ရွှေနဂါးတာအိုနယ်မြေများ....။
Vol. 25 Ch. 338
လီလော့သည် သူ့ပတ်ဝန်းကျင်တွင် အချိန်၊နေရာများပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
ရုတ်တရက် ရွှေနဂါးလျှို့ဝှက်သော့သည် သူ့လက်ထဲတွင် လောင်ကျွမ်းသွားပြီး၊ သံလိုက်အိမ်မြှောင်မျှားကဲ့သို့ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ တံတားကြီးတစ်ခု ဖြစ်ပေါ်လာသည်အထိ ကျယ်ပြန့်လာသည်။
၎င်းသည် ဟင်းလင်းပြင်ကို ချိုးဖောက်ကာ လမ်းဖွင့်ပေးနေခြင်းဖြစ်သည်။
လီလော့ လှမ်းကြည့်လိုက်တော့ ရွှေရောင်အလင်းတန်းကြောင့် မျက်စိစူးသွားပြီး ဘာကိုမျှ သဲကွဲစွာမမြင်နိုင်တော့ပေ။
မူးဝေလောက်သော တောက်ပမှုကြောင့် သူ့မျက်လုံးများ ပူလောင်နေကာ ပြန်လည်ကောင်းမွန်ရန် အချိန်ယူခဲ့ရသည်။ နောက်ဆုံးမှသာ အဝေးက မြေကွက်တစ်ကွက်ကိုလှမ်းမြင်လိုက်ရသည်။
၎င်းသည်ကြီးမားပုံရသော်လည်း ဝေးကွာနေသောကြောင့် အဝေးမှမြင်နေရသောကြောင့် သေးငယ်သည်ဟုထင်နေရသည်။
ရွှေမြှားတံတားက မယုံနိုင်လောက်သော အရှိန်နှင့် ထိုမြေကွက်ဆီ သယ်ဆောင်လာတာကို သူ သဘောပေါက်လိုက်သည်။
သူ လှည့်ကြည့်လိုက်တော့ လုချင်းအာ နဲ့ ချင်ဇူလုတို့ကိုတွေ့လိုက်ရပြီးနောက် နင်းကျောက်တို့ကိုလည်း လှမ်းမြင်နေရသည်။
ထို့အပြင် ရာနှင့်ချီသော အလင်းတန်းများက ထိုမြေကွက်ဆီသို့ဉီးတည်နေကြသည်။
၎င်းတို့သည် ရွှေနဂါးဘဏ်တိုက်၏ အခြားဘဏ်ခွဲများမှ အဖွဲ့များဖြစ်လိမ့်မည်။
ဤသည်မှာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်သည်။
ရွှေရောင်တံတားသည် ကုန်းမြေပေါ်ရှိ တောင်တန်းများနှင့် မြစ်ချောင်းများကို ခပ်ဝါးဝါးသာမြင်ရသည်အထိ အရှိန်မြန်လွန်းလှသည်။
အိုးးးးးး
ရုတ်တရက်...... ပြင်းထန်ပြီး စိမ်းလန်းသောလေပြင်းများကလီလော့ ဆီသို့ တိုက်ခတ်လာသည်။
အားးးးးးးးး
နဂါးစိမ်းအငွေ့များသည် ရွှေရောင်အလင်းတန်းကို တိုက်ခတ်လာကာ ရွှေရောင်အမှုန်အမွှားအချို့ လွင့်စင်သွားသည်အထိ ပြင်းထန်လှသည်။
လီလော့သည် သူ့ကိုယ်သူ ခုခံကာကွယ်ရန် အသင့်ရှိနေပြီဖြစ်သော်လည်း နဂါးစိမ်းအငွေ့က ခံနိုင်ရည်အားကို တိုဟူးကဲ့သို့ အလွယ်တကူ ဖြတ်သန်းသွားလေသည်။ သူ့အရေပြားများ စုတ်ပြဲနေပြီး ပြတ်ရှရာအချို့ကျန်ရစ်ခဲ့သည်။
မချိမဆံ့ နာကျင်မှုသည် စိတ်ဝိညာဉ်ထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားသလိုပင်......
ယခုအခါ ရွှေရောင်အကာအကွယ်ကို လေပြင်းများတိုက်ခတ်သည့်နှုန်း တိုးမြှင့်လာသည့်အတွက် လီလော့ ဇောချွေးပျံနေလေပြီ။
ရုတ်တရက် တိုက်ခတ်လာသောလေပြင်းများကြောင့် အခြားသူများထိတ်လန့်နေသည်ကိုလည်းအတိုင်းသားတွေ့မြင်နေရသည်။
"ဒါဆို ဒါက နဂါးစိမ်းအငွေ့လား? ကြောက်စရာကောင်းလိုက်တာ...."
ရှင်းနေသည်မှာ နဂါးစိမ်းအငွေ့သည် ရွှေနဂါး တာအိုနယ်မြေတစ်လျှောက်တွင်သာမက ၎င်းအနီးတစ်ဝိုက်တွင်လည်း တိုက်ခတ်နေသည် ။ ဝင်ရောက်လိုသူတိုင်းသည် ၎င်း၏စမ်းသပ်မှုကို ဦးစွာအောင်မြင်ရမည်ဖြစ်သည်။
ကံကောင်းထောက်မစွာ၊ ရွှေနဂါးလျှို့ဝှက်သော့က လေပြင်းအများစုကို ပိတ်ဆို့ထားခဲ့သည်။ မဟုတ်ရင် ပထမလှိုင်းနှင့်တင် အသက်ပျောက်သွားနိုင််သည်။
သော့၏အကာအကွယ်ဖြင့်ပင်၊ တစ်ယောက်တည်းခုခံရန် အလွန်ခက်ခဲသည်။
လီလော့သည် လုချင်းအာနှင့်ချင်ဇူလုကို လက်ဟန်ပြပြီး လျှင်မြန်စွာ အုပ်စုဖွဲ့လိုက်သောကြောင့် ရွှေရောင်အလင်းတန်းများသည် သူတို့သုံးယောက်လုံးအတွက် လုံလောက်စွာအကာအကွယ်ပေးနိုင်လိမ့်မည်။
မလှမ်းမကမ်းတွင် နင်းကျောက်နှင့် အခြားသူများကလည်း အတူတူ လုပ်ဆောင်နေကြသည်။
၎င်းတို့သုံးဦးစလုံးသည် ပုံသဏ္ဍာန်ကူးပြောင်းခြင်းအဆင့်တွင်ရှိပြီး ကနဦးချိန်ညှိမှုကာလတစ်ခုပြီးနောက် လေပြင်းများကို အနည်းနှင့်အများ ကောင်းစွာကိုင်တွယ်ဖြေရှင်းခဲ့ကြသည်။
နှိုင်းယှဥ်ကြည့်လျှင် လီလော့၏အသင်းသည် အလွန်အားနည်းသောကြောင့် လျင်မြန်စွာ ဆုတ်ယုတ်သွားခဲ့သည်။
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် နဂါးစိမ်းအငွေ့ရဲ့ အဖျားအနားကိုပင် ခံနိုင်ရည်ရှိတော့မည်မဟုတ်ပေ။
"လီလော့၊ ငါတို့ ဘာလုပ်ကြမလဲ....."
လုချင်းအာက အလျင်စလိုမေးလိုက်သည်။ စာချွန်လွှာကို သူမ သိပ်စိတ်မဝင်စားပေမယ့် အခွင့်အရေးရှာဖို့ လီလော့ကို ခေါ်လာချင်သေးသည်။
လီလော့ ခဏလောက်စဉ်းစားလိုက်ပြီး.....
"ငါတို့မှာ စွမ်းအားမလုံလောက်တော့ ဘယ်လောက်ကြာကြာခံမယ်ဆိုမှန်း မသိဘူး......စွမ်းအားတွေကုန်သွားရင်တနေရာရာတော့ရောက်သွားမှာပေါ့......."
“လေက ရှေ့ကနေ တိုက်နေတယ်
.... တခြားသူတွေ လုပ်သလိုမျိုး ရှေ့ကို လှည့်လို့ မရဘူး....အသန်မာဆုံး လူကို ရှေ့ကနေ ထားမယ်၊ တခြားသူတွေက အဲ့ဒီလူကို ပံ့ပိုးပေးမယ်......”
ချင်ဇူလုကို လှည့်ကြည့်လိုက်သည်။
ချင်ဇူလု ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ရှာတော့ပေ။ သူသည် အဆင့်ရှစ် ရွှေရောင်ကျားနတ်ဆိုးပဲ့တင်ထပ်သံရှိသည့်အတွက် အကောင်းဆုံး နောက်ခံလူဖြစ်ကြောင်း ထင်ရှားသည်။ ဆိုလိုချင်တာက သူ့ကို အသားဒိုင်းအဖြစ် ရှေ့တန်းပို့ကြတော့မည်။
သို့သော်လည်း ချင်ဇူလုသည် ခေါင်းအေးအေးထားပြီး၊ တိတ်တဆိတ် ရှေ့သို့တိုးကာ သူ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။
"ငါတို့ရဲ့လုလုလေးက အရမ်းအားကိုးရတဲ့ လူတစ်ယောက်ပါ" လို့ လီလော့က ချီးကျူးလိုက်သည်။
ချင်ဇူလုက သူ့ကို စိုက်ကြည့်လိုက်ပြီး.....
"ငါ့ကို ထူးထူးဆန်းဆန်း နာမည်တွေ မပေးနဲ့....."
နဂါးစိမ်းငွေ့များနောက်တစ်ကြိမ်တိုက်ခတ်လာသဖြင့် ချင်ဇူလု အံကြိတ်ခုခံလိုက်ရပြန်သည်။
လုချင်းအာက ချင်ဇူလု၏ နောက်ကျောမှာ လက်တင်လိုက်ပြီး သူမ၏ စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။
"မဟူရာရေခဲချပ်ဝတ်....."
ချင်ဇူလု၏ခန္ဓာကိုယ်ပေါ်တွင်
သည် အနက်ရောင်ဖျော့ဖျော့ တောက်ပနေပြီး ထွင်းဖောက်မြင်နိုင်လောက်အောင်ပါးလျသော ချပ်ဝတ်တန်ဆာတစ်ခုဖြစ်ပေါ်လာသည်။၎င်းသည် နဂါးစိမ်းအငွေ့များကို ခုခံကာကွယ်ရာတွင်အတော်သုံးဝင်သည်။
လီလော့ကလည်း ပြုံးလိုက်ပြီး ချင်ဇူလုပြန်လည်ကောင်းမွန်လာစေရန် သူ့ကိုယ်ပိုင် ကုသရေးစွမ်းအားကို အသုံးပြုလိုက်သည်။
၎င်းတို့၏ ပံ့ပိုးမှုဖြင့် ချင်ဇူလူသည် အသစ်တွေ့ရှိသော စွမ်းအားကို မြှင့်တင်ကာ အောင်ပွဲခံ အော်ဟစ်လိုက်သည်။ သူ့ကြွက်သားတွေ ဖောင်းလာပြီး ရွှေရောင်ကျားအစင်းကြောင်းတွေက သူ့အရေပြားမှာ ဖျတ်ခနဲပေါ်လာသည်။
ဝှစ်......
နဂါးစိမ်းအငွေ့သည် အသစ်တဖန် ရူးသွပ်မှုဖြင့် တိုက်ခတ်လာသော်လည်း ရေခဲချပ်ဝတ်နှင့် လီလော့၏ကုသရေးစွမ်အားတို့ကြောင့် ချင်ဇူလုအတော် သန်မာလာသည်။
အနီးနားတွင် နင်းကျောက်တို့အဖွဲ့က လီလော့တို့အဖွဲ့ အရှိန်အဟုန်ဖြင့် ရှေ့သို့တိုးလာနေသည်ကို တွေ့လိုက်ရသည်။ ဒါက သူတို့ကို တုန်လှုပ်စေသည်။ လေပြင်းတိုက်ခတ်မှု ဆိုးဆိုးရွားရွားဖြစ်မည်ဟု မျှော်လင့်ထားသော်လည်း လီလော့တို့က လိုက်လျောညီထွေဖြစ်အောင်လျင်မြန်စွာလုပ်ဆောင်နိူင်ခဲ့ကြသည်။
လေထုထဲတွင်ရှိနေသော ရွှေရောင်အလင်းတန်းများက အရှိန်အဟုန်ဖြင့် နဂါးစိမ်းအငွေ့ကို ကျော်ဖြတ်ကာ ကုန်းမြေပေါ်သို့လုံခြုံစွာဆင်းသက်ဖို့ပြင်နေကြပြီ။
လီလော့တို့အဖွဲ့သည် ၎င်းကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ပြင်းထန်သော ဆွဲငင်အားတစ်ခုက ၎င်းတို့အား ကုန်းပေါ်သို့ သက်ဆင်းစေခဲ့သည်။ သူတို့ရဲ့ သော့တွေက ခိုင်ခံ့တဲ့မြေပြင်ကိုရောက်သည်အထိ ကာကွယ်လမ်းပြပေးခဲ့ကြသည်။
လီလော့ လှည့်ကြည့်လိုက်သည့်အခါ နှင်းများထူထပ်စွာဖုံးလွှမ်းနေသော နက်နဲသော တောင်ကြားထဲတွင် ရောက်ရှိနေသည်ကိုမြင်လိုက်ရသည်။
"ဒါက ရွှေနဂါးတာအို နယ်မြေလား.. .?"
သုံးယောက်စလုံး အံ့သြနေကြသည်။
"ဒီမှာသဘာဝစွမ်းအင်တေီ အရမ်းသိပ်သည်းတယ်..... အပြင်ကမ္ဘာနဲ့ မတူဘူး" ဟု လုချင်းအာက သုံးသပ်သည်ကိုလီလော့ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ရွှေနဂါးတာအိုနယ်မြေ၏ အစွန်အဖျားတွင်သာ ရှိသော်လည်း သဘာဝစွမ်းအင်များက သူမှတ်မိသည်ထက် ပိုမိုပြည့်ဝနေပြီဖြစ်သည်။ နက်ရှိုင်းစွာဝင်ရောက်လာသောအခါတွင် အခြေအနေများ မည်မျှကောင်းမည်ကို သူစိတ်ကူးကြည့်နိုင်သည်။ ရွှေနဂါးတာအိုနယ်မြေများကို ကျင့်ကြံရေးအတွက်သုခဘုံဟုပင်ခေါ်ဆိုရတော့မည်။
ရုတ်တရက် သူ့လက်ထဲတွင် အပိုပစ္စည်းတစ်ခု ပေါ်လာသည်ကို လီလော့ တွေ့လိုက်ရသည်။
ရွှေနံ့သာတိုင် အပိုင်းတိုလေး တစ်ခု......
ဤသည်မှာ ယုဟုန်ရှီ အစောပိုင်းတွင် ပြောခဲ့သည့်အတိုင်း ဖြစ်ရမည်။
// မင်းရဲ့ အမှတ်တွေကိုု တာအိုရွှေနဲ့လဲလှယ်ဖို့ ဒါကို မီးရှို့လိုက်ပါ..//
"ကောင်းပြီ၊ စလိုက်ကြရအောင်။ ငါတို့ အရှေ့ဘက်ကို ဦးတည်ပြီး ဆေးပင်တွေခူးမယ်၊သားရဲတွေ သတ်မယ် ပြီးတာအိုရွှေရအောင်ရှာမယ်....ပြီးရင်ရေလှောင်တမံမှာပစ္စည်းသွားလဲကြမယ်......"
လီလော့က အားကြိုးမာန်တက် နှိုးဆော်လိုက်သော်လည်း လုချင်းအာက လေပူတချို့မှုတ်ထုတ်လိုက်ပြီး......
" နင်ပြောတော့လည်း လွယ်လိုက်တာ....."
ရွှေနဂါးတာအိုနယ်မြေသည်ရင်သပ်ရှုမောဖွယ် ပတ်ဝန်းကျင်ကြောင့် အရိပ်လှိုဏ်ဂူနှင့်ဖြောင့်ဖြောင့်ကြီးကွဲလွဲနေသည်။အကယ်၍ ချင်ဇူလုသာမရှိခဲ့လျှင် လုချင်းအာနှင့်လီလော့အတွက် ပျားရည်စမ်းခရီးထွက်နေသည်ဟုပင်ထင်ရလောက်သည်။
ထိုအချိန်........
သူမခေါင်းပေါ်သို့တစ်စုံတစ်ခု ပြုတ်ကျလာသည့်အတွက် လုချင်းအာ အော်ဟစ်လိုက်သည်။
မြေကြီးနှင့်မထိခင်မှာ ထိုအရာကို ဖမ်းလိုက်သည့်အခါ ထိုအရာသည် အခွံပေါ်တွင်မှော်အက္ခရာများပါရှိနေသော နှင်းဖြူသီးတစ်လုံးဖြစ်ကြောင်း မြင်လိုက်ရသည် ။ ထိုအသီးမှ ရစ်မူးချိုမြသောမွှေးရနံများထွက်ပေါ်နေသည်။
ခဏလောက် စစ်ဆေးပြီးနောက်......
"ဒါက ရှားပါးဆေးဖက်ဝင်အပင်တွေထဲက တစ်မျိုးလို့ မင်းထင်လား"
ကောင်လေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပခုံးတွန့်လိုက်ကြသည်။
"ဖြစ်နိုင်တယ်.... စမ်းကြည့်ချင်လား....."
သုံးယောက်သားခေါင်းချင်းဆိုင်ပြီး ရွှေနံ့သာတိုင် ထွန်းညှိလိုက်ကြသည်။
ရွှေရောင်အခိုးအငွေ့များ အဖြူရောင်သစ်သီးကို ဝိုင်းရံလိုက်သည့်အခါ အံ့သြစရာကောင်းလောက်အောင် ထိုသစ်သီးပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းမှာပင် သူတို့ရှေ့တွင် လေဟာနယ်အက်ကွဲကြောင်း တစ်ခု ပေါ်လာပြီး ရွှေဒင်္ဂါးလေးပြားထွက်ကျလာသည်။
ထိုရွှေဒင်္ဂါးများပေါ်ရှိ ရွှေနဂါး အမှတ်အသားများကို ကြည့်ပြီး သုံးယောက်စလုံး ငြိမ်သက်သွားကြသည်။
တာအိုရွှေ... ဒါက လွယ်လွယ်လေးလား.....
အရိပ်လှိုဏ်၏ ငရဲခန်းများနှင့်ယှဉ်လျှင် ဤနေရာသည် အမှန်ပင်သုခဘုံတစ်ခုဖြစ်လိမ့်မည်........
***