← Chapters

အခန်း(၁၄၅) ရှန်းယန်ဂိမ်းကုမ္ပဏီရဲ့ ဘော့စ်အသစ်

Vol. 10 Ch. 145

အခန်း(၁၄၅) ရှန်းယန်ဂိမ်းကုမ္ပဏီရဲ့ ဘော့စ်အသစ်

Vol. 10 Ch. 145

အခန်း(၁၄၅) ရှန်းယန်ဂိမ်းကုမ္ပဏီရဲ့ ဘော့စ်အသစ်

လက်ရှိ အရင်းအနှီး အကန့်အသတ်ကြောင့် ဖေးဟွမ်လုပ်ငန်းမှာ အလွန်ကောင်းမွန်သည့် မှတ်တမ်းရုပ်ရှင်တော့ ထုတ်လုပ်နိုင်မှာ မဟုတ်ပါ။

ဖေးချမ့်မှတ်မိသည့် မှတ်တမ်းရုပ်ရှင်များမှာ အောင်မြင်သည်ဟု သတ်မှတ်နိုင်သည်။ နိုင်ငံတော်တစ်ခွင်လုံး တောမီးလိုပြန့်နှံ့သွားခဲ့သည့် 'A Bite of China' ကဲ့သို့ မှတ်တမ်းရုပ်ရှင်များတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ရှိ၏။ ကုန်ကြမ်းများ ရှာဖွေဖို့ နိုင်ငံတော်တစ်ခွင်လုံးကို လည်ပတ်ခဲ့ကြရုံသာမကဘဲ ရိုက်ကူးရေး ကိရိယာများကပါ အတော်လေးကို စျေးကြီးပါသည်။။

သို့သော်လည်း ဖေးဟွမ်လုပ်ငန်းကတော့ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ အသားတင် အမြတ်ငွေ၏ ၅၀ ရာခိုင်နှုန်းကိုသာ သုံးနိုင်သည်။ ယွမ် ၁ သန်းကျော်ကျော်လေးသာ ရှိ၏။ ဒီလောက်နည်းပါးသော ပမာဏနဲ့တော့ သေချာပေါက် လောက်မှာ မဟုတ်ပါ။

'A Bite of China' ကဲ့သို့ မှတ်တမ်းရုပ်ရှင်မျိုး သူတို့ ရိုက်ကူးနိုင်ဖို့ လုံးဝ မဖြစ်နိုင်ပါ။

သို့သော်လည်း ဖေးချမ့် သတိမမဲ့ခဲ့ပေ။ ဖေးချမ့် ထိုပြဿနာများကို ကြိုတွက်ထားပြီးသား ဖြစ်သဖြင့် ကျိုးရှောင်စဲလည်း တွက်ထားပြီးလောက်ပါပြီ။

သေချာပေါက် ဒီအားနည်းချက်တွေကို သူ သိလောက်သည်။

ကျူးရှောင်စဲက ငယ်ရွယ်ပြီး ပါရမီရှိသော ဒါရိုက်တာတစ်ယောက် ဖြစ်ပါသည်။ သူက မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ကူးချင်သည် ဆိုသောကြောင့် အောင်မြင်လိမ့်မည်ဟု ယုံကြည်ချက်ရှိမှ သူရှေ့ဆက်တိုးလိမ့်မည်။

ဖေးချမ့် တစ်ခေါက် အလိမ်ခံရပြီးပါပြီ။ နောက်တစ်ခေါက် ထပ်ခံရဖို့ လုံးဝ မဖြစ်နိုင်ပါ။ ဒီဗီဒီယိုလည်း ငွေတချို့ ရလာနိုင်၏။

သို့သော်လည်း ဗီဒီယိုအတိုလေးများနဲ့ ယှဥ်ပါက ရင်းနှီးမြှုပ်နှံမှု နည်းပါးသည့် ထိုမှတ်တမ်း ရုပ်ရှင်များမှာ ဝင်ငွေ ပိုနည်းပါသည်။ ဒီလောက်ဆို အဆင်ပြေသည်။

ထိုသို့စဥ်းစားရင်း ဖေးချမ့် ပြောလိုက်၏။ "ဟုတ်ပြီ။ မင်းတို့တွေကို ငါထောက်ခံပေးမယ်။” သူ့လေသံက အသက်မဲ့ပြီး ခြောက်ကပ်နေပါသည်။ သူ့ရင်ထဲက လာသော စကားလုံးများ မဟုတ်သောကြောင့်ပင်။

ဟွမ်စစ်ပေါ်က ပီတိဖြာသွား၏။ "ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘော့စ်ဖေး။”

ဖုန်းချပြီးနောက် ရှန်းယန်ဂိမ်းမှာ ဘာတွေဖြစ်နေသလဲ မေးခွန်းတချို့ မေးလိုက်ပါသည်။ လက်ထောက်ရှင်းက အခြေအနေကို အကြမ်းဖျင်း တင်ပြလိုက်၏။ လောလောဆယ် အားလုံးချောမွေ့လျက် ရှိသည်။ ဖေးချမ့်က တနင်္လာနေ့တွင် သူ့ဝန်ထမ်းအသစ်များနဲ့ သွားတွေ့ပြီး တာဝန်များ ပေးတော့မည် ဖြစ်သည်။

ဖေးချမ့်က ခဏလောက် စဥ်းစားကြည့်လိုက်ပါသည်။ "တနင်္လာနေ့... တနင်္လာနေ့ကျရင် အဲ့မှာ ကျွန်တော်ရှိမှဖြစ်မှာလား။”

လက်ထောက်ရှင်းက ချောင်းနှစ်ချက်ဆိုးကာ ပြန်ဖြေလိုက်ပါသည်။ "ရှိရမှာပေါ့။ ကုမ္ပဏီတစ်ခုလုံးပေါ်မှာ ဘော့စ်တစ်ယောက်ရဲ့ လွှမ်းမိုးမှုက အရမ်းကြီးတာ။ ဘော့စ်ဖေးကိုယ်တိုင် လာပြီး တစ်ခုခုပြောဖို့ လိုအပ်မယ် ထင်တယ်။ မဟုတ်ရင် ရှန်းယန်ဂိမ်းက ဝန်ထမ်းတွေကို  ဒီအတိုင်း လွှတ်ထားလိုရင် ထိန်းမနိုင် သိမ်းမရတွေ ဖြစ်လာလိမ့်မယ်။”

ဖေးချမ့်က သူမ စကားလုံးများကို သုံးသပ်ကြည့်လိုက်ပြီး အဓိပ္ပာယ်ရှိသည်ဟု ထင်မိပါသည်။

လက်ထောက်ရှင်းက ဖေးချမ့် ထိုနေရာသို့ သွားကာ ၎င်းတို့ကို အာမခံပေးပြီး ရှန်းယန်းဂိမ်း၏ ဝန်ထမ်းဦးရေတစ်ခုလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှု လမ်းစဥ် ချမှတ်ပေးရမည်ဟု ဆို၏။ ထိုအလုပ်သမားများ သူ့ကို ဒုက္ခပေးမှာ ဖေးချမ့် စိုးရိမ်မိပါသည်။ လျှောက်လုပ်ရင်း အရှုံးကို အမြတ်ဖြစ်အောင် ပြောင်းချင် ပြောင်းနိုင်ကြလောက်သည်။

သူက သေသေချာချာ စဥ်းစားပြီးမှ ကုမ္ပဏီကို ဝယ်ယူလိုက်တာ ဖြစ်သော်လည်း ယခင် ရှန်းယန်ဂိမ်းနှင့် ခြာနားချက်တချို့ ရှိနေသေးတာကိုတော့ သတိထားမိပါသည်။

တစ်ခုက လျို့ကြီး အလုပ်ပြောင်းသွားခြင်း ဖြစ်သည်။ ဝမ်ရှောင်းပင်က အစီအစဥ်ရေးဆွဲသူချုပ် ဖြစ်လာ၏။ နောက်တစ်ခုက ထုရွေ့ကျီ ထွက်ပြေးသွားခြင်း ဖြစ်သည်။ ထိုလူနှစ်ယောက်စလုံးက ယခင်က ရှန်းယန်ဂိမ်း၏ အရှုံးပေါ်မှုများအတွက် အဓိက တာဝန်ရှိသူများ ဖြစ်ကြလိမ့်မည်။

သူတို့နှစ်ယောက် မရှိတော့သဖြင့် ဖေးချမ့် အနည်းငယ် စိတ်မချ ဖြစ်နေပါသည်။ ဘာမှ မမှားနိုင်ဖို့ သေချာအောင် ထိုနေရာသို့ ကိုယ်တိုင်သွားရောက်ဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်ပါတော့သည်။ နောက်ပိုင်းမှာတော့ ထပ်သွားတော့မှာ မဟုတ်ပါ။ ရှန််းယန်ဂိမ်း သူ့ကြောင့် အားတက်မလာစေဖို့ အကောင်းဆုံး ကြိုးစားမည်ဖြစ်သည်။

ထန်းတာ့ဂိမ်းမှာ ဖြစ်ပျက်ခဲ့သမျှကို ကြည့်ကာ ဖေးချမ့် သူ့ဂိမ်းဒီဇိုင်းစကေးကို ဒီလောက်ထိ မယုံမကြည် မဖြစ်ခဲ့ဖူးပါ။ ဘေးကင်းကင်းသာ သူ ဆောင်ရွက်ချင်သည်။

ဖေးချမ့်သာ သူတို့ အားတက်အောင် တစ်ခုခု ပြောလိုက်မိပြီး သမုဒ္ဒရာရဲတိုက်တုန်းကလို ကပ်ဘေးမျိုး ထပ်ဖြစ်လာပါက ခွကျပါလိမ့်မည်။

"ကောင်းပြီ။ ကျွန်တော့်ကို တနင်္လာနေ့ မနက်ကျရင် လာခေါ်ပါ။ ကျွန်တော်တို့ ရှန်းယန်ဂိမ်းကို အရင်သွားကြပါ။” ဖေးချမ့်က တိုးတိတ်စွာ သက်ပြင်းချလိုက်ပါသည်။

ဘော့စ်တစ်ယောက်ဖြစ်ရတာ အလွန်ပင်ပန်းပါသည်။

တနင်္လာနေ့မနက် ရှန်းယန်ဂိမ်းတွင်...

ရှန်းယန်ဂိမ်းကုမ္ပဏီ စတင်ဖို့ ၁၀ မိနစ် လိုသေးသည်။ သို့သော်လည်း ဝန်ထမ်းအားလုံး ရုံးမှာ ရောက်နေကြပါပြီ။ သူတို့အားလုံး အာရုံစိုက်ထားကြသည်။ ခါးများ မတ်မတ်ထိုင်နေကြ၏။ စာတမ်းများကို အယ်ဒီတာ အသုံးပြုကာ ဖတ်ရှုရင်း ဝင်ပေါက်အခြေအနေကို အကဲခတ်နေကြပါသည်။

ရှန်းယန်ဂိမ်း၏ ဘော့စ်ပြောင်းလဲသွားပြီ။

ဆန်းကြယ်သည့် ဘော့စ်ဖေး၏ စိတ်ဓာတ်နှင့် သဘောသဘာဝကို ဘယ်သူမှ မသိကြပါ။ ထို့ကြောင့် ပထမဆုံး အလုပ်ဆင်းသည့်နေ့မှာ အလွန်အာရုံစိုက်ထားကြပြီး အမှားတစ်ခု လုပ်မိမှာကိုတောင် ကြောက်နေကြပါသည်။

ယခင် ရှန်းယန်ဂိမ်း၏ အော်ပရေးရှင်းများ ဘယ်လောက်တောင် ဆိုးရွားသလဲဆိုတာ အားလုံး ရင်ထဲမှာ သိထားကြသည်။ ဘော့စ်ဖေးသာ ဒီနေ့ သူ့အာဏာကို သုံးပြီး အလုပ်နောက်ကျသည့် တစ်ယောက်ကို အကြောင်းပြချက်ပေး အလုပ်ဖြုတ်လိုက်ပါက သားကောင် တော်တော် ကံဆိုးမသွားနိုင်ဘူးလား။

ထို့ကြောင့် အားလုံး မလှုပ်မယှက်ဖြစ်နေကြကာ အမှားတစ်ခုမှ မလုပ်ရဲကြပေ။

ဝမ်ရှောင်းပင်က ဖိအား အများဆုံး ဖြစ်သည်။ သူက အစီအစဥ်ရေးဆွဲသူချုပ်အဖြစ် ကုမ္ပဏီကို ကယ်တင်ရမည့်လူဖြစ်၏။ သို့သော်လည်း သူ့အစွမ်းအစကို ယုံကြည်ချက် လုံးဝ မရှိပါ။

လျို့ကြီးက အလုပ်သစ် ရသွားသည်။ အားလုံး၏ အတွေ့အကြုံအရ စနစ်ဒီဇိုင်နာ လုပ်တာကြာပြီဖြစ်သည့် ဝမ်ရှောင်းပင် ဒီရာထူးကို ရလိုက်တာ သဘာဝကျပါသည်။

တခြားသူတွေသာဆို အားလုံး၏ ပါးစပ်ကိုပိတ်ပြီး ထုရွေ့ကျီ၏ ယုံကြည်မှုကို ရနိုင်မှာ မဟုတ်ပါ။

ဝမ်ရှောင်းပင်က အများကြီး မစဥ်းစားတော့ပေ။ ဘော့စ်ထုကိုယ်တိုင် သူ့ကို ရွေးချယ်ခဲ့သဖြင့် ဒီအလုပ်က ပုန်းကွယ်နေဖို့ မဖြစ်နိုင်ပါ။ ထို့အပြင် ထိုအချိန်တုန်းက ရှန်းယန်ဂိမ်းမှာ ပြိုကွဲခါနီးဆဲဆဲ အခြေအနေဖြစ်နေခဲ့သည်။ သူ အစီအစဥ်ရေးဆွဲသူချုပ်အဖြစ် ကြာကြာ နေရလိမ့်မည်ဟု မထင်ခဲ့ပေ။

သို့သော်လည်း သူကစာရင်းဇယားများ ဖန်တီးပြီး Data value များ သတ်မှတ်ရာတွင် တော်ကြောင်း ဝမ်ရှောင်းပင် ကိုယ့်ကိုယ်ကို သိပါသည်။ ပရောဂျက်တစ်ခုလုံး၏ သုတေသနတာဝန်များကို ပေါင်းစည်းပြီး ဂိမ်းဖန်တီးမှု လမ်းကြောင်းကို အတည်ပြုပေးရမည့် တာဝန်များကိုတော့ သူ မကိုင်တွယ်နိုင်ပါ။

ထို့နောက် ဝမ်ရှောင်းပင်က ဒီနေ့ ဘော့စ်ဖေးကို အမှန်တိုင်းပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဘော့စ်ဖေး ထန်းတာ့ဂိမ်းမှ အတွေ့အကြုံရှိ ဒီဇိုင်နာတစ်ယောက်ကို အစီအစဥ်ရေးဆွဲသူချုပ်အဖြစ် ရာထူးခန့်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ထိုအခါမှ ထိုအစီအစဥ်ရေးဆွဲသူချုပ် လက်အောက်တွင် သူ အေးအေးချမ်းချမ်း အလုပ်လုပ်နိုင်ပါလိမ့်မည်။

ဝမ်ရှောင်းပင်၏ ဘယ်ဘက် စားပွဲခုံတွင် လူငယ်တစ်ယောက်က သူ့ဖုန်းပေါ်မှ မက်ဆေ့ချ်ကို ခိုးပြီး စာပြန်နေပါသည်။

မာယိချွမ်၏ မက်ဆေ့ချ်အသစ်က Chat တွင် ပေါ်လာသည်။ "ဘယ်လိုလဲ ယဲ့လေး။ ထန်းတာ့ရဲ့ လူသားရင်းမြစ်ဌာနက မင်းကိုဖုန်းဆက်လား။”

ယဲ့ကျစ်ကျိုးက ပြန်ပြောလိုက်သည်။ "မဆက်ဘူး။”

မာယိချွမ် "မဖြစ်နိုင်တာ။ ဘော့စ်ဖေးရှေ့မှာ မင်းအကြောင်းကို သေချာပြောခဲ့တာပါ။ မင်းအလုပ်မပြုတ်စေရဘူးလို့ သေချာ ပြောသွားတယ်။ သူ အလုပ်များပြီး မေ့သွားတာများလား။”

ယဲ့ကျစ်ကျိုးက ပြန်ပြောလိုက်၏။ "ဘော့စ်ဖေးက ရှန်းယန်းဂိမ်းကုမ္ပဏီတစ်ခုလုံးကို ဝယ်လိုက်တာ။ မင်း အဲ့တာ မသိဘူးလား။”

မာယိချွမ် အကြာကြီး စာမပြန်နိုင်ခဲ့ပေ။ သတင်းကြောင့် သူ တုန်လှုပ်သွားတာ သိသာပါသည်။

ဘော့စ်ဖေး ဘာတွေလုပ်ဖို့ ကြံနေတာလဲ။

အစကတော့ သူ့ညီအစ်ကို၏ အလုပ်ပြဿနာကိုသာ ဘော့စ်ဖေး ကူညီပေးနိုင်ဖို့ မျှော်လင့်ခဲ့ခြင်း ဖြစ်၏။ နောက်ဆုံးတော့ သူ သေချာပေါက် အလုပ်ရမယ်ဆိုတာ ဒါကို ဆိုလိုတာလား။

ရှန်းယန်ဂိမ်းကုမ္ပဏီတစ်ခုလုံးကို တကယ်ကြီး ဝယ်လိုက်ပါသည်။

မာယိချွမ်နဲ့ တခြားသူတွေလည်း ဒါကို လုံးဝ မသိကြပါ။ အဘယ့်ကြောင့်ဆိုသော် ဖေးချမ့်က သူတို့နဲ့ မဆိုင်ဘူးဟု ထင်သဖြင့် မပြောပြခဲ့ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် မာယိချွမ် လုံးဝ ကြောင်သွားရပါသည်။

"မဟုတ်မှလွဲရော ဘော့စ်ဖေးက ဟွမ်စစ်ပေါ်နဲ့ ငါတို့ ဘယ်လောက်တော်လဲမြင်ပြီးတော့ ရှန်းယန်ဂိမ်းက တခြားဝန်ထမ်းတွေပါ သာတူညီမျှတော်လိမ့်မယ်လို့ ထင်သွားတာတော့ မဟုတ်လောက်ပါဘူးနော်။ အဲ့တာကြောင့် ကုမ္ပဏီတစ်ခုလုံးကို ဝယ်ဖို့ ဆုံးဖြတ်လိုက်လား။”

"...ငါ ဘာတွေ တွေးနေတာလဲ မဖြစ်နိုင်ပါဘူး"

မာယိချွမ်က မကြာသေးခင်ကမှ ရှန်းယန်ဂိမ်းကုမ္ပဏီက ထွက်လာခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီ ဘယ်လောက်တောင် ဆိုးရွားလဲဆိုတာ သူသိပါသည်။ စကားလုံးအနည်းငယ်ဖြင့် ဖော်ပြရမည်ဆိုလျှင် ဆေးမမှီတော့သည့် အခြေအနေ ဖြစ်သည်။

သင်္ချိုင်းကုန်းရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည့် ကုမ္ပဏီကို ဝယ်ယူပြီး ဘော့စ်ဖေး ဘာလုပ်ဖို့ ကြံနေတာလဲ။

ယဲ့ကျစ်ကျိုးက သူ့နာရီကို ကြည့်လိုက်ပြီး ကုမ္ပဏီစချိန်ရောက်တော့မှာကို မြင်လိုက်ပါသည်။ အမြန်စာပြန်လိုက်၏။ "ညီအစ်ကိုမာ။ ငါသွားတော့မယ်။ ဘော့စ်ဖေး မကြာခင် ရောက်လာတော့မယ် ထင်တယ်။”

ဖုန်းကိုသိမ်းလိုက်ပြီးနောက် ကွန်ပျူတာနဲ့ အလုပ်အာရုံစိုက်နေသလို ဆက်ပြီး ဟန်ဆောင်နေလိုက်ပါသည်။ သိပ်မကြာလိုက်ပေ။ ရုံး၏ အခြေအနေ တစ်ခုလုံး တင်းမာလာသည်ဟု ယဲ့ကျစ်ကျိုး ခံစားလိုက်ရပါသည်။

မျက်လုံးထောင့်က ချောင်းကြည့်လိုက်သော အခါ ဘော့စ်ဖေး ရောက်လာတာကို မြင်လိုက်ရသည်။

အရင်က သူတို့ တွေ့ဖူးသော်လည်း ဘော့စ်ဖေး၏ ယုံကြည်ချက် ပြည့်ဝသော အရှိန်အဝါကြောင့် သူ အသက်ရှူရခက်သွားဆဲ ဖြစ်သည်။ ဘော့စ်ဖေးက အလွန်ငယ်ရွယ်သော်လည်း လှုပ်ရှားလိုက်တိုင်း ဘာကြောင့်မှန်းမသိ ထူးခြားသည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူ့အရှိန်အဝါကို ဘယ်လို ဖော်ပြရမလဲ...။

ငွေပေါတာလား ယုံကြည်ချက် ပြည့်ဝတာလား စေတနာကောင်းတာလား။

ကိုယ်ပိုင်ဟန်အပြည့်အဝရှိတာလား။

ထိုစကားလုံးများနဲ့ သင့်တော်မည်ဟု မထင်ပါ။

ဘာပဲဖြစ်ဖြစ် အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် ဘော့စ်ဖေး ဒုံးဝေးသူတစ်ယောက် မဟုတ်မှန်း သိနိုင်သည်။ သူက အရင်ဘော့စ်ထုနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်၏။ ထို့နောက် ဘော့စ်ဖေး၏ ယခင်က အောင်မြင်သော ဂိမ်းများအကြောင်း ပြန်စဥ်းစားကြည့်လိုက်ပါသည်။ ထို့ကြောင့် ဘော့စ်ဖေး ပိုတောက်ပလာသည်။ သူ့ကို တိုက်ရိုက်ကြည့်ဖို့တောင် ခက်ခဲလာပါသည်။

အမှန်ပင်။ ခေါင်းဆောင် အစစ်အမှန်ဆိုတာ ဒီလိုပဲ ပြုမူသင့်ပါသည်။ ဘော့စ်ထုက နောက်ပေါက်သည့် ရွှေကြာဟုသာ သတ်မှတ်နိုင်သူ ဖြစ်သည်။ ဒါက ပါရမီရှိသည့် ဒီဇိုင်နာစစ်စစ်တစ်ယောာက် ပြုမူသင့်သည့် ပုံစံမျိုး ဖြစ်သည်။ ယဲ့ကျစ်ကျိုး ရင်ထဲတွင် အံ့သြနေမိပါသည်။

All Chapters