← Chapters

သဘောတူညီချက်......

Vol. 25 Ch. 339

သဘောတူညီချက်......

Vol. 25 Ch. 339

"ဒါ တိုက်ဆိုင်တာပဲဖြစ်ရမယ်...  တာအိုရွှေတွေ လွယ်လွယ်ကူကူရနိုင်ရင် အံ့သြစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တစ်ခုလိုဖြစ်နေလိမ့်မယ်......"

"ရွှေနဂါးဘဏ်တိုက်က ချမ်းသာပေမယ့် ဒီလောက် ရက်ရောမှာမဟုတ်ဘူး....."

လီလော့၏သုံးသပ်ချက်ကိုလုချင်းအာနှင့် ချင်ဇူလုတို့က သဘောတူခဲ့ကြသည်။

ယုတ္တိတန်စွာပြောရလျှင် တာအိုရွှေသည် ငွေကြေးနှင့်တူသည်။လွယ်လွယ်ကူကူရပါက ဆုံးရှုံးဖို့လည်း လွယ်ကူလိမ့်မည်။

သူတို့ဟာ တကယ်ပဲ ကံကောင်းသူတွေ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။

"ဆက်သွားကြရအောင်....ငါတို့က စပြီးပြီ.....သိပ်မကြာခင် ခက်ခဲတဲ့နေ့တွေ ရောက်လာလိမ့်မယ်...."

လီလော့က ပြုံးပြီး လက်ပြလိုက်သည်။

သူတို့သုံးယောက်  ထူထပ်သော နှင်းများကြားမှ တောထဲသို့ တိုးဝင်သွားခဲ့ကြသည်။

မိနစ် ၄၀ လောက်ကြာတော့ လုချင်းအာက နှင်းထဲမှာ တစ်ခုခုကို ရုတ်တရက် နင်းမိသွားသည့်အတွက် သူမ စိတ်ဝင်တစား ငုံ့ကြည့်တော့ ကြည်လင်သော သစ်မြစ်ကို ကောက်ကိုင်မိလိုက်သည်။

"ဒါက ရှားပါးတဲ့ အပင်လား?"

လီလော့ တစ်စက္ကန့်မျှ အံ့အားသင့်သွားပြီး ခေါင်းယမ်းလိုက်သည်။

"ဟင့်အင်း၊ မဟုတ်လောက်ဘူး....ရှားပါးတဲ့ဆေးမြစ်တွေကို ကြုံရာမှာတွေ့နိူင်တဲ့ဂေါ်ဖီထုပ်တွေများထင်နေလား......"

"သိချင်ရင်နည်းလမ်းတစ်ခုတော့ရှိတယ်....."

ချင်ဇူလုက လေးနက်သောအသံဖြင့် ပြောလိုက်ပြီး ရွှေနံ့သာတိုင် ထွန်းညှိလိုက်သည့်အခါ အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ပြန်သည်။

ဖန်သားနှင့်တူသော အမြစ်သည် မှိန်ဖျော့ပျောက်ကွယ်သွားကာ တောက်ပနေသော ရွှေဒင်္ဂါးသုံးပြား နှင်းထုပေါ်သို့ ကျလာခဲ့သည်။

သုံးယောက်သား အကြွေစေ့တွေကို ငေးကြည့်ရင်း စိတ်ရှုပ်သွားသည်ယ

လုချင်းအာက အကြွေစေ့တွေကို ကောက်ယူရင်း မသေချာမရေဟန်နှင့်

" တာအိုရွှေက တာအိုနယ်မြေထဲမှာ ထင်သလောက်အရေးမပါဘူးလား....."

"ရွှေပမာဏအများကြီးလိုမှာလား..... အဖိုးတန်ပစ္စည်းတစ်ခုရဖို့အတွက် ထောင်နဲ့ချီတဲ့ တာအိုရွှေတွေလိုလိမ့်မယ်ထင်တယ်...."

ချင်ဇူလုက ခေါင်းကုတ်လိုက်သည်။လီလော့လည်း လုံးဝ စိတ်ရှုပ်သွားသည်။

“ဒါပေမယ့် ဒီလိုမျိုး ရှားပါးတဲ့ဆေးပင်တွေ စိုက်ပျိုးဖို့ အချိန်လိုတယ်မဟုတ်လား ၊ ရွှေနဂါးတာအိုနယ်မြေထဲမှာတောင် စိုက်ပျိုးဖို့မလွယ်ဘူးလေ.....

" ငါ့ကိုဘာလို့လာမေးနေတာလဲ...ဒီနယ်မြေအကြောင်း ငါ ဘာမှမသိဘူးလေ.... "

လီလော့၏ ပြောသည်မှာလည်း မမှားပေ။ ၎င်းတို့သုံးဉီးစလုံးသည်။ ရှပြည်ထောင်စုထဲမှတစ်ခါမှထွက်မသွားဖူးကြသည့် ရေအိုင်ထဲမှဖားသူငယ်များသာပင်....

ဤသို့ဖြင့်​ ခရီးဆက်ခဲ့ကြရာ မည်သည့်အန္တရာယ်မျှ မတွေ့ဘဲ ရွှေဒဂါးငါးဆယ်ကျော်စုဆောင်းနိုင်ခဲ့ကြသည်။

နှိုင်းယှဥ်ရန်မည်သည့်သတင်းအချက်အလက်မျှမရှိသောကြောင့် ရွှေဒဂါး 50 သည် နည်းသလား များသလား မသတ်မှတ်နိုင်ကြသေးပေ။

"ငါတို့တွေဆေးပင်စိုက်ခင်းတစ်ခုဆီရောက်နေတာများလား....."

လက်ရှိတွင် ထိုသုံးသပ်ချက်ကသာလျှင်အသင့်တော်ဆုံးဖြစ်လိမ့်မည်။

စကားစမြည်ပြောနေစဉ်........

အနီးနားရှိသစ်ပင်များနောက်မှ ဒဏ်ရာရထားသော သားရဲတစ်ကောင် ထွက်လာသည်။ သို့သော် သူတို့ဘာမှမလုပ်သေးခင် ဝိညာဉ်သားရဲသည် မြေပေါ်သို့ပြုတ်ကျကာဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

သုံးယောက်စလုံး ကြောင်အနေကြသည်....

"တစ်ခုခုတော့မှားနေပြီထင်တယ်...."

ချင်ဇူလု ခက်ခက်ခဲခဲတံတွေး မျိုချလိုက်သည်။

ထိုသားရဲသည် သူတို့သုံးယောက် ခက်ခက်ခဲခဲ ရင်ဆိုင်ရမည့်သားရဲဖြစ်သော်လည်း အခုလိုသေဆုံးသွားခြင်းက သွေးရိုးသားရိုးဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

ဒါကို ကံကောင်းတယ်လို့ ယူဆရင် သူတို့ရဲ့ ဉာဏ်ရည်ကို ပြန်ဆန်းစစ်ကြည့်သင့်နေပြီ...

နေရာတိုင်းမှာ မိုးရွာနေတယ်၊ ​​လက်ဆောင်တွေပေးတယ်။

"ဟုတ်ပြီ..... "

လီလော့က သက်တောင့်သက်သာရှိသော လေသံဖြင့် ညီးညူလိုက်သည်။

လီလော့က သားရဲ အသေကောင်ကို ပွတ်သပ်လိုက်ပြီး.....

" အရမ်းရိုးရှင်းတဲ့ရှင်းပြချက်တစ်ခုရှိတယ်... အဲ့ဒါက ငါကသာရွေးချယ်ခံရသူဖြစ်နေလို့ပဲ......"

ချင်ဇူလုက သူ့ကို စိုက်ကြည့်နေပြီး.....

"ဒါက မင်းနဲ့ ဘ.ဆိုင်လဲ၊ လမ်းတစ်လျှောက်လုံးဆေးပင်တစ်ပင်တောင် မင်းကောက်ရခဲ့လို့လား......"

နှစ်ယောက်စလုံး လုချင်အာကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ကြသည်။

သူမ၏ လှပသော မျက်လုံးများက ဝိုင်းစက်သွားကာ

"ငါက..... ဘယ်လိုဖြစ်နိုင်မှာလဲ....."

လီလော့ရော ချင်ဇူလုရော လက်မခံချင်ပေမယ့်လည်း လမ်းတစ်လျှောက်လုံး လုချင်းအာတစ်ယောက်တည်းကသာ ဆေးပင်များကောက်ရခဲ့သည်မဟုတ်လော......အခုလည်း သားရဲတစ်ကောင်က သူ့ခြေရင်းမှာသေနေပြန်ပြီ.....

လီလော့ က လေးနက်စွာ သက်ပြင်းချလိုက်ပြီး....

"ခံစားချက်တွေမကောင်းဘူး....."

ဟုတ်ပေသည်။ မသိစိတ်ကလည်း ထိုအတိုင်းသာခံစားနေရသည်။

"ဒါဆို ပိုစိတ်ဝင်စားဖို့ကောင်းလာပြီပေါ့... "

စိတ်လှုပ်ရှားလွန်းလို့ ချင်ဇူလု မျက်နှာနီမြန်းသွားသည် ။

“သားကြီး.... မင်းက တကယ့် တိုက်ပွဲနတ်ဆိုးပဲ......ဒါပေမယ့် အနည်းဆုံးတော့  မင်းဘယ်ကိုရောက်နေလဲ သေချာပြန်ကြည့်သင့်တယ်..... တာအိုနယ်မြေမှာ လူတိုင်းက ပုံသဏ္ဍာန်ကူးပြောင်းခြင်းအဆင့်တွေချညခ်းပဲ....ငါတို့က အခုမှပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်ပဲရှိသေးတာ.... အသက်ရှင်ဖို့တောင်အတော်ရုန်းကန်ရမယ့်အနေအထားဖြစ်နေပြီကွ .........."

လုချင်းအာက လီလော့ရဲ့ အင်္ကျီကို လှမ်းဆွဲလိုက်ပြီး.....

"ဘယ်မှမသွားနဲ့ ဒီမှာပဲနေကြရအောင်..... ဒါဆို ငါတို့ ပစ်မှတ်ထားခံရမှာ မဟုတ်ဘူး......"

ရွှေနဂါးတောင်တန်းစာလွှာကို သူမ သိပ်စိတ်မဝင်စားသည့်အတွက် နှင်းတွေထူထပ်ပြီး အတော်လေးကို လှပတဲ့ ဒီနေရာလေးမှာသာ အေးအေးသက်သာနေဖို့စိတ်ကူးထားသည်။

အားလုံးပြီးသွားတဲ့အခါ တာအိုရွှေအချို့နဲ့ ဆုလာဘ်ကောင်းတချို့ လဲလှယ်လိုက်ရုံပင်.....

"တကယ်လို့ နင်နဲ့အတူ ဒီမှာပဲနေမယ်ဆိုရင် နင့်အမေငါ့ကို ရိုက်သတ်လိမ့်မယ်......."

ယုဟုန်ရှီ၏ ဒေါသ အတိုင်းအတာကို စိတ်ကူးကြည့်ရုံနှင့်ပင်ကျောချမ်းနေပြီဖြစ်သည်။ အရည်အချင်းပြည့်မီသော သက်တော်စောင့်တစ်ဦးဖြစ်ရန် သူမ ရင်းနှီးထားရသည်မှာလည်း မနည်းမနောပင်.....

" ငါရှင်းပြလိုက်မယ်လေ....ဒါဆို နင့်ကိုစိတ်ဆိုးမှာမဟုတ်ဘူး....."

လီလော့ ရုတ်တရက် ရပ်လိုက်ပြီး စကားစလုဆဲဆဲ....ချင်ဇူလုကလည်း သတိအနေအထားဖြင့် လှံကိုဆွဲထုတ်လိုက်သည်။

လီလော့ ညာဘက်ခြမ်းရှိ နှင်းတောအုပ်ဆီသို့ လှည့်ကြည့်လိုက်သည်။

"ကောင်းပြီ၊ ခိုးဝှက်လုပ်​မနေဘဲ ထွက်သွားလိုက်တော့..."

လုချင်းအာ  ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားပြီး သူမ၏ ပဲ့တင်ထပ်သံစွမ်းအားကို လျင်မြန်စွာ ထုတ်လွှင့်လိုက်သည်။

ရုတ်တရက် နှင်းထုထဲမှ လူသုံးဉီး ထွက်ပေါ်လာသည်။ လီလော့ နဲ့ တခြားသူတွေက သူတို့ကို သတိထားပြီး စောင့်ကြည့်နေကြသည်။

သူတို့အားလုံးက ငယ်ရွယ်သူတွေဖြစ်ပြီး အလယ်ကတစ်ယောက်ကတော့ သူတို့ရဲ့ ခေါင်းဆောင်ဖြစ်ဟန်တူသည်။

ထိုသူက သူတို့ကို ထူးဆန်းသော အပြုံးဖြင့်ပြုံးပြနေပြီး......

"မင်းတို့တွေ တော်သားပဲ....ငါ့တို့ရှိနေမှန်း ရိပ်မိသွားမယ်မထင်မိဘူး..... "

"မင်း ငါတို့နောက် တောက်လျှောက်လိုက်နေတာမဟုတ်လား......"

လီလော့ မေးသည်ကိုအစိမ်းရောင်ဝတ်ခေါင်းဆောင်က ပြုံးပြီး ခေါင်းညိတ်ပြသည်။

"ခဏနေပါဦး...... မင်းတို့ဘာမှမလုပ်ဘဲ တာအိုရွှေတွေဘယ်လိုရနေတာလဲ.....နည်းလမ်းလေးများပြောမပြချင်ဘူးလား......ငါတို့ ဒီနေရာကို ရောက်နေတာ တစ်ရက်ခွဲရှိပြီ၊ ဘာမှ မတွေ့ဘူး"

လီလော့ က စာနာစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါ တကယ့်ကို ရှက်စရာပဲ....."

"ဒါဆို မင်းဘယ်လိုလုပ်လိုက်တာလဲ၊ မင်းဘယ်လိုပြီး လမ်းလျှောက်ရုံနဲ့ရွှေ​တွေရနေတာလဲ....."

"သဘောတူညီချက်တစ်ခုကြောင့်ပေါ့ကွာ....ဒါကိုသိချင်တယ်ဆိုမင်းလည်း ငါတို့နဲ့သဘောတူညီချင်တစ်ခုလုပ်ကြည့်လိုက်ပေါ့ . ."

လီလော့၏အဖြေကြောင့် တစ်ဖက်လူ ဇဝေဇဝါဖြစ်သွားခဲ့သည်။

ဇဝေဇဝါဖြစ်နေသည်။

" ဟားးး ကလေးကလားအကွက်နဲ့တပတ်ရိုက်ဖို့ကြံမနေနဲ့....မင်းမပြောချင်ဘူးဆိုမှတော့........."

အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသူက ဓားအိမ်ထဲမှ ဓားဆွဲထုတ်လိုက်သည့်အခါ ဓားသွားပေါ်တွင် အစ်ိမ်းရောင်စွမ်းအားများစိုရွှဲတောက်ပနေသည်။ထိုသူသည် လက်ညှိုးတစ်ချက်ကွေးလိုက်ရုံနှင့်ပင် မြေပြင်ပေါ်ရှိ နှင်းထုများကို ဖယ်ရှားပစ်လိုက်နိုင်သည်။

" မင်းဘက်က အသာတကြည်မပြောချင်မှတော့ ငါတို့ကလည်း အားနာမနေတော့ဘူး......"

***

All Chapters