← Chapters

ကျားပါးစပ်မှ သွားကို နှုတ်ခြင်း ( ၁ )

Vol. 29 Ch. 434

ကျားပါးစပ်မှ သွားကို နှုတ်ခြင်း ( ၁ )

Vol. 29 Ch. 434

လူသားမျိုးနွယ်၏ နောက်ဆုံးဘုရင်ဖြစ်သော ရှေးဘုရင်ရွှမ်ယုံသည် နေရာအနှံ့ စစ်ပွဲကြီး ဆင်နွှဲပြီးနောက် ဝမ်ကူးဒေသကြီးကို သွေးစည်းညီညွတ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ သူသည် များစွာ သတ်ဖြတ်ခဲ့သည်ဖြစ်၍ မျိုးနွယ်အသီးသီးအနေဖြင့် ခေါင်းမထောင်ဝံ့ဘဲ သူ့ကို ဦးညွှတ်ခဲ့ရသည်။

ယင်းသည် နတ်ဘုရား၏ မျက်နှာပျက်ကြီး ရောက်မလာခင် လူသားမျိုးနွယ်၏ နောက်ဆုံးအရှိန်အဝါကြီးမားခြင်း ဖြစ်သည်။

ထိုအချိန်၌ လူသားမျိုးနွယ်ကို မလေးမစားလုပ်ဝံ့သည့် မည်သည့်မျိုးနွယ်မဆို လူသားမျိုးနွယ် အထက်ရုံးတော်ငါးရုံး၏ သတ်ဖြတ်ခြင်းခံရတတ်သည်။

ထိုရုံးတော်ငါးရုံးအနက် မည်သည့်ရုံးတော်မဆို လောကကြီးကို ခြိမ်းခြောက်ကာ အသင်္ချေသောမျိုးနွယ်များကို တုန်ရီသွားစေနိုင်သည်။

ဓားကိုင်ရုံးတော်သည် အထက်ရုံးတော်ငါးရုံးအနက် တစ်ရုံး ဖြစ်သည်။

သို့သော်လည်း နတ်ဘုရား၏ မျက်နှာပျက်ကြီး ပေါ်ပေါက်လာခြင်းနှင့်အတူ ထိုအရှိန်အဝါများ ပျက်စီးခဲ့ရသည်။

နတ်ဘုရားမျက်နှာပျက်ကြီးသည် သက်ရှိသတ္တဝါအားလုံးကို သူ့အရှိန်အဝါဖြင့် စွန်းထင်းစေခဲ့သည်။ လောကကြီး ရုတ်ခြည်း ပြောင်းလဲသွားခဲ့ပြီး ရှေးဘုရင်ရွှမ်ယုံကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်သည်ပင် စိတ်ဓာတ်ကျသွားရသည်။

အိပ်မောကျနေခဲ့သော ရှေးဘုရင်များစွာနှင့် စီရင်သူများသည်ပင် နိုးထလာကြသည်။ သို့သော်လည်း သူတို့မှာ ပြန်မတိုက်နိုင်ကြဘဲ သက်ပြင်းချရုံသာ တတ်နိုင်ခဲ့ကြသည်။

နောက်ဆုံးတွင် သူတို့ လုပ်နိုင်သည်မှာ ဝမ်ကူးဒေသကြီးကို စွန့်လွှတ်ရန် ဖြစ်ပြီး သူတို့နောက်သို့ လိုက်ရန် သင့်တော်သော မျိုးနွယ်ဝင်များနှင့်အတူ ထွက်သွားသည်။

မျိုးနွယ်တချို့သည် သူတို့သဘောနှင့်သူတို့ ထွက်သွားကြပြီး ဝမ်ကူးဒေသကြီးအပြင်ဘက်တွင် ကြောက်စရာကောင်းသော ကိုယ်ပိုင်နယ်မြေကို တည်ထောင်လိုက်ကြသည်။

သို့သော်လည်း မျိုးနွယ်များ နောက်ထပ် စုရုံးရောက်ရှိလာကြပြီး ဒဏ္ဍာရီလာ မြင့်မြတ်သောနယ်မြေ ဖြစ်လာသည်။

ထိုကြောက်မက်ဖွယ်နယ်မြေများနှင့် မြင့်မြတ်သောနယ်မြေများသည် ကောင်းကင်အလွန်တွင် တည်ရှိပုံရသော်လည်း အမှန်စင်စစ် ဝမ်ကူးဒေသကြီးနှင့် အဆုံးအစမဲ့ ဝေးကွာနေသည် မဟုတ်ပေ။

ဝမ်ကူးဒေသကြီးကို နတ်ဘုရားမျက်နှာပျက်ကြီး၏ အာရုံစိုက်ခံရစေရန် သူတို့ အသုံးချလိုက်ပြီးနောက် ဘေးကင်းစွာဖြင့် နှစ်ပေါင်းများစွာ နေနိုင်နိုင်ခဲ့သည်။

သို့သော်လည်း ထိုသို့နေနိုင်ခြင်းမှာ ဝမ်ကူးဒေသကြီးထဲရှိ လက်ကျန်မျိုးနွယ်များက သူတို့ ခံနိုင်ရည်ရှိသည်ထက် ပို၍ ဒဏ်ခံခဲ့ကြသောကြောင့် ဖြစ်ပေမည်။

အချိန်များကြာလာသည်နှင့်အမျှ ဝမ်ကူးဒေသကြီးထဲရှိ မျိုးနွယ်များ ဆက်လက်သေဆုံးကာ မွေးဖွားလာကြသည်။ အတိတ်က မျိုးနွယ်များနှင့် ခွဲခြားမရနိုင်အောင် ဆက်နွယ်နေသေးသော်လည်း သူတို့၏အနှစ်သာရ မတူညီတော့ပေ။

ဓာတ်နှောများက အရေးကြီးသော သင်္ကေတတစ်ခု ဖြစ်သည်။

ရွှီချင်း၏ခရီးစဉ်ကို ကြည့်မည်ဆိုလျှင် ဓာတ်နှောများက ကျင့်ကြံသူများအပေါ် များစွာ သက်ရောက်ခြင်း မရှိဟန် ထင်ရသော်လည်း ယင်းသည် သူ့ဂိုဏ်းနှင့် ဆက်နွယ်နေသည်။ ဂိုဏ်းက ပို၍ ကြီးမားလေ ဓာတ်နှောများကို ပို၍ စေ့စပ်သေချာစွာ ကိုင်တွယ်နိုင်လာလေ ဖြစ်သည်။

အပြင်ဘက်ရှိ ဂိုဏ်းငယ်လေးများနှင့် သာမန်လူသားနယ်မြေများထဲတွင် ဓာတ်နှောများသည် သေခြင်းနှင့် ရှင်ခြင်းကို အဆုံးအဖြတ်ပေးသော အရေးကြီးသည့်အချက်တစ်ချက် ဖြစ်သည်။

သို့သော်လည်း ဂိုဏ်းကြီးများသည်ပင် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောများ ပြဿနာကို အမြစ်ပြတ်အောင် မဖြေရှင်းပေးနိုင်ပေ။ အဆက်မပြတ် ကျင့်ကြံခြင်းဖြင့်သာ ဓာတ်နှောများကို ယာယီဖိနှိပ်နိုင်ကြပြီး ပြဿနာရင်းမြစ်ကို မဖယ်နိုင်ကြပေ။

ယင်းသည် ပုန်းလျှိုးနေသော အန္တရာယ်ကြီးတစ်ခုပမာပင်။ အနည်းငယ် သတိလက်လွတ်နေမိပါက တစ်နေ့တွင် ဓာတ်နှောများ ပေါက်ကွဲလာပြီး သန္ဓေပြောင်းသွားရမည် ဖြစ်သည်။ သို့သော်လည်း နှစ်ပေါင်းများစွာတစ်လျှောက် လူသားများသည် ဓာတ်နှောများကို နည်းလမ်းအမျိုးမျိုးဖြင့် ခုခံခဲ့ကြသည်။ နောက်ဆုံးတွင် အနည်းငယ် အာနိသင်ရှိသော နည်းလမ်းတချို့ကို သူတို့ ရှာတွေ့လာခဲ့သည်။

ဓာတ်နှောများကို လုံးလုံးလျားလျား မဖယ်ရှားနိုင်ကြပါသော်လည်း ဂိုဏ်းကြီးများနှင့် အင်အားစုများမှာ သန္ဓေပြောင်းသည့်အန္တရာယ် များစွာ လျော့ကျလာသည်။

သို့သော် ဓာတ်နှောများသည် ပုန်းကွယ်နေသော အန္တရာယ်ကြီးတစ်ခုအနေဖြင့် ရှိနေသေးသည်ကို ကျင့်ကြံသူတိုင်း သိကြသည်။ လူတစ်ယောက်က ဓာတ်နှောများကို နှိုးဆွနိုင်သည့်စွမ်းရည်ရှိနေပါက တခြားလူများသည် ထိုသူ၏ရှေ့တွင် အလွန် အားနည်းနေမည်သာ ဖြစ်သည်။

ထို့ကြောင့် အလင်းတမန်အဖွဲ့က ယင်ဟွမ်ပြည်နယ်ကို တုန်လှုပ်ချောက်ချားသွားအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရား၏ အစွမ်းများထဲတွင် သက်ရှိများ၏ ခန္ဓာကိုယ်များထဲရှိ ဓာတ်နှောများကို အသက်အန္တရာယ်ဖြစ်စေသောအမှတ်အသားအထိ မြှင့်တင်နိုင်ပြီး ချက်ချင်း သန္ဓေပြောင်းစေကာ ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးသွားစေပြီး မွန်းစတားတစ်ကောင် ဖြစ်သွားစေနိုင်သော နည်းလမ်းတစ်ခု ရှိနေသောကြောင့်ဖြစ်သည်။

သို့သော်လည်း ထိုအခြင်းအရာနှင့်ပတ်သက်၍ မည်သို့မျှ မလုပ်နိုင်ပေ။ ဤခေတ်ကြီးတွင် ကျင့်ကြံခြင်းလမ်းစဉ်မှာ ထိုသို့သာ ဖြစ်သည်။ သူတို့မှာ ရှေ့ဆက်လျှောက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။

မြင့်မြတ်သောနယ်မြေ သို့မဟုတ် ဒဏ္ဍာရီလာနန်းမြို့တော်ဒေသတွင်သာ လူတစ်ယောက်၏ခန္ဓာကိုယ်ကို လုံးလုံးလျားလျား သန့်စင်ပေးနိုင်သည့် နည်းလမ်းများ ရှိသည်။ အမှန်စင်စစ် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အချိန်အတိုင်းအတာတစ်ခုအထိ လုံးလုံးလျားလျား သန့်စင်ပေးနိုင်သော ထူးခြားသည့်ပညာရပ်တချိုု့လည်း ရှိသည်။

သို့သော်လည်း ဤလောကကြီးထဲတွင် နေထိုင်သည်နှင့်အမျှ အချိန်အတိုင်းအတာတစ်ခုအထိ ခန္ဓာကိုယ်က သန့်စင်နေခဲ့မည်ဆိုလျှင်ပင် ဤလောကကြီးထဲရှိ ဝိညာဉ်စွမ်းအားများနှင့် လေများကို ရှူရှိုက်မိသည်နှင့်အမျှ ဓာတ်နှောများ၏ ကျူးကျော်ခြင်း ခံရမည်သာ ဖြစ်သည်။

ထို့ကြောင့် မြင့်မြတ်သောနယ်မြေသို့ ရောက်ရှိရေးသည် ကျင့်ကြံသူများစွာ၏ အိပ်မက်တစ်ခု ဖြစ်သည်။

သို့သော်လည်း မြင့်မြတ်သောနယ်မြေသည် ခမ်းနားကြီးကျယ်သည်။ ဝမ်ကူးဒေသကြီးထဲရှိ မျိုးနွယ်ကြီးများသည်သာ မြင့်မြတ်သောနယ်မြေနှင့် အဆက်အသွယ်တချို့ ရှိသည်။ ထိုအဆက်အသွယ်များကြောင့် ထိုမျိုးနွယ်ကြီးထဲရှိ အမိန့်နှင့် စနစ်က မပျက်စီးသေးခြင်း ဖြစ်သည်။

လူသားမျိုးနွယ်၏ အထက်ရုံးတော်ငါးရုံးကဲ့သို့ပင်။

ထိုအချိန်၌ ဆည်းဆာရောင်ခြည်တန်းများအောက်တွင် ထိုမကောင်းဆိုးဝါးနယ်မြေကြီး ပေါ်လာသည့်အခါ ဓားကိုင်ရုံးခွဲက တိုက်ခိုက်လိုက်သည်။

“ လူသားမျိုးနွယ် ရှိနေသေးတယ်ကွ ”

ကောင်းကင်ယံတွင် သက်လတ်ပိုင်းကျင့်ကြံသူ၏အသံ ဟိန်းထွက်သွားစဉ် တိုက်ပွဲ စတင်လာသည်။

လူရိပ်အမြောက်အမြား ထွက်ပေါ်လာပြီး သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ဝိညာဉ်ချုပ်နှောင်ရာတောင်ဆီသို့ ဦးတည်သွားကြသည်။

ဓားကိုင်ဖြစ်လာသည့် မည်သူမဆို အလွန် ထူးချွန်ကြသည်။ လူသတ်ငွေ့များက ပြင်းထန်လွန်း၍ ကောင်းကင်တခွင် ပြည့်နှက်သွားသည်။ တခဏလေးအတွင်း ဝိညာဉ်သုံးဖော်၏ တပည့်များနှင့် ပြည့်နေသော မြို့မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဝိညာဉ်သုံးဖော်မှာမူ မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ ဓားအလင်းတန်းက ပထမတောင်ထိပ်ကို ဝင်ရောက်သွားပြီး လူ့ဘီလူးကြီးက ဒုတိယတောင်ကို မာန်ဖီကြုံးဝါးလိုက်ကာ ဓားကိုင်သုံးယောက်က တတိယမြောက်တောင်ကြီးကို တိုက်ခိုက်လိုက်ကြသည်။

ကောင်းကင်နှင့်မြေပြင် တုန်ဟီးသွားသည်။

ဟစ်ကြွေးသံများ၊ စူးစူးဝါးဝါး အော်ဟစ်သံများနှင့် ဂါထာရွတ်ဖတ်သံများ မိုးသားတိမ်စိုင်များဆီသို့ ပဲ့တင်ထပ်သွားပြီး ကောင်းကင်ယံမှ တိမ်မည်းများ ပျောက်ကွယ်သည်ထက် ပျောက်ကွယ်လာသည်။ လောကကြီးပေါ်သို့ ဆည်းဆာရောင်ခြည်တန်းများ ဖြာကျသည်ထက် ဖြာကျလာသည်။

ဓားကိုင်ရုံးခွဲ၏ ခေါင်းဆောင်ဖြစ်သော သက်လတ်ပိုင်းလူသည် ပထမတောင်ဆီသို့ လျှောက်သွားသည်။

တစ္ဆေဧကရာဇ်ကြီး၏ ယင်ဝိညာဉ်သုံးပါးမှ ဖြစ်လာသော မိစ္ဆာသုံးကောင်အနက် ဒုတိယမြောက်နှင့် တတိယမြောက်သည် ဗလာနတ္ထိပထမအဆင့်မှာသာ ရှိသည်။ သို့သော်လည်း ဝိညာဉ်အရှင် ထိုက်ကွမ်သည် ဗလာနတ္ထိဒုတိယအဆင့်သို့ ရောက်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ထိုအချိန်၌ ဓားအလင်းတန်းထဲတွင် မြူခိုးများမှ ဖြစ်လာသော ဝိညာဉ်အရှင်ထိုက်ကွမ်သည် ရပ်တန့်မရနိုင်ပုံပေါ်သည်။

သို့သော်လည်း သက်လတ်ပိုင်းကျင့်ကြံသူ လျှောက်လာသည်နှင့် နဂါးငွေ့တန်းစိတ်ဆန္ဒ ပေါက်ကွဲလာပြီး သူ့ကို ဖိနှိပ်လာပုံရသည်။

ကောင်းကင်ယံတွင် တိုက်ပွဲကြီး ဝုန်းခနဲ ပေါ်ပေါက်လာသည်။

မြေပြင်မှာလည်း တိုက်ပွဲကြီး ပေါ်ပေါက်လာသည်။

တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပျက်နေသည်။

“ အချိန်ကျပြီ ”

ခေါင်းဆောင်က တဖျပ်ဖျပ်ဝင်းလက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

သူသည် ပြောနေရင်း တတိယမြောက်တောင်ကြီးဆီသို့ တဟုန်ထိုး ပြေးသွားသည်။ သူ ပြေးထွက်သွားစဉ် ရွှီချင်းနှင့် ယန်ယန်တို့ကို လှည့်ကြည့်ကာ လောဆောရန်လည်း မေ့မနေပေ။

“ သွားကြစို့ ”

ယန်ယန်က မတ်တတ်ရပ်ရန် ပြင်လိုက်စဉ် ရွှီချင်းသည် ချာခနဲ လှည့်ကာ သူ့နောက်ရှိ ခြောက်ကပ်ကပ်သစ်ပင်ကြီးတစ်ပင်ဆီသို့ မနှေးမမြန် လျှောက်သွားသည်။ ထိုသစ်ပင်ကြီးရှေ့တွင် သူ ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

All Chapters