ကြမ်းတမ်းသောရိုက်ချက်များ........
Vol. 25 Ch. 340
ကလန်........
အစိမ်းရောင်ဝတ်ခေါင်းဆောင် ခြိမ်းခြောက်ပြောဆိုနေချိန်တွင် ကျန်နှစ်ယောက်က သူတို့ရဲ့လက်နက်တွေကိုထုတ်လိုက်ပြီး လီလော့တို့ကိုစူးရဲစွာစိုက်ကြည့်နေကြသည်။
လီလော့က မကျေမနပ်ဖြင့် ခေါင်းယမ်းလိုက်ပြီး......
"အပြောကြမ်းလိုက်တာ..."
"ဟေ့ကောင်....လွယ်တာကိုခက်အောင်မလုပ်ချင်စမ်းနဲ့.... မင်းရဲ့ ရွှေနဂါးဒီဇိုင်းပုံစံကြောင့် မင်းတို့တွေက ရှပြည်ထောင်စုမှာအားနည်းတဲ့သူတွေမဖြစ်နိုင်လောက်ဘူး...ဒါပေမယ့်မင်းတို့အဖွဲ့က ဘာလို့ဒီလောက်သနားစရာကောင်းနေတာလဲ....."
"မင်းတို့သုံးယောက်က ဝင်ရိုးစွန်းဝံပုလွေနိုင်ငံက လာတာမှန်း ငါလည်းမြင်နေရတယ်....."
"ကျိစွန်းရေ ဒီမှာငါတို့ရဲ့ဖောက်သည်သစ်လေးတွေ......"
ခေါင်းဆောင်က လေးလေးနက်နက် လှောင်ပြောင်ပြောဆိုသည်။
“ကဲ ကိုယ့်လူတို့......ရန်ဖြစ်စရာမလိုဘဲဖြေရှင်းလို့ရပါတယ်......တကယ်တော့ မင်းတို့သာဆန္ဒရှိရင် ငါတို့နဲ့ ပူးပေါင်းလိုက်.... ရလာတဲ့ပစ္စည်းရဲ့ ၈၀ ရာခိုင်နှုန်းကို ငါတို့ယူမယ်...အပြန်အလှန်အနေနဲ့.... ငါတို့ မင်းတို့ကို ကာကွယ်ပေးမယ်......."
လုချင်းအာမျက်နှာထား တင်းမာနေပြီး လီလော့ကလည်း သက်ပြင်းချလိုက်မိသည်။
80%......... နင်တို့ကောင်တွေက အမြတ်ကြီးစားတဲ့ ငွေတိုးချေးစားသူတွေလား.....စိတ်ဓာတ်က မည်းနက်ပုပ်သိုးနေလိုက်တာများ.....
"ဟွန့်....မင်းတို့ကိုယ်မင်းတို့လည်းပြန်ကြည့်လိုက်ဉီး....ပုံသဏ္ဍာန်ကူးပြောင်းခြင်းတစ်ယောက်၊ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်နှစ်ယောက်.....ဆိုတော့....ငါတို့နဲ့သိပ်ပြီးမကွာခြားဘူးပဲ....ဒါနဲ့များ ငါတို့ကိုဘယ်လိုကာကွယ်ပေးမှာလဲ......."
လီလော့၏ အပြောကြောင့် ကျိစွန်း မျက်မှောင်ကြုံ့လိုက်သည်။
"မင်းတို့ကိုနှိမ်ချင်တာတော့မဟုတ်ပါဘူး......"
"မင်းတို့ကိုထုတ်ပစ်ချင်တာကွ....!"
ဤစကားလုံးများနှင့်အတူ လီလော့၏နောက်ကွယ်မှနေ၍ ပြင်းထန်သော စွမ်းအင်လှိုင်းလုံးများပါဝင်နေသော လှံတစ်ချောင်း ရုတ်တရက်ထွက်ပေါ်လာပြီး ကျိစန်းကိုတိုက်ခိုက်လိုက်သည်။
လှံပိုင်ရှင်သည် လူတစ်ပိုင်းကျားတစ်ပိုင်းဟုပင်ထင်ရလောက်အောင် တိုက်ပွဲဝင်လိုစိတ်များပြင်းထန်ပေါက်ကွဲနေ၏။
ချင်ဇူလု............
ချင်ဇူလုသည် လီလော့လို စကားသိပ်များများမပြောဘဲ ဇိုးဇိုးဇတ်ဇတ် တိုက်ခိုက်ချင်သူဖြစ်သည်။
ဝေါင်းးးးးးးးး
ကျိစွန်းသည် ရုတ်တရက် တိုက်ခိုက်မှု၏ ပြင်းထန်မှုကြောင့် အထိတ်တလန့် နောက်ဆုတ်လိုက်ရသည်။
"အဆင့်ရှစ်သားရဲပဲ့တင်ထပ်သံ.....ဒါ့ကြောင့် ဒီကောင် ဒီလောက်ရန်လိုနေတာပဲ....."
ကျိစွန်းက သူ့အဖော်တွေကို အော်ဟစ်သတိပေးလိုက်ပြီးနောက် အဆင်သင့်ပြင်ထားပြီး လေစွမ်းအားများကိုထုတ်ဖော်လိုက်သည့်အခါ အနီးအနားရှိသစ်ပင်အချို့ တိကနဲပြတ်ကျကုန်သည်။
ဝုန်းးးးးးးး
ချင်ဇူလုနှင့် ကျိစန်းတို့ ထိပ်တိုက်တွေ့ကြသောအခါ ပြင်းထန်သောစွမ်းအားများပေါက်ကွဲထွက်လာသည်။
ကျိစွန်းသည် ပေါက်ကွဲမှုကြောင့် ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်ရပြီး ချင်ဇူလုကတော့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကာ ဟန်ချက်ပျက်လုနီးပါးဖြစ်သွားသည်။
ကျင့်ကြံမှုအဆင့်ကွာခြားခြင်းကြောင့် ချင်ဇူလု အခုလိုနောက်ဆုတ်ပေးလိုက်ရခြင်းဖြစ်သည်။
အထိနာသွားသော်လည်း
တိုက်ပွဲဆာလောင်စိတ်ကြောင့် ချင်ဇူလု၏ မျက်ဝန်းများတောက်ပလာပြီး သူ့တစ်ကိုယ်လုံးသည် တိုက်ပွဲဝင်ရန် စိတ်လှုပ်ရှားစွာဖြင့် တုန်လှုပ်နေလေသည်။
ကျိစွန်းက သူ့ကိုစူးစူးရဲရဲစိုက်ကြည့်နေပြီး
"ရွှေကျားနတ်ဆိုးပဲ့တင်ထပ်သံပဲ....မင်းသာ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ပဉ္စမအဆင့်ဆို ငါတော်တော်ကြောက်နေမိမှာ....ဒါပေမယ့် တတိယအဆင့်ဆိုတော့ တော်တော်လိုသေးတာပဲ .....မင်းက ဒီအဖွဲ့မှာ အသန်မာဆုံးထင်တယ်..... မင်းကိုသာ ဖယ်လိုက်ရင် ကျန်တဲ့နှစ်ကောင်ကိုအလွယ်တကူရှင်းနိုင်ပြီ......"
လုချင်းအာ တခုခုပြောဖို့ပြင်လိုက်စဉ် လီလော့က ကြားဖြတ်လိုက်ပြီး.....
"ဟုတ်တယ်....ရှောင်လုပ ငါတို့အဖွဲ့ရဲ့ အသန်မာဆုံး......"
" ရှောင်လု...မင်းသူ့ကိုနိုင်အောင်တိုက်...ငါမင်းအတွက် ရသလောက်အချိန်ဆွဲထားပေးမယ်....."
ချင်ဇူလုက လီလော့ကို ကျေနပ်သည့်အကြည့်ဖြင့်လှမ်းကြည့်လိုက်သည်။ သူ့ကိုအသန်မာဆုံးလို့ ညွှန်းဆိုသည့်အတွက် မပျော်ရွှင်သော်လည်း အသန်မာဆုံးဖြစ်သည့် ကျိစန်းနှင့်တိုက်ခိုက်ခိုင်းသည့်အတွက် အမှန်ပင်ပျော်ရွှင်နေလေ၏။
အနိုင်ရတာမရတာ သိပ်ဂရုစိုက်ဘူး.....ဒဏ်ရာရမလား သေမလားလဲဂရုမစိုက်ဘူး.....တိုက်ခိုက်ရရင်ပြီးတာပဲ......
ဝေါင်းးးးးးးးး
ချင်ဇူလုသည်လှံကို မြေပြင်သို့ ထိုးချလိုက်ပြီး ဟိန်းဟောက်လိုက်ရာ ပဲ့တင်ထပ်သံ စွမ်းအားသည် သူ့အသံနှင့်အတူ လွင့်ပျံလာပြီး ကျားတစ်ကောင်၏အစင်းကြောင်းများ သူ့အရေပြားပေါ်တွင် ပေါ်လာပြီး သူ့အသံမှာ ကျားဟိန်းသံနှင့်အတူ နက်ရှိုင်းလာသည်။
ထို့အပြင် မျက်လုံးများကလည်း ကျားမျက်လုံးများသဖွယ်ပြောင်းလဲသွားပြီး ကျိစန်းကို သားကောင်လိုသဘောထားပြီးအေးစက်စွာစိုက်ကြည့်နေသည်။
ယခု သူသည် မုဆိုးတစ်ယောက်ဖြစ်နေပြီ၊ သူ့ပစ်မှတ်ကို ဖြစ်နိုင်သမျှနည်းဖြင့် ချေမှုန်းရန် အသင့်ဖြစ်နေပြီဖြစ်သည်။
လှံကိုဆွဲယူပြီး ကျိစွန်းဆီသို့ တရိပ်ရိပ် လှမ်းပစ်လိုက်သည်။
ထိုအခါ ကျိစွန်းက သ.......
"ဂေါင်ရှန်း... ရှုလင်း... ကျန်တဲ့နှစ်ယောက်ကို မင်းတို့ရှင်းလိုက်..... ငါ ဒီကောင်ကို ထိန်းထားမယ်...."
"ဟားးးဟားးးး ကိစ္စမရှိပါဘူး .....ဘယ်သူက ပြိုင်ဘက်ကို အရင်အဆုံးသတ်နိုင်မလဲ ကြည့်ရအောင်......"
၎င်းတို့နှစ်ဦးစလုံးသည် တတိယအဆင့်များဖြစ်ပြီး လီလော့နှင့် လုချင်းအာတို့သည် တတိယအဆင့်နှင့် ပထမအဆင့်များဖြစ်ကြသည်။
ကျိစွန်းက ခေါင်းညိတ်လိုက်သည်။ ကျင့်ကြံမှုအဆင့်ကွာခြားနေသည့်အတွက် ဂေါင်ရှန်းတို့မလွဲမသွေအနိုင်ရမည်ဟု ယုံကြည်ထားသည့်အတွက်သူ့ပစ်မှတ်ဆီသို့ ပြန်လှည့်လိုက်သည်။
အစိမ်းရောင်လေ စွမ်းအားများ စတင်၍ မြေပြင်အထက်တွင် ပျံဝဲနေပုံရသည်အထိ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပတ်လိုက်သည့်အခါ ခြေလှမ်းတွေက ပေါ့ပါးပြီး ပိုမိုမြန်ဆန်လာကာ ထိန်းချုပ်မှုကလည်း ပိုတိကျလာသည်။
သူသည် ပုစဉ်းတစ်ကောင်လို အနေအထားဖြင့် တစ်နေရာသို့ လွင့်မျောနေပုံရသည်။
ချင်ဇူလုကတော့ လှံတစ်ချောင်းကိုကိုင်ဆွဲထားပြီး စွယ်စုံကျားရဲတစ်ကောင်မာန်ဖီနေသလိူ အားအင်အပြည့်ဟိန်းဟောက်လိုက်သည်။
ကျိစွန်းက လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ပြီး စွမ်းအားပြည့်ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်စေကာ ချင်ဇူလု၏လှံဖျားမှ စွမ်းအားများကို ပျက်ပြယ်စေခဲ့သည်။
"ငါ့မှာအချိန်ရှိတယ်..... ငါမင်းနဲ့ကစားပေးမယ်......"
"ဒါဆို မင်းက လောင်းကြေးကိုဂရုမစိုက်ဘူးပေါ့...ငါ့သူငယ်ချင်း နှစ်ယောက်က မင်းရဲ့အဖော်တွေကို သိပ်မကြာခင်အဆုံးသတ်လိုက်လိမ့်မယ်....."
ချင်ဇူလုက သူ့ကို တစ်ချက်ပြန်ပြုံးပြပြီး သူ့ရဲ့ ကျားအစင်းကြောင်းတွေက အသစ်တဖန်တောက်ပလာသည်။
"မင်း ဘယ်လောက်ကြာကြာနေနိုင်မလဲ မသေချာပေမယ့် ဟိုမှာရှိနေတဲ့ မင်းသူငယ်ချင်းတွေက မြန်မြန်အဆုံးသတ်တော့မယ်လို့ ငါထင်တယ်"
ကျိစန်းက အံကြိတ်သံဖြင့် ချင်ဇူလုကိုပြန်ပက်လိုက်သည်။
ချင်ဇူလုက ကျိစန်းကို အရူးတစ်ယောက်သာသာသဘောထားလိုက်ပြီး မဆုတ်မနစ်သော တိုက်ကွက်များကို ကြမ်းတမ်းစွာထုတ်ဖော်လိုက်တော့သည်။
.............................................
တစ်ချိန်တည်းမှာပင်၊ ဂေါင်ရှန်းနှင့် ယရှုလင်း တို့သည် လီလော့နှင့် လုချင်းအာတို့ကို သေချာအကဲခတ်နေကြသည်။
"ဟေ့ လောင်ရှု.. ကောင်မလေးကို ငါ့နဲ့ ထားလိုက်.... ဒါဆို မင်းအရင်ကချေးထားတာတွေလျှော်ပေးမယ်....."
ဂေါင်ရှန်း က သူ့သူငယ်ချင်းကို မျက်ခုံးပင့်ပြပြီး ပြောလိုက်သည်။
ရွှေနဂါးတာအိုနယ်မြေတွင် အရှက်မဲ့သောကိစ္စများကို ပြောင်ပြောင်တင်းတင်းမလုပ်ဝံ့ပေမယ့် အခုလို တိုက်ခိုက်ပြီးအနိုင်ယူခြင်းကိုတော့မည်သူမျှအပြစ်ပေးလိမ့်မည်မဟုတ်ပေ။
"ကောင်းပြီ၊ အချိန်သိပ်မဆွဲနဲ့.....တခြားသူတွေကိုသတိပေးလိုက်သလိုဖြစ်နေမယ်....."
ရှုလင်းက လီလော့ဘက်သို့လှည့်ကြည့်လိုက်သည်။သူသည် ချောမောသော ယောက်ျားထက် ချောမောသော မိန်းကလေးကို ပိုနှစ်သက်သည်။
ယောက်ျားလေးတစ်ယောက် ဒီလောက်ချောမောနေဖို့လိုလို့လား..... ကောင်းပြီ....သာမာန်ရုပ်ရည်ဖြစ်သွားအောင် မျက်နှာကိုခြေထောက်နဲ့နင်းပေးလိုက်မယ်.......
ရွှန်းးးးးးးးး
ရှုလင်း သည် သူ၏လက်ဖဝါးများကိုဖြန့်ကာ ငွေရောင်တောက်နေသော လက်ချောင်းများမှ ချွန်ထက်သောလက်သည်းများ ထွက်လာသည်။
တစ်ချိန်တည်းမှာပင်၊ ချင်ဇူလုနှင့်ဆင်တူသော တောရိုင်းသားကောင်အငွေ့အသက်များ သူ့ထံမှထွက်ပေါ်လာသည်။
အဆင့်ခုနှစ် နှင်းဝံပုလွေ ပဲ့တင်ထပ်သံ.....
ရှုလင်းသည် ကြယ်တာယာခရီးရှည်ကောလိပ်၏ကြယ်နှစ်ပွင့်ကျောင်းသားများနီးနီး
အားကောင်းနေသည်။
သူသည် အဆင့်တူသည့် လီလော့နှင့်တိုက်ခိုက်ရမည်ဖြစ်သောကြောင့် မပေါ့လျော့ရဲပေ။
သို့သော်လည်း ဂေါင်ရှန်း တိုက်ပွဲမပြီးမချင်း လီလော့ကိုထိန်းထားနိုင်လျှင် ဂေါင်ရှန်းနှင့်အတူပူးပေါင်းပြီး အလွယ်တကူအနိူင်ယူလိုက်ရုံပင်......
"မင်းက ငါတို့ခေါင်းဆောင်ရဲ့ကမ်းလှမ်းချက်ကိုငြင်းလိုက်တယ်ဆိုတော့ တော်တော်နုံအတာပဲ........"
ရှုလင်းသည် လီလော့၏ အဖြေကို စောင့်မနေဘဲ ခန္ဓာကိုယ်ကိုကွေးချလိုက်ကာ ဝံပုလွေဖြူတစ်ကောင်သဖွယ် လီလော့ဆီတိုးဝင်သွားလေ၏။
သူ့လက်သည်းများသည် နှင်းထုနှင့်အပြိုင် တောက်ပနေသည်။
လီလော့သည် အဖြူရောင်အရိပ် သူ့ထံသို့ နီးကပ်လာသည့်အခါ ဓားတိုနှစ်လက်ကိုဖြည်းညှင်းစွာ ဆုပ်ကိုင်ထားရင်း ရေစွမ်းအားများ ၎င်းတို့အပေါ်သို့ ပို့လွှတ်နေသည်။
လီလော့ ပစ်လွှတ်လိုက်သော ဓားနှစ်လက်ကိုကြည့်ပြီး ရှုလင်း ခပ်မဲ့မဲ့ပြုံးလိုက်သည်။
ရေအစွန်ဖျားပညာရပ်လား....အပေါစားဆန်တဲ့ပညာရပ်တွေသုံးနေတာပဲ......
ရှုလင်း သူ့ခြေသည်းတွေကို အားဖြည့်ပြီး ဓားနှစ်လက်ကိုပုတ်ထုတ်ဖို့အားယူလိုက်သည်။
"ကျားအဆင့်ပညာရပ်.... ရေခဲဝံပုလွေလက်သည်း......."
သူ့လက်ချောင်းများသည် ဝံပုလွေလက်သည်းများသဖွယ်ပြန့်ကားလာပြီး လီလော့၏ဓားနှစ်လက်ကိုပုတ်ထုတ်လိုက်သည့်အခါ......
ထန်......
သတ္တုချင်းထိခတ်သံများ ဆူညံကုန်ပြီး ရှုလင်း လန့်သွားသည်။
လီလော့၏ဓားများပေါ်မှ စွမ်းအားကြောင့် ရေအစွန်အဖျား ပညာရပ်သည် သာမန်မဟုတ်ကြောင်း သူသိလိုက်ရသည်။ သူ၏ မာကျောသော ခြေသည်းများပေါ်တွင် နက်နဲသော ခြစ်ရာများ ထင်ကျန်နေသည်မဟုတ်လော.......
ဘာတုန်းဟ.......တတိယအဆင့်လေးက ဒီလိုစျေးပေါတဲ့ပညာရပ်ကိုဘယ်လိုတွေသုံးနေတာလဲ....မသိရင် ပဉ္စမအဆင့်ရောက်နေသလိုပဲ......
ရှုလင်း ထိတ်လန့်တုန်လှုပ်နေလေပြီ.....
ဒီကောင်က သိပ်ကောက်ကျစ်တယ်.....
သူ့ခေါင်းဆောင်နဲ့ တိုက်ခိုက်နေတဲ့ကျားလူသား ဘယ်လောက်သန်မာလဲမသိနိုင်ပေမယ့် လီလော့ကတော့အမှန်တကယ်သန်မာမှန်းလက်တွေ့သိလိုက်ရပြီ........
တပတ်ရိုက်ခံလိုက်ရပြီ.......
ရှုလင်း၏ အသံသည် လည်ချောင်းထိရောက်လာသော်လည်း ညှိုးနွမ်းနေသော အင်အားတစ်ခုကအသင်းဖော်များကို သတ်မပေးနိူင်ခင် သူ့လက်သည်းများကို ကျိုးကြေသွားစေသောကြောင့် နာကျင်စွာအော်ဟစ်နေရသည်။
သူနောက်ဆုတ်ဖို့ ကြိုးစားပေမယ့် သူ့ခြေထောက်တွေက နှေးကွေးနေပြီး လီလော့က သူ့နောက်ကိုနောက်နေခဲ့ပြီ......
ဓားတိုနှစ်ချောင်းက သူ့ရင်ဘတ်ကို ဖြတ်သွားကာ သွေးစိမ်းများ ဖြန်းခနဲ ထွက်လာသည်။
ရှုလင်း၏ မျက်လုံးများ ပြူးကျယ်သွားကာ မြေပြင်ပေါ်ဒူးထောက်ကျသွားရှာသည်။
တစ်ကွက်တည်းနဲ့ရှုံးခဲ့တာကိုမယုံနိုင်သေးဘူး........
လီလော့သည် သွေးစွန်းနေသောဓားတိုများကို နှင်းထဲသို့ ထိုးချလိုက်ပြီး ရှုလင်းမျက်နှာကို အနီးကပ်ကြည့်ကာ.......
"တွေ့လား .......ကြမ်းတမ်းတဲ့စကားတွေပြောရင် ကြမ်းကြမ်းတမ်းတမ်း အရိုက်ခံရတတ်တယ်......."
***