စေ့စပ်ညှိနှိုင်းခြင်း....
Vol. 25 Ch. 347
တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ တိတ်ဆိတ်မှုက လေထုထဲတွင် ပြည့်နှက်နေပြီး ကျောက်ဇီယန်လို ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်တစ်ယောက်ကို ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်က ဒဏ်ရာရအောင်တိုက်ခိုက်နိုင်မည်ဟုမည်သူမျှ ထင်မထားမိခဲ့ကြပေ။
ဒဏ်ရာက သိပ်မနက်သော်လည်း ကျောက်ဇီယန်၏ခံစစ်ကျိုးပေါက်သွားသည်မှာ အသိအသာပင်.....
ထို့အပြင် ကျောက်ဇီယန်သည် သာမာန်အဆင့်တစ်ယောက်မဟုတ်ပေ။ အဆင့်ရှစ်ချော်ရည်ပဲ့တင်ထပ်သံသည် ပြင်းထန်သော စွမ်းအားသာမက ကျောက်ဆောင်လိုခိုင်မာသော ခုခံမှုလည်း ရှိသည်။ ဒါဟာ တိုက်ခိုက်မှုနဲ့ ကာကွယ်ရေးနှစ်ခုလုံးအတွက် မျှတစွာ အသုံးဝင်သောပဲ့တင်ထပ်သံဖြစ်သည်မဟုတ်လော......
"အစ်ကိုကျောက်?"
သူ့အသင်းဖော်တွေက သူ့ကို မသေချာမရေရာနဲ့ လှမ်းခေါ်နေကြသည်။
သူတို့နှစ်ဦးစလုံးသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းပထမအဆင့်များဖြစ်သည့်အတွက် လုချင်းအာကို အာရုံစိုက်စရာမလိုဘဲ ချင်ဇူလုကိုသာ အဓိကထား တိုက်ခိုက်နေကြသည်။
သို့သော်လည်း ကျောက်ဇီယန် ဒဏ်ရာရသွားသည့်အတွက် တုန်လှုပ်နေမိကြသည်။
သူ့အသင်းဖော်များအနေနှင့် ကျောက်ဇီယန် ၏ စွမ်းဆောင်ရည်ကို ကောင်းစွာနားလည်ကြသည်။ ကျောက်ဇီယန်သည် သဲသံမဏိအင်ပါယာတွင် ထူးချွန်သောမျိုးဆက်သစ်တစ်ယောက်ဖြစ်ပြီး အဆင့်မြင့်သူများကိုပါစိန်ခေါ်တိုက်ခိုက်တတ်သူဖြစ်သည်။
ကျောက်ဇီယန်က သူ့လက်သီးတွေကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးရှေ့မှာ ဒဏ်ရာတွေ ချက်ချင်းသက်သာသွားပေမယ့် သူ့မျက်နှာပေါ်က တောက်ပမှုကတော့ မြန်မြန်ပျောက်ကွယ်မသွားခဲ့ပေ။
သဲသံမဏိအင်ပါယာရှိ တော်ဝင်ကောလိပ်တွင် ရွယ်တူများအပြင် စီနီယာများကပါ လေးစားရသည့်အတွက် ကျောက်ဇီယန် မာနမိုးထိုးနေသည်မှာအဆန်းတော့မဟုတ်ပေ။သို့သော် ထိုမာနများကိုရိုက်ချိုးမည့်သူပေါ်လာခဲ့ပြီ .. ..
"တနေ့မှာ မြို့စားအဆင့်မဟုတ်သေးဘဲပဲ့တင်ထပ်သံနှစ်ခုပိုင်ဆိုင်ထားတဲ့ငူနဲ့တွေ့ကမယ်လို့ ယောင်လို့တောင်စိတ်မကူးမိခဲ့ဘူး...... ငါတို့နေထိုင်တဲ့ကမ္ဘာကြီးမှာ အံ့သြစရာတွေရှိနေသေးတာပဲ......."
ကျောက်ဇီယန်၏မှတ်ချက်ကြောင့် ပုရိတ်သတ်တွေလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။
ဒါဆို ဆံပင်ငွေရောင်နဲ့ကောင်လေးမှာ ပဲ့တင်ထပ်သံနှစ်ခုရှိနေတာပေါ့......ဘယ်လိုတောင်ကံကောင်းလိုက်သလဲ.....
လီလော့သည် သစ်ပင်များပေါ်မှ စောင့်ကြည့်သူများ လှည့်ပတ်လေ့လာနေသည်ကို ခံစားနေရသည်။
ကျောက်ဇီယန်၏ တုံ့ပြန်မှုကို လီလော့ မအံ့သြပေ။ ၎င်းကိုအသုံးပြုပြီးသည်နှင့်တစ်ပြိုင်နက် အမှန်တရားကို ဖုံးကွယ်ထားနိုင်မည်မဟုတ်မှန်း ကြိုတင်တွက်ဆပြီးသားပင်.....
သူသည် မြေပြင်တွင် မတ်တပ်ရပ်နေကာ ဓားတိုများကို လျော့ရဲရဲဆုပ်ကိုင်ထားသော်လည်း အဆင်သင့်ဖြစ်နေသည်။ ဓားသွားများပေါ်တွင် အက်ကွဲကြောင်းများ ရှိနေသည်။
ဒီဓားနှစ်ချောင်းကို လုပ်ထားတာ ကြာပြီဆိုတော့ သိပ်ကြာကြာခံမှာ မဟုတ်တော့ဘူး......
လီလော့ စိတ်လှုပ်ရှားနေသည်ကိုအသည်းအသန်ထိန်းချုပ်နေရသည်။ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်ခြင်းနှင့် အရံသိုလှောင်ထားသောစွမ်းအားများကိုပါ ထုတ်သုံးလိုက်သည့်အတွက် အခုလိုရလဒ်ကောင်းခဲ့ခြင်းဖြစ်သည်။ဒါတောင် တကယ့်တိုက်ပွဲမှာ ပထမဆုံးအကြိမ် သုံးတာဆိုတော့ နည်းနည်း အဆင်မချောတာတွေရှိနေသေးသည်။
ထပ်စမ်းကြည့်မယ်ဆိုရင် ပိုကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကို ပုံဖော်နိုင်မှာသေချာသည်။ ထပ်ကြိုးစားဖို့ အချိန်မရှိတော့ကတော့ နှမြောစရာပင်......
အရံစွမ်းအင်သိုလှောင်ထားသောပူဖောင်းလေးခု ပေါက်ကွဲပြီးနောက်၊ ဒီလိုတိုက်ခိုက်မှုမျိုး ထပ်လုပ်နိုင်မှာမဟုတ်သည့်အပြင် ပဲ့တင်ထပ်သံနှစ်ခုကို ပေါင်းစပ်အသုံးပြုခဲ့သည့်အတွက်သာမာန်အခြေနေထက်ပင်အားနည်းနေပြီဖြစ်သည်။
"အဆင့်ကွာခြားချက် ကြီးမားနေတုန်းပဲ......"
လီလော့က တကိုယ်ရေကြားရုံမျှ ညည်းတွားလိုက်သည်။
သို့သော် သူ၏ စစ်မှန်သော ပန်းတိုင်မှာ ကျောက်ဇီယန်ကို အနိုင်ယူရန်သာ မဟုတ်ဘဲ တခြားဝံပုလွေတွေကိုပါ ချိန်းခြောက်ချင်သောကြောင့်ပင်.....
ဒီလိုသာဆို သူတို့သုံးယောက်ကို အလွယ်တကူအနိုင်ယူနိုင်သည်ဟု ထင်ကြတော့မည်မဟုတ်ပေ။
ကျောက်ဇီယန်သည် ရှေ့သို့ ဂရုတစိုက် လှမ်းလိုက်ပြီး.....
"မင်းနာမည်ဘယ်လိုခေါ်လဲ?"
လီလော့က သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး....
" ယုလန် ပါ...."
လုချင်းအာနှင့် ချင်ဇူလုတို့က သူ့ကို စိုက်ကြည့်နေကြသည်။
"ကောင်းပြီ ယုလန်..... ရှပြည်ထောင်စုက ဒီလိုမျိုး အရည်အချင်းတွေကို ပြုစုပျိုးထောင်နိုင်ခဲ့လို့ အံ့သြမိပါတယ်.... မင်းက ကြယ်တာယာခရီးရှည်ကောလိပ်ဖြစ်မယ်ထင်တယ်.... ဒီနှစ် ရှန့်ပိန်းတွေ့ဆုံပွဲကြရင် မင်းကို အာရုံစိုက်လာကြတော့မယ်......"
"ငါ ယုလန် ဘာမှမကြောက်ဘူး..... မင်းမှာရှိသမျှအကုန်ထုတ်သုံးလိုက်....."
လီလော့က မာနကြီးစိန်ခေါ်လိုက်သော်လည်း ကျောက်ဇီယန် က ဘာမှပြန်မပြောခဲ့ပေ။
သို့သော်၊ ယနေ့ လီလော့၏ ခွန်အားနှင့် ပဲ့တင်ထပ်သံနှစ်ခုကို တွေ့ပြီးနောက် သူ၏ မာနကိုတထစ်လျှော့လိုက်ရပြီ။ လုချင်းအာ ကို လွှဲပြောင်းပေးရန် လီလော့ကို တိုက်ရိုက် မတောင်းဆိုနိုင်တော့ပေ။
ဒါကလည်း လီလော့ရဲ့ ပန်းတိုင်တစ်ခုသာပင် .... သူ့ရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ထုတ်ပြပြီး ကျောက်ဇီယန်နဲ့ တူညီတဲ့ အဆင့်မှာ ရှိနေကြောင်း ပြသလိုက်ခြင်းပင်။ မဟုတ်ရင် သူတို့ကို အမဲဖြတ်ဖို့ဝံပုလွေတွေဝိုင်းအုံလာလိမ့်မည်။
"ယုလန်၊ မင်းရဲ့ ပဲ့တင်ထပ်သံနှစ်ခုက ဒီကိစ္စအတွက် ဆုံးဖြတ်မပေးနိူင်မှန်း မင်းသိသင့်တယ်......ရွှေနဂါးချီက ရှားတယ်...... အခု ပေါ်လာတော့ ငါတို့က လွှတ်ထားမှာ မဟုတ်ဘူး.... သူက လမ်းလျှောက်နေတဲ့ ရတနာတစ်ခုဖြစ်နေတဲ့အတွက် မင်း သူ့ကိုလုံခြုံအောင်ကာကွယ်ပေးနိူင်မှာမဟုတ်ဘူး......"
သူသည် လုချင်းအာနှင့် ချင်ဇူလုတို့ကို မတိုက်ခိုက်တော့ရန် အသင်းဖော်များကို အချက်ပြလိုက်သည်။
စေ့စပ်ညှိနှိုင်းခြင်းအတွက် ရိုးသားမှုအချို့ပြသရမည်မဟုတ်လော.....
လီလော့က သူ့ကို ပြုံးပြသည်။
"မင်း ငါတို့ကို လုံခြုံအောင် ထားပေးနိုင်မလား"
ကျောက်ဇီယန်၏ မျက်နှာသည် ခံစားချက်မဲ့နေသည်။ လီလော့က အသင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည့်အတွက် အားလုံး၏ပစ်မှတ်ဖြစ်လာနိုင်သည်။
တောအုပ်အတွင်းမှ ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်ပေါ်လာပြီး ပုန်းအောင်းနေသောအဖွဲ့များ အလျှိုလျှိုထွက်လာကြသည်။
" ဟဲဟဲ...သဲသံမဏိအင်ပါယာကသူငယ်ချင်းလေး.....ရွှေနဂါးချီကို မင်းတစ်ယောက်တည်းမောင်ပိုင်စီးချင်လို့ဘယ်ဖြစ်မလဲ....."
“ရွှေနဂါးချီကို အညီအမျှ ခွဲဝေကြမယ်...."
တစ်ယောက်တစ်ပေါက် အဆိုပြုသံများကြောင့်ကျောက်ဇီယန်၏ မျက်လုံးများသည် ဒေါသကြောင့် တောက်ပနေသော်လည်း စိတ်ထိန်းလိုက်ပြီး.....
"မင်း ငါတို့ကို ဒီလိုအခြေအနေရောက်အောင် လုပ်ပြီးမှ ကာကွယ်ပေးဖို့ဘယ်လိုများတောင်းဆိုနေတာလဲ......"
အခုဆို လူတိုင်းက လီလော့ဘက်လှည့်သွားကြပြီ..... ယခင်က မည်သူကမျှ သူ့ကို ဂရုမစိုက်ခဲ့ကြသော်လည်း ယခုအခါ သူ၏ ခွန်အားနှင့် ပဲ့တင်ထပ်သံနှစ်ခုက သူ့ကို လေးစားမှုအချို့ကို ရရှိစေခဲ့သည်။
ထို့ထက် ပိုအရေးကြီးသည်မှာ ၎င်းတို့သည် ရှုပ်ထွေးသော အခြေအနေတစ်ခုတွင် ရှိနေခဲ့ပြီး တစ်စုံတစ်ဦးမှ ပြေလည်အောင် စတင်ရန် လိုအပ်သည်။
ရွှေနဂါးချီကို ပိုင်ဆိုင်သူအနေဖြင့် ယုလန် ဟုခေါ်သော ဤလူငယ်နှင့် သူ့အဖွဲ့သည် ထိုသို့လုပ်ဆောင်ရန် အကောင်းဆုံးအနေအထားတွင် ရှိနေသည်။
လီလော့ က သူတို့အားလုံးကို ပြုံးပြလိုက်ပြီး....
"ကောင်းပြီ၊ ငါတို့ဒီအရှုပ်ထဲရောက်နေတော့ ရွှေနဂါးချီကို ငါတို့မပိုင်ဆိုင်နိုင်မှတော့ ခွဲဝေလိုက်ကြတာပေါ့...... ဒါပေမယ့်.......ရွှေနဂါးချီလို ဆုကြီးတစ်ခုက အဖွဲ့တွေအများကြီးကို ထောက်ပံ့ပေးနိုင်ပါ့မလား......
***