← Chapters

ကြားဖြတ်ခြင်း...

Vol. 25 Ch. 345

ကြားဖြတ်ခြင်း...

Vol. 25 Ch. 345

ဒေါသတကြီးဆဲဆိုပြီးနောက် လီလော့ က သက်ပြင်းချလိုက်သည်။

ဒါက လုံးဝကို မမျှော်လင့်ထားသလိုဖြစ်နေပြီး သာမာန်အားဖြင့်ပြောရရင် ရွှေနဂါးချီရဲ့လျှို့ဝှက်ချက်ကိုသာ တစ်ယောက်ယောက်ကသိသွားခဲ့လျှင် မည်သူကိုမျှ မျှဝေချင်မည်မဟုတ်ပေ။ ဝင်ရိုးစွန်းဝံပုလွေနိုင်ငံအဖွဲ့က ဘာကြောင့်များ သတင်းဖြန်လိုက်သလဲ.....

ဒီလို မိုက်မဲသူတွေ ဒီကမ္ဘာမှာရှိနေသေးတာလား......

"အခု ငါတို့ဘာလုပ်ကြမလဲ? အဖွဲ့တွေ အရမ်းများနေတယ်..."

လုချင်းအာ က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ငါတို့မှာ ရွေးချယ်စရာမရှိရင် ငါတို့ တိုက်ပွဲဝင်မယ်!"

ချင်ဇူလု၏ တိုက်ပွဲစိတ်ဓာတ်သည် ပြင်းပြင်းထန်ထန် တောက်လောင်နေသည်။

လီလော့ကတော့ သူတို့ရဲ့အခက်အခဲတွေအတွက် ဒီရိုင်းစိုင်းတဲ့ဖြေရှင်းချက်ကို လက်မခံချင်ခဲ့ပေ။

"ပြေးပုန်းကြရအောင်..... အခြေအနေတွေက ရှုပ်ထွေးလွန်းတော့ ဖြစ်နိုင်ရင် ရှောင်သင့်တယ်..."

လီလော့၏ ဆုံးဖြတ်ချက်ကိုလုချင်းအာ က မှတ်ချက်မပေးသော်လည်း ချင်ဇူလုကတော့  အနည်းငယ် မကျေနပ်နေသည်ပုံပင်.. သို့သော်လည်း နှစ်မဲနှင့် တစ်မဲဖြစ်နေသည့် အခြေအနေမျိုးတွင် အများသဘောဆန္ဒကို လိုက်နာရမည်ဖြစ်သည်။

"အစ်ကိုကျောက် ......အခြေအနေက နည်းနည်းတော့ အဆင်မပြေဘူး..... ငါတို့နဲ့ အတူတူ ဦးတည်နေတဲ့ တခြားအဖွဲ့တွေ ရှိနေပုံရတယ်......."

လီလော့တို့နောက်သို့ လိုက်နေသည်မှာ ကျော်က်ဇီယန်တို့တစ်ဖွဲ့တည်းမဟုတ်ပေ။

ကျောက်ဇီယန် ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်ကာ အခြေနေအကဲခတ်ရန်မြင့်မားသောကုန်းမြင့်ပေါ်သို့ အမြန်တက်လိုက်သည်။

" ဝင်ရိုးစွန်းဝံပုလွေနိုင်ငံက ကြွက်လိုအကောင် မွှေလိုက်ပြီထင်တယ်......ဘယ်လောက်တောင် စက်ဆုပ်ရွံရှာစရာကောင်းလိုက်သလဲ...... ဒီသတင်းကို နေရာအနှံ့ ဖြန့်လိုက်တယ်ပေါ့......"

သို့သော်လည်း သူ့အဖွဲ့သားများ ရက်ရက်စက်စက် ထုတ်ပယ်ခံခဲ့ရသည်ကိုလက်စားချေသည့်အနေဖြင့် မစားရသည့်အမဲ သဲနှင့်ပက်လိုက်ခြင်းဖြစ်တန်သည်။

ဘယ်သူကမှ လက်ဝါးကြီးအုပ်ထားလို့မရအောင် လုပ်လိုက်တဲ့ လုပ်ရပ်က တကယ့်ကို သည်းမခံနိုင်စရာပင်......

ဤနေရာတွင် စုရုံးနေသော အဖွဲ့အရေအတွက် မနည်းလှပေ။

အချို့မှာ တိုက်ခိုက်ရေးစွမ်းအားရှိသူများဖြစ်ကြပြီး ၎င်းတို့အားလုံးကို စုပေါင်းလိုက်ပါက ရွှေနဂါးချီ ကိုရရှိရန်မှာ အတိုင်းအတာများစွာ ပိုမိုခက်ခဲမည်ဖြစ်သည်။

"ဆက်သွားကြမယ်.....ငါတို့တွေ အသာစီးရအောင်ယူမယ်.....တောင်တန်းတွေဆီအရင်ရောက်အောင်သွားနိူင်ရင် ငါတို့အတွက်အခံင့်အရေးပိုများလိမ့်မယ်......."

"ငါတို့ အလျင်စလို ဆက်လုပ်ရမှာပေါ့... မဟုတ်ရင် ကျန်တဲ့သူတွေက အမီလိုက်လာကြလိမ့်မယ်....."

"ကျင်းရှီ.....၊ သွေးတောင်ပံခြင်တွေကို လွှတ်လိုက်....... သွေးတောင်ပံခြင်တွေက

တောင်တန်းထဲမှာ ပုန်းအောင်းနေတဲ့ အဖွဲ့ကို မြန်မြန်ဆန်ဆန် ရှာဖွေရာမှာ ကူညီပေးလိမ့်မယ်........"

ကျောက်ဇီယန်ရဲ့ အမိန့်ကို ကြားတာနဲ့ သူ့အသင်းဖော် တစ်ယောက်က ခေါင်းညိတ်ပြပြီး လေးထောင့်ပုံးကို ထုတ်လိုက်သည်။ သူ့လက်ချောင်းထိပ်ကို ကိုက်လိုက်သည်နှင့် သွေးများ စီးကျလာခဲ့သည်။

ဝီ..ဝီ...ဝီ.....

ချက်ချင်းဆိုသလို မရေမတွက်နိုင်သော သွေးတောင်ပံခြင်များဖြင့် ဖွဲ့စည်းထားသည့် အနက်ရောင်တိမ်တိုက်သည် လေးထောင့်ပုံးထဲမှ ထွက်ပေါ်လာသည်။ ၎င်းတို့သည် တောင်တန်းဘက်သို့ ဦးတည်ပြီး  မျက်စိတစ်မှိတ်အတွင်း ပျံသန်း ပျောက်ကွယ်သွားကြသည်။

"သွား!"

ကျောက်ဇီယန်က သူ့လက်ကို ဝှေ့ယမ်းကာ အမဲလိုက်ခြင်း စတင်ဖို့ အချက်ပြလိုက်သည်။ သူသည်  ကျည်ဆန်တစ်ခုလိုအရှိန်ပြင်းစွာ ပြေးလွှားနေချိန်တွင် နီရဲသော ပဲ့တင်ထပ်သံစွမ်းအားများက ခြေထောက်နှစ်ဖက်စလုံးကို ဖုံးလွှမ်းသွားပြီး ခြေတစ်လှမ်းလှမ်းတိုင်း မီးလောင်နေသော ခြေရာများကိုချန်ရစ်ခဲ့သည်။

သူတို့သုံးယောက်သည် တောထဲသို့ အမြန်ပြေးဝင်သွားကြသည်။

သူတို့ဝင်သွားပြီး သိပ်မကြာခင်မှာပဲ တခြားအဖွဲ့တွေက တောအုပ်၏အစွန်းကို ရောက်လာကြသည်။ ယခုအချိန်သည် တစက္ကန့်နှင့်အမျှ အရေးကြီးနေသည်ကို သိရှိနားလည်လိုက်သည်နှင့် အဖွဲ့တစ်ခုစီတိုင်းသည် ၎င်းတို့၏ အထူးစွမ်းရည်များကို အသုံးချကာ လိုက်လံရှာဖွေခြင်းကို စတင်ခဲ့ကြသည်။

မထင်မှတ်ဘဲ သစ်တောတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်နေလေပြီ......

..............................

တောင်တွင်းတစ်နေရာတွင်....

လီလော့တို့အဖွဲ့ငယ်လေးသည် ယခုအချိန်တွင် အပြေးလွှားနေကြရသည်။

ပြေးလွှားနေကြသည့်တိုင် တိုက်ပွဲကြောင့်ဖြစ်ပေါ်လာသောပေါက်ကွဲသံများကိုလည်း အဆင်မပြတ်ကြားနေရဆဲပင်......

နောက်ကလိုက်လာသည့်အဖွဲ့တွေ အချင်းချင်းတိုက်ခိုက်နေကြပြီဖြစ်သည်။

"လီလော့.....ငါတို့ရဲ့ လက်ရှိအရှိန်နဲ့ဆို မကြာခင် တစ်ယောက်ယောက်က ငါတို့ကို အမီလိုက်ဖို့ အလားအလာ အရမ်းများတယ်..... ကျိစွန်းပြောခဲ့တဲ့အတိုင်းဆို ငါတို့ရဲ့ပုံပန်းသဏ္ဍန်ကိုပါ စာလိပ်ထဲထည့်ရေးထားတယ်ဆိုတော့ မြင်တာနဲ့မှတ်မိကြလိမ့်မယ်....."

လုချင်းအာပြောသည်ကို သဘောတူသည့်အနေဖြင့် လီလော့ ခေါင်းညိတ်ပြလိုက်သည်။

"အရှေ့နားက ကုန်းမြင့်ဆီရောက်အောင်သွားကြစို့......"

လီလော့ တခုခုစီစဉ်ထားသည့်အနေဖြင့်လောဆော်လိုက်သည်။

"ဒါဆို လမ်းကြောင်းဖွင့်ပေးလိုက်သလိုဖြစ်နေပြီးငါတို့ကိုလွယ်လွယ်ရှာတွေ့သွားမှာပေါ့......."

ချင်ဇူလုက မျက်မှောင်ကြုတ်လိုက်သည်။

"ငါတို့တွေ ထင်သာမြင်သာအောင် လူလုံးမပြမှဖြစ်မယ်....ငါတို့ကိုအာရုံစိုက်တဲ့အဖွဲ့တွေများလေ ငါတို့အတွက်အခွင့်အရေးပိုများလေပဲ......"

ချင်ဇူလုသည် လီလော့၏ ဆိုလိုရင်းကို နားမလည်သော်လည်း လုချင်းအာက နားလည်လိုက်သည်။

အားကောင်းသောအဖွဲ့ထံတွင် အဖမ်းဆီးခံရလျှင် လွတ်နိုင်ချေ သိပ်မရှိနိုင်တော့ပေ။ အကယ်၍ အာရုံစိုက်နေသောအဖွဲ့အရေအတွက်ပိုများလာပါက အချင်းချင်းတိုင်ခိုက်ကြမည်ဖြစ်သောကြောင့် လွတ်လမ်းရှာဖို့လွယ်ကူလိမ့်မည်။

ရိုးရိုးရှင်းရှင်းပြောရလျှင်၊ ဤအစီအစဥ်သည် ရုတ်တရက်စဉ်းစားလိုက်လျှင်

ကျိုးကြောင်းဆီလျော်ပုံမပေါ်သော်လည်း ပိုမိုလေးလေးနက်နက် စဉ်းစားလိုက်သည်နှင့် အဓိပ္ပါယ်ရှိလာမည်ဖြစ်သည်။

လုချင်းအာကတော့ လီလော့ အဖြေတစ်ခုရှာတွေ့နိုင်မည်ဟု စိတ်နှလုံးသားထဲကနေ အကြွင်းမဲ့ယုံကြည်နေသည်။

ထိုအချိန်တွင် လီလော့ မျက်မှောင်ကြုတ်ကာ ရေစက်တစ်စက်နှင့် ဆင်တူသည့် ပဲ့တင်ထပ်သံစွမ်းအား  ကျည်ဆန်တစ်တောင့်ကို ပစ်လွှတ်လိုက်သည်။ ထိုရေစက်လေးတွေက သစ်ရွက်တွေကိုဖောက်ထွင်းပြီး ပင်စည်ပေါ်တွင်ကပ်ငြိနေသည်။

ထိုရေစက်များကိုအနီးကပ်ကြည့်လိုက်မည်ဆိုလျှင် သွေးနီရောင်တောင်ပံများပါရှိသည့်ခြင်များကိုတွေ့မြင်ရလိမ့်မည်။

"ကဲ....ငါတို့ကိုရှာတွေ့သွားပြီထင်တယ်....."

လီလော့ မျက်ခုံးပင့်ကာ သွေးနီတောင်ပံခြင်ကို ဆက်လက် စိုက်ကြည့်နေသည်။  ရွှေနဂါးတာအိုနယ်မြေထဲတွင်ကျွမ်းကျင်သူများသည်မရေမတွက်နိူင်အောင်ရှိနေကြပြီတစ်စုံတစ်ဦးကို ရှာဖွေရန် လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများကိုပင် ထုတ်သုံးနေကြသည်။

"ငါတို့ မြန်မြန်လုပ်ရမယ်....."

လီလော့က အဖွဲ့သားနှစ်ယောက်ကို လောဆော်ပြီးလျင်မြန်စွာပြေးထွက်လာခဲ့ပြန်သည်။

ဆယ်မိနစ်ခန့် အကြာတွင် ရှေ့တွင်မြစ်တစင်းစီးကြိုနေပြီး ပြေးစရာမြေမရှိတော့သည့်အခြေနေကိုရောက်ရှိနေကြပြီ........

စွမ်းအားကိုယ်စီထုတ်ဖော်ပြီး ဆယ်မီတာခန့်ကျယ်သောမြစ်ကိုဖြတ်ကူးဖို့ပြင်လိုက်စဉ်တွင် သူတို့နောက်ဘက်ကနေ ပြင်းထန်သောစွမ်းအားများပေါက်ကွဲထွက်လာသည်ကိုခံစားလိုက်ရသည်။

ကိစ္စတုံးပြီ.....ပြေးလို့မရတော့ဘူး......

အနီရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်ထံမှ ပူပြင်းတောက်လောင်နေသောစွမ်းအားများထွက်ပေါ်နေပြီး ထိုလူငယ်၏ လက်သီးနှစ်ဖက်ကလည်း ချော်ရည်စိမ်ထားသလိုနီရဲနေသည်။

" ငါ..မင်းတို့ကိုစောင့်နေတာကြာလှပြီ......"

ထိုလူငယ်က ထပ်ပြောဖို့ စိတ်မဝင်စားတော့ဘဲ  မီးတောင်ကနေထွက်ပေါ်လာတဲ့ ချော်ရည်တွေလိုပူပြင်းတဲ့ လက်သီးချက်တွေကို ထုတ်လွှတ်လိုက်သည်။ ထိုးနှက်ချက်သည် ရက်စက်ကြမ်းကြုတ်သော ရောင်ဝါများပြည့်နှက်နေပြီး လီလော့တို့သုံးဉီးစလုံးကောင်းကောင်းကြီးချိန်းခြောက်နိုင်သည်။

ရုတ်တရတ် ချုံခိုတိုက်ခိုက်မှုကြောင့် သုံးယောက်စလုံး အံ့အားသင့်သွားကြသည်။

ဤရိုးရှင်းသော ချော်ရည်ပူလက်သီးချက်ကိုကြည့်ရုံဖြင့်ထိုလူငယ်၏ခွန်အားကိုမှန်းဆနိုင်သည်။ထိုလူငယ်သည် ကျိစွန်းထက်သာလွန်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားသည်။

ဝေါင်းးးးးးးး

ရွှေကျားအစင်းကြောင်းများ ထွက်ပေါ်လာသည်နှင့်အမျှ ချင်ဇူလုထံမှ နတ်ဆိုးချီများအပြင်ဘက်သို့ ပေါက်ကွဲထွက်လာသည်။ သူသည် လေးလံသောလှံကို ကိုင်လျက် ရှေ့သို့ တိုးကာ ချော်ရည်လက်သီးချက်ကိုထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

ဝုန်းးးးးးးးးးးး

တိုက်မိပြီးသောအခါ၊ လက်သီးတလုံး၏ နောက်ကွယ်မှ အံ့အားသင့်ဖွယ် စွမ်းအားသည် မြစ်ကိုဖြတ်၍ ပျံဝဲလာကာ သူ့ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်စေခဲ့သည်။ ချင်ဇူလု ၏ ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားများ လုံး၀ ငြိမ်သက်သွားပြီး လက်စွဲတော်လှံသည်လည်း နီရဲတောက်လောင်ကာအငွေ့တလူလူထွက်ပေါ်နေ၏။

သို့သော်လည်း ချော်ရည်လက်သီးချက်သည် အရှိန်မသေသေးဘဲ လီလော့နှင့်လုချင်းအာတို့ထံဆက်လက်တိုးဝင်နေဆဲပင်.........

ထို့ကြောင့် လီလော့က လုချင်းအာကို ခါးကနေဆွဲဖက်ပြီး ဝေးရာဆီရှောင်တိမ်းလိုက်ရသည်။

ချော်ရည်လက်သီး  ချဉ်းကပ်လာသည်နှင့်အမျှ တိုက်ခိုက်မှုမှ ထွက်လာသော အပူများကအရေပြားကို လောင်ကျွမ်းစေသည်ကို ခံစားရနိုင်သည်။

လီလော့ အသက်ပြင်းပြင်းရှူကာ သူ၏ ရေအလင်း ပဲ့တင်ထပ်သံ စွမ်းအားများကို ဆင့်ခေါ်ကာ တောက်ပသော ရေကြေးမုံကို လျင်မြန်စွာ ပုံဖော်လိုက်သည်။

"လျှို့ဝှက်ဆန်းကြယ်သောကြေးမုံ....."

ချော်ရည်လက်သီးချက်သည် လီလော့၏ကြေးမုံပေါ်တွင်ရောင်ပြန်ထင်ဟပ်နေပြီးအလားတူလက်သီးချင်တစ်ခုကြေးမုံထဲမှထွက်ပေါ်လာသည်။

ဘုန်းးးးးးး

တုန်လှုပ်ချောက်ချားဖွယ် တောက်လောင်သော စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်ကာ အပူလှိုင်းများ အပြင်သို့ ဖြာထွက်လာသည်။

ပေါက်ကွဲမှုကြောင့်ကြေးမုံ ကွဲအက်သွားပြီး မူလတိုက်ခိုက်မှုမှာ သိသိသာသာ အားနည်းသွားသော်လည်း ၎င်းသည် လီလော့ဆီသို့ ပြင်းထန်စွာ ဆက်လက်တိုးဝင်နေဆဲပင်......

လီလော့ ငြိမ်သက်နေသော်လည်း သူ့အကြည့်များ ပိုမိုမှောင်မိုက်သွားပုံရသည်။

ဒီကောင်က ကျိစွန်းထက် နှစ်ဆ ပိုသန်မာတယ်......ကြည့်ရတာ ပုံသဏ္ဍာန်ပြောင်းလဲခြင်းဒုတိယအဆင့်ရောက်နေပြီထင်တယ်.....

နှစ်ဉီးသားကြားတွင် မရေမတွက်နိုင်သော ခြားနားမှုများရှိခဲ့သည်။

လီလော့နှင့်ချင်ဇူလု နှစ်ဦးစလုံး ပူးပေါင်းပြီးတိုက်ခိုက်နေသော်လည်း အခုထိအသာသီးမရနိုင်သေးပေ။

အကွာအဝေးတစ်ခုဖန်တီးရန် နောက်သို့အနည်းငယ်ဆုတ်ကာ ​ဓားတိုနှစ်လက်ကိုဆွဲထုတ်လိုက်သည်။

ရေအစွန်အဖျားပညာရပ်သည် သူ၏လက်နက်နှစ်ခုလုံးကို လုံးလုံးလျားလျား ဖုံးအုပ်ထားသဖြင့်၊ ၎င်းတို့သည် တောက်ပသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ အချိန်တိုလေးအတွင်းမှာပင် ထောင့်ဖြတ်ခုတ်ချက်ဖြင့် ချော်ရည်လက်သီးကို ခုတ်ပိုင်းလိုက်သည်။

သူ၏ဓားပညာရပ်သည် နက်နဲသောအရာများဖြင့် ပြည့်နှက်နေပုံရပြီး မြင်သူတိုင်းကို စိတ်သက်သာရာရစေသည်။

ထိုအချိန်တွင် လီလော့သည် အသင်းဖော်များနှင့်အတူ မြစ်တစ်ဖက်ကမ်းတွင်ရပ်နေကြပြီး သူ့ဓားတိုနှစ်ချောင်းစလုံးသည် ကြက်သွေးရောင်ဆေးဆိုးထားသကဲ့သို့အဆုံးမသတ်နိုင်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ဟူးးး တော်ပါသေးရဲ့ ချော်ရည်လက်သီးပျက်ပြယ်သွားပြီပဲ.........

ကံဆိုးတာက သူတို့ကြုံတွေ့ခဲ့ရတဲ့ အပူချိန်နဲ့ ဖိအားတွေကြောင့် သူ့ဓားတိုတွေပေါ်မှာ အက်ကြောင်းတွေ စတင်ပေါ်ပေါက်လာခဲ့ပြီး

ဖျောင်း ဖျောင်းဖျောင်း.......

လက်ခုပ်သြဘာသံများ ဆန့်ကျင်ဘက် တောအုပ်ဆီမှ ထွက်ပေါ်လာပြီး ကျောက်ဇီယန်တို့သုံးယောက် တောအုပ်ထဲမှထွက်လာကြသည်။

တကယ်တော့ သူက လီလော့ကိုသာ စိတ်ဝင်တစား စိုက်ကြည့်နေ၏။

"ဝိုးးးးး တော်တော် အထင်ကြီးစရာပဲ....ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်လောက်နဲ့ငါ့လက်သီးချက်ကို ခုခံနိုင်သားပဲ........"

***

All Chapters