← Chapters

ဝံပုလွေထဲကဝံပုလွေ.....

Vol. 25 Ch. 348

ဝံပုလွေထဲကဝံပုလွေ.....

Vol. 25 Ch. 348

လီလော ရယ်ကာမောကာပြောလိုက်သော စကားလုံးများသည် ကျောက်ဇီယန်နှင့် အခြားသော အဖွဲ့ခေါင်းဆောင်များကို မျက်စိမျက်နှာပျက်စေခဲ့သည်။

ဤနေရာတွင် အသင်းပေါင်း 20 မှ 30 ခန့်ရှိပြီး လူ 100 နီးပါးရှိသည်။ လူတိုင်းသာ ရွှေနဂါးချီကို ရရှိသွားလျှင် အာနိသင်ရှိတော့​မည်မဟုတ်ပေ။

လီလော့ ပြောခဲ့သလိုပဲ သူတို့အားလုံးကိုမထောက်ပံပေးနိုင်ဘူး.....

"မင်းဘာတွေတွေးနေလဲ?" ကျောက်ဇီယန် က မေးသည်။

လီလော့သည် ကျောက်တုံးကြီးတစ်ခုပေါ်သက်တောင့်သက်သာတက်တိုင်လိုက်ပြီး လက်လေးချောင်းထောင်ပြလိုက်သည်။

"လေးသင်း..... ငါက လေးသင်းနဲ့ မျှဝေဖို့ ဆန္ဒရှိတယ်။ နောက်ဆို ရွှေနဂါးချီက ဘာမှလုပ်လို့မရလောက်အောင် အားနည်းသွားလိမ့်မယ်......"

“ဒီလေးသင်းက ဘယ်သူတွေ

ဖြစ်မလဲ…ငါ ဂရုမစိုက်ဘူး"

ဆာလောင်နေသောအဖွဲ့များသည် တစ်ယောက်ကိုတစ်ယောက် ဝိုင်းကြည့်နေကြသည်။

ဒီကလေးက ဘီလူးတစ်ကောင်လိုပဲ.....ဒီကောင်က ငါတို့ကိုအချင်းချင်းတိုက်ခိုက်စေချင်နေတာလား......

"ထက်မြက်တဲ့ ဗျူဟာသမားပဲ..... "

အေးစက်သော ရယ်မောသံကြောင့် လီလော့ သည် သွယ်လျပြီး ဆွဲဆောင်မှုရှိသော မိန်းကလေးကို လှမ်းမြင်လိုက်ရသည်။ သူမ၏ဝါနှစ်သောအသားရေသည် သူမကို ပျိုမြစ်သောကျားသစ်မလေးအဖြစ်ထင်မှတ်စေသည်။

"နင် ငါတို့ကို အချင်းချင်း တိုက်ခိုက်ခိုင်းပြီး လွတ်မြောက်ဖို့ အခွင့်အရေးရှာချင်နေတာလား.....နင့်မှာ ပဲ့တင်ထပ်သံနှစ်ခု ရှိနေပေမယ့် အခုမှ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်ပဲရှိသေးတာ..ကျောက်ဇီယန်ကိုတိုက်ခိုက်နိုင်ပေမယ့် ငါတို့အားလုံးကိုတိုက်ခိုက်နိုက်မယ်ထင်နေတာလား....ဒါဆိုလည်း ငါနဲ့တိုက်ခိုက်ကြည့်လိုက်လေ...."

သူမသည် မြစိမ်းရောင်ကျားသစ်တစ်ကောင်သဏ္ဍာန်စွမ်းအားများထုတ်ဖော်၍ တိုက်ခိုက်ဖို့အသင့်ပြင်နေပြီ......

လီလော့  သူမ၏ ရင်ဘတ်ပေါ်ရှိ တံဆိပ်ကို ကြည့်နေသည်။ "မိုးသစ်တောမင်းဆက်?"

"မိုးသစ်တောမင်းဆက်က ကုယင်း"

လီလော့ ခေါင်းညိတ်လိုက်သည်။  ကုယင်းက ကျောက်ဇီယန်နီးပါး သန်မာသည့်အပြင် သူ့ထံတွင် အရံသိုလှောင်ထားသောစွမ်းအင်များမရှိတော့သည့်အတွက် တိုက်ခိုက်ဖို့မဖြစ်နိုင်တော့ပေ။

"ကောင်းပြီ...... ငါ့ရဲ့အကြံပြုချက်ကို စိတ်မဝင်စားရင် ဝင်မပါနဲ့.... "

လီလော့ အလေးမထားဟန်ဖြင့်ပြန်ဖြေလိုက်သည်။

"ကျားမကြောက်နဲ့နွားပေါက်လေးပဲ...ဒါ နင့်နေရာမဟုတ်ဘူး....ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်လောက်နဲ့လေကျယ်မနေနဲ့......"

ကုယင်း ဒေါသပုန်ထနေလေပြီ.......

လီလော့ စကားမပြောမီ လုချင်းအာက အေးခဲသောအမူအရာဖြင့် ရှေ့ကို တိုးလာပြီး.....

"ဟွန့်....ငါတို့နေရာမဟုတ်တော့ ဘာဖြစ်လဲ....ရွှေနဂါးတာအိုနယ်မြေကိုနင်ပိုင်လို့လား.....အတင်းအကြပ်ဖိအားပေးလာမယ်ဆို........"

သူမသည် လက်ချောင်းများကို လှုပ်ယမ်းကာ ရှည်လျားချွန်ထက်သောရေခဲချွန်တခု ဖန်တီးလိုက်ပြီး သူမကိုယ်သူမချိန်ရွှယ်ကာ.....

"ငါသာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားရင် ဒီနယ်မြေထဲက ချက်ချင်းထွက်သွားနိုင်ပြီ....."

ကျောက်ဇီယန်နဲ့ ကုယင်း တွေဝေသွားသည်။ ရွှေနဂါးချီကို ဘယ်သူမှမပိုင်ဆိုင်ရဘဲဆုံးရှုံးလိုက်ရတော့မှာလား.....

ဒီရေခဲမင်းသမီးလေးက အမိုက်စားပဲ......

လီလော့လည်း  သူမ၏လှုပ်ရှားမှုကြောင့်သူများနည်းတူ ထပ်တူထပ်မျှ ထိတ်လန့်သွားပြီး

"နင်ဘာတွေလျှောက်လုပ်နေတာလဲ...."

လုချင်းအာက လီလော့၏ တုန်လှုပ်ချောက်ချားနေသည့် အသံကို ကြားလိုက်ရပြီး ပဟေဠိဆန်စွာ လှည့်ကြည့်လိုက်သည်။

“ချထားပါ.....ငါမင်းကိုကာကွယ်ပေးမယ်လို့ ဉက္ကဌယုကို ကတိပေးထားတယ်.... မင်းငါ့ကိုယုံရင်..."

"ယုံတယ်.... ငါ နင့်ကိုယုံတယ်!" လုချင်းအာ က အမြန်ပြန်ဖြေလိုက်ပြီး ရေခဲချွန်ကို ကမန်းကတမ်းပစ်ချလိုက်လေသည်။

လီလော့  ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကျောက်ဇီယန်၊ ကုယင်း နှင့် အခြားသူများကို လေးလေးနက်နက် ကြည့်လိုက်ပြီး.....

"ငါ့ရဲ့ အဆိုပြုချက်ကို မပြောင်းလဲနိုင်ဘူး.... လေးသင်းပဲ... အဲ့ဒါက ငါ လက်ခံမယ့် ကန့်သတ်ချက်ပဲ.... ဒီစိတ်ကူးကို မကြိုက်ရင် ဆွေးနွေးပွဲပျက်သွားမယ်..... မင်းတို့ဆန္ဒရှိတဲ့အတိုင်း ငါ့ဆီလာခဲ့.... ငါ မင်းတို့ကို ဖြေရှင်းပေးမယ်....."

သူ့မျက်လုံးများမှ ဖြာထွက်လာသော ငြိမ်သက်သော ယုံကြည်မှုတစ်ခုဖြင့်  ခက်ခဲသော အခြေအနေတွင် ရှိနေသော်လည်း သူဆန္ဒအတိုင်း ရုန်းထွက်နိုင်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။

ကျောက်ဇီယန် လှုပ်လှုပ်ရှားရှား ဖြစ်နေလေပြီ။ ဒေါသမထွက်သော်လည်း စိုးရိမ်နေမိသည်မှာတော့အမှန်ပင်.... ဒီလို ပြင်းထန်တဲ့ ပြိုင်ဘက်တွေ ဝိုင်းရံထားချိန်မှာ လီလော့  ဘာကြောင့် ဒီလောက် ယုံကြည်မှု ရှိရတာလဲ.....

ပဲ့တင်ထပ်သံနှစ်ခု ကြောင့်လား.....ဒါဟာ ကစားပွဲကိုပြောင်းပြန်လှန်ပစ်ဖို့မလုံလောက်ပေမယ့် လုချင်းအာ ချိန်း​ခြောက်သွားတာတွေကတော့အမှန်ပင်ထိတ်လန့်စရာကောင်းနေသည်။

ဆိုလိုသည်မှာ သူတို့သည် ဤအခြေအနေကို သတိကြီးစွာ ချဉ်းကပ်ရမည့်သဘောပင်.....

ကုယင်းလည်း တိတ်ဆိတ်နေပြီး အသည်းအသန်စဉ်းစားနေသည်။

တိတ်ဆိတ်မှုနေသော်လည်း ဤတိတ်ဆိတ်မှုသည် တင်းမာမှုနှင့် မသေချာမရေရာမှုများဖြင့် ပြည့်နှက်နေသည်။

အားနည်းသောအသင်းအချို့ စိုးရိမ်နေကြပြီ။ လီလော့၏အကြံအစည်ကိုလက်ခံပါက ၎င်းတို့သည် ပထမဆုံး ရှုံးသွားမည့်အဖွဲ့များဖြစ်သွားနိူင်သည်။

တင်းမာမှုများ အရှိန်မြင့်တက်လာပြီ......

ရုတ်တရက် တစ်စုံတစ်ယောက်သည်ထိန်းမထားနိုင်တော့ဘဲ လုချင်းအာကို ရုတ်တရက်ပြန်ပေးဆွဲဖို့ အငိုက်ဖမ်းတိုက်ခိုက်လာသည်။

သူတို့အားလုံးကို အံ့အားသင့်နေပြီး မှင်သက်နေစဉ်မှာ လီလော့သည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး တုံ့ပြန်မည့် အရိပ်အယောင်မရှိပေ။

ပြန်ပေးဆွဲမည့်သူသည် လုချင်းအာ အနီးသို့ ရောက်လာပြီး ကောက်ကျစ်သောအပြုံးဖြင့်လက်လှမ်းလိုက်စဉ်.......

ဘန်းးးးးးး

ချော်ရည်လက်သီးချက်က ထိုသူရဲ့ဉီးခေါင်းကိုထိမှန်သွားပြီး မြေပြင်ပေါ်ပြုတ်ကျလာကာ သွေးအန်နေရပြီ.....

ကျောက်ဇီယန်က ထိုသူ၏ဉီးခေါင်းကိုခြေထောက်ဖြင့်နင်းထားပြီး.....

"မလောက်လေးမလောက်စားကောင်ကများ....ထွက်သွားစမ်း......."

အဖွဲ့ဝင်တော်တော်များများ မျက်နှာပျက်သွားကြသည်။ ကျောက်ဇီယန် တိုက်ခိုက်ခြင်းသည် လီလော့၏အကြံအစည်ကို လက်ခံရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ကို သူတို့သိလိုက်ရပြီ။

ရွှေနဂါးချီသည် အရသာရှိသော ကိတ်မုန့်ဖြစ်ပြီး လေးဖွဲ့သာ လှီးယူနိူင်မည်။

အခွင့်ထူးခံလေးယောက်ထဲက တစ်ယောက်ဖြစ်ချင်ရင်... အဆုံးထိ ဘယ်သူက ရှင်သန်နိုင်မလဲဆိုတာ သူတို့ကြည့်ရလိမ့်မည်။

ဆည်ကျိုးသွားသလိုပဲ၊ ပဲ့တင်ထပ်သံစွမ်းအားများ ပေါက်ကွဲထွက်လာပြီး

ပြီး တိုက်ပွဲဝင်ဖို့ညာသံပေးနေသည့်အသံများလေထုထဲတွင်ပြည့်နှက်နေပြီ

ဝံပုလွေအုပ်စု အချင်းချင်း တိုက်ခိုက်ကြတော့မည်။

***

All Chapters