← Chapters

ဧရာမ စပါးအုံးမြွေကြီး၏ တန်ဖိုး

Vol. 30 Ch. 436

ဧရာမ စပါးအုံးမြွေကြီး၏ တန်ဖိုး

Vol. 30 Ch. 436

“ဘုန်း”

ထိုသို့သောအချိန်၌ ဧရာမ လိပ်ကြီးထံမှ ကြီးမားသော အရာတစ်ခု လိမ့်ကျလာပြီး မြေကြီးပေါ် ဘုန်းခနဲ ကျဆင်းလာသည်။

“အား….”

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် ရဲ့လင်းချန်၏ ရင်ခွင်ထဲ၌ ငိုနေဆဲ ဖြစ်သော်လည်း ထိုအရာကို မြင်သောအခါ ချက်ချင်း ကြောက်လန့်တကြား အော်ဟစ်ကြလေသည်။ သူတို့၏ အသံက ရဲ့လင်းချန်၏ နားစည်ထဲ ဖောက်ဝင်သွားသဖြင့် သူ့အား နားအူသွားစေသည်။

“မြွေကြီး၊ စပါးအုံးမြွေကြီး”

မကြာခင်မှာပင် ရိုက်ကူးရေးအဖွဲ့တွင်းရှိ လူတိုင်းထံမှ အော်သံများ ထွက်ပေါ်လာလေသည်။ သူတို့ တစ်ယောက်ချင်းစီက သေမတတ် ကြောက်လန့်နေပြီး ငှက်များနှင့် တောရိုင်း တိရစ္ဆာန်များကဲ့သို့ ထွက်ပြေး ကြလေသည်။ သူတို့ ဝရုန်းသုန်းကား ထွက်ပြေးကြသဖြင့် ဖိနပ်များက နေရာအနှံ့ ပြန့်ကျဲနေသည်။

“တော်၊ တော်၊‌ တော်လိုက်တော့”

ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်နေပြီး မိန်းကလေးနှစ်ယောက် အော်ဟစ်နေခြင်းကို အလျင်အမြန် တားဆီးလေသည်။

“ဒီဧရာမ စပါးအုံးမြွေကြီးက သေပြီ၊ ကျေးဇူးပြုပြီးတော့ ရေးကြီးခွင်ကျယ် လုပ်မနေပါနဲ့တော့လား”

“သေပြီလား၊ အဲ့ဒါ တကယ် သေသွားပြီလား”

ကျောက်လျန့်ရင်၏ အသံက တုန်ယင်နေသည်။ သူမသည် ရဲ့လင်းချန်အနောက်၌ ဝင်ပုန်းပြီး ခေါင်းလေးပြူကာ ကြီးမားသော လှုပ်ရှားမှု ကင်းမဲ့နေသည့် အရာကို စိုးရိမ်တကြီး လှမ်းကြည့်လေသည်။

တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ ခေါင်းကို အလျင်အမြန် ပြန်ရုပ်လိုက်သည်။ ၎င်းက အလွန် ကြောက်လန့် ထိတ်လန့်စရာ ကောင်းလှပေသည်။

ဧရာမ စပါးအုံးမြွေကြီး၏ အရွယ်အစားက ကျောက်လျန့်ရင် နှစ်ကိုယ်စာထက်တောင် ပိုကြီးသေးသည်။ ဆယ်မီတာ ရှိသော အလျားနှင့် ပေါင်းလိုက်သောအခါ ထိုသို့သော အမြင်အာရုံ အမျိုးအစားက သူမ မဆိုထားနှင့်၊ အဖွဲ့ထဲမှ အမျိုးသားများကိုတောင်မှ ကြောက်လန့်စေသည်။ ရိုက်ကူးရေးအဖွဲ့၏ အမျိုးသားများထဲက ဘယ်သူမှ ရှေ့ထွက်မလာရဲချေ။

“ပြီးတော့ ဒီလိပ်ကြီး၊ အဲ့ဒါက အရမ်း ကြောက်ဖို့ကောင်းတာပဲ၊ မိစ္ဆာတစ်ကောင်လိုမျိုး ခံစားရတယ်”

ဟူယွဲ့အာသည် သူမဘေးနားမှ ဧရာမ လိပ်ကြီးကို တစ်ချက်ကြည့်ပြီး တံတွေးမျိုချလိုက်ပြီးနောက် တုန်ယင် နေသော အသံဖြင့် မှတ်ချက်ပြုသည်။

“ကောင်းပြီ၊ အားလုံးပဲ ဆူဆူညံညံ မလုပ်ပါနဲ့၊ ဒီဧရာမ စပါးအုံးမြွေကြီးက သေနေပါပြီ”

ရဲ့လင်ချန် အသာပြုံးလိုက်သည်။

“ကဲ အခု ကျွန်တော့်မှာ သတင်းကောင်းတချို့ ရှိပါတယ်၊ အခု ကျွန်တော်တို့မှာ စားစရာ ရှိပြီလေ”

“လင်းချန်၊ ရှင် ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အသားကို ပြောနေတာတော့ မဟုတ်ဘူးမလား”

ကျောက်လျန့်ရင်က သေနေသော ဧရာမ စပါးအုံးမြွေကြီးကို သေသေချာချာ လက်ညှိုးထိုးပြ၍ မေးလိုက်သည်။

“အင်း ငါ ပြောနေတာ အဲ့ဒါပဲလေ”

ရဲ့လင်းချန် ခေါင်းညိတ်ပြသည်။

“မကြောက်ပါနဲ့၊ ငါတို့ ဒီလို မြွေအမျိုးအစားမျိုးကို မရှာဘဲ တွေ့တာက ကံကောင်းမှုပဲ၊ ဒီစပါးအုံးမြွေကို စားတာက ငါတို့ ခန္ဓာကိုယ်ကို မထိခိုက်စေဘူး၊ ငါတို့အတွက် အကျိုးဖြစ်စေရုံပဲ ရှိမှာ”

“တကယ်လား၊ ဒီလို ဧရာမ စပါးအုံးမြွေ အမျိုးအစားမျိုးကို ငါ စားဖို့ တွေးတောင် မတွေးရဲဘူး၊ ငါ သေချာပေါက် အိပ်မက်ဆိုး ရမှာ”

ဝေ့တရွှင်း တစ်ကိုယ်လုံး တုန်ယင်နေပြီး စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်ကို မကြည့်ရဲပေ။

“ရဲ့နတ်ဘုရား ဒီဧရာမ စပါးအုံးမြွေကြီးက အရမ်း ကြီးတယ်၊ ငါတို့ အသားကုန် စားရင်တောင်မှ မကုန်ဘူး”

ဟယ်ကျားက ပြောသည်။

“ခင်ဗျားရဲ့ အတွေးက ဟုတ်ပါတယ်၊ ဒီလို ဧရာမမြွေမျိုးကို အသားအဖြစ် စားရတာကိုက ကျွန်တော်တို့အတွက် ကံကောင်းနေပြီ၊ ခင်ဗျား တကယ် မစားချင်ဘူးလား”

ရဲ့လင်းချန်က စိတ်ပျက်လက်ပျက် အကြည့်လွှဲလိုက်ပြီး မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

သူ့စကားက လူတိုင်းကို မယုံသင်္ကာ ဖြစ်သွားစေသည်။

*ဧရာမ စပါးအုံးမြွေကြီးက သေချာပေါက် ရှားပင်မယ့် အရွယ်အစား ကြီးတာအပြင် တော်တော် တန်ဖိုးရှိလို့လား*

ရဲ့လင်းချန်သည် သူတို့နှင့် အဓိပ္ပာယ် မရှိသောစကားများကို ပြောရန် ပျင်းရိလွန်းလှသည်။ သူက ဒါရိုက်တာကို လက်ယပ် ခေါ်လိုက်သည်။

“ရဲ့ … ရဲ့နတ်ဘုရား၊ မင်း ငါ့ကို ခေါ်တာလား”

ဒါရိုက်တာ၏ အသံက မှင်တက်နေပုံ ပေါက်သည်။

“ဟာ … ခင်ဗျား အနည်းဆုံးတော့ ခင်ဗျား မျက်လုံးတွေကို သုံးပြီး ကြည့်ပါလား၊ ခင်ဗျားရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို လွှဲပေးပါ၊ ကျွန်တော် ပရိသတ်တွေကို စကား နည်းနည်း‌ပြောချင်လို့”

“ဪ အင်း ရတယ်လေ”

ဒါရိုက်တာက အသည်းအသန် ခေါင်းညိတ်ပြပြီး ပစ္စည်းကို လွှဲပေးလိုက်သည်။ သူသည် စပါးအုံးမြွေနား ဖြတ်သွားသောအခါ မသိမသာ တုန်နေ၏။

“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်က ရဲ့လင်းချန်ပါ”

ရဲ့လင်းချန်က တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ လူများကို နှုတ်ဆက်လိုက်သည်။

[ဟဲလို ရဲ့နတ်ဘုရား၊ ရဲ့နတ်ဘုရားက မြင့်မြတ်ပြီး သန်မာတယ်]

[ရဲ့နတ်ဘုရား၊ ကျွန်မ ရှင့်ကို ချစ်တယ်၊ ကျေးဇူးပြုပြီး ကျွန်မကို စကား ပြန်ပြောပေးပါ …]

[ရဲ့နတ်ဘုရား ကျွန်မကို ကြည့်ပါ၊ အား … အား … အား … ကျွန်မ တအား စိတ်လှုပ်ရှားနေပြီ]

[ရဲ့နတ်ဘုရား၊ ကျွန်မ ရှင့်ရဲ့ ကလေးလေးတွေ မွေးပေးချင်တယ်၊ ကျေးဇူးပြုပြီး ကျွန်မဆန္ဒကို ဖြည့်ဆည်းပေးပါ …]

…

တိုက်ရိုက် ထုတ်လွှင့်မှုက ဆူညံပွက်လောရိုက်သွားပြီး မရေတွက်နိုင်သော ပရိသတ်များက စတင် အော်ဟစ် လာကြသည်။

ရဲ့လင်းချန်သည် အားလုံးနှင့် အရေးမပါသော စကားများ ဆိုမနေဘဲ ဧရာမ စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်က သူ့ပခုံးပေါ် ပင့်တင်လိုက်သည်။ ထို့နောက် သူက ဧရာမ စပါးအုံးမြွေကြီးကို အနီးကပ် ရိုက်ပြလေသည်။

“ဒီစပါးအုံးမြွေကြီး အသက် ဘယ်လောက် ကြာကြာနေခဲ့လဲ ဆိုတာကို ဘယ်သူမှ မသိဘူး၊ ဒီကောင်ရဲ့ ခန္ဓာကိုယ်က သာမန် အသားလို့ ပြောလို့ မရဘူး၊ ကျွန်တော် ပြောတာကို နားလည်တဲ့သူတွေ ဈေးပေးလို့ ရပါတယ်”

လူတိုင်း မှင်တက်သွားကြသည်။

*ရဲ့နတ်ဘုရားက စပါးအုံးမြွေကို တကယ် ရောင်းမလို့လား*

အစားကို ခုံမင်သည့် စိတ်များကို ကျေနပ်အောင် ဖြည့်ဆည်းလိုသည့် လူများမှလွဲ၍ အခြား ဘယ်သူက ဤသို့သော စပါးအုံးမြွေကို ဝယ်ပါမည်နည်း။

သို့သော် တစ်ခဏကြာသော် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းထဲ၌ ကြီးမားသော ခရမ်းရောင် စာတန်းတစ်ခု ပေါ်လာသည်။

[ရဲ့နတ်ဘုရား၊ မင်း ဒါကို တကယ် ရောင်းချင်တာလား၊ ငါတို့ ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အသားကို တစ်ကီလိုကို နှစ်သောင်း ပေးဝယ်မယ်]

[လခွမ်း ခရမ်းရောင် စာတန်းဟေ့၊ အံ့ဩစရာပဲ၊ လူချမ်းသာတစ်ယောက်ပါလား]

[ခရမ်းရောင် စာတန်းတစ်ခုကို ယွမ်တစ်ထောင် ကျတယ်၊ ငါ တစ်ခုတည်း မေးချင်တယ်၊ အဲ့ဒါ ထိုက်တန်ရဲ့လား]

[တစ်ကီလိုကို နှစ်သောင်း၊ ဒီဧရာမ စပါးအုံးမြွေကြီးက တော်တော် တန်ဖိုးရှိတာလား]

[လူချမ်းသာတစ်ယောက်က ဒီတိုက်ရိုက် ထုတ်လွှင့်မှုထဲမှာ ပုန်းနေတာပဲ၊ အံ့ဩဖို့ ကောင်းတယ်]

ချက်ချင်းဆိုသလိုပင် တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ ပရိသတ်များသည် ဆူညံပွက်လောရိုက်နေကြသည်။

ဤသို့သော တိုက်ရိုက်ထုတ်လွှင့်မှုမျိုးသည် အခြားသော စာချုပ်ရှိသော တိုက်ရိုက် ထုတ်လွှင့်မှုများနှင့် မတူပါ။ ၎င်းကို ရုပ်သံထုတ်လွှင့်ရေး ဌာနက ရိုက်ကူးခြင်း ဖြစ်ပြီး ဆုကြေးများကိုလည်း ရုပ်သံထုတ်လွှင့်ရေး ကိုယ်တိုင်က ပေးအပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူအချို့သည် ဆုပေးချင်ကြပြီး သူတို့ ဆုပေးလျင်တောင်မှ ကျေးဇူးတင် စကား ဒိုင်းဆုလေး တစ်ခုသာ ဖြစ်သည်။ စာတန်းတစ်ခု လုပ်ရုံသက်သက်နှင့် ယွမ်တစ်ထောင် သုံးသော လူတစ်ယောက်ကို ကြားတောင် မကြားဖူးသလို အလွန် ရှားပါးလှသည်။

“တစ်ကီလိုကို ယွမ်နှစ်သောင်းလား”

ကျောက်လျန့်ရင် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။

“ဒီစပါးအုံးမြွေက အလေးချိန် တစ်ထောင်ကီလိုလောက် ရှိမယ်ထင်တယ်၊ ဒီသဘောက နှစ်သန်းလောက် တန်တယ်လို့ ပြောနေတာပဲ”

“ဟားဟား ခင်ဗျားက ဒါရဲ့ အလေးချိန်နဲ့ ဈေးကို လျှော့ထားတာပဲ”

ရဲ့လင်းချန်က ခေါင်းခါ၍ တိုက်ရိုက် ထုတ်လွှင့်မှုကို ဆက်ကြည့်နေသည်။

“ကျွန်တော် ထပ်ပြောမယ်၊ ဒီတန်ဖိုးကို နားလည်တဲ့လူတွေ ကျေးဇူးပြုပြီး ရှေ့ထွက်လာပေးပါ၊ ဒီဧရာမ စပါးအုံးမြွေကြီးကို သာမန် စပါးအုံးမြွေလို့တောင် မဖော်ပြနိုင်တော့ဘူး၊ ဒီလိုအကောင်မျိုးက ဒီကမ္ဘာမှာ တစ်ကောင်ပဲ ရှိနိုင်တယ်၊ အဲ့ဒါကြောင့် ဈေးအကြောင်း စဉ်းစားတဲ့အခါမှာ အဲ့အချက်လေးကို ထည့်တွက်ပေးပါ”

အကယ်၍ ယင်းက နှစ်သန်းသာ တန်ပါက သူ ယင်းကို ခပ်မြင့်မြင့်တွေးပြီး လေလံဆွဲနေမည် မဟုတ်ပါ။

[ဟားဟားဟား ငါ မေ့လုနီးပါး ဖြစ်သွားတာ၊ ရဲ့နတ်ဘုရားကလည်း ဆေးပညာ ဗဟုသုတ ရှိတာပဲ၊ အဲ့တော့ သူ နားလည်တာ သဘာဝပဲလေ၊ တစ်ကီလိုကို နှစ်သောင်းလို့ ဈေးခေါ်ရဲတဲ့သူတွေ တကယ် ရှိတာလား၊ ငါတို့ တစ်ကီလိုကို ငါးသောင်း ပေးမယ်]

နောက်ထပ် ခရမ်းရောင် စာတန်းတစ်ခု ပေါ်လာသည်။

ရဲ့လင်းချန်၏ စကားတစ်ခွန်းက စပါးအုံးမြွေ၏ ဈေးကို နှစ်ဆ ထပ်တက်သွားစေပြန်သည်။

သို့သော် ရဲ့လင်းချန်သည် မျက်မှောင်ကြုတ်နေပြီး အနည်းငယ် မကျေမနပ် ဖြစ်နေသေးသည်။

[ငါ့ဆီ ရောင်းပါ ရဲ့နတ်ဘုရား၊ သူတို့ တစ်ကီလိုကို ဘယ်လောက် ဈေးပေးပေး၊ ငါ အဲ့ဈေးကို တစ်ထောင် ထပ်ပေါင်းပေးမယ်]

ထိုသို့သောအချိန်၌ နောက်ထပ် စာတန်းတစ်ခု ပေါ်လာသည်။

ထိုအခိုက်တွင် တိုက်ရိုက် ထုတ်လွှင့်မှုအခန်းသည် အုတ်အော်သောင်းနင်း ဖြစ်လာပြီး လူတိုင်း မှင်တက် အံ့အားသင့်ကုန်သည်။ ရိုက်ကူးရေး အဖွဲ့ဝင်များလည်း အံ့ဩနေကာ သူတို့၏ ဧရာမ စပါးအုံးမြွေကြီးကို ကြောက်သည့်စိတ်အား လုံးဝ မေ့လျော့သွားလေသည်။ ဧရာမ စပါးအုံးမြွေကြီးက တကယ်တမ်းတွင် အလွန် တန်ဖိုးရှိလိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိပါ။

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ ဒီစပါးအုံးမြွေကို စိတ်ဝင်စားတဲ့သူတွေ ဒီညနေဘက် ဒီကို လာခဲ့လို့ ရတယ်၊ စပါးအုံးမြွေရဲ့ အသား အရည်အသွေးကို သုံးသပ်နိုင်ဖို့ ဆေးပညာ ကျွမ်းကျင်သူတွေကို ခေါ်ခဲ့တာ အကောင်းဆုံးပဲ၊ ဒါဆို ကျွန်တော်တို့ ဈေးကို ဆွေးနွေးလို့ ရပြီ”

ရဲ့လင်းချန် ပြုံးလိုက်သည်။

ထို့နောက် သူသည် ပစ္စည်းအား ရိုက်ကူးရေးအဖွဲ့ထံ ပြန်ပေးလိုက်သည်။

“သေလိုက်ပါတော့၊ ဒီဧရာမ စပါးအုံးမြွေကြီးက တကယ်ကို အဖိုးတန်လွန်းတာလား”

ဟွမ်လေ့သည် အနည်းငယ် မယုံနိုင် ဖြစ်နေဆဲပင်။

“ငါတို့ အဲ့အသားကို စားခဲ့မယ်ဆိုရင် ငါတို့ ထောင်သောင်းချီ တန်ဖိုးရှိတဲ့ ပိုက်ဆံကို စားသလို ဖြစ်မသွားဘူးလား”

ဝေ့တရွှင်းက လျှာသပ်နေ၏။

“အင်း … ဒီဟင်းကို ချက်တဲ့သူက ရဲ့နတ်ဘုရားသာ ဖြစ်မယ်ဆိုရင် သန်းချီပြီး တန်ဖိုးရှိလောက်တယ်”

ဟယ်ကျားကလည်း ပြောလာသည်။ သူ့အတွက် ရဲ့လင်းချန်နှင့် ဆုံတွေ့ခဲ့ခြင်းက ဘဝတွင် တစ်ကြိမ်တစ်ခါသာ ကံကောင်းခြင်းဟု သူ ခံစားမိသည်။ ရဲ့လင်းချန်ကို သိသည့် မည်သူမဆိုသည် သူက ကိစ္စကြီးများကို လုပ်ဆောင်နိုင်သူ၊ သူ၏ လက်ရှိ အောင်မြင်မှုများနှင့် ကန့်သတ် ရပ်တန့်သွားမည့်သူ မဟုတ်မှန်း သိကြပေသည်။

“လင်းချန်၊ ဒီဧရာမ စပါးအုံးမြွေကြီးက ဘာလို့ အဲ့လောက် အဖိုးတန်ရတာလဲ”

ကျောက်လျန့်ရင်က လျှာလေးထုတ်၍ ရဲ့လင်းချန်အား စူးစမ်းစွာ မေးလေသည်။ သူမတွင် အားကျစိတ်တို့ကြောင့် တောက်ပနေသော မျက်လုံးတစ်စုံ ရှိသည်။

“ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ တန်ဖိုးက တကယ်တော့ နည်းနေတာ၊ သူတို့ ဒီကိုလာပြီး လေ့လာပြီးသွားရင် ဈေး ဘယ်လောက် မြင့်လာမလဲ မင်း တွေ့လိမ့်မယ်”

ရဲ့လင်းချန်က အသာ ပြောလိုက်သည်။ ထို့နောက် သူသည် မိန်းကလေးနှစ်ယောက်ကို ပြုံးကြည့်၍ မေးလိုက်သည်။

“မင်းတို့ လိပ်ပေါ်မှာ ထိုင်ချင်ကြလား”

*အာ … နေပါဦး၊ ဘာလို့ အဲ့စကားက နည်းနည်း ဒွိဟပုံ ပေါက်နေတာလဲ*

All Chapters