ်ထဲမှာ ချမှတ်ထားလိုက်၏။ စကားကို ပြီးအောင် ပြောပြီးနောက် ဖေးချမ့် ပြဿနာသစ်တစ်ခုကို ထပ်ပြီး စဥ်းစားမိသွားပါသည်။

သူတို့ကို အချိန်ပိုလစာ ဘယ်လိုပေးရမလဲ။

တံခါးကို လော့ခ်ချလိုက်ခြင်းအားဖြင့် အားလုံး ရုံးမှာ အချိန်ပို လာလုပ်လို့ မရတော့ပေ။ သို့သော်လည်း အဲ့တာဆို သူတို့ကို အချိန်ပိုလစာလည်း ပေးလို့ မရတော့ဘူးဟူသည့် သဘောသက်ရောက်သည်။

အချိန်ပိုလစာပေးရတာ သိပ်မများသော်လည်း 'များလေကောင်းလေ' အစီအစဥ်ထဲ ပါဝင်သည်။ သူ့ပိုက်ဆံကို ဖြုန်းနိုင်မည့် အရေးကြီးသော နည်းလမ်းဖြစ်၏။ လူတစ်ယောက်စီ၏ အချိန်ပိုလစာက အများကြီး မဟုတ်သော်လည်း ဝန်ထမ်းများ တိုးလာသောအခါ ဧရာမ ပမာဏတစ်ခု ဖြစ်လာနိုင်သည်။

ဖေးချမ့် ခဏလောက်စဥ်းစားကြည့်လိုက််၏။ "ဒီလိုဆိုရင်ကော။ နောက်ပိုင်းကျရင် အားလုံး ကိုယ်ပိုင် အချိန်ပို နာရီတွေကို သတ်မှတ်နိုင်မယ်။ အချိန်ပိုလစာက သူတို့အိမ်မှာ အလုပ်လုပ်တဲ့ အချိန်လည်း ပါမယ်။”

ရှင်းဟိုက်လူ ကြောင်သွားပါသည်။ "သူတို့ တကယ် အလုပ်လုပ်လား မလုပ်လား ကျွန်မတို့ ဘယ်လို စစ်ဆေးကြမလဲ။”

စစ်ဆေးမယ် ဟုတ်လား။ ဘာကို စစ်ဆေးမှာတုန်း။ အားလုံး သူတို့အချိန်ပိုလုပ်တဲ့နာရီတွေကို လိမ်ပြောရင်တောင် ငါဂရုမစိုက်ဘူး။

အမှန်ပင်။ ဒီတိုင်းတော့ ဖေးချမ့် ပြောလို့ မဖြစ်ပါ။

ခဏလောက် တွေးကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "အားလုံးရဲ့ စည်းကမ်းရှိမှုကို ကျွန်တော် ယုံကြည်တယ်။ ဒါပေမယ့် တစ်ယောက်ယောက်သာ အချိန်ပိုနာရီကို လိမ်ညာတင်ပြထားကြောင်း တွေ့ရမယ်ဆိုရင် သူတို့ရဲ့ တစ်လစာ အချိန်ပိုလစာကို လျှော့ပစ်မယ်။”

စနစ်ကို ကျေနပ်စေဖို့ အပြစ်ပေးခြင်းတစ်ခုကိုလည်း သတ်မှတ်ရသေးသည်။

ဘာပဲဖြစ်ဖြစ် အားလုံး အချိန်ပိုနာရီများကို လိမ်ပြောလား မပြောလား ဖေးချမ့် စစ်ဆေးမှာ မဟုတ်ပါ။။ ဖေးချမ့်က ဗလာကျင်းဖြစ်နေသော ရုံးခန်းကြီးကို မြင်ပြီး စိတ်ပြောင်းသွားပါသည်။ သူ မတ်တပ်ရပ်လိုက်ပြီး အိမ်မှာ အေးဆေး ပြန်အနားယူဖို့ ပြင်လိုက်၏။

ထိုအချိန်တွင် သူ့ဖုန်းသံမြည်လာခဲ့သည်။ ဟွမ်စစ်ပေါ်တစ်ယောက် ဖုန်းဆက်လာခြင်း ဖြစ်၏။

ဖေးချမ့်က ချက်ချင်း သတိကြီးသွားပါသည်။

ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝကို ရိုက်ကူးပြီးနောက် ဟွမ်စစ်ပေါ်နဲ့ ပေါင်ရှုတို့က လဝက်လောက် အနားယူဖို့ ပြင်ခဲ့ကြသည်။ အချိန်ကို တွက်ကြည့်သောအခါ သူတို့အနားယူချိန် မကြာခင် ပြီးဆုံးတော့မည်။ ပရောဂျက် အသစ်နဲ့ ဗီဒီယိုအသစ် ရိုက်ကူးဖို့ သူတို့ စဥ်စားနေလောက်ပြီ။

အားကောင်းသော သူ့စကားလုံးများနဲ့ ဖေးချမ့်က ဟွမ်စစ်ပေါ်၏ ကြိုးစားတိုက်ခိုက်လိုစိတ်ကို အားပေးခဲ့ပြီး ဘော့စ်ဖေး၏ နေ့စဥ်ဘဝကို ဆက်မရိုက်တော့ဘဲ ဒီအောင်မြင်နေသည့် IP ကို လက်လွှတ်လိုက်ဖို့ ဖြောင်းဖြနိုင်ခဲ့၏။ သို့သော်လည်း ဟွမ်စစ်ပေါ်နှင့် ကျူးရှောင်စဲတို့ ဘာတွေ ထပ်ရိုက်ဖို့ စီစဥ်နေသလဲဆိုတာကို ဖေးချမ့် စိတ်မချ ဖြစ်နေပါသည်။

ဒီဖုန်းဆက်ရခြင်း အကြောင်းအရင်းမှာ ဖေးချမ့်နှင့် ဆွေးနွေးဖို့ သို့မဟုတ် တိုးတက်မှုကို တင်ပြဖို့ ဖြစ်နိုင်သည်။

အရှေ့က တစ်ခုသာ ဖြစ်ပါစေဟု ဖေးချမ့် ဆုတောင်းလိုက်၏။

သူ ဖုန်းကိုင်လိုက်သည်။

"ဘော့စ်ဖေး ဒီအချိန်ကြီး နှောင့်ယှက်ရတာ တောင်းပန်ပါတယ်။ ဖေးဟွမ်လုပ်ငန်းရဲ့ လုပ်ငန်းအစီအစဥ်တွေကို တင်ပြချင်လို့ပါ။”

"အရင်တစ်ခေါက်က ဘော့စ်ဖေးရဲ့ စကားတွေကြောင့် ကျွန်တော် အလင်းပွင့်သွားတယ်။ အစကတော့ ဒါရိုက်တာ ကျူးရှောင်စဲနဲ့ ကျွန်တော်တို့ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝရဲ့ အငွေ့သက်မျိုး ရမယ့် ဗီဒီယိုအတိုစီးရီးလေးတွေ ထပ်ရိုက်ဖို့ စိတ်ကူးခဲ့တာ။ လက်ရှိ ရေပန်းစားနေတဲ့ ကိစ္စတွေကို စုံစမ်းပြီး ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝက နာမည်ကျော်ဇာတ်ကောင်တွေကို ဖော်ထုတ်ဖို့ စီစဥ်ထားခဲ့တာ။”

ဖေးချမ့် ပိုနားထောင်လေလေ ပိုစိတ်လှုပ်ရှားလာလေလေဖြစ်သည်။

ဒါ သောက် 'Surprise'(ဇာတ်ကောင်တစ်ယောက်၏ ဇာတ်ကြောင်းကို ချဲ့ကားကာ ဟာသဆန်သောပုံစံဖြင့် ပြောသော တရုတ်ဟာသစီးရီးတိုလေး) ဒါမှမဟုတ် 'Baozou Big News Events' (ရယ်စရာ သတင်းအကြောင်းအရာများကို တင်ပြသည့် အင်တာနက် စကားဝိုင်း variety show တစ်ခု) လား။

ဘယ်တစ်ခုဖြစ်ဖြစ် အကုန်လုံး အောင်မြင်နိုင်ခြေရှိသည့်ပုံပင်။

ဟွမ်စစ်ပေါ်က ဆက်ပြောပါသည်။ "ဒါပေမယ့် ဟိုတစ်နေ့က ဘော့စ်ဖေးရဲ့ စကားကြောင့် ကျွန်တော် ဉာဏ်အလင်းပွင့်သွားတယ်။ ကျွန်တော်တို့ရဲ့ အလွယ်ကြိုက်တဲ့စိတ်ကို ဖျောက်ပြီး အိပ်မက်တွေနောက်ကို ဆက်လိုက်သင့်တယ်လို့ ထင်တယ်။ ဗီဒီယိုအတိုလေးတွေက ငွေမြန်မြန်ရလွယ်ပြီး လူတွေကို ပြုံးစေတယ်ဆိုပေမယ့် အဲ့လောက်နဲ့ မလုံလောက်သေးဘူးလို့ ကျွန်တော်တို့ ခံစားမိတယ်။”

"ဒါရိုက်တာ ကျူးရှောင်စဲကလည်း ကျွန်တော်နဲ့ အမြင်တူတယ်။ အဲ့တာကြောင့် သူနဲ့ ဆွေးနွေးကြည့်ပြီးတော့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့  ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ ဘယ်သူမှ မရိုက်ဖူးတဲ့ မှတ်တမ်းရုပ်ရှင်မျိုးကို ရိုက်ကူးချင်တာ။”

"ဟုတ်တာပေါ့။ လက်ရှိ အကန့်အသတ်ရှိတဲ့ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံငွေကြောင့် အကြီးစားကြီးတော့ ရိုက်လို့ မရဘူး။ ကျွန်တော်တို့ အကြောင်းအရာကို သေချာ စဥ်းစားလိုက်ပါ့မယ်။ ကျွန်တော်တို့ ရနိုင်ဖို့ မျှော်လင့်မိတဲ့ တစ်ခုတည်းသောအရာက ကျွန်တော်တို့ရဲ့ ကင်မရာတွေကို သုံးပြီး အဓိပ္ပာယ်ရှိတာလေး တစ်ခုခု ရိုက်ကူးနိုင်ဖို့ပါပဲ...။”

ဖေးချမ့် စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ သို့သော်လည်း ခပ်မြန်မြန်ပဲ ထပ်ပြီး သတိထားလိုက်မိပါသည်။

သူ စိတ်အေးသွားရသည့် အကြောင်းအရင်းမှာ ဟွမ်စစ်ပေါ်နှင့် ကျူးရှောင်စဲတို့ တကယ်ပဲ ဗီဒီယိုအတိုများ ရိုက်ဖို့ လက်လျှော့လိုက်ပြီ ဖြစ်သောကြောင့်ပင်။ ဒါက သူ့အတွက် သတင်းကောင်း ဖြစ်ပါသည်။

၎င်းတို့၏ မူလအစီအစဥ်တိုင်းသာ ဆက်လုပ်ပါက နောက်ထပ် ရေပန်းစားသည့် ဗီဒီယိုအတိုစီးရီးတစ်ခုကို ထုတ်လုပ်နိုင်ခြေများပါသည်။ 'Surprise' နှင့် 'Reporting, Boss' တို့လောက်အထိ အောင်မြင်အောင် ပြုလုပ်လိုက်ပါက ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်ပါသည်။

ယခု ဟွမ်စစ်ပေါ်နှင့် ကျူးရှောင်စဲတို့က မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ကူးမည်ဆိုသောကြောင့် အကြောင်းအရာမှာ အမြတ်ရနိုင်ခြေ နည်းသည်ဟု ဆိုလိုပါသည်။ ဒါ သတင်းကောင်းပင်။

All Chapters