ကံကောင်းခြင်း......
Vol. 25 Ch. 344
ရွှေရောင်အခိုးအငွေ့များ ကောင်းကင်ပေါ်သို့တလူလူလွင့်တက်သွားသည့်အခါ ကျိစွန်းတို့သုံးယောက်လုံးအစအနမကျန်အောင်ပျောက်ကွယ်သွားကြပြီး လေဟာနယ်အက်ကွဲကြောင်မှတဆင့် ရွှေဒဂါး ဆယ်ပြားထွက်ကျလာသည်။
လီလော့ ရွှေဒဂါးများကို ကောက်ကိုင်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ"
ချင်ဇူလုက သူ၏လေးလံသောလှံကို သန့်ရှင်းရေးလုပ်ရင်း မေးလိုက်သည်။
"ဘာများလုပ်နိုင်မှာမို့လို့လဲ.....ဝင်ရိုးစွန်းဝံပုလွေနိုင်ငံက တခြားအဖွဲ့ကို ထုတ်ပစ်ရမှာပေါ့..... မဟုတ်ရင် ငါတို့ခေါင်းပေါ်မှာ ဓားမိုးထားသလိုဖြစ်နေလိမ့်မယ်...အကောင်းဘက်ကလှည့်တွေးမယ်ဆိုရွှေနဂါးချီကိုဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ သင်ခဲ့ရလို့ အရင်လိုလက်လွတ်စံပယ်မဟုတ်ဖြစ်တော့ဘူးပေါ့......."
ကျိစွန်း၏သတင်းပေးမှုကြောင့် လုချင်းအာတွင်ရွှေနဂါးချီရှိနေကြောင်းကို ဝင်ရိုးစွန်းဝံပုလွေနိုင်ငံက အဖွဲ့တွေသိရှိနေလောက်ပြီ။ကောင်းကောင်းပြင်ဆင်ထားရင်တော့ ခုခံနိုင်ကောင်းပါရဲ့. ....
ထို့အပြင် အခြားအဖွဲ့တစ်ဖွဲ့က သတင်းရရှိသည်နှင့် တပြိုင်နက် ၎င်းတို့သည် အရှိန်အဟုန်ဖြင့်ခရီးနှင်လာကြလိမ့်မည်။ ထို့ကြောင့် ချက်ကောင်းရိုက်ချနိူင်ဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေရတော့မည်။
လုချင်းအာက.........
"အစကတော့ ရွှေဒဂါးတွေလွယ်လွယ်ရလို့ပျော်နေခဲ့တာ...အခုတော့ ပြသာနာကိုလက်ယက်ခေါ်သလိုဖြစ်နေပြီ......"
"အဲ့လိုမပြောပါနဲ့... ဒီနယ်မြေထဲကိုရောက်လာပြီဆိုကတည်းက အနည်းနဲ့အများ ပြသာနာရှိလာနိူင်တာကြိုသိပြီးသားပဲ.....ဝင်ရိုးစွန်းဝံပုလွေနိုင်ငံက အဖွဲ့ကိုရှင်းပြီးရင်သိုသိုသိပ်သိပ်နေလိုက်ရုံပဲလေ...ဒါဆိုငါတို့ကိုဘယ်သူမှအာရုံစိုက်မှာမဟုတ်တော့ဘူး.....ငါ့ကိုယုံပါ....... ရုပ်ချောတဲ့လူတွေက အမြဲတမ်းကံကောင်းကြတယ်......"
…................................
ဘန်းးးးးး
တစ်ချိန်တည်းမှာပင် အခြားနေရာရှိ တောအုပ်တစ်ခုတွင် ...
တိုက်ပွဲဖြစ်ပွားနေသည့်အတွက်ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားများ ပေါက်ကွဲနေပြီး အနီရောင်တောက်လောင်နေသော စွမ်းအားများသည် မီးတောက်လှိုင်းလုံးများကဲ့သို့ ဖြတ်ကျော်သွားကာ ဖြတ်သန်းသွားသော သစ်ပင်များအားလုံးကို ပြာကျသွားစေခဲ့သည်။
နက်နဲသော တောနက်အတွင်း၌ မြေပြင်ပေါ်တွင် လူနှစ်ယောက်လဲကျနေပြီး နှစ်ယောက်စလုံးမှာ မီးခိုးငွေ့များထဲမှ သူတို့ဆီသို့ လျှောက်လာနေသူကို ထိတ်လန့်တကြားဖြင့်ကြည့်နေကြသည်။
ထိုသူက လက်ဗလာဖြစ်နေပြီး အထူးခြားဆုံးအချက်မှာ သူ့လက်သီးတစ်ဖက်စီတွင် နီမြန်းသော ပဲ့တင်ထပ်သံစွမ်းအားများတောက်လောက်နေပြီး ပြင်းထန်ပူပြင်းသောချော်ရည်များ တသွင်သွင်စီးကျနေသည်။
ထိုအချိန်တွင် သနားစရာကောင်းသော လူငယ်နှစ်ဦးသည် ကြောက်ရွံ့မှုနှင့် ဒေါသစိတ်တို့ဖြင့် ထိုလူငယ်ကို စိုက်ကြည့်နေကြပြီး......
"သိပ်လွန်မလာနဲ့.ကျောင်ဇီယန် ..... ငါတို့ မင်းကို ဘယ်တုန်းကမှ အနှောက်အယှက် မပေးခဲ့ဖူးဘူး....မင်း ငါတို့ကို ဘာလို့ ရုတ်တရတ် တိုက်ခိုက်ရတာလဲ..... "
လူငယ်က ယုံကြည်မှုအပြည့်နဲ့ ပြုံးပြလိုက်ပြီး......
"အင်း... မင်းမျက်နှာတွေကိုကြည့်ရတာ မျက်စိနောက်လာလို့ပေါ့ကွာ....."
အဖြေက သူတို့နှစ်ယောက်မျှော်လင့်ထားသလိုဟုတ်မနေသည့်အပြင် စိတ်ပျက်စရာကောင်းပြီး သူတို့ကို ပိုလို့တောင် ဒေါသဖြစ်စေသည်။ ကျောက်ဇီယန်သည် သဲသံမဏိအင်ပါယာမှဖြစ်ပြီး အဆင့်ရှစ် ချော်ရည်ပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူဖြစ်သည်။
သူသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းဒုတိယအဆင့်ဖြစ်ပြီး ရွှေနဂါးတာအိုနယ်မြေထဲတွင်အသန်မာဆုံးထဲမှ တစ်ဦးဟု ယူဆနိုင်သည်။
ကျောက်ဇီယန်သည် အကျိုးဆက်များကို ခံစားရမည်ကို စိုးရိမ်၍ မည်သည့်အခါမျှ ဆိုးဝါးသောအပြုအမူများကိုမပြုမူတတ်ခဲ့ပေ။
နှစ်ယောက်သား ဒေါသထွက်နေသော်လည်း ဒေါသကို မျိုချလိုက်ပြီး.....
"သခင်လေး...မင်းကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့ရင် ကျွန်တော်တို့ သေချာပေါက် တောင်းပန်ပါ့မယ်..."
"ဟမ့်.... မင်းတို့တစ်နေရာရာကို ပြေးနေပြီး ကံကောင်းခြင်းနဲ့ ရတနာတွေအကြောင်း ပြောနေတာ ငါကြားတယ်"
ကျောင်ဇီယန် က ပြုံးပြုံးလေးဖြင့် တစ်လှမ်းချင်း လှမ်းလာနေသည်။
"သခင်လေး နားကြားမှားနေတာဖြစ်ပါလိမ့်မယ်....."
ကျောင်ဇီယန် က နှစ်ယောက်သားဆီသို့ လျှောက်လာပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူတို့၏ခန္ဓာကိုယ်ပေါ်မှာ စတင်ရှာဖွေခဲ့သည်။ သိပ်မကြာခင်မှာပဲ ဝါးပြွန်လေးတခုကိုရှာတွေ့လိုက်ပြီး ဖွင့်ကြည့်လိုက်တော့ စာရွက်တစ်ရွက်ထွက်ကျလာသည်။
စာရွက်တစ်ရွက်ကို အနီးကပ်ကြည့်လိုက်တော့ သူ့အကြည့်တွေက တဖြေးဖြေးပြုံးရိပ်သန်းလာပြီး......
"ဒါဆို တစ်စုံတစ်ယောက်ဟာ ရွှေနဂါး ချီ ကို အမှန်တကယ် ပိုင်ဆိုင်ထားတယ်ပေါ့....."
ကျောင်ဇီယန် ၏မျက်ဝန်းများထဲတွင် စိတ်ဝင်စားမှုတစ်ခုပေါ်လာသည်။ သူ့အတွက် ကံကောင်းတာက စာရွက်ပေါ်တွင် ရွှေနဂါးချီ ပိုင်ဆိုင်သည့်အဖွဲ့၏ တည်နေရာနှင့် အသွင်အပြင်များအပါအဝင် အသေးစိတ်အချက်အလက်များနှင့် အချက်အလက်များစွာပါရှိနေသည်။
ထိုအချိန်တွင် လေတိုးသံ ကြားလိုက်ရပြီး သူ့ဘေးတွင် အရိပ်နှစ်ခု လင်းလက်လာသည်။
"ထွက်ပြေးသွားတယ်..." ဟု အသစ်ရောက်လာသူတစ်ဦးက ကူကယ်ရာမဲ့စွာငြီးတွားလိုက်သည်။
ကျောက်ဇီယန်က......
"ကြွက်တစ်ကောင်လောက်ကို စိတ်ပူနေစရာမလိုဘူး... အရေးကြီးတဲ့ သတင်းတစ်ခု ငါ့လက်ထဲ ရောက်နေပြီ......"
ထို့နောက် စာရွက်ကို အသင်းဖော်များထံ ပေးလိုက်လေသည်။ နှစ်ယောက်သား အံ့သြတကြီးဖြင့် အချက်အလက်များကို အမြန်စစ်ဆေးခဲ့ကြပြီး......
"ရွှေနဂါးချီလား..... ဒါက လမ်းလျှောက်နေတဲ့ ရွှေတွင်းပဲ.... ငါတို့ သူ့ကို ဖမ်းနိုင်ရင် သုံးမကုန်တဲ့ရွှေတွေရနိုင်ပြီပေါ့....."
ကျောက်ဇီယန် က ကြောင်သူတော် အပြုံးမျိုးပြုံးပြရင်း ခေါင်းညိတ်လိုက်သည်။
"သွားကြရအောင်..... ဒီသတင်းက အခုလေးတင်ရောက်လာတာဆိုတော့ စောစောထတဲ့ငှက်အစာဝဝစားရတယ်....ငါတို့အစောဆုံးလှုပ်ရှားကြမယ်......"
"ဒီနှစ်ကောင်ကိုဘယ်လိုလုပ်မလဲ...."
အခြားအသင်းဖော်က ကျောက်ဇီယန်လက်ချက်ဖြင့် သတိလစ်မေ့မြောနေသော နှစ်ယောက်ကို ညွှန်ပြပြီးမေးလိုက်သည်။
"အမွှေးတိုင်ထွန်းပေးလိုက်ပေါ့ကွာ....."
ကျောင်ဇီယန်က တောထဲမှ ထွက်လာစဉ် လက်ဝှေ့ယမ်းလိုက်ပြီးအချက်ပြလိုက်သည့်အတွက် ကျန်တဲ့အသင်းဖော်နှစ်ဉီးက ရွှေနံ့သာတိုင် မီးရှို့ပြီး ရွှေဒဂါးများကောက်ယူကာ ကျောက်ဇီယန်နောက်သို့ အလျင်စလိုပြေးလိုက်သွားကြသည်။
သူတို့သုံးယောက်ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ပဲ့တင်ထပ်သံစွမ်းအားလှိုင်းတွေနှင့်အတူ ကောင်းကင်ပေါ်မှ လူတစ်ဉီးဆင်းသက်လာပြီး ကျောက်ဇီယန်တို့ထွက်သွားသည့်ဘက်ကို ဒေါသတကြီးစိုက်ကြည့်နေသည်။
ထိုသူသည် အမွှေးနံ့သာပူဇော်ခံခဲ့ရသူနှစ်ဉီး၏အဖွဲ့ခေါင်းဆောင်ဖြစ်သည်။
သူသည် ဝင်ရိုးစွန်းဝံပုလွေနိုင်ငံ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ ကျိစွန်း သတင်းပေးပို့လိုက်သည့်တစ်ယောက်ပင်......
ကျိစွန်းကတော့ သူ့သူငယ်ချင်းတွေ ဒီလောက်ဆိုးတဲ့ ကံကြမ္မာဆိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိမည်မဟုတ်။ သတင်းရပြီးပြီးချင်း အပြေးအလွှားသွားရောက်ကာ ဆုများကို ရယူရန် ဆုံးဖြတ်ခဲ့ကြသော်လည်း ကျောက်ဇီယန်တို့အဖွဲ့နှင့်တည့်တည့်တိုးခဲ့ကြသည်။ပိုဆိုးသည်က ကျောက်ဇီယန်တစ်ယောက် ခိုးနားထောင်ခဲ့ခြင်းကြောင့်သာအခုလိုသတင်းရသွားခြင်းဖြစ်သည်။
ဒါဟာ ထီပေါက်ပြီးထီလက်မှတ်ပျောက်သလိုပါပဲ........
သူ့အသင်းဖော်တွေအားလုံးကို ဖယ်ထုတ်လိုက်ပြီဖြစ်သည့်အတွက် တစ်ယောက်တည်းအားဖြင့် ရွှေနဂါးချီရယူဖို့မလွယ်တော့ပေ။
ထိုသတင်းကို ကျောက်ဇီယန် ရရှိသွားပြီဖြစ်သဖြင့်တစ်ယောက်တည်းရင်ဆိုင်မည်ဆိုပါက ကျားရှေ့လည်စင်းပေးသလိုဖြစ်နေလိမ့်မည်။
သူ့ဆုလာဘ်ကို လုယူသွားသည့်အတွက် မကျေမနပ်ဖြစ်မိသည်မှာ အမှန်ပင်....သူ့ကို အခွင့်ကောင်းယူသွားတဲ့ ဒီလူယုတ်မာကို လွယ်လွယ်နဲ့ လွှတ်ထားဖို့လည်း ဆန္ဒမရှိခဲ့ပေ။
ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော ဉာဏ်အလင်းအချို့ကို မြင်နိုင်သည်။
ကောင်းပြီ....မစားရတဲ့အမဲသဲနဲ့ပက်ရုံပေါ့ကွာ......ငါမရင် မင်းလည်းလွယ်လွယ်မရစေရဘူး.......
ရွှေနဂါးချီ အကြောင်းကိုသာ ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြန့်လိုက်ရင် ကျောက်ဇီယန်ကို အနိုင်မယူနိုင်သော်လည်း အဆုံးမရှိသော ဒုက္ခများဖြစ်ပေါ်စေလိမ့်မည်။
"ကျောက်ဇီယန် မင်းက ယုတ်မာတဲ့ နတ်ဆိုးပဲ....စောင့်နေလိုက်စမ်းပါ....."
.................................
နှင်းထူထပ်သော တောင်တန်း.............
လီလော့နှင့် သူငယ်ချင်းများသည် လက်ရှိတွင် နှင်းဖြူဖြူများကို အကာအကွယ်ယူ၍ တောင်ထိပ်တစ်ခုပေါ်တွင်ပုန်းအောင် နေကြသည်။
တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် တောင်ထိပ်အနီးတစ်ဝိုက်ကိုမျက်ချေမပြတ်စောင့်ကြည့်နေကြသည်။
အနည်းဆုံးတော့ နေ့တစ်ဝက်လောက် ရှိနေပြီ.......
ဝင်ရိုးစွန်းဝံပုလွေနိုင်ငံက အဖွဲ့ရောက်လာသည်နှင့် ၎င်းတို့သည် အမြန်ကိစ္စဖြတ်ပြီး ထွက်သွားကြရမည်။
"ဝင်ရိုးစွန်းဝံပုလွေနိုင်ငံကအဖွဲ့တွေ နှေးကွေစလိုက်တာ.... "
အေးခဲနေသော ပတ်ဝန်းကျင်ကြောင့် လီလော့ ငြီးတွားရင်း အဆက်မပြတ် နှာချေနေ၏။
လုချင်းအာက သက်တောင့်သက်သာ ပြုံးလိုက်သည်။ သူမသည် ရေခဲပဲ့တင်ထပ်သံ ပိုင်ဆိုင်ထားသောကြောင့် သူမအတွက် ပြီးပြည့်စုံသော ပတ်ဝန်းကျင်တစ်ခုဖြစ်နေပြီး သူမသည် အအေးဒဏ်ကို ထူးထူးခြားခြား ခုခံနိုင်စွမ်းရှိသည်။
"အလျင်မလိုပါနဲ့....စိတ်ရှည်ရှည်ထားစမ်းပါ....နင့်အတွက်အဆင်မပြေဘူးဆို တခြားနေရာပြောင်းကြမလား....."
လုချင်းအာက အိပ်ကပ်ထဲမှ မွှေးကြိုင်သော အနီရောင်အသီးတစ်လုံး ထုတ်ပေးလိုက်ပြီး....
"ဒါက မြေပေါ်ကနေ ကောက်လိုက်တာ...ငယတို့မှာ ရွှေဒဂါးမရှားဘူးဆိုတော့ နင် စားလိုက်လေ......"
"ဝိုးးးး ရွှေနဂါးချီ က အရမ်းမိုက်တာပဲ"
လီလော့ ဟန်ဆောင်မနေဘဲ ချက်ချင်းကိုက် ဝါးလိုက်ရာ ထိုအသီးသည် ချက်ချင်းအရည်ပျော်သွားပြီး တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသော ပူနွေးသောစွမ်းအင်စိးကြောင်းအဖြစ် ပြောင်းလဲသွားသည်။ မည်သည့်အရင်းအမြစ်ကိုမျှ မဖြုန်းတီးဘဲ၊ လီလော့သည် လှိုင်းဆယ့်နှစ်ဆင့်ကျင့်စဉ်ကို ချက်ချင်းကျင့်ကြံလိုက်ပြီး အာနိသင်များကို လျင်မြန်စွာစုပ်ယူလိုက်သည်။ တခဏအကြာတွင် စွမ်းအားများ ပိုမိုများပြားလာသလိုခံစားလိုက်ရသည်။
ရွှေနဂါးတာအိုနယ်မြေသည် ပျော်ရွှင်မှုအပြည့်ဖြင့် အံ့မခန်းနေရာတစ်ခုဖြစ်သည်။
သူစားလိုက်သည်နှင့် သူ့ဆီသို့ စူးစူးစိုက်စိုက်ကြည့်နေသော ခါးသီးသောအကြည့်ကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ သူ့လက်ထဲက ပုံမှန်မဟုတ်တဲ့ သစ်သီးကို စေ့စေ့ကြည့်နေတဲ့ ချင်ဇူလုကိုတွေ့လိုက်ရပြီး သွေးဆောင်မှုကို တွန်းလှန်ဖို့ ကြိုးစားရင်းတံတွေးကို မျိုချနေရှာသည်။
"အာ...! ငါတောင်းပန်ပါတယ် ရှောင်လုရယ်.... ငါ့မှာ အသီးတစ်ခုပဲရှိတယ်.... နောက်တစ်ခုတွေ့ရင် နင့်ကို သေချာပေါက် ဝေမျှပေးပါ့မယ်...."
လုချင်းအာက ကမန်းကတန်းပြောလိုက်သော်လည်း ချင်ဇူလုက ဆူပုပ်ပုပ်ဖြင့်ဟိုဘက်လှည့်သွားလေသည်။
ထိုအခိုက်အတန့်တွင် အနောက်မြောက်ဘက်သို့ ကြည့်လိုက်သောအခါ လီလော့ ၏ အမူအရာ ပြောင်းလဲသွားသည်။
"တစ်ယောက်ယောက်လာနေပြီ....."
လုချင်းအာနှင့် ချင်ဇူလုတို့လည်း တူညီသောဦးတည်ချက်ဆီသို့ လှည့်လာပြီး ၎င်းတို့၏ လက်ရှိတည်နေရာဆီသို့ အရှိန်ပြင်းစွာ ခရီးနှင်နေသော ပုံသဏ္ဌန်သုံးခုကို တွေ့လိုက်ရသည်။
"ခဏစောင့်.... တစ်ခုခုတော့ မှားနေပြီ...."
လီလော့က မျက်လုံးများဆီသို့စွမ်းအားများပို့လွှတ်ပြီးအမြင်အာရုံတိုးမြှင့်လိုက်သောအခါ သိမ်းငှက်တစ်ကောင်လို မြင်နိုင်စွမ်းရှိလာပြီး အခြားသောအဖွဲ့များကိုပါမြင်လိုက်သည့်အတွက် ထိတ်လန့်သွားခဲ့သည်။
လုချင်းအာနှင့် ချင်ဇူလုတို့သည်လည်း ဤပုံသဏ္ဍာန်ကို သတိပြုမိကြပြီး မျက်စိမျက်နှာပျက်နေလေပြီ ......
"ရုပ်ချောတဲ့လူတွေ ကံကောင်းတယ်လို့ မင်းပြောခဲ့တာမဟုတ်ဘူးလား..."
ချင်ဇူလုက လေသံခပ်တိုးတိုးဖြင့် ငြီးတွားလိုက်သည်။
"အေးပါကွာ...မေနိုးခွေးသားကျိစွန်းက တစ်ဖွဲ့တည်းသတင်းပို့ခဲ့တာမဟုတ်ဘူးကွ!!!!!!!"
***