ကျိစွန်းကိုအခက်တွေ့စေခြင်း......
Vol. 25 Ch. 341
ရှုလင်းသည် ပြင်းထန်သောရိုက်ချက်ကြောင့်မူးဝေသွားပြီဖြစ်သည့်အတွက် လီလော့ပြောသမျှကို မကြားနိုင်ရှာတော့ပေ။
ထို့ကြောင့် လီလော့ ၏ ကြင်နာသော စကားလုံးများကို တုံ့ပြန်မှု တစ်စုံတစ်ရာကို မပြုလုပ်နိုင်ရှာပေ။သေချာတကတော့ ရုပ်ပိုင်းဆိုင်ရာအရ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခြင်းဖြစ်လောက်သည်။
ဤကဲ့သို့ လွယ်လွယ်ကူကူ ရှုံးနိမ့်ခဲ့ခြင်းသည် ကျိစွန်း အားနည်းခြင်းကြောင့်မဟုတ်ဘဲ လီလော့၏ လှည့်ကွက်ထဲမိသွားသောကြောင့်ပင်......
လီလော့၏ တိုက်ကွက်သည် အဆင့်တူခြင်းပင်အံ့သြရလောက်အောင် အားကောင်းနေသည်မှာအမှန်ပင်......
ပြိုလဲနေသော ရှုလင်းကို ကြည့်ရင်း ရွှေနဂါးတာအိုနယ်မြေတွင် ပြိုင်ဘက်များကို သတ်ရန် မဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်ရသည်။ ရွှေနဂါးလျှို့ဝှက်သော့များသည် ၎င်းတို့၏ကိုင်ဆောင်သူများကို ကာကွယ်ပေးထားသည်။ ယင်းသည် ဘဏ်တိုက်၏ဆောင်ပုဒ်နှင့်အညီ စည်းလုံးညီညွတ်မှုဖြင့် ကြွယ်ဝချမ်းသာမှုကိုသာ ဖြစ်ပေါ်စေလိမ့်မည်။ ဤလုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လာသော မလိုအပ်သော အငြင်းပွားမှုများကို ဖန်တီးရန် မလိုအပ်ပေ။ ထို့အပြင် ဝင်ရောက်နိုင်သူအများစုမှာ အရေးပါသော နောက်ခံသမိုင်းကြောင်းများ ရှိသောကြောင့် ဤနေရာတွင် သေဆုံးခြင်းသည် ဘေးဥပဒ်များစွာဖြစ်စေလိမ့်မည်။
လီလော့ဘက်က အလျင်စလိုဖြင့် တိုက်ပွဲကို နိဂုံးချုပ်လိုက်သည်နှင့်ဂေါင်ရှန်း အမည်ရှိ အခြားလူငယ်လေးသည် လုချင်းအာ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ချိုမြိန်သော အပြုံးနှင့် နူးညံ့သော လေသံဖြင့် ပြောလိုက်သည်က......
"ချစ်လှစွာသော သခင်မလေး.......မင်း ဆက်မထိန်းနိုင်တော့ရင် မြန်မြန်လက်လျှော့လိုက်ပါ...... အမျိုးကောင်းသားတစ်ယောက်အနေနဲ့ မိန်းကလေးတွေကို အနိူင်မကျင့်ချင်ဘူး......."
"နင့်ရဲ့အသင်းဖော်က ကြာကြာမထိန်းနိုင်တော့ဘူးထင်တယ်"
လုချင်းအာက အေးစက်စွာပြန်ပြောလိုက်သည်။
ဂေါင်ရှန်း စူးစမ်းချင်စိတ်ဖြင့် မျက်ခုံးပင့်ကြည့်လိုက်ရာ စစ်မြေပြင်၏ အခြားတစ်ဖက်က တိတ်ဆိတ်နေပြီးဓားနှစ်လက်ကိုင်ဆွဲထားသော လီလော့က သူ့ကိုပြုံးပြုံးကြီး ကြည့်နေ၏။
သူ့နောက်မှာတော့ ရှုလင်းက သွေးအိုင်ထဲမှာ လဲလျောင်းနေပြီဖြစ်သည်။
ဂေါင်ရှန်းထိတ်လန့်သွားပြီးကြောင်စီစီ ဖြစ်နေရှာသည်။
တိုက်ပွဲစဖြစ်တာ ခဏပဲရှိသေးတယ်မဟုတ်လား? ရှုလင်း ဘယ်လိုဖြစ်သွားတာလဲ......
ဒီကောင်က ဘယ်လိုလုပ်လိုက်တာလဲ.....သူ အခုမှ တတိယအဆင့်ပဲရှိသေးတာမဟုတ်လား.....
ဂေါင်ရှန်း အတွေးထဲတွင် နစ်မျော
နေသော်လည်း ခါးသီးအေးစက်သောလေပြင်းများကသူ့ထံသို့ မဖိတ်ခေါ်ဘဲတိုးဝင်လာကြပြီ။
လုချင်းအား ရိုက်ချက်က ပတ်ဝန်းကျင်ကို ပို၍ပင်အေးခဲသွားစေသည်။
ဒီတိုက်ခိုက်မှုက ဂေါင်ရှန်းရဲ့ရင်ဘတ်ပေါ် တိုက်ရိုက်ကျရောက်သွားပေမယ့် ရလဒ်က လုံးဝကို မမျှော်လင့်သလိုဖြစ်လာခဲ့သည်။
ဂေါင်ရှန်း ၏ခန္ဓာကိုယ်ပေါ်မှ များပြားလှသော နှင်းပွင့်များထွက်ပေါ်လာ၏။
"နှင်းပဲ့တင်ထပ်သံလား...."
လုချင်းအာ၏ အမူအရာမှာ အံ့အားသင့်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူမ၏ရိုက်ချက်သည် ပြိုင်ဘက်အတွက် ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုဖြစ်နေသည်။
နေရာတိုင်းကို လှည့်ပတ်ကြည့်လိုက်သည့်အခါ ဂေါင်ရှန်း၏ဖြစ်တည်မှု လုံးဝပျောက်ကွယ်သွားသည်ကို သူမသဘောပေါက်လိုက်သည်။
ဂေါင်ရှန်းး ပဲ့တင်ထပ်သံစွမ်းအားများကိုပင် အာရုံမခံနိုင်တော့ပေ။ ဂေါင်ရှန်းသည် နှင်းများနှင့် ရေခဲများကြားတွင် ကောင်းကောင်း ကိုယ်ယောင်ဖျောက်နေပြီဖြစ်သည်။
လီလော့က ခပ်ပြုံးပြုံးနှင့် လုချင်းအာ နံဘေးကိုလေလျှောက်လာပြီ......
"အိုး.....ဒီနှင်းပဲ့တင်ထပ်သံက တကယ့်ကို ရှားပါးတယ်......"
"နင်တကယ် ဖုံးကွယ်နိုင်မယ်လို့ ထင်နေတာလား.... ဒီမှာ ရေခဲရော နှင်းတွေရော ရှိတယ်ဆိုတာ မမေ့နဲ့...."
လုချင်းအာ က အေးစက်စွာ အော်ဟစ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ရေခဲများကို ဖိတ်ခေါ်နိုင်သည့် ရေခဲပဲ့တင်ထပ်သံ စွမ်းအားများ ထွက်ပေါ်လာသည်။
"ရေခဲသလင်း ချည်နှောင်ခြင်း!"
ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော ရေခဲသလင်းကျောက်များသည် လုချင်းအာထံမှ အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး ခဏအကြာတွင် ထိုရေခဲပုံဆောင်ခဲများသည် သူ့ညာဘက်ရှိ နေရာတစ်ခုတွင် စုပုံနေကြောင်း လီလော့ သတိပြုမိခဲ့သည်။
တဖြည်းဖြည်းနဲ့ လူသားပုံသဏ္ဌန်တစ်ခု ထွက်လာပေါ်လာသည်။
ထိုသူသည် ဂေါင်ရှန်း ဖြစ်သည်။
တစ်ဖက်တွင်၊ ဂေါင်ရှန်း၏ အမူအရာသည် ရေခဲသလင်းကျောက်များဖြင့် ဖုံးလွှမ်းနေသော သူ့ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း အံ့အားသင့်နေပုံရသည်။ သူသည် ပဲ့တင်ထပ်သံစွမ်းအားကို ပြင်းထန်စွာ လွှင့်ထုတ်လိုက်ပြီး ရေခဲတုံးများအားလုံးကို လျင်မြန်စွာ ဖယ်ရှားနိုင်ခဲ့သည်။
သူ့ကိုယ်သူ ဒီကပ်ဆိုးကြီးကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် သူ့ရဲ့ရုပ်သွင်ကို အားလုံးမြင်တွေ့သွားကြပြီဖြစ်သည်။
လီလော့က ဂေါင်ရှန်းကိုအသင့်အနေအထားဖြင့်စိုက်ကြည့်နေ၏။
"မင်း...ဘယ်လိုနတ်ဆိုးမျိုးလဲဆိုတာ ငါကိုယ်တိုင်ကြည့်ရမယ်!..."
လီလော့ကို ရင်ဆိုင်လိုက်သောအခါ ဂေါင်ရှန်း၏ အမူအရာ ပြောင်းလဲသွားသည်။ဒေါသတကြီးနှာမှုတ်သံနှင့်အတူ သူ့ထံမှ ပဲ့တင်ထပ်သံစွမ်းအားများပေါက်ကွဲထွက်လာပြီး နှင်းပွင့်များသည် ကောင်းကင်နှင့် လေထုကို လွှမ်းခြုံကာ လျင်မြန်စွာ ပေါင်းစပ်သွားသည်။
"ကျားအဆင့်ပညာရပ်....၊ ကြီးမြတ်သော နှင်းကျားသစ်......"
နှင်းပွင့်များစုပုံလာသောအခါ၊ အေးစက်သောလေထုထဲတွင် နှင်းကျားသစ်ပုံသဏ္ဍာန်တစ်ခုဖြစ်တည်လာပြီး ချက်ချင်းပင် လီလော့ ဆီသို့ ဦးတည်သွားခဲ့သည်။
လီလော့ကတော့ အမူအရာမပြောင်းဘဲ မျက်နှာသေဖြင့်သာကြည့်နေပြီးရေအစွန်အဖျား ပညာရပ်ကို စတင်အသုံးပြုဖို့ပြင်လိုက်သည့်အခါ ဓားသွားပေါ်တွင် ရေအလင်းပဲ့တင်ထပ်သံစွမ်းအားများ ဖုံးအုပ်သွားလေ၏။
ရေအလင်း ပဲ့တင်ထပ်သံ အဆင့်ခုနှစ်သို့ရောက်လာသည်နှင့်အမျှ စွမ်းအားများသည် သဘာဝအတိုင်း ပို၍ပင် သန့်ရှင်းလာပြီး ခွန်အားအရာတွင်လည်းများစွာသန်မာလာခဲ့ပြီဖြစ်သည်ယ
ထို့ကြောင့် လီလော့သည် စွမ်းအားပြည့် ရေအစွန်အဖျားပညာရပ်ဆိုသော ပညာရပ်တစ်ခုကို ထပ်မံတီထွင်နိုင်ခဲ့သည်။
၎င်းသည် ယခုအချိန်တွင် သူအကြိုက်ဆုံး ပဲ့တင်ထပ်သံပညာရပ်ဖြစ်ပြီး အဆင့် မမြင့်မားသော်လည်း မျှော်လင့်ထားသည်ထက် ကျော်လွန်၍ ထူးခြားသောစွမ်းရည်ကို ပြသနိုင်သည်။ ရှုလင်းသည် သူ၏ ရေအစွန်အဖျားပညာရပ်ကို လျှော့တွက်ခဲ့သည့်အတွက် လွယ်လွယ်ရှုံးနိမ့်ခဲ့ရသည်။
အမှန်တော့၊ ရေနှင့် အလင်းပဲ့တင်ထပ်သံတို့ ပေါင်းစပ်မှုသည် ရိုးရှင်းသော်လည်း အဖျက်စွမ်းအား ထိုမျှလောက်ကောင်းလိမ့်မည်ဟု မည်သူမျှထင်မထားမိကြပေ။
လီလော့ နှင်းကျားသစ်ကို ဓါးတစ်လက်ဖြင့်အားပါးတရခုတ်ပိုင်းလိုက်သည့်အခါ ထိုသတ္တဝါ နှစ်ခြမ်းကွဲသွားပြီး နှင်းပွင့်များအဖြစ်သို့ ပေါက်ကွဲသွားလေ၏။
သို့သော်လည်း တုံ့ဆိုင်းမနေဘဲ ဂေါင်ရှန်းဆီသို့ ဓားတစ်လက်ပစ်လွှတ်လိုက်သည့်အခါ.....
"ရပ်လိုက်တော့....! ငါ့ကို မထိခိုက်စေနဲ့၊ ငါ မင်းကို ယုံပြီ!"
ဝုန်းးးးးး
လီလော့ပစ်လွှတ်လိုက်သော ဓါးသည် ဂေါင်ရှန်းနှင့် လက်မအနည်းငယ်အကွာတွင် ရပ်တန့်သွားသည်။ဂေါင်ရှန်း၏ ရုတ်တရက်အညံ့ခံမှုကြောင့် လီလော့ အနည်းငယ် အံ့သြသွားခဲ့သည်။
ဒီကောင်လေးက တကယ်ကို ဉာဏ်ကြီးရှင်တစ်ယောက်ပဲ...ဘယ်အချိန်ရှေ့တိုးရမယ် ဘယ်အချိန်နောက်ဆုတ်ရမယ်မှန်းကောင်းကောင်းသိတယ်.......
လီလော့ ရယ်မောရင်း ဂေါင်ရှန်း၏နဖူးကို ရိုက်ပုတ်လိုက်သဖြင့် ဂေါင်ရှန်း သတိလစ်သွားလေတော့သည်။
"ဝိုး၊ နင်က တကယ့်ကို အထင်ကြီးစရာပဲ...... တော်တန်ရုံအဆင့်တူတွေကိုတောင် လွယ်လွယ်အနိုင်ယူနေနိုင်ပြီ......"
လုချင်းအာက လီလော့တစ်ယောက်တည်း ရန်သူများကို ထိရောက်စွာ ဖယ်ရှားခဲ့ခြင်းကိုအသိအမှတ်ပြုသည့်အနေဖြင့်ချီးကျူးလိုက်သည်။
"သူတို့က အသေးအဖွဲ ဓားပြနှစ်ယောက်ပါပဲ....ဘာမှ မထူးခြားပါဘူး...."
သူ ဒီအောင်မြင်မှုမှာ အထူးတလည်အောင်မြင်မှုမျိုးမခံစားခဲ့ရပေ။ ရှုလင်း၏ ပဲ့တင်ထပ်စွမ်းအားသည် အားနည်းပြီး မတည်မငြိမ်သေးသည့်အတွက် လောလောလတ်လတ်အဆင့်ထားခြင်းဖြစ်လောက်သည်။ထို့အပြင် နှင်းဝံပုလွေပဲ့တင်ထပ်သံကလည်း အဆင့်နိမ့် အဆင့်ခုနှစ်ဖြစ်သောကြောင့် လီလော့၏အဆင့်ခုနှစ်ရေအလင်းပဲ့တင်ထပ်သံ အဆင့်ငါးမြေသစ်သားပဲ့တင်ထပ်သံတို့ဖြင့် မည်သို့မျှ မနှိုင်းယှဉ်နိုင်ပေ။ ထိုပဲ့တင်ထပ်သံနှစ်ခုကို မသုံးဘဲတောင်မှ ရှုလင်းကို သစ်ရွက်ခြောက်ကဲ့သို့ အလွယ်တကူ ချေမှုန်းနိုင်ခဲ့သည်။
"ချင်ဇူလုကို သွားကူကြစို့....သူရင်ဆိုင်နေရတဲ့ဖိအားက ပေါ့သေးသေးမဟုတ်ဘူး....."
လီလော့ထိုသို့ပြောပြီးသည်နှင့် သူတို့နှစ်ယောက် အေးခဲနေသော နှင်းတောထဲသို့ လျင်မြန်စွာ လျှောက်လာခဲ့ကြသည်။ တိုက်ပွဲ ပြင်းထန်သောကြောင့်ပေါက်ကွဲသံများအဆက်မပြတ်ကြားနေရသည်။
ခဏအကြာတွင် ၎င်းတို့နှစ်ဦး အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီး ပြင်းထန်သောတိုက်ပွဲတွင်ပါဝင်နေသည့် တိုက်ပွဲဝင်များကို တစ်ချက်ကြည့်လိုက်သည်။ ပြင်းထန်သည့် တိုက်ပွဲအရှိန်ကြောင့် သစ်ပင်ကြီးတွေတောင် ပြိုကျပျက်စီးကုန်ပြီ။
ထိုအချိန်တွင် ချင်ဇူလု၏မျက်လုံးများသည် လုံးဝနီရဲနေပြီး ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ကျားအစင်းကြောင်းများသည် သဘာဝစွမ်းအင်များကို အဆက်မပြတ်စုပ်ယူနေသကဲ့သို့ တောက်ပသက်ဝင်နေသည်။ သူ့တစ်ကိုယ်လုံး အဆများစွာ ပိုကြီးလာပြီး သူ့လက်ထဲတွင်ကိုင်ထားသော လေးလံသောလှံသည် အနီရောင် ပဲ့တင်ထပ်သံစွမ်းအားတို့ကြောင့် မျက်စိစူးလောက်အောင်တောက်ပနေပြီး ထိုးနှက်မှုတိုင်းကလည်း ကျိစွန်းကိုကောင်းကောင်းကြီးအခက်တွေ့စေနိုင်သည်အထိ အားကောင်းလှသည်။
ချင်ဇူလု၏တိုက်ခိုက်မှုကို ရင်ဆိုင်ရပေမယ့် ကျိစွန်းတစ်ယောက် အရင်ကလို အေးဆေးတည်ငြိမ်နေပြီး နောက်တွင် ပုံရိပ်ယောင်များကျန်ရစ်သည်အထိ လျင်မြန်စွာနဲ့အဆက်မပြတ် ရှောင်တိမ်းကာနေရပြီး ချင်ဇူလု၏ တိုက်ခိုက်မှုအများစုကို အောင်မြင်စွာ ရှောင်လွှဲပြီးမှသာ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးကို ရယူခဲ့သည်။ ဓားကို လေပြင်းတိုက်သလို အဆက်မပြတ်လှုပ်ရှားလိုက်တိုင်းလေထုထဲတွင် သွေးစက်အချို့လွှင့်ပျံလာသည်။
သို့သော် ထိုသို့သောခြစ်ရာများသည် ချင်ဇူလုအတွက် စိုးရိမ်စရာမရှိသည့်အပြင် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာများကို မကြောက်ဘဲ သူရဲကောင်းဆန်သော ထိုးစစ်ဖြင့်သာ ဆက်လက်တိုက်ခိုက်နေဆဲပင်။ ရလဒ်အနေဖြင့် ဤပြင်းထန်သော တိုက်ခိုက်မှုပုံစံသည် ကျိစန်းအား သွယ်ဝိုက်သောနည်းဖြင့် ကန့်သတ်ထားသလိုဖြစ်နေသည့်အတွက် ပြိုင်ဘက်ကိုအထိနာအောင်တိုက်ခိုက်ဖို့မလွယ်ကူနိုင်တော့ပေ။
မည်သို့ပင်ဆိုစေကာမူ နှစ်ယောက်သား ဒီအတိုင်းသာ တိုက်ခိုက်နေပါကသိပ်မကြာခင် ချင်ဇူလုရှုံးနိမ့်ရတော့မည်။
ကျိစွန်းသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းပထမအဆင့်ဖြစ်သည့်အတွက် ချင်ဇူလုထက် ကျင့်ကြံမှုအဆင့်မြင့်မားသည်။ထို့ကြောင့် စွမ်းအားအရာတွင် ချင်ဇူလု ကို အသာစီးရထားပြီးဖြစ်သည်။
ကံမကောင်းစွာပဲ၊ ယခု ကြိုတင်ခန့်မှန်းနိုင်သော အခြေအနေသည် ပရမ်းပတာအဖြစ်သို့ ကျရောက်နေပြီဖြစ်သည်။
ချင်ဇူလုနှင့် ကျိစွန်းတို့ နှစ်ဦးစလုံး လီလော့နှင့်လုချင်းအာတို့ ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်ပြီး တစ်ယောက်က ဒီရလဒ်အတွက် ရှင်းရှင်းလင်းလင်း ပြင်ဆင်ထားပြီး ကျန်တစ်ယောက်ကတော့ အံကြိတ်ထားနေရပြီဖြစ်သည်။
တိုက်ခိုက်နေရင်းကနေ ကျိစွန်းက လီလော့ကိုအကဲခတ်လိုက်ပြီး.....
"ဟူးးးး တစ်ယောက်ယောက်က သူ့ရဲ့ ခွန်အားအစစ်အမှန်ကို ဖုံးကွယ်ထားတာပဲ....."
အဖွဲ့၏ အပြင်းထန်ဆုံး တိုက်ခိုက်ရေးသမားသည် အဆင့်ရှစ်အဆင့်မြင့် ရွှေကျားနတ်ဆုံးပဲ့တင်ထပ်သံပိုင်ရှင်ဖြစ်မည်ဟု မူလက ယူဆခဲ့သော်လည်း သူ မှားယွင်းသွားခဲ့ပြီထင်သည်။
"ကျေးဇူးပါပဲ...ရှပြည်ထောင်စုရဲ့ရွှေနဂါးဘဏ်တိုက်ကလူတွေ သူတို့ပို့လိုက်တဲ့သူတွေကို ဘယ်လိုလာခေါ်မလဲ ကြည့်ကြသေးတာပေါ့......" ကျိစွန်းက အေးစက်စွာ ရယ်မောလိုက်သည်။
လီလော့က အဓိပ္ပါယ်မဲ့သော စကားများကို စိတ်မ၀င်စားဘဲ ......
"တောင်းပန်ပါတယ်၊ ဒါပေမယ့် မင်းအတွက် အရေးကြီးတဲ့ မေးခွန်းတစ်ခု ငါမေးစရာရှိတယ်"
ကျိစွန်းဘက်က လျစ်လျူရှုလိုက်သော်လည်း လီလော့က စိတ်ထဲမထားဘဲ လုချင်းအာကိုသာလှည့်ကြည့်လိုက်ပြီး....
"သူမ သွားလေရာတိုင်းဘာလို့ ကံကောင်းခြင်းတွေနဲ့တွေ့နေရလဲ မင်းသိလား....."
***