← Chapters

အခန်း(၁၄၇) ဘော့စ်ဖေးရဲ့ အမြင်ကို သံသယ မဖြစ်ရဘူး

Vol. 10 Ch. 147

အခန်း(၁၄၇) ဘော့စ်ဖေးရဲ့ အမြင်ကို သံသယ မဖြစ်ရဘူး

Vol. 10 Ch. 147

အခန်း(၁၄၇) ဘော့စ်ဖေးရဲ့ အမြင်ကို သံသယ မဖြစ်ရဘူး

ရှန်းယန်ဂိမ်း၏ ရုံးခန်းထဲတွင်...။

အခြေအနေက အနည်းငယ် တင်းမာနေ၏။

အားလုံးက ဘော့စ်အသစ် ရလာသဖြင့် လှပ သစ်လွင်သည့် စမှတ်တစ်ခုကို ရတော့မည်ဟု ထင်ခဲ့ကြသည်။ ဘော့စ်ဖေးဘေးတွင် အတူတူ အလုပ်လုပ်ပြီး၊ အကြံကောင်းများ ထုတ်ကာ၊ ဘယ်သူမှ  မမြင်ဖူးသည့် ဂိမ်းမျိုးများကို ထုတ်လုပ်ပြီး စျေးကွက်ကို သိမ်းပိုက်ဖို့ မျှော်လင့်ထားကြ၏။ ကြည့်ရတာ ဒါတွေ တစ်ခုမှ ဖြစ်လာမည့်ပုံမပေါ်ပေ။

ဘော့စ်ဖေးက သူ့မျက်နှာကို လာပြသော်လည်း စကား ၁၀ ခွန်းအောက် ပြောပြီးနောက် ပြန်သွားပါသည်။

သူတို့ထဲက အတွေ့အကြုံ အရှိဆုံးလူ ဝမ်ရှောင်းပင်ကို အစီအစဉ်ရေးဆွဲသူချုပ်ရာထူးက ချလိုက်ပြီး နောက်ဆုံးမှ ကုမ္ပဏီကို ဝင်လာသည့် လူကို ရာထူးတိုးပေးလိုက်ပါသည်။ လတိုင်း ဘာအကြောင်းပြချက်မှ မရှိဘဲ လူတစ်ယောက်ကို အလုပ်ဖြုတ်ခွင့်တောင် ပေးထားခဲ့ပါသေးသည်။

ကုမ္ပဏီအတွက် အနာဂတ်အစီအစဥ်က ပို၍ပင် အဓိပ္ပာယ်မဲ့နေပါသေးသည်။ ပထမ ခြေလှမ်းက ၎င်းတို့၏ လက်ရှိဂိမ်းနှစ်ခုထဲက ဝယ်ယူနိုင်သည့်အရာအားလုံးကို ဖျက်သိမ်းပြီး တစ်ခုသာ ချန်ထာားဖို့ ဖြစ်သည်။ ဒုတိယ ခြေလှမ်းက ဂိမ်းအသစ်တစ်ခုအတွက် လူတိုင်း အစီအစဥ်ချပြဖို့ ဖြစ်သည်။

ဒါတွေကလွဲပြီး ဘော့စ်ဖေးမှာ တခြား အထင်အမြင်ကော အကြံဉာဏ်ကော မရှိပါ။ ဘော့စ်ဖေးကိုယ်တိုင် အလုပ်တိုင်းကို လုပ်ပါ့မလား။ မဖြစ်နိုင်ပါ။

ယဲ့ကျစ်ကျိုးကို ဘော့စ်ဖေး ပေးလိုက်သည့် အကြွင်းမဲ့အာဏာကို ကြည့်ခြင်းအားဖြင့် သူ အတော်ကြာ ပြန်လာမှာ မဟုတ်လောက်ပေ။ ယဲ့ကျစ်ကျိုးက သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာလိမ့်မည်။

ပထမတော့ အားလုံးက ရှန်းယန်ဂိမ်း သေရာမှ ပြန်ရှင်လာပြီး ဘဝအသစ်တစ်ခု စတင်ရတော့မည်ဟု ထင်ခဲ့သည်။ ချက်ချင်းဆိုသလို သူတို့ အခေါင်းထဲ ပြန်တွန်းခံလိုက်ရ၏။ ဘော့စ်ဖေးက အခေါင်းကို သံတွေနဲ့တောင် ရိုက်ပိတ်သွားသည့်ပုံပင်။

ထို့ကြောင့် အခြေအနေက အလွန်တင်းမာလျက်ရှိပါသည်။

အမှန်ပင်။ ထန်းတာ့က ကျောထောက်နောက်ခံအဖြစ်ရှိနေသဖြင့် ရှန်းယန်ဂိမ်းက အချိန်တိုအတွင်း ပိတ်ချလိုက်ရမှာ မဟုတ်ကြောင်းတော့ အားလုံးသိကြပါသည်။ သူတို့ အလုပ်က အတော်လေး စိတ်ချရပါသည်။

သို့သော်လည်း ရေရှည်အတွက်တော့ ဒီအလုပ် ဆက်ပြီး တည်ရှိနိုင်ဦးမလား မသေချာနိုင်ပါ။

ဝမ်ရှောင်းပင်က ယဲ့ကျစ်ကျိုးကို စိုးရိမ်စွာ ကြည့်လိုက်သည်။ ထိုင်ခုံတွင် ခေါင်းငုံ့ကာ ထိုင်နေပြီး ဖုန်းတွင် စာရိုက်နေသည်။ ဘယ်သူ့ကို စကားပြောနေမှန်း မသိပါ။

သူ့ရဲ့ ပထမဆုံး အခွင့်အရေးကိုသုံးပြီး ဒီတိုင်း အကြောင်းပြချက် မရှိဘဲနဲ့ အလုပ်တော့ စမဖြုတ်လောက်သေးပါဘူးနော််။ ဟုတ်တယ်မလား။ ဝမ်ရှောင်းပင် အတော်လေး စိုးရိမ်နေပါသည်။

ယခု ယဲ့ကျစ်ကျိုးက  အစီအစဉ်ရေးဆွဲသူချုပ်ဖြစ်လာပြီး အားလုံးကို အမိန့်ပေးဖို့နှင့် တာဝန်ပေးဖို့ တာဝန်ယူရတော့မည်။ ဒါက အစီအစဉ်ရေးဆွဲသူချုပ်တစ်ယောက်၏ တာဝန်ပဲ ဖြစ်ပါသည်။

ယဲ့ကျစ်ကျိုးသာ ဘာတစ်ခွန်းမှ မပြောပါက အားလုံး အလုပ်စားပွဲမှာသာ ထိုင်နေရပြီး အချိန်ဖြုန်းနေရပါမည်။

ယဲ့ကျစ်ကျိုး တာဝန်ယူနိုင်ပါ့မလား မယူနိုင်ဘူးလား ဝမ်ရှောင်းပင် မသေချာပါ။ သို့သော်လည်း ဖြစ်ပြီးတာက ဖြစ်ပြီးပါပြီ။ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ သူစောင့်ကြည့်ဖို့သာ ရှိတော့သည်။

ယဲ့ကျစ်ကျိုးက မာယိချွမ်ကို စာပို့နေခြင်း ဖြစ်ပါသည်။ "ညီအစ်ကိုမာ ငါမင်းကို ပြောစရာ ရှိတယ်။ ဒါပေမယ့် ဘယ်လိုပြောရမှန်းမသိတော့ဘူး...။”

မာယိချွမ်၏ မက်ဆေ့ချ်က ချက်ချင်းပြန်လာသည်။ "ပြောလေ။ ငါရှိတယ်။ ဘာပြဿနာပဲရှိရှိ ငါတို့ အတူတူ ရင်ဆိုင်နိုင်ပါတယ်။”

မာယိချွမ်က ထန်းတာ့မှာ ဘာအလုပ်မှ မလုပ်ရသေးပါ။ ဂိမ်းအသစ်၏ ဇာတ်လမ်းအတွက် သူကူညီပေးခွင့်တောင် မရှိသေးပေ။ သူ အလွန်ပျင်းနေပြီး ခေါင်းတွေတောင် ကိုက်နေပါပြီ။ ထို့ကြောင့် စာအမြန်ပြန်နိုင်ခြင်း ဖြစ်သည်။

ယဲ့ကျစ်ကျိုးက ခေတ္တတွန့်ဆုတ်သွားပြီး စာထပ်ရိုက်လိုက်သသည်။ "ဘော့စ်ဖေးက အစည်းအဝေးလုပ်ပြီး ငါ့ကို ရှန်းယန်ဂိမ်းရဲ့ အစီအစဉ်ရေးဆွဲသူချုပ်ရာထူး ပေးသွားတယ်..."

"??????????"

? ဆယ်ခုနှင့် စာကြောင်းတစ်ကြောင်းပေါ်လာသည်။ ဖန်သားပြင်ပေါ်မှာတောင် မာယိချွမ်၏ ကြောင်စီစီ ဖြစ်သွားမှုကို ယဲ့ကျစ်ကျိုး ခံစားမိပါသည်။

ဒါ ဘာသဘောလဲ။

မာယိချွမ် ဒီကမ္ဘာကြီးကို နားမလည်နိုင်တော့ပေ။

ယခင်တုန်းက ရှန်းယန်းဂိမ်းမှာ ဟွမ်စစ်ပေါ်နှင့် အတူတူ သူ အလုပ်လုပ်ဖူးပါသည်။ သူတို့က ခက်ခဲသည့် အချိန်များကို အတူတူ ဖြတ်ကျော်ခဲ့ကြသည့် မိတ်ဆွေမျာဖြစ်ခဲ့ကြသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း ဟွမ်စစ်ပေါ်က ထန်းတာ့ဂိမ်းဆီ ခုန်ကူးသွားပြီး အဆင့်များ မြင့်တက်လာခဲ့သည်။ စီမံခန့်ခွဲရေးအစီအစဥ်ဆွဲသူမှ အစီအစဉ်ရေးဆွဲသူချုပ် ဖြစ်လာသည်။

မာယိချွမ်ကတော့ ယဲ့ကျစ်ကျိုးနှင့်အတူ ရှန်းယန်ဂိမ်းမှာပဲ အလုပ်ဆက်လုပ်ခဲ့ပါသည်။ သူတို့ကလည်း ခက်ခဲသည့် အချိန်များကို အတူဖြတ်ကျော်ခဲ့ကြသော မိတ်ဆွေများ ဖြစ်ကြသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း ဘော့စ်ဖေးက ရှန်းယန်ဂိမ်းကို ဝယ်ယူသွားသည်။ ယဲ့ကျစ်ကျိုးကလည်း အဆင့်မြင့်တက်သွားပြီး အစီအစဉ်ရေးဆွဲသူချုပ် ဖြစ်လာပါသည်။

မာယိချွမ်သာ နေ့တိုင်း ဘော့စ်ဖေးထံမှ ဒီဇိုင်း အကြောင်းအရာများကို သင်ယူရင်း ကျန်နေခဲ့ပါတော့သည်။ အခုချိန်ထိ ကြွားဝါလို့ရသည့် မည်သည့် အလုပ်မှ မလုပ်ရသေးပါ။

မာယိချွမ် ကိုယ့်ကိုယ်ကို သံသယဝင်နေမိပါပြီ။

ဘာလို့လဲ။ နှစ်ကြိမ်ဆက်တိုက် စီမံခန့်ခွဲရေး အစီအစဥ်ဆွဲသူတွေက အစီအစဉ်ရေးဆွဲသူချုပ်တွေအဖြစ် ပြောင်းလဲကုန်တယ်။ မဟုတ်မှလွဲရော... ငါက ကံကောင်းခြင်း အဆောင်လေးများလား။ ငါနဲ့ သူငယ်ချင်းဖြစ်ခဲ့တဲ့လူတွေက အကုန်လုံး အစီအစဉ်ရေးဆွဲသူချုပ်တွေ ဖြစ်လာကြတယ်။

ဒါဆိုလည်း ဘာလို့ အားလုံးအတွက် ကံကောင်းခြင်းအဆောင်ဖြစ်စေတဲ့ ငါက အဲ့လောက် ကံမကောင်းနိုင်ရတာလဲ။

မာယိချွမ် အကြာကြီး စာမပြန်တော့သဖြင့် ယဲ့ကျစ်ကျိုးက စာထပ်ရိုက်လိုက်ပါသည်။ "ညီအစ်ကိုမာ ငါအခု ဖိအားတော်တော်များနေပြီ။ အရင်တုန်းကလည်း အစီအစဉ်ရေးဆွဲသူချုပ် တစ်ခါမှ မလုပ်ဖူးဘူး။ ဘော့စ်ဖေးကို ငါ့ကိုယ်စား တခြား တစ်ယောက်ယောက်ကို ရွေးဖို့ ပြောပေးပါလားကွာ။”

မာယိချွမ် ဒေါသထွက်သွားသည်။

ခွေးကောင်။ မင်း ကံကောင်းတာကို ဝန်မခံချင်ဘူး။ တော်တော်များတဲ့ကောင်ပဲ။

ဘော့စ်ဖေးက မင်းကို အစီအစဉ်ရေးဆွဲသူချုပ် ရာထူးပေးလိုက်တာတောင် မင်းက စိတ်မဝင်စားဘူးဟုတ်လား။ ငါ့ကို စိတ်လာဆွနေတာလား။

"ဂွတ်ဘိုင်" မာယိချွမ် ချက်ချင်းပဲ Chat Window ကို ပိတ်လိုက်ပါသည်။

ယဲ့ကျစ်ကျိုးက  အမြန်စာပြန်လိုက်ဦး။ "နေပါဦး။ ညီအစ်ကိုမာ ငါတကယ်ကြီး အစွမ်းအစမရှိဘူးလို့ ထင်လို့ပါကွာ။ ငါ ဒီအလုပ်ထဲ ဝင်လာတာ ဘယ်လောက်ကြာသေးလို့လဲ။ ငါ ဘာမှ မသိဘူး။ ဘယ်လိုလုပ်ပြီး အစီအစဉ်ရေးဆွဲသူချုပ်လုပ်လို့ရမှာလဲ။”

"ဘော့စ်ဖေးက ဒီလောက်ဝန်အကြီးကြီး ထမ်းခိုင်းသွားတာ ငါသာ ပြဿနာရှာမိရင် ဘယ်လိုလုပ်မလဲ။”

မာယိချွမ်က ယဲ့ကျစ်ကျိုး၏ မက်ဆေ့ချ်များကို ဖတ်ကြည့်လိုက်ပြီး ဒီကောင် ဘော့စ်ဖေးကို စိတ်ပျက်အောင် လုပ်မိမှာ စိုးရိမ်နေတာ ဖြစ်သည်ဟု ထင်လိုက်မိပါသည်။

အင်း သင်ပေးလို့တော့ ရပါတယ်။

မာယိချွမ်က ခေတ္တစဥ်းစားလိုက်ပြီး သူလည်း အရင်က ဒီလိုအခြေအနေမျိုး ရောက်ဖူးကြောင်း နားလည်သွားပါသည်။ ဘော့စ်ဖေး၏ သင်ကြားမှုနှင့် ထုဆစ်မှုကို လပေါင်းများစွာ နာခံခဲ့ရသူတစ်ယောက်အဖြစ် အကြံဉာဏ်တချို့နှင့် အတွေ့အကြုံများကို အတွေ့အကြုံ မရှိသည့် ညီငယ်တစ်ယောက်အား မျှဝေပေးသင့်ပါသည်။

"စိတ်မပူနဲ့။ စိတ်အေးအေးထားပြီး မင်းအလုပ်ကိုပဲ မင်းလုပ်။ မင်း ဟွမ်စစ်ပေါ်ကို သိလား။ သူက မင်းအရင် ကုမ္ပဏီကို ရောက်လာတဲ့လူပဲ။ ငါတို့နှစ်ယောက်စလုံးက သူငယ်ချင်းတွေပဲ။”

"အဲ့တုန်းက သူက စီမံခန့်ခွဲရေးအစီအစဥ်ဆွဲသူလေ။  သူလည်း မင်းလုပ်ရမယ့် အလုပ်အတိုင်း လုပ်ခဲ့တာပဲ။ နောက်တော့ သူ ထန်းတာ့ဂိမ်းကိုရောက်လာတယ် ဘော့စ်ဖေးက သူ့ကို အစီအစဉ်ရေးဆွဲသူချုပ်ဖြစ်အောင်  ခန့်လိုက်တယ်။ မင်းလိုမျိုးပဲ။"

"နောက်တော့ ဘာဖြစ်သွားလဲသိလား။ သမုဒ္ဒရာရဲတိုက်ကို ငါ့ညီအစ်ကို ဟွမ်စစ်ပေါ်က ဖန်တီးထားတာ။”

"အဲ့တာကြောင့် ဘာမှ စိတ်ပူမနေနဲ့။ မင်းကိုယ်မင်း သံသယဖြစ်ချင်ဖြစ်လို့ရတယ်။ ဒါပေမယ့် ဘော့စ်ဖေးရဲ့ အမြော်အမြင်ကိုတော့ သံသယဖြစ်လို့မရဘူးနော်။”

"အခုချိန်ထိ ဘော့စ်ဖေးက လူတွေအများကြီးကို မြေတောင်မြှောက်ပေးခဲ့တာ။ အစတုန်းကတော့ ဘယ်သူမှ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို နားမလည်ခဲ့ကြဘူး။ ဒါပေမယ့် ဘော့စ်ဖေးမှာ ထူးခြားတဲ့ ဉာဏ်ပညာနဲ့ အမြင်ရှိမှန်း ခပ်မြန်မြန်ပဲ နားလည်သွားကြတယ်။ သူက ဘယ်သူမှ မမြင်နိုင်တဲ့ လူတွေရဲ့ ပါရမီကို မြင်နိုင်တယ်။”

"မင်း ဘာမှ စိတ်ပူဖို့ မလိုဘူးနော်။ ဘော့စ်ဖေးက မင်းလုပ်နိုင်တယ်လို့ ပြောသွားတော့ မင်း သေချာပေါက် လုပ်နိုင်လို့ပဲ။"

မာယိချွမ်၏ ပြန်စာကို ဖတ်ရှုပြီးနောက် ယဲ့ကျစ်ကျိုး လေးလေးနက်နက် တွေးလိုက်မိပါသည်။

ဒီလိုကိုး။ ဒီလို ယုတ္တိမရှိသည့် လုပ်ရပ်မျိုးကို လုပ်ခဲ့တာ ပထမဆုံးအကြိမ် မဟုတ်ပေ။ အရင်တုန်းက ဖြစ်ဖူးတယ်တဲ့လား။ ထို့အပြင် အောင်မြင်တဲ့ ဖြစ်ရပ် ဖြစ်ခဲ့တယ်တဲ့လား။

ဒါဆို ဘော့စ်ဖေးက ငါ့အရည်အချင်းကို တကယ်မြင်လို့ဖြစ်မယ်။ ငါက ဘာလို့ မသိရတာလဲ။

ဒါပေမယ့် မာယိချွမ်ပြောခဲ့သလိုပဲ ဘော့ဖေးက ငါ့ကို ဘာအကြောင်းပြချက်မှမရှိ၊ ဘာရည်ရွယ်ချက်မှမရှိဘဲ ရာထူးတိုးပေးခဲ့တာ မဖြစ်နိုင်ဘူး။ သူ ငါ့ကို အာဏာတွေ အများကြီးတောင် ပေးခဲ့သေးတယ်။

ယဲ့ကျစ်ကျိုး ပိုပြီးစဥ်းစားကြည့်လေလေ ပိုပြီး ယုံကြည်ချက် ပြည့်ဝလာလေလေ ဖြစ်လာခဲ့သည်။

ဘော့စ်ဖေးက ငါ့ကို အာဏာတွေအများကြီး ပေးသွားတယ်ဆိုတော့ ငါ့ကို ယုံကြည်ချက်ထားပြီး ငါလုပ်ချင်တာလုပ်ဖို့ အရိပ်အမြွက်ပေးသွားတာဖြစ်နိုင်တယ်။ ငါသာ ကြောက်ပြီး မလှုပ်နိုင်မရှားနိုင်ဖြစ်လာရင် ထန်းတာ့မှာ အလုပ်လုပ်တဲ့ လူတစ်ယောက်နဲ့ ဘယ်တူတော့မလဲ။ ဘော့စ်ဖေးကို စိတ်ပျက်သွားစေမယ် မဟုတ်လား။

အခု ငါက ဂုဏ်သရေရှိ ထန်းတာ့ရဲ့ ဝန်ထမ်း တစ်ယောက်ဖြစ်သွားပြီကွ။

ထိုသို့စဥ်းစားလိုက်ရုံနဲ့ ယဲ့ကျစ်ကျိုး ချက်ချင်း အပျော်လွန်သွားပါသည်။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုမာ။”

ယဲ့ကျစ်ကျိုးက သူ့ဖိုင်တွဲများကို ဖွင့်လိုက်ပြီး ယုံကြည်ချက်ပြည့်ဝစွာဖြင့် ကီးဘုတ်ကို ရိုက်လိုက်ပါသည်။ သူကုမ္ပဏီသို့ ဝင်လာပြီး လပိုင်းအတွင်းမှာ ဒီဂိမ်းနှစ်ခုကို အကဲခတ်ဖို့ ကိုယ်ပိုင်အချိန်များကိုပင် ယဲ့ကျစ်ကျိုး အသုံးပြုခဲ့ပါသည်။

ထင်ထားသလိုပင်။ ဒီဂိမ်းနှစ်ခုကို တင်လိုက်ခြင်းက ဂိမ်မာများကို ချေးကြွေးခြင်းနဲ့ ညီမျှပါက ယဲ့ကျစ်ကျိုးက နေ့တိုင်း သူ့လက်ထဲ ချေးကိုင်ထားရသလိုဖြစ်နေပါသည်။ သူ မရွံရှာဘဲနေပါ့မလား။

ယဲ့ကျစ်ကျိုး၏ အမြင် သို့မဟုတ် ရှန်းယန်ဂိမ်း ဝန်ထမ်း တော်တော်များများ၏ အမြင်တွင် ဒီဂိမ်းများ၏ ဆိုးကွက်များစွာ ရှိသည်။ ငါးမိနစ်လောက် ကစားကြည့်ရုံနဲ့ ပြဿနာများစွာကို ထုတ်ပြနိုင်သည်။

သို့သော်လည်း ဘယ်သူကမှ မပြင်ဆင်ကြပါ။ အဘယ့်ကြောင့်ဆိုသော် အားလုံးက ရေသာခိုနေကြသောကြောင့်ပင်။ လျို့ကြီးကလည်း ဘာမှ မလုပ်ခိုင်းပါ။ ဘယ်သူကမှလည်း အလုပ် ထပ်တောင်းဖို့ စိတ်မဝင်စားကြပေ။

လျို့ကြီးကိုယ်တိုင် ထိုပြဿနာများကို မဖြေရှင်းရသည့် အကြောင်းအရင်းက ငွေကြေးစီမံမှုအပိုင်းတွင် ဖိအားများစွာ ရှိနေသောကြောင့် ဖြစ်ပါသည်။

ထိုအချိန်တုန်းက ဂိမ်းများထံမှ ရသည့် ကုမ္ပဏီဝင်ငွေများမှာ ကုမ္ပဏီ၏ ကုန်ကျစရိတ်များကို ကာမိရုံလောက်သာ ရှိပါသည်။ ပန်းချီအရင်းအမြစ်တွေကို ပြောင်းလဲပြီး ဂိမ်းကစားပုံကို ပြောင်းလဲဖို့ ရန်ပုံငွေ ဘယ်ကရနိုင်မည်နည်း။

စားပွဲပေါ်မှာ အကြံကောင်းများစွာရှိနေရင်တောင် ထိုအကြံများကို ဂိမ်းထဲသို့ ကူးပြောင်းဖို့ အချိန်တင်မကဘဲ ငွေလည်း လိုပါသေးသည်။။

အခုတော့ လျို့ကြီး ယဲ့ကျစ်ကျိုး၏ လှုပ်ရှားမှုတိုင်းကို အကြံပေးနေတာမျိုး မရှိတော့သဖြင့် အဓိပ္ပာယ်အရှိဆုံးဟု ထင်ရသည့် သူ့အတွေးများကို သူ အကောင်အထည် ဖော်နိုင်ပါပြီ။

All Chapters