← Chapters

ဝန်းရံထားခြင်း.....

Vol. 25 Ch. 342

ဝန်းရံထားခြင်း.....

Vol. 25 Ch. 342

လီလော့၏ စကားများ လေထဲတွင် ပျံ့လွင့်လာသောအခါ လုချင်းအာနှင့်ချင်ဇူလုတို့ နှစ်ယောက်စလုံးက သူ့ကို ကြည့်ကာ အံ့သြသွားကြသည်။

ကျိစွန်းက မျက်မှောင်ကြုံ့လိုက်ပြီး.....

"ဘာကိုဆိုလိုတာလဲ?"

"ဘာမှမဟုတ်ဘူး....ခံစားချက်သက်သက်ပါပဲ....."

"ဒါဆို ဘာလို့ ငါကိုလာမေးနေသေးလဲ....."

" ဟူးးးဒီလိုအပြောမတတ်ပုံနဲ့တေယ့ အရိုက်ခံရမှာမြင်ယောင်နေပြီ......"

"မင်းကပဲပြောရတယ်ရှိသေး.... မင်းတို့ ဘာလုပ်နိုင်မှာမို့လဲ.... တတိယအဆင့်နှစ်ယောက်နဲ့ ပထမအဆင့်တစ်ယောက်ပေါင်းထားတဲ့အဖွဲ့ကများ....ဟွန့်......"

ဂေါင်ရှန်းနှင့်ရှုလင်းတို့အလွယ်တကူရှုံးနိမ့်သွားပေမယ့်လည်း ကိုယ့်လူအကြောင်းကိုယ်သိနေသည့်အတွက် ကျိစွန်း အံသြမနေခဲ့ပေ။

ချင်ဇူလုနှင့်လီလော့တို့က တတိယအဆင့်တွင်ရှိနေကြသော်လည်း သူ့(ဂေါင်ရှန်း)အဆင့်နှင့်ကွာဝေးနေဆဲပင်.....

ဒီကောင်တွေ အကြောက်လွန်ပြီးရူးသွားတာလား......

ဝေါင်းးးးးးး

ချင်ဇူလုသည် တိုက်ပွဲဆာလောင်စိတ်များကိုထိန်းမထားနိုင်တော့သည့်အတွက်ကျယ်လောင်စွာဟိန်းဟောက်လိုက်သောအခါ ထိန်းချူပ်မှုလွင့်ထွက်ကုန်ပြီး လိမ္မောရောင်ကျားအစင်းကြောင်းများ သူ့အရေပြားပေါ်တွင်ဖြစ်ပေါ်လာပြီး  ကျိစွန်းဆီသို့ စွမ်းအားပြည့်လှံချက်တစ်ခုပစ်လွှတ်လိုက်လေသည်။

" ငါအရင်က မင်းနဲ့ကစားနေတာကို မင်းကိုယ်မင်း အဟုတ်ကြီးထင်နေတယ်ပေါ့....."

ကျိစွန်း ခြေတစ်လှမ်း လှမ်းဆုတ်လိုက်သည်နှင့် သူ့လက်ထဲတွင် တောက်ပသောဓားတစ်လက်ထွက်ပေါ်လာပြီး အစိမ်းရောင်လေစွမ်းအားများက ထိုဓားပေါ် ဖုံးလွှမ်းသွားပြီး ထောင့်ဖြတ်အနေအထားဖြင့် ချင်ဇူလု၏လှံချက်ကို ခုခံလိုက်လေသည်။

ထန်....

လက်နက်နှစ်ခု တွေ့ဆုံမှုကြောင့် နှင်းပွင့်များလေထုထဲ လွှင့်ပျံကုန်သည်။

ထန်..ထန်....ထန်....ထန်...

တိုက်ခိုက်နေရင်းကနေ အစိမ်းရောင်လေစွမ်းအားများက ကျိစွန်းရဲ့ကိုယ်ပေါ်မှာ ချပ်ဝတ်တန်ဆာတစ်ခုလိုဖွဲ့စည်းလာသည်။တခဏအကြာမှာတော့ ကျိစွန်းက ချပ်ဝတ်အားကိုးဖြင့် ရှေ့တက်လာပြီး ချင်ဇူလုကိုထိပ်တိုက်ရင်ဆိုင်လိုက်သည့်အခါ ချင်ဇူလု၏လှံချက်ကြောင့် ချပ်ဝတ်ပျက်စီးသွားသော်လည်း သူ့ဓားချက်ကြောင့် ချင်ဇူလုအတော်လေးအထိနာသွားခဲ့ရသည်။

နက်ရှိုင်းသော ဓားဒဏ်ရာကြောင့် ကျားစစ်သည်တော်ကြီး ချင်ဇူလု နာကျင်စွာအော်ဟစ်ပြီးနောက်ဆုတ်လိုက်ရရှာသည်။

အသာစီးရနေသည့်အတွက် ကျိစွန်းကလည်း နည်းနည်းလေးမျှ အလစ်မပေးဘဲချင်ဇူလုကို တလဆက်တိုက်ခိုက်နေလေ၏။

သို့ပေမယ့် ချင်ဇူလုရဲ့နောက်ကနေ ခုန်ထွက်လာတဲ့ လူသစ်တစ်ယောက်က တိုက်ပွဲထဲကိုရုတ်တရက်ဝင်ရောက်လာခဲ့ပြီ.......

"ကဲ....မင်းမှာဘာတွေရှိလဲ ကြည့်ရသေးတာပေါ့......"

ကျိစွန်း ရယ်မောလိုက်ပြီး သူ၏ လေစွမ်းအင်သုံး ဓားရှည်ကို အားပြင်းပြင်း ခုတ်ပိုင်းလိုက်လေ၏။

ရေအလင်းစွမ်းအားများဖြည့်သွင်ထားသော လီလော့၏ဓားနှစ်လက်ကနေ ရေအစွန်ဖျားပညာရပ်မှ ဓားချက်များ ထွက်ပေါ်လာခဲ့ပြီ။

ထန်.......ထန်......

သူတို့ရဲ့ ပထမဆုံးထိပ်တိုက်တွေ့ဆုံမှုကြောင့် ကျိစွန်းရဲ့ ယုံကြည်မှုတွေ အနည်းငယ် ပျောက်ရှကုန်သည်။

တမူထူးခြားစွာ သန့်စင်နေသည့်အပြင် အားကောင်းပြတ်သားသည့် လီလော့၏စွမ်းအားများကြောင့် ချင်ဇူလုထက် အများကြီးသာလွန်နေမှန်း ကျိစွန်နားလည်လိုက်ရသည်။

"ဒီကောင်မှာ အဆင့်ရှစ်ရေပဲ့တင်ထပ်သံရှိနေတာလား......"

ကျိစွန်း အံ့အားသင့်သွားသည်။ ထိုအဖွဲ့ကထူးဆန်းနေသည်မှာတော့အမှန်ပင်....ကျင့်ကြံမှုအဆင့်နိမ့်ပါးကျသော်လည်း ပဲ့တင်ထပ်သံများကတော့ အဆင့်မနိမ့်ကြပေ။ အကယ်ဤ လီလော့နှင့်ချင်ဇူလုတို့သာ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်မဟုတ်ဘဲ ပဉ္စမအဆင့်ဆိုပါက တစ်ယောက်တည်းကိုပင်နိုင်အောင်တိုက်ဖို့လွယ်ကူမည်မဟုတ်ပေ။

ထိတ်လန့်နေသော်လည်း ဂေါင်ရှန်း တွန့်ဆုတ်မနေဘဲ နောက်ထပ်တိုက်ကွက်တစ်ခုထုတ်ဖော်လိုက်ပြန်သည်။

သို့သော်လည်း  ချင်ဇူလုက ဒဏ်ရာရနေသည့်အတွက် နောက်ဆုတ်လိုက်သောကြောင့် သက်ရောက်မှုသိပ်မရှိတော့သော်လည်း  လီလော့ကတိုက်ခိုက်မှုများကို အလွယ်တကူ ခုခံနိုင်သော သစ်သားချပ်ဝတ်တစ်ခုဖွဲ့စည်းပြီး ခန္ဓာကိုယ်ကိုဖုံးလွှမ်းလိုက်သည်။

"သစ်သားပဲ့တင်ထပ်သ့စွမ်းအား?!"

ကျိစွန်း အိမ်မက်မက်နေသည်ဟုပင် ထင်နေမိသည်။

ဘာတုန်းဟ....ဒီကောင့်မှာ ပဲ့တင်ထပ်သံနှစ်ခုရှိနေတာလား....ဒါမြို့စားအဆင့်တွေမှာပဲရှိနိုင်တာမဟုတ်ဘူးလား.......

ဘုန်းးးးးးး

ကျိစွန်း မှင်သက်နေစဉ်မှာ ချင်ဇူလုရဲ့ လှံတံက ဉီးခေါင်းနားကနေ သီသီလေးဖြတ်ကျော်သွားခဲ့သည်။ချင်ဇူလု၏တိုက်ကွက်တွေက နတိဆိုးဝင်ပူးနေသလိုပြင်းထန်နေပြီး လှံချက်ကလည်း နဂါးတစ်ကောင်လိုအားပြင်းလွန်းလှသည်။

ထန်.....

ဆူညံလှသော သတ္တုချင်းထိခတ်သံများကြောင့် ကျိစွန်း နားအူနေပြီး တစ်လှမ်းပြီးတစ်လှမ်းနောက်ဆုတ်နေရသည့်အတွက် စိုးရိမ်စပြုလာပြီဖြစ်သည်။

ဒါပေမယ့် စကားတစ်ခွန်းမှ မပြောရသေးခင်မှာ သူ့ခြေဖဝါးအောက်မှာ နှင်းခဲတွေ အေးစက်သွားသလို ခံစားလိုက်ရပြန်သည်။

မနီးမဝေးတွင် ရှိနေသော လုချင်းအာ စတင်လှုပ်ရှားနေပြီ.......

သူမသည် ပုံသဏ္ဍန်ဖွဲ့စည်းခြင်းပထမအဆင့်တွင်သာရှိသေးသည့်အတွက်သူမနှင့်ကျိစွန်း ကြားရှိ ကွာဟချက်ကို သူမကောင်းကောင်းသိသည်။ ထို့ကြောင့် သူမသည် အနီးကပ်တိုက်ခိုက်မည့်အစား အဝေးကနေသာ ကျိစွန်း၏ အမြန်နှုန်းကို လျှော့ချရန် ရွေးချယ်ခဲ့သည်။

ကျိစွန်း  သူမ၏ချုပ်နှောင်မှုကို အလျင်အမြန် ဖယ်ထုတ်လိုက်သော်လည်းစီစဉ်ထားသည်ထက် အချိန်အနည်းငယ် ပိုကြာသွားသည်။

လာပြန်ပြီလား အဆင့်ရှစ်ပဲ့တင်ထပ်သံနောက်တစ်ခု.......

"ဘာတွေဖြစ်ကုန်တာလဲ...."

ကျိစွန်း  ဒေါသတကြီးအော်ဟစ်လိုက်လေသည်။

ရှပြည်ထောင်စုမှာ အဆင့်ကိုးဝိဉာဉ်ရည်တွေမိုးရွှာသလိုရွှာချခဲ့တာများလား.....

နှင်းခဲများ ကင်းစင်သွားချိန်တွင် လီလော့ နှင့် ချင်ဇူလုတို့သည် လျစ်လျူမရှုဝံ့သော ပေါင်းစပ်တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်ပြန်သည်။ ဂေါင်ရှန်းသည် လုချင်းအာဆီကနေ အကြည့်လွှဲလိုက်ပြီး လီလော့တို့ကို အာရုံစိုက်လိုက်သည်။

လီလော့နှင့်ချင်ဇူလုတို့၏ပူးပေါင်းတိုက်ကွက်တွေက မှန်းမရအောင်ပြင်းထန်နေသည့်အတွက် ဂေါင်ရှန်း နည်းနည်း​လေးမျှ သတိမလွတ်ရဲခဲ့ပေ။

လှုပ်ရှားမှုတွေ ပြည့်နှက်နေတဲ့ ရှေ့မတိုးနောက်မဆုတ်အခြေနေမှာ ကျိစွန်း စိတ်ငြိမ်အောင်ထိန်းဖို့အတော်ကြိုးစားနေရသည်။

သူ့ပြိုင်ဘက်နှစ်ဦးသည် ကျင့်ကြံမှုအဆင့်နိမ့်ပါးသော်လည်း၊ ၎င်းတို့တွင် အခြားလှည့်ကွက်များ ရှိသေးသည်။ ချင်ဇူလု၏ ရွှေကျားနတ်ဆိုး ပဲ့တင်ထပ်သံသည် သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို မြှင့်တင်ပေးပြီး တုန်လှုပ်ချောက်ချားသော စက်ရုပ်ကဲ့သို့ တိုက်ပွဲဝင်စေနိုင်ရန်ထောက်ပံ့ပေးနေသည်။

လီလော့က ပိုတောင်ဆိုးသေးသည်။ သူ၏  ရေစွမ်းအားသည် မယုံနိုင်လောက်အောင် သန့်စင်နေပြီး ၎င်းကို ဖြည့်စွက်ရန် သစ်သားပဲ့တင်ထပ်သံလည်း ရှိနေသေးသည်။

ဂေါင်ရှန်းသည် ကျင့်ကြံမှုအဆင့်ပိုမြင့်သော်လည်း အသာစီးရနေသောအနေအထားဟုတ်မနေခဲ့ပေ။

ထို့အပြင်၊ အဆင့်ရှစ်ရေခဲပဲ့တင်ထပ်သံပိုင်ရှင်ကလည်း တစ်ချက် တစ်ချက် ဝင်နှောက်နေသည့်အတွက် များစွာအခက်တွေ့နေရသည်။

တောက်...ချွတ်တားသုံးကောင်လို့ထင်ခဲ့မိတာအခုတော့ အမိုက်စားသုံးကောင်ဖြစ်နေပါပကောလား......ခက်လိုက်တာ....

ကျိစွန်း  အခြေနေမဟန်တော့သဖြင့်ထွက်ပြေးဖို့ပြင်လိုက်သော်လည်း

ရွှတ်......

ဘယ်ကထွက်လာမှန်းမသိသော

သစ်မြစ်များသည် စပါးအုံးမြွေကဲ့သို့ ဂေါင်ရှန်း၏​​ခြေထောက်နှစ်ဖက်ကိုတင်းကြပ်စွာရစ်ပတ်ထားလေပြီ။

ရုန်းကန်ဖို့ကြိုးစားနေချိန်တွင် ဓားတိုနှစ်လက်နှင့်လှံတစ်ချောင်းရောက်ရှိလာသောကြောင့် ဂေါင်ရှန်း ခေါင်းငိုက်စိုက်ခကော အရှုံးပေးလိုက်ရတော့သည်။

လီလော့က ထိုင်ချလိုက်ပြီး ဂေါင်ရှန်းရဲ့ဉီးခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်ပြီး......

"ကဲ သူငယ်ချင်း၊ ငါတို့ စကားကောင်းကောင်းပြောလို့ရမလား....."

***

All Chapters