ဝင်ခွင့်
Vol. 25 Ch. 337
ပဲ့တင်ထပ်သံပူဖောင်းပညာရပ် ကိုရရှိပြီးနောက် လီလော့သည် ကျန်ရှိသောအချိန်အားလုံးကို လေ့လာသင်ယူခြင်းဖြင့်ကုန်ဆုံးခဲ့သည်။ထိုပညယရပ်သည် ထိရောက်မှုပြင်းထန်ပြီး လျင်မြန်စွာကြီးထွားရန် အကောင်းဆုံးအခွင့်အရေးဖြစ်ပုံရသည်။
ကံကောင်းထောက်မစွာဖြင့် ပဲ့တင်ထပ်သံပူဖောင်းပညာရပ်ကို ကျင့်ကြံခြင်းသည် အထူးသဖြင့် လီလော့၏ သဘာဝစွမ်းရည်နှင့် ပဲ့တင်ထပ်သံပညာရပ်များအပေါ် ထိုးထွင်းသိမြင်မှုအားကောင်းခြင်းကြောင့် အခက်အခဲသိပ်မရှိခဲ့ပေ။
လော့လန်အိမ်တော်၏ အခန်းတစ်ခုထဲတွင်......
လီလော့ တင်ပျဉ်ခွေ ထိုင်နေပြီး လက်ဖဝါးကို မြှောက်ကာ လှုပ်ခါလိုက်သည့်အခါ သူ့လက်ဖဝါးပေါ်တွင် နီလာရောင်ပုလဲတစ်လုံး ပေါ်လာသည်။ ၎င်းသည် ပဲ့တင်ထပ်သံပူဖောင်းပညာရပ်ကို ကျင့်ကြံရာတွင် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်သည့် ရေရတနာဖြစ်သည်။
ပဲ့တင်ထပ်သံပူဖောင်းပညာရပ်ကိုလေ့ကျင့်နေသည့် နှစ်ရက်တာအတွင်း ရတနာပစ္စည်းများစွာကိုသုံးစွဲခဲ့ရသည်။ထိုရတနာပစ္စည်းများတန်ဖိုးသိပ်မကြီးသည်ကိုပင် ကံကောင်းသည်ဟုဆိုရမည်။
ဘုန်းးးးးး
လီလော့ ရေရတနာကို အမှုန့်ဖြစ်အောင်ချေမွလိုက်ပြီး ထိုအမှုန့်များကို အကုန်အစင်ရှူရှိုက်လိုက်သောအခါ အေးမြအေးမြသော အနည်အနှစ်များ သူ့ခန္ဓာကိုယ်အနှံ့ ရွေ့လျားလာသည်။
ထိုအခါ ရေပဲ့တင်ထပ်သံ စွမ်းအားကို အသုံးပြုကာ ပုံဆောင်ခဲ အမှုန်အမွှား အပိုင်းအစ တစ်ခုစီကို ဖုံးအုပ်ထားလိုက်သည့်အခါ ၎င်းတို့သည် မှော်ဆန်သောလုပ်ငန်းစဉ်များကိုစတင်လုပ်ဆောင်နေကြပြီဖြစ်သည်။
လီလော့သည် လွန်ခဲ့သော နှစ်ရက်အတွင်း ဤအဆင့်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့သည့်အတွက် မျက်လုံးမှိတ်ပြီးတောင် လုပ်ဆောင်နိုင်နေပြီဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ စွမ်းအားများသည် ပုံဆောင်ခဲဖုန်မှုန့်များနှင့် ပေါင်းစပ်သွားပြီး နောက်ဆုံးတွင် သေးငယ်သော ပူဖောင်းများ သူ့ခန္ဓာကိုယ်အတွင်း ထွက်ပေါ်လာတော့သည်။
ထိုပူဖောင်းများသည် အချိန်မရွေး ပေါက်ထွက်ရန် အဆင်သင့်ဖြစ်သကဲ့သို့ ၎င်းတို့၏ပါးလွှာသော အမြှေးပါးများပေါ်တွင် ပဲ့တင်ထပ်သံစွမ်းအားများ ဝေ့ဝဲကာ ပျံဝဲနေကြသည်။
ဤအရာများသည် ပဲ့တင်ထပ်သံပူဖောင်းပညာရပ်ကြောင့် ဖြစ်ပေါ်လာသော ပဲ့တင်ထပ်သံပူဖောင်းများဖြစ်ကြသည်။
ပူဖောင်းလေးခုသည် လောလောဆယ် လီလော့၏ ကန့်သတ်ချက်ဖြစ်သည်။ စာလိပ်ထဲတွင် ဖော်ပြထားသည့်အတိုင်းဆို အကောင်းဆုံးအဆင့်သည် ပူဖောင်း၁၂ရှိသင့်သည်။
လီလော့က ၎င်းတို့ကိုနှစ်ခုစီ ခွဲပြီး ရေအလင်းနှင့် မြေသစ်သားပဲ့တင်ထပ်သံနန်းတော်တွေဆီ ပို့လိုက်သည်။
၎င်းတို့ဝင်ရောက်လာသောအခါတွင် ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ပဲ့တင်ထပ်သံနန်းတော်များသည် ပူဖောင်းများဆီသို့ စွမ်းအင်များကို ခပ်ဖြည်းဖြည်ပို့လွှတ်နေကြသည်။
ထိုအခါ ပဲ့တင်ထပ်သံပူဖောင်းများ သဘာဝအတိုင်း ပြောင်းလဲလာသည်။ ၎င်းတို့နှစ်ခုသည် ယခုအခါ အပြာရောင်ဖြင့် တောက်ပနေပြီး ကျန်နှစ်ခုမှာ စိမ်းပြာရောင်သန်းနေသည်။
အောင်မြင်သွားသည့်အတွက် လီလော့ ပြုံးလိုက်သည်။
လက်ရှိအခြေအနေကို သုံးသပ်ကြည့်သည့်အခါ ပူဖောင်းလေးခုက သူ့ကို ခဏလောက် သိသိသာသာ အားကောင်းလာစေနိုင်ပေမယ့် ကွဲသွားတဲ့အခါ ပဲ့တင်ထပ်သံစွမ်းအားများ လျင်မြန်စွာ ပျောက်ကွယ်သွားမည်ဖြစ်သည့်အတွက် အလျင်အမြန် သုံးစွဲရလိမ့်မည်။
ပဲ့တင်ထပ်သံပူဖောင်းပညာရပ်တွသ်အားနည်းချက်များစွာရှိသည့်အတွက် လေ့ကျင့်သူ သိပ်မများသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
သို့တိုင်၊ အခြားသူများနှင့်မတူသော အားသာချက်တစ်ခု လီလော့တွင် ရှိနေသည်။ သူ့ထံတွင် ပဲ့တင်ထပ်သံစွမ်းအားများကို အကောင်းဆုံးအသုံးချနိုင်သည့် ပဲ့တင်ထပ်သံနှစ်ခုရှိနေသည်။
အခြားသူများက ထိုအပိုစွမ်းအားနည်းနည်းဖြင့် ဘာလုပ်ရမှန်းမသိသော်လည်း လီလော့သည် မည်သည့်နေရာတွင်ထားရမည်ကို အတိအကျသိသည်။
ဟူးးးး
လီလော့ အသက်ပြင်းပြင်းရှူရင်း ပြတင်းပေါက်ဘက်သို့ လှည့်ကာ နေရောင်ခြည် ဖြာထွက်နေသည်ကို ငေးကြည့်နေလေ၏။
မနက်ဖြန်ဆိုရင် ရွှေနဂါးတာအိုနယ်မြေ ဖွင့်လှစ်တော့မည်......... ဒဏ္ဍာရီဆန်သောနယ်မြေထဲဝင်ဖို့ သူတော်တော်စိတ်လှုပ်ရှားနေသည်။
.....................
နောက်တစ်နေ့တွင်.........
လီလာ့သည် ကျန်းချင်းအာကို နှုတ်ဆက်ပြီး ရွှေနဂါးဘဏ်သို့ ထွက်လာခဲ့သည်။
အစေခံမိန်းကလေးများက သူ့ကို အတွင်းပိုင်းရှိ သီးသန့်ခန်းမသို့ ခေါ်ဆောင်သွားကာ နောက်ဆုံးတွင် အညိုရောင်ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် ဝင်းကျယ်ကြီးဆီသို့ ရောက်လာခဲ့ကြသည်။
ထိုခြံဝင်းထဲတွင် ကျောက်သားရုပ်ထုအချို့ရှိနေပြီး အလယ်တွင် ကျောက်သားစင်မြင့်တစ်ခုရှိနေသည်။
လီလော့ရောက်ရှိလာချိန်တွင် ယုဟုန်ရှီ၊နင်းချိုးနှင့် ရွှေနဂါးဘဏ်တိုက်မှ အခြားအရေးကြီးသူများ စောင့်ဆိုင်းနေပြီဖြစ်သည်။
လုချင်းအာက လီလော့ကို လက်ဝှေ့ယမ်းပြနေပြီး Qin Zhulu က သူမနံဘေးမှာ ထိတ်လန့်တကြား အမူအရာဖြင့်တောင့်တောင့်ကြီးမတ်တပ်ရပ်နေသည်။
မနီးမဝေးတွင် နင်းကျောက်၊ဇူရွှမ်းနှင့် လင်းစွော်တို့ရှိနေကြသည်။
သူ ချဉ်းကပ်လာသည်နှင့်အမျှ လင်းစွော်က သူ့ကို ပြုံးပြနေသည်။
လီလော့က ပြန်ပြုံးပြလိုက်ပြီး လုချင်းအာ အနားကို သွားလိုက်သည်။
"လူစုံပြီဆို နေရာကူးပြောင်းရေးအစီအရင်ကို အသက်သွင်းပြီး အားလုံးကို ရွှေနဂါးတာအိုနယ်မြေဆီပို့ပေးတော့မယ်....မင်းတို့အရင်ကရထားတဲ့ ရွှေနဂါးလျှို့ဝှက်သော့တွေကို မြဲမြဲဆုပ်ကိုင်ထားဖို့ သတိရပါ...နဂါးစိမ်းအငွေ့တွေရောက်လာတဲ့အခါ ဘယ်သူမှခံနိုင်ရည်ရှိမှာမဟုတ်ဘူး.....ရွှေနဂါးလျှို့ဝှက်သော့တွေ နဂါးစိမ်းအငွေ့တွေကို 90% အထိ လျှော့ချပေးလိမ့်မယ်....."
ထိုခြိမ်းခြောက်မှုကြောင့် လီလော့သည် သူ့အိတ်ကပ်ကို နှစ်ခါစစ်ဆေးပြီး သူ့ကိုယ်သူ စိတ်ချသေချာစေရန် သော့ကိုတင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။
ထိုသော့သည် ဝင်ခွင့်ဖြစ်နေရုံသာမက ခုခံရေးအတွက်လည်းအသုံးဝင်သည်။
"ဒါပေမယ့် ရွှေနဂါးလျှို့ဝှက်ချက်သော့က နဂါးစိမ်းအငွေ့တွေကို လျှော့ချပေးနိူင်ပေမယ့် ကျန်တဲ့ 10% က မင်းအားလုံးကို တစ်ဦးချင်း ရှင်းပစ်ဖို့ လုံလောက်နေသေးတယ်" ဟု ယုဟုန်ရှီက သတိပေးသည်။
"လှိုင်းတစ်ခုစီကို ကျော်ဖြတ်ချင်ရင် အဖွဲ့တစ်ခုလုံး အတူတူအလုပ်လုပ်ရမယ်.... မင်းတို့ရဲ့ကန့်သတ်ချက်တွေကိုရောက်ရင် သော့တွေက မင်းတို့ကိုပြန်ပို့ပေးဖို့ လုံလောက်တဲ့စွမ်းအင်ကို ထုတ်လွှတ်လိမ့်မယ်..... ဒါပေမယ့် မင်းတို့တွေဝင်ခွင့်ရနိူင်မှာမဟုတ်တော့ဘူး....."
အားလုံးက လေးနက်စွာ ခေါင်းညိတ်ကြသည်။
“ပြောစရာရှိတာ ပြောပြီးပြီဆိုတော့ ဝင်ဖို့ပြင်ပါ”
သိမ်မကြာခင်မှာပင် ခြံဝင်းထဲရှိ ရုပ်ထုများ စတင်တောက်ပလာကာ အလင်းတန်းများကို
စင်မြင့်ဆီသို့ ပစ်လွှတ်လိုက်ကြသည်။
ထိုအလင်းတန်းများသည် ကြီးမားသောတံခါးတချပ်အဖြစ်ဖွဲ့စည်းသွားကြသည်။
ယုဟုန်ရှီက တံခါးပေါက်အရွယ်အစားကိုသေချာစွာချိန်ညှိနေပြီး ကျေနပ်သွားသောအခါတွင် လူငယ်ခြောက်ယောက်ဘက်သို့ လှည့်ကာ ခေါင်းညိတ်လိုက်သည်။
သူတို့အားလုံး ရှေ့ကို တက်လာပြီး မုခ်ပေါက်ထဲသို့ အတူတူ ခုန်ဆင်းခဲ့ကြသည်။
၎င်းတို့ခြောက်ယောက်ပြန်မလာမချင်း ထိုတံခါးပေါက်ကိုဖွင့်ထားရမည်....
စာချွန်လွှာ ရသည် မရသည်ကတော့ကံကြမ္မာအလိုအကျတိုင်းသာပင်.....
***