ရွှေနဂါးချီဓာတ်......
Vol. 25 Ch. 343
လီလော့ သူ့ခေါင်းကို ပျော်ရွှင်စွာ ပွတ်သပ်လိုက်တာကြောင့် ကျိစွန်း အလွန်ဒေါသထွက်နေပြီး နဖူးကြောတွေပါ ထောင်တက်လာသည်ကိုမြင်နေရသည်။
" ဟွန့်...ဘယ်သူကြိုသိနိုင်မှာလဲ...ငါ့လိုကြီးမြတ်တဲ့ကျိစွန်က မြောင်းပုတ်တစ်ထဲချော်ကျခဲ့ရတယ်လို့ကွာ......"
"ဟေ့ကောင်....ဘာကိုမြောင်းပုပ်လဲ ငါတို့အဖွဲ့က ကြီးမားတဲ့မြစ်တစ်စင်းကွ....မင်း မျက်လုံးကန်းနေလား....."
ကျိစွန်းက အော်ဟစ်ငြင်းခုံမနေတော့ဘဲ.....
" အနိုင်ရတာနဲ့ပွဲပြီးသွားပြီထင်နေတာလား....အခုမှပွဲစမှာ......"
လီလော့က ကျိစွန်းကို အဓိပ္ပါယ်ပါပါစိုက်ကြည့်လိုက်ပြီး.....
"သေချာတယ်....မင်းတခုခုသိထားတယ်မဟုတ်လား....ငါတို့ကိုပြောမပြချင်ဘူးလား......"
"မင်းကိုယ်မင်း ဘာထင်နေလဲ...ပြောမပြတော့ဘာဖြစ်လဲ....မင်းငါ့ကိုသတ်ပစ်လို့မရဘူးလေ..ဟားးဟားးး"
"အကူညီလိုနေတဲသူကို ကူညီလိုက်ရုံပဲလေကွာ....လွယ်တာကိုခက်အောင်မလုပ်ချင်စမ်းပါနဲ့....."
လီလော့ဘက်က လေပြေသွေးနေပေမယ့် နှာမှုတ်သံကလွဲရင်ဘာမှမတုံ့ပြန်လာတောကြောင့် ချင်ဇူလု စိတ်မရှည်နိုင်တော့ပေ။
" ကြာတယ်ကွာ...ခြေတွေလက်တွေချိုးပစ်လိုက်ရင် ဒီကောင်ပါးစပ်ဖွင့်လာလိမ့်မယ်......"
" ဟားးးဟားးး လုပ်လိုက်လေ၊ ငါသာ ဆိုးဆိုးဝါးဝါးဒဏ်ရာရခဲ့ရင် ယာယီသေဆုံးသလိုဖြစ်သွားပြီး နယ်မြေထဲကချက်ချင်းထုတ်ပယ်ခံလိုက်ရလိမ့်မယ်....အဲ့တော့ မင်းတို့ငါ့ကို ထိခိုက်အောင်လုပ်လို့မရဘူး....."
ဂေါင်ရှန်း၏ ခပ်ထေ့ထေ့ အဖြေကြောင့် ချင်ဇူလု တကယ်ကိုဒေါသပုန်ထနေလေပြီ.....
ချီးတဲ့မှပဲ....ဒီလောက်တောင်အကာအကွယ်ပေးနေမှတော့ တာအိုနယ်မြေထဲလာရတာ ဘယ်ပျော်စရာကောင်းတော့မှာလဲ.....
လီလော့က ချင်ဇူလုကို လှမ်းဆွဲလိုက်ပြီး.....
"ကဲပါကွာ....မင်းဘာလို့ဒီလောက်ကြမ်းတမ်းပြီး အချိန်ပြည့်ရိုက်နှက်ချင်နေတာလဲ.....အေးဆေးပေါ့..ငါတို့လမ်းမှာ ရမက်ပန်းခင်းအချို့တွေ့ခဲ့တယ်မလား.....နည်းနည်းလောက်ခူးပြီး ဒီကောင့်ကိုကျွေးလိုက်မယ်ကွာ....."
"ရမက်ပန်းခင်း....."
ချင်ဇူလု ဤအကြံအစည်ကြောင့် မှင်တက်နေရှာသည်။ ၎င်းသည် မိတ်လိုက်ရာသီတွင် ဝိညာဉ်သားရဲများ ရမက်ထအောင်ဝါးစားကြသော ပန်းပင်ဖြစ်သည်။
လုချင်းအာသည်လည်း ထိုအကြံအစည်ကြောင့် မျက်နှာတစ်ခုလုံးပူထူနေရှာသည်။
"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?"
"ဟေး စိတ်မပူနဲ့၊ ငါတို့ မင်းကို ဒုက္ခမပေးပါဘူး..... မင်းကို ရမက်ပန်းပွင့်တွေ ကျွေးပြီးရင် မိတ်လိုက်ဖို့ သားရဲအမတစ်ကောင်ရှာပေးမယ်....စိတ်မပူနဲ့......."
ကျိစွန်း ဒေါသထွက်လွန်းသဖြင့်မျက်နှာတခုလုံးစိမ်းပြာနေလေပြီ။
ဘာပြောတယ်....မိတ်လိုက်ဖို့ သားရဲအမတစ်ကောင်ရှာပေးမယ်....အောက်တန်းကျလှချည်လား......
" သေချင်းဆိုးနဲ့ သေမယ့်ကောင်....."
"ပြောချင်သလိုပြော....မင်းကိုစဉ်းစားဖို့သုံးစက္ကန့်အချိန်ပေးမယ်....."
" တစ်....."
" ရောင်းရင်း.....မေးချင်တာမေးပါတော့ကွာ....."
လီလော့ 2 အထိ ရေမတွက်ခင်မှာ ကျိစွန်းက အရိုးသားဆုံးမျက်နှာထားနဲ့ အလျင်စလိုသဘောတူလိုက်တော့သည်။
အပြောင်းအလဲမြန်သော ကျိစွန်းကို ချင်ဇူလုက....
"ဘယ်လိုတောင် အောက်တန်းကျလိုက်သလဲ......"
ပိုးမွှားနဲ့တူတဲ့ကောင်က အရိုးတွေချိုးမယ်ပြောတုန်းက လျှို့ဝှက်ချက်ကိုသေတဲ့အထိ စောင့်ထိန်းမယ့်ပုံနဲ့ အခုကျတော့လီလော့က ရမက်ပန်းပွင့်ကျွေးမယ်ပြောလိုက်ရုံနဲ့ ရောင်းရင်းတွေဘာတွေခေါ်နေပြီ.....ကမ္ဘာကြီးက လက်တွေ့ဆန်လိုက်တာ......
ကျိစွန်း ကြောက်မယ်ဆိုလည်း ကြောက်လောက်စရာပင်....ချင်ဇူလု ချိန်းခြောက်တာက မသကာအရိုးကျိုးပြီးအနည်းပွန်းပဲ့ရုံလောက်ပါပဲ...ဒါပေမယ့် လီလော့ချိန်းခြောက်တာကြီးက သေရာပါအရိပ်မည်းကြီးအဖြစ် သိက္ခာတွေအဖတ်ဆယ်မရအောင်ကျဆင်းရမည့်အကွက်ပင်.....ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေထက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေက ပိုကြောက်စရာကောင်းသည်မဟုတ်လော.....
မျက်နှာပေါ်တွင် တောက်ပသောအပြုံးဖြင့် လီလော့ ခေါင်းညိတ်သဘောတူသည်။
"သူငယ်ချင်း.... မင်းကရွယ်တူတွေကြားမှာတောင် ထူးချွန်တဲ့ အရည်အချင်းရှိသူ တစ်ယောက်ပါ....ဘာတွေဖြစ်နေတယ်ဆိုတာ ရှင်းပြပေးနိုင်တယ်မဟုတ်လား......"
လုချင်းအာ ဘာ့ကြောင့် ကံကောင်းနေသလဲ အကုန်လုံးသိချင်နေကြသည်။
ကျိစွန်းက လုချင်းအာကိုတစ်ချက်ကြည့်လိုက်ပြီး........
"ဒီကောင်မလေးက ရွှေနဂါးဘဏ်တိုက်ကလာတာမလား....."
လီလော့က ရိုးရှင်းစွာ ခေါင်းညိတ်လိုက်သည်။
"ဒါဆို မင်းတို့တွေ ရွှေနဂါးတာအိုနယ်မြေအကြောင်း အိမ်စာမလုပ်ခဲ့ကြဘူးလား....ဘယ်သူမဆို ခန်မှန်းနိုင်နေတဲ့ကိစ္စကို လာမေးနေတယ်......."
လီလော့နှင့် ချင်ဇူလုတို့သည် ရွှေနဂါးဘဏ်တိုက်မှ မဟုတ်သောကြောင့် ရွှေနဂါးတာအိုနယ်မြေ ၏ လျှို့ဝှက်ချက်များကို သေချာပေါက် မသိရှိခဲ့ကြပေ။
ထိုအချိန်တွင် လုချင်းအာသည် ရှက်စိတ်ဖြင့်မျက်နှာတခုလုံး နီရဲလာသည်။
ငါဘာငါ ဒီနေရာကို အလည်အပတ်သဘောနဲ့လာတာလေ...ဘာလို့ထဲထဲဝင်ဝင်လေ့လာနေရမှာလဲ....မေးမယ့်မေးတော့လဲ ဒီလိုကြီးတည့်မေးရသလား....အခုတော့အရှက်ကွဲကုန်ပြီ.......
"ငါခန့်မှန်းတာ မမှားရင်သူ့ဆီကနေ ရွှေနဂါးချီတွေ ထုတ်လွှတ်နေတယ်......"
"ရွှေနဂါးချီ?"
လီလော့ က စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ရှင်းရှင်းပြောရရင် သူက ဒီနယ်မြေနဲ့မြင့်မားတဲ့အချိတ်အဆက်ရှိနေတာ ဒါမှမဟုတ် သူ့ပဲ့တင်ထပ်သံက ဒီနေရာနဲ့ တသားထဲကျနေလို့ပဲ...ဒါ့ကြောင့် သူကရွှေနဂါးချီတွေကိုဆွဲဆောင်နိုင်နေတာ....ဒါဟာ ကောင်းချီးပေးခံလိုက်ရသလိုပဲ....ပြင်ပကမ္ဘာမှာ ဒါတွေ
သုံးမဝင်ပေမယ့် တာအိုနယ်မြေထဲမှာ သူက ကံအကောင်းဆုံးလူသားပဲ....သူဘယ်သွားသွား ကံကောင်းခြင်းတွေသူ့နောက်လိုက်နေလိမ့်မယ်...ရှားပါးတဲ့ဆေးမြစ်တွေ၊အဖိုးတနိရတနာတွေ သူ့လက်ထဲအလိုလိုရောက်လာလိမ့်မယ်......"
"ရွှေနဂါးချီကို ဆွဲဆောင်သူတစ်ယောက်ဆိုတာ သိပ်ကိုရှားပါးလွန်းတယ်..... ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျမြင်ဖူးတာ ဒါပထမဆုံးပဲ....."
လုချင်းအာ၊ လီလော့နှင့် ချင်ဇူလုတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ရွှေနဂါးတာအိုနယ်မြေ များသည် အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်ပြီး ထိုသို့သော ထူးဆန်းသော အံ့သြဖွယ်ရာများကို ဖန်တီးနိုင်ခဲ့သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် လုချင်းအာသည် ယခုအခါ ကံဇာတာမီးရှူးတန်ဆောင်ဖြစ်လာပြီး သူမ သွားချင်သည့်နေရာတိုင်းတွင် ရတနာများကို သူမ၏ရင်ခွင်ထဲသို့ မလွဲမသွေ ကျရောက်စေမည်ဖြစ်သည်။
လီလော့ တစ်စုံတစ်ခုကို ရေရွတ်နေရင်းကနေ စိတ်လှုပ်ရှားနေမည့်အစား မျက်မှောင်ကြုတ်သွားသည်။ ဤရွှေနဂါးချီသည် အကျိုးကျေးဇူးများစွာကို ဆောင်ကြဉ်းပေးနိုင်သော်လည်း ဤလောကတွင် ရတနာများစွာရှိခြင်းသည် ၎င်းကိုမကာကွယ်နိုင်လျှင်ဘေးဉပဒ်ဖြစ်လာနိုင်သည်။
ထို့အပြင်၊ သူတို့အဖွဲ့၏ အင်အားသည် ရွှေနဂါးတာအိုနယ်မြေ တွင် ထိပ်တန်းအဆင့် မဟုတ်ပေ။ လောဘလွန်ကဲတဲ့ မျှော့တွေသာ သူတို့ကိုမျက်စိကျသွားရင်........
ထိုအချိန်တွင်၊ အားကြီးသောအုပ်စုများသည် လုချင်းအာကို ဖမ်းယူကာ ရတနာရှာသောလမ်းပြအိမ်မြှောင်အဖြစ်စေခိုင်းကြလိမ့်မည်။
ထိုသို့သော အခန်းကဏ္ဍမှ အတင်းအကြပ် ခိုင်းစေခြင်းသည် ဆိုးရွားသော အတွေ့အကြုံတစ်ခု ဖြစ်မည်မှာ မလွဲမသွေဖြစ်သည်။
ချင်ဇူလုက မှတ်ချက်မပေးဘဲငြိမ်နေသောလည်း တိုက်ပွဲဆာလောင်နေသော သူ့ကိုအမဟုတ်ဘဲလုချင်းအာကိုသာ အာရုံထားတိုက်ခိုက်လာမည်ကိုတွေးကြည့်ပြီး အတော်စိတ်ဓာတ်ကျနေရှာသည်။
လုချင်းအာက .........
"ငါတို့ ဒီမှာ ခဏလောက် ပုန်းနေလို့မရဘူးလား......ငါ့ရဲ့ရွှေနဂါးချီကို မဖော်ထုတ်သရွေ့တော့ နောက်ထပ်ဒုက္ခမဖြစ်စေရဘူး..."
လီလော့ သေချာစဉ်းစားနေသည်။ ဗျူဟာကျကျ ခေတ္တရပ်ဆိုင်းခြင်းသည် ကောင်းမွန်သော အကြံဥာဏ်ဖြစ်သည်။ ရွှေနဂါးချီ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို နားလည်ခွင့်ရပြီး အဲဒါကို ထုတ်ဖော်မရအောင် ကြိုတင်သတိထားနိုင်လျှင် လုံခြုံနိုင်လောက်သည်။
ထိုအချိန်တွင် ကျိစွန်းက ထူးဆန်းသောအမူအရာဖြင့် သူ့ကိုကြည့်နေသည်ကို သူသတိထားမိလိုက်သည်။ တစ်ခုခုကို ဖြတ်ကနဲတွေးလိုက်မိသည့်အတွက် .......
" သူငယ်ချင်းလေး.....မင်း ဒီသတင်းကိုဖြန့်ပြီးပြီမဟုတ်လား......"
ဂျီဆန်းက အားတင်းပြုံးပြလိုက်ပြီး.....
"မဖြန့်ပါဘူးကွာ....."
သူ့အား စက္ကန့်အနည်းငယ်ကြာမျှ စိုက်ကြည့်နေသော လီလော့က.....
"ဒီမှာ ငါတို့ရဲ့ ချစ်လှစွာသော သူငယ်ချင်းတစ်ယောက်က ရမက်ပန်းပွင့်ကမြည်းစမ်းကြည့်ချင်နေပုံပဲ......"
ကျိစွန်း၏အမူအရာများ ထိတ်လန့်တကြားပြောင်းလဲသွားကာ သူ၏ယခင်ရိုးသားရိုးသားသောအသွင်အပြင်သို့ အလျင်အမြန်ပြောင်းလဲလိုက်ပြီး......
"တကယ်တော့... ငါမင်းတို့အဖွဲ့ကိုနောက်ယောင်ခံလိုက်နေကတည်းက ဒီသတင်းကို ငါတို့ဝင်ရိုးစွန်းဝံပုလွေနိုင်ငံရဲ့ နကျယ်ကောင်စာလိပ်မှာရေးပေးလိုက်ပြီးသား........"
လီလော့နှင့်လုချင်းအာတို့က ရေခဲတမျှအေးစက်နေသောအကြည့်များဖြင့်ကြည့်နေသည့်အတွက် ဂေါင်ရှန်း ဘာကိုမှထိန်ချန်မထားရဲပေ။
" မင်းရူးနေတာလား....ဒီလောက်ကောင်းတဲ့အခွင့်ရေးကိုတစ်ယောက်တည်းသိမ်းမယူဘဲဘာလို့သူများတွေနဲ့ခွဲဝေချင်တာလဲ...."
"တခြားအဖွဲ့ခေါင်းဆောင်က ငါ့ရဲ့ အရင်းနှီးဆုံး အစ်ကိုပါ... မထင်မှတ်ဘဲ တစ်ခုခုဖြစ်ခဲ့ရင် ဒီကံကောင်းမှုတွေက သူတို့ဆီမှာဆို လုံခြုံသွားနိုင်တယ်... ပြင်ပလူတွေကို ဘာလို့ အကျိုးခံစားခွင့်ပေးရမှာလဲ....."
လီလော့သည် ထိုအချိန်တွင် ကျိစွန်း ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
ကျိစွန်း ကျောရိုးထဲစိမ့်သွားသည်အထိ အေးစက်လာသည့်အတွက် .....
" ရောင်းရင်း...ကိုယ့်စကားကိုယ်မမေ့နဲ့နော်....ကျေးဇူးပြုပြီး လူသားဆန်မှုကိုထိန်းသိမ်းထားပေးပါ......"
လီလော့ ဒေါသတွေကိုအနိုင်နိုင်မြိုသိပ်လိုက်ပြီး.......
"ဟိုသူတောင်းစားနှစ်ကောင်ကိုဒီကိုသယ်လာခဲ့....ပြီးရင်ဒီသုံးကောင်လုံးကို လာရာလမ်းအတိုင်းပြန်ပို့ပေးလိုက်ကြရအောင်......"
***