ဝံပုလွေများစုဝေးခြင်း.....
Vol. 25 Ch. 346
ကျောက်ဇီယန်နှင့် သူ့အဖွဲ့ ပေါ်လာသောအခါ လီလော့ ချက်ချင်းပင် အကဲခတ်လိုက်သည်။
ကျောင်ဇီယန်သည် ဇူရွှမ်းကဲ့သို့ ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိအတင့်တွင်ရှိနေနိုင်သည်။
လီလော့ အခွင့်အရေးများကို ချိန်ဆနေပြီး အကယ်၍ ပဲ့တင်ထပ်သံနှစ်ခု၏ပေါင်းစည်းခြင်းခွန်အားကိုအသုံးမပြုလျှင်တောင် ပဉ္စမအဆင့်လောက်ကိုကောင်းကောင်းကိုင်တွယ်န်ိုင်သည်။ ပဲ့တင်ထပ်သံနှစ်ခါကိုသာပေါင်းစည်းလိုက်လျှင် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်ထိ အဆင့်ကျော်တိုက်ခိုက်နိုင်မည်ဖြစ်သော်လည်း ကျောက်ဇီယန်က ထိုအဆင့်ထက်ကျော်လွန်နေသည်။
ကြိုတင်ပြင်ဆင်ထားခဲ့သော ပဲ့တင်ထပ်သံပူဖောင်းပညာရပ်ရှိနေသေးသော်လည်း ကြာရှည်စွာအသုံးပြုနိုင်မည်မဟုတ်ပေ။
ပထမဆုံးလက်သီးချက်နှင့်တင် ကျောက်ဇီယန်တွင် အဆင့်ရှစ်ပဲ့တင်ထပ်သံရှိနေမှန်း ခန့်မှန်းနိုင်ပြီဖြစ်သည်။ထို့ကြောင့် လီလော့တစ်ယောက်တည်း ကျောက်ဇီယန်ကိုရင်ဆိုင်ဖို့မလွယ်ပေ။
သူတို့ရဲ့ ကျင့်ကြံမှုအဆင့် ကွာခြားချက်က အရမ်းကြီးမားနေသည့်အတွက် လီလော့ သက်ပြင်းချလိုက်မိသည်။ ဒီပြဿနာကို အချိန်အတော်ကြာအောင် ကျော်ဖြတ်နိုင်ပြီလို့ သူထင်ခဲ့မိသည်။ အဆင့်ရှစ် အဆင့်မြင့်ရွှေကျားနတ်ဆိုးပဲ့တင်ထပ်သံပိုင်ရှင် ချင်ဇူလုထက်ပင်သာလွန်နေပြီဟုထင်နေသော်လည်း ထင်သလိုဖြစ်မလာခဲ့ပေ။
" သဲသံမဏိအင်ပါယာကလား....."
ကျောက်ဇီယန်တို့ ရင်ဘတ်ပေါ်က အနီရောင်တံဆိပ်တွေကိုကြည့်ပြီးခန့်မှန်းလိုက်ခြင်းဖြစ်သည်။ သဲသံမဏိအင်ပါယာသည် ဝင်ရိုးစွန်းဝံပုလွေနိုင်ငံထက် အင်အားကြီးမားပြီး ရှပြည်ထောင်စုနှင့်ပင်နှိုင်းယှဉ်နိုင်သည်။
"ဒါဆို မင်းသုံးကောင်က ရွှေနဂါးချီရှိတဲ့အဖွဲ့ပေါ့......" ကျောက်ဇီယန်က လုချင်းအာကို တချက်ကြည့်လိုက်ပြီး......
" စာလိပ်ထဲကအတိုင်းဆို မင်းဆီမှာရွှေနဂါးချီရှိနေတာပေါ့......
လုချင်းအာက ကျောက်ဇီယန်ကိုအေးစက်စွာပြန်ကြည့်လိုက်ပြီး သူမ၏ခြေထောက်အောက်တွင် ရေခဲအလွှာတစ်ခုသည် ညှိုးနွမ်းနေသောမြက်ခင်းပြင်ပေါ်တွင် စတင်ဖြစ်ပေါ်လာသည်။
"လူမှားနေပြီထင်တယ်...သစ်တောထဲမှာ လူတွေအများကြီးပဲကို....."
ကျောက်ဇီယန်က လီလော့ကို လျစ်လျူရှုလိုက်ပြီး
“သူမကို လွှဲပေးပါ ....မင်းတို့နှစ်ယောက်ကိုထွက်သွားခွင့်ပေးမယ်....."
ကျောက်ဇီယန်က ကွေ့ဝှ်ိုက်မနေဘဲ အာဏာရှင်တစ်ယောက်လို လိုချင်တာကိုတိုက်ရိုက်တောင်းဆိုနေသည်။
မည်သို့ပင်ဆိုစေ လီလော့တို့အဖွဲ့ သူ့တောင်းဆိုချက်ကို ကျိန်းသေလိုက်နာရမည်ဟုအပိုင်တွက်ထားပုံရသည်။
ဟွန့်...အားနည်းတဲ့အဖွဲ့မှာ ရွှေနဂါးချီရှိနေတာ ကံဆိုးမှုတွေကိုလက်ယက်ခေါ်နေသလိုပဲ......
ချင်ဇူလုက အေးစက်စွာ ရယ်မောလိုက်ပြီး လေးလံသော လှံကို မြေပြင်ပေါ်သို့ ထိုးချလိုက်ရာ မြက်ခင်းပြင်တွင် ကျားတစ်ကောင် သားကောင်လိုက်ရှာနေသလို စွမ်းအားများပေါက်ကွဲထွက်လာသည်။
လီလော့ သက်ပြင်းချလိုက်ပြီး.....
"မင်းက တကယ်ကို အရူးအမူးသမားပဲ သိလား....."
သူကိုယ်တိုင်လည်း အဆင်သင့်ပြင်ထားပြီး ဓားနှစ်လက်ဆီ စွမ်းအားများပို့လွှတ်လိုက်သည်။
ကျောက်ဇီယန်က ခပ်သော့သော့ရယ်မောလိုက်ပြီး......
"မင်းရဲ့ကိုယ်ပိုင်ခွန်အားကို ငါမသိဘူး....သူငယ်ချင်းကို ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်လိုက်တာက ချီးကျူးစရာကောင်းပေမယ့် မင်းတို့ရဲ့ကိုယ်ပိုင်ကန့်သတ်ချက်တွေကို သိထားသင့်တယ်..... ငါ သူ့ကိုဒုက္ခပေးမှာမဟုတ်ဘူး...သူ့ဆီက အကူညီလိုချင်ရုံပဲ....."
လီလော့ရော ချင်ဇူလုရော တစ်လက်မမှ မလှုပ်သေးပေ။
ကျောက်ဇီယန် ခေါင်းယမ်းလိုက်သည်။ လက်သီးတွေကို ဆုပ်ကိုင်လိုက်ရင်း၊ တောက်ပနေတဲ့ ပတ္တမြားရောင် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ့လက်မောင်းတစ်လျှောက် ချော်ရည်တွေလို စီးဆင်းနေသည်။
"ကောင်းပြီ၊ ပိုးမွှားနှစ်ကောင်ကို ငါရှင်းပြီးရင် သူ့ကို ဖမ်းမယ်....."
"ခဏနေဉီး" လီလော့ ရုတ်တရက်ပြောလိုက်သည်။
ကျောက်ဇီယန် က သူ့ကို ပြုံးပြသည်။ "စဉ်းစားပြီးပြီလား?"
လီလော့ က သူ့ကို ပြန်မဖြေပေမယ့် သူ့အိတ်ကပ်အတွင်းကနေ အချက်ပြကိရိယာတစ်ခုထုတ်လိုက်ပြီး ကောင်းကင်ပေါ်သို့အချက်ပြမီးရှုးများပစ်လွှတ်လိုက်သည်။ဤသည်မှာ ၎င်းတို့၏တည်နေရာကိုအတိအလင်းကြေငြာလိုက်ခြင်းပင်......
၎င်းသည် အနီးနားရှိ မည်သူမဆို၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်မည်ဖြစ်သည်။
လီလော့က ကျောက်ဇီယန်ကို အေးအေးဆေးဆေး ပြန်လှည့်ကြည့်လိုက်ပြီး.....
"ကောင်းပြီ၊ ဆက်လုပ်ပါ......"
ကျောက်ဇီယန် တောင့်တင်းသွားပြီး သူ့မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ပေါ်ထွက်လာသည်။
"မငြိမ်မသက်ဖြစ်အောင် တခြားအဖွဲ့တွေကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား...... ထက်မြက်တယ် မဟုတ်လား... ဒါပေမယ့် အဲ့ဒီအချိန်အထိ မင်းရှင်သန်မှာ မဟုတ်ဘူး...."
ကျောက်ဇီယန်သည် မြေပြင်ကိုဆောင့်နင်းပြီး လျှပ်စီးတမျှမြန်ဆန်သော အရှိန်ဖြင့် လီလော့ဆီဉီးတည်ရွှေ့လျားလာပြီဖြစ်သည်။
" ကျန်တဲ့နှစ်ယောက်ကိုမင်းတို့ရှင်းလိုက်..ဒီကောင့်ကိုငါရှင်းမယ်......"
ကျောက်ဇီယန်က အံကြိတ်သံဖြင့်အဖွဲ့သားနှစ်ယောက်ကိုအမိန့်ပေးလိုက်သည်။
လီလော့က သူ့ကိုဒေါသထွက်စေခဲ့သည်မဟုတ်လော.......
ကျောက်ဇီယန်၏ အဖော်နှစ်ယောက်က လီလော့ကို သနားစဖွယ် ကြည့်နေလေသည်။
ဒီကောင် ကျားမြှီးသွားဆွဲလိုက်ပြီပဲ....ကျောက်ဇီယန်ကိုဒေါသထွက်အောင်လုပ်ရင် နာကျင်တာနဲ့အဆုံးသတ်ရလိမ့်မယ်.....
ကျောက်ဇီယန်က ပဲ့တင်ထပ်သံနှင့်လိုက်အောင် ဒေါသပြင်းထန်သူဖြစ်သည်။စတင်တိုက်ခိုက်ပြီဆိုကတည်း အနိုင်မရမချင်းရပ်တန့်မည့်သူမဟုတ်ပေ။
ကျောက်ဇီယန်သည် ကြယ်တံခွန်လိုပူပြင်းတောက်လောင်သောအရှိန်ဖြင့် လီလော့ဆီရွေ့လျားလာပြီး လက်သီးချက်များကို မိုးသီးမိုးပေါက်များသဖွယ် ကျဆင်းစေခဲ့သည်။
ပြင်းထန်လှသော အပူရှိန်ကြောင့် အရေပြားများ လောင်ကျွမ်းတော့မတတ်ပင်.....
လီလော့က တိုက်ခိုက်မှုများကို ရှောင်တိမ်းမည့်အစား ထိပ်တိုက်ရင်ဆိုင်ဖို့သာရွေးချယ်လိုက်သည်။
ထန်....ထန်.....
ဓားတိုနှစ်လက်နှင့် လက်သီးချက်တို့တွေ့ဆုံနေသော်လည်း သတ္တုချင်းထိခတ်သံများသာကြားနေရသည်။
ခဏအကြာတွင် လီလော့ခန္ဓာကိုယ်ပေါ်တွင် မီးလောင်ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။
ကျောက်ဇီယန်သည် လီလော့၏ချဉ်းကပ်မှုကို မထီမဲ့မြင်ပြုကာ သူ့ကို ပြုံးပြလိုက်သည်။
"တခြားအဖွဲ့တွေရောက်လာတဲ့အထိအချိန်ဆွဲနေတာလား.....မင်းကိုယ့်အကြောင်းကိုယ်မသိဘူးလား....မင်းလို အားနည်းတဲ့ တတိယအဆင့်လေးက ဘယ်လောက် ကြာကြာတောင့်ခံနိုင်မှာမို့လဲ......"
ကျောက်ဇီယန်ကို ထူးချွန်ထက်မြက်သူဟုထင်ခဲ့သော်လည်း တကယ်တမ်းတော့ ဉာဏ်နည်းသူတစ်ယောက်သာပင်......
ယောက်ကျားပီသသူတစ်ယောက်က ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေနဲ့ စော်ကားမော်ကားပြောနေမှာမဟုတ်ဘူး.....
လီလော့ အနီးနားတွင် စောင့်ကြည့်နေသော အဖွဲ့အချို့ကို တွေ့လိုက်သော်လည်း မည်သူမျှ မပါဝင်သေးသည်မှာ အံ့သြစရာမဟုတ်ပေ။
သူတို့သည် အားနည်းလွန်းလှသည်။ ကြက်သွန်နှင့်ပေါင်းကာမှ ရောထောင်းခံရမည့်အဖြစ်မျိုး ဘယ်သူမှအဖြစ်မခံနိုင်ကြပေ။
ဤတိုက်ပွဲတွင် ပါဝင်ခြင်းသည် ၎င်းတို့အတွက် လုံးဝအကျိုးရှိမည်မဟုတ်ပေ။
ထန်.....
နောက်ထပ် တိုက်ခိုက်ပြီးနောက် လီလော့ ရုတ်တရက် ရှောင်ထွက်သွားသည်။ သူတို့ကြားက အကွာအဝေးကို ချဲ့ထွင်နိုင်ပြီဖြစ်သည့်အတွက် လီလော့မျက်ဝန်းများတောက်ပလာသည်။
ကျောက်ဇီယန်သည် ကြီးမားသော ခြေလှမ်းများဖြင့် လှမ်းလာပြီး စပါးအုံးမြွေတစ်ကောင် သားကောင်ကိုဖျစ်ညှစ်ဝါးမြိုဟန် လက်သီးချက်တခုထုတ်ဖော်လိုက်ပြန်သည်။
"ကျားအဆင့်ပညာရပ်..... မီးတောက်စပါးအုံးလက်သီးချက်.... "
မြေပြင်ပေါ်ရှိ အရွက်ခြောက်များသည် မီးမလောင်မီ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ၏ တိုက်ခိုက်မှုသည် ရုတ်တရက် ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင် အနက်ရောင် အစင်းကြောင်းများ ထွက်ပေါ်လာသည်။
အဆင့်ရှစ် ပဲ့တင်ထပ်သံနှင့် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်၏ခွန်အားကို မည်သူမျှ လျှော့မတွက်ရဲတော့ပေ။
လီလော့၏ မြင်ကွင်းထဲတွင် စပါးအုံးသဏ္ဍာန်လက်သီးချက် ကြီးမားလာသည်နှင့်အမျှ ပဲ့တင်ထပ်သံနန်းတော် နှစ်ခုဆီမှ မျိုးစေ့နှစ်ခုကိုလှုံဆော်လိုက်ပြီး အရံသိုလှောင်ထားသောစွမ်းအားများကိုပါ ထုတ်သုံးလိုက်သည့်အတွက်သူ့ခန္ဓာကိုယ်သည် ကန့်သတ်ချက်ထက် ကျော်လွန်၍ စွမ်းအားများဖြင့် ပြည့်လျှံနေသည်။
ပဲ့တင်ထပ်သံနှစ်ခု........
လီလော့ လေထဲသို့ခုန်တက်လိုက်ပြီး ဓားတိုနှစ်လက်ဖြင့် လက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည့်အခါ.....
ထန်.....
လီလော့ နောက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသောခြေရာများချန်ရစ်ခဲ့ရသည်။
အားလုံးက ကျောက်ဇီယန်ကို ကြည့်ရင်း အလုပ်ရှုပ်နေကြသည့်အတွက် လီလော့ကို သတိမထားမိကြပေ။
အဘယ့်ကြောင့်ဆိုသော် လီလော့နှင့်ရင်ဆိုင်ရချိန်တွက် ကျောက်ဇီယန် ခြေနှစ်လှမ်းခန့်နောက်ဆုတ်လိုက်ရပြီး လက်ဆစ်များတွင် သွေးများစီးကျနေသောကြောင့်ပင်......
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေငြိမ်သက်နေပြီး လေတိုးသံမျှပင်မကြားနိုင်တော့ပေ။
***