အခြေနေပြောင်းလဲသွားခြင်း....
Vol. 25 Ch. 349
အေးစက်သော လေထုထဲတွင် တိုက်ခိုက်သံများနှင့်စူးရှသောသွေးနံ့များပြည့်နှက်နေသည်။
တောအုပ်တစ်လျှောက်တွင် ပဲ့တင်ထပ်သံ စွမ်းအားများ ပေါက်ကွဲနေသည်မှာ မြင်သူတိုင်းအတွက် ခမ်းနားပေမယ့် သေစေနိုင်တဲ့ မီးရှူးမီးပန်းတွေကို ဖန်တီးနေသလိုပင်..... ပေါက်ကွဲမှုတစ်ခုစီတိုင်းတွင် သွေးရနံ့များထုံမွှမ်းနေပြီး မြင်သူတိုင်းကိုရူးလောက်စေသည်။
တစ်ဖက်တွင် လီလော့သည် ကျောက်ဆောင်တစ်ခုပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး ဖရိုဖရဲ အော်ဟစ်သံကို စူးစမ်းနေသည်။ သူ့အကြည့်တွေက သနားညှာတာမှုကင်းမဲ့နေပြီး အေးစက်နေ၏။
ငါတို့ကိုအမဲဖြတ်ချင်မှတော့ တန်ရာတန်ကြေးပေးရမှာပေါ့......
ယခုချိန်တွင်မုဆိုးများက သားကောင်ဖြစ်နေပြီး အခြေနေတွေကလည်း အချိန်နဲ့အမျှပြောင်းလဲနေကြသည်။
ချင်ဇူလုက လီလော့နားကိုရောက်လာပြီး.....
"ငါတို့တွေ အခုနေထွက်ပြေးလို့မရဘူးလား....."
လုချင်းအာကလည်း သဘောတူသလို တစ်ချက်ကြည့်လိုက်သည်။
လီလော့က ပြုံးပြီး ခေါင်းခါလိုက်သည်။
"အဲ့လိုလုပ်စရာ မလိုပါဘူး..... ငါတို့ လွတ်မြောက်ဖို့ ကြိုးစားလိုက်ရင် စစ်မြေပြင်တစ်ခုလုံး ငါတို့ကို အာရုံစိုက်လာလိမ့်မယ်..... ငါတို့နောက်လိုက်ဖို့ သူတို့ပြသာနာတွေကိုခဏဘေးချိတ်ထားလိုက်ကြလိမ့်မယ်..... ရိုးရိုးသားသားပြောရရင် ငါတို့က ရွှေနဂါးချီကို ပိုင်ဆိုင်ကြောင်း ထုတ်ဖော်ပြသလိုက်တဲ့အချိန်ကတည်းက အခြေနေက မရေရာတဲ့ အခြေအနေ ဖြစ်သွားပြီ.... ငါတို့ရဲ့ ခွန်အားနဲ့ ငါတို့ ဒါကို ကောင်းကောင်း ကာကွယ်နိုင်မှာ မဟုတ်ဘူး.... ဒါကြောင့် ဒါဟာ ကောင်းချီးမဟုတ်တဲ့ ကျိန်စာတစ်ခုဖြစ်နေခဲ့ပြီ....ငါတို့တွေက ရွှေနဂါးတာအိုနယ်မြေမှာ ထိပ်တန်းအဆင့်ရှိနေကြတဲ့သူတွေမှမဟုတ်တာ....."
ကူကယ်ရာမဲ့မှု အရိပ်အယောင်တွေရောယှက်နေသည်။ ရွှေနဂါးချီကို ထုတ်ဖော်မပြခဲ့လျှင်ကောင်းကောင်း ဖုံးကွယ်ထားပြီး ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ ကံဆိုးတာက သူတို့နှစ်ယောက်ကို ကျိစွန်းတို့အဖွဲ့ရှာတွေ့သွားတာပါပဲ......
ဝင်ရိုးစံန်းဝံပုလွေဘုရင့်နိုင်ငံက သူ့အသင်းဖော်တွေကို သတင်းဖြန့်တာ အခြေနေပိုဆိုးသွားစေပြီး အဖွဲ့တစ်ဖွဲ့၏ အမှိုက်သရိုက်များသည် သတင်းအချက်အလက်များကို အကာအကွယ်မပေးနိုင်ခဲ့ပေ။ တစ်ယောက်က နောက်တစ်ယောက်ကို ပြောပြပြီး အခု အနီးနားက လူတိုင်းဆီသတင်းပြန့်သွားခဲ့ပြီ။
"လောလောဆယ် ငါတို့ လွတ်မြောက်ဖို့ စီမံထားရင်တောင်မှ သူတို့က ပိုများတဲ့ အရေအတွက်တွေနဲ့ ငါတို့ကို မလွှဲမရှောင်သာ ဝန်းရံထားလိမ့်မယ်.....ဒါ့ကြောင့် အဓိပ္ပါယ်မဲ့ လှုပ်ရှားနေစရာ ဘာအကြောင်းမှ မရှိပါဘူး...."
လီလော့က တောတွင်း၌ ဖြစ်ပွားနေသော တိုက်ပွဲကို အာရုံစိုက်ပြီး ရှင်းပြနေသည်။
"ရွှေနဂါးချီကို လက်ဝါးကြီးအုပ်ထားလို့ မရတဲ့အတွက်၊ ငါတို့ကို ကူညီဖို့ ရဲရင့်တဲ့ သူရဲကောင်းတချို့ရွှေးလိုက်တာက အကောင်းဆုံး ရွေးချယ်မှုပဲ"
လုချင်းအာက သဘောတူကြောင်း ခေါင်းညိတ်သည်။ ဤသည်မှာ ယုတ္တိအရှိဆုံးဖြစ်ပြီး ဖြစ်နိုင်ချေရှိသော တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။ သူတို့သည် လောဘကြီးပြီး အကျိုးကျေးဇူးအားလုံးကို သိမ်းထားရန် ကြိုးစားပါက၊ စောစီးစွာ ဖယ်ရှားခဲရလိမ့်မည်။
ဤအစီအစဉ် စတင်သည်နှင့်တစ်ပြိုင်နက် လီလော့ဘက်က အရေးပေါ်အစီအစဥ်ကို ရေးဆွဲထားပြီးဖြစ်ကြောင်း ထင်ရှားပါသည်။
ဒါပေမယ့် လက်တွေ့မှာ ဒါကို အကောင်အထည်ဖော်ဖို့ ခက်ခဲလိမ့်မည်။ အရေးကြီးဆုံးအချက်မှာ သူတို့အုပ်စုသည် အလွန်အားနည်းနေခြင်းဖြစ်သည်။
ပြိုင်ဘက်များလက်သို့ ကျရောက်သည်နှင့် တပြိုင်နက် ရထားသမျှပျောက်ဆုံးသွားမည်ဖြစ်သည်။
မျှော်လင့်ချက်အားလုံးကို ဆန့်ကျင်လျက် လီလော့သည် ကျောက်ဇီယန်၏ တိုက်ခိုက်မှုကို ရပ်တန့်ခဲ့ပြီး သူ့ထက် မပျော့ညံ့ကြောင်း သရုပ်ပြခဲ့သည်။ ယင်းကြောင့် ကျန်သူများ နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး အခြေအနေကို ပြန်လည်သုံးသပ်ရန် တွန်းအားပေးခံခဲ့ရသည်။
ချင်ဇူလုက လီလော့ ဘေးတွင် ထိုင်လိုက်ပြီး.....
"မင်း တိုးတက်လာပြန်ပြီထင်တယ်"
လီလော့သည် ကျောက်ဇီယန်၏ ချေမှုန်းမှုကို လက်တစ်ကမ်းတည်းဖြင့် ပိတ်ဆို့ခဲ့ပြီး ဤသည်မှာ သူနှင့်မကိုက်ညီသော အရာဖြစ်သည်။ သိုယ်ပိုင်သီးသန့်အကဲဖြတ်မှုအရဆို လီလော့က ပဉ္စမအဆင့်များကိုအလွယ်တကူရင်ဆိုင်နိုင်ပြီး အနည်းငယ်အားစိုက်လိုက်လျှင်ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်များကိုပါတိုက်ခိုက်နိုင်ပြီဖြစ်သည်။
ကျောက်ဇီယန်သည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်ဖြစ်သည်။
လီလော့၏ ကြံ့ကြံ့ခံနိုင်စွမ်းသည် သူ့ထက်သာလွန်နေပေပြီ။
ကောလိပ်ကိုစရောက်စဉ်က သူတို့နှစ်ဉီးကြားတွင်ကွာခြားချက်ကြီးမားခဲ့သော်လည်း ယခုဆိုလျှင်ပဲ့တင်ထပ်သံနှစ်ခုဖြင့် လီလော့၏ အနာဂတ်သည်အတိုင်းအဆမရှိတောက်ပနေတော့မည်။
လီလော့ ပြုံးလိုက်သည်။ ချင်ဇူလုသည် အဆင့်ရှစ်အဆင့်မြင့် ရွှေကျားနတ်ဆိုး ပဲ့တင်ထပ်သံကို ပိုင်ဆိုင်နိုင်သော်လည်း သူ့တွင် အဆင့်ခုနှစ် ရေအလင်းပဲ့တင်ထပ်သံနှင့်အဆင့်ငါးမြေသစ်သား ပဲ့တင်ထပ်သံရှိသည်။ စွမ်းအားချင်းယှဉ်လျှင် ချင်ဇူလုကိုမည်သို့မျှရှုံးနိုင်မည်မဟုတ်ပေ။
အဆင့်ကိုးပဲ့တင်ထပ်သံနှင့်မကြုံသ၍ ရွယ်တူအဆင့်တူများထဲတွင်မည်သူမျှသူ့ကိုယှဉ်နိုင်မည်မဟုတ်ပေ။
" ဟူးးးးငါတို့တွေအားနည်းနေလို့သာအခုလို သူများဆီကနေ ခွန်အားချေးငှားနေရတာ...."
လီလော့က နောင်တရနေဟန်ဖြင့် ညီးတွားလိုက်သည်။ရွှေနဂါးတာအိုနယ်မြေထဲတွင် အများစုကပုံသဏ္ဍာန်ပြောင်းလဲခြင်း အဆင့်ရောက်နေကြသူများဖြစ်ကြသည့်အတွက် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်ဆိုသည်မှာ သူတို့အတွက်တော့ပုရွက်ဆိတ်သာသာမျှပင်.....
"ဟဲ့ အသန်မာဆုံးဖြစ်တဲ့ နင်ကအဲ့လောက်ညီးနေရင်ငါတို့တွေက ဘယ်လိုလုပ်ရမှာလဲ....."
လုချင်းအာ သည်းမခံနိုင်တော့ပေ။
"အဖွဲ့အများစုက သူတို့ရဲ့ သက်ဆိုင်ရာ ကောလိပ်တွေမှာ ကြယ်နှစ်ပွင့်အဆင့်ရှိသူတွေချည်းပဲ.... အဲ့တော့ ငါတို့မှာ ချင်ဇူလုလိုလူမျိုးနှစ်ယောက်လောင်ထပ်ရှိနေရင်တောင်အသာစီးရဖို့မလွယ်ဘူး......"
ထိုမှတ်ချက်ကိုကြားတော့ ချင်ဇူလုက လုချင်းအာကို စိုက်ကြည့်နေသည်။ ဘာကြောင့် သူ့ကို နှိုင်းယှဥ်ခိုင်းရတာလဲ......
လုချင်းအာက ချင်ဇူလုကို ခပ်ပြတ်ပြတ်ပြန်ကြည့်လိုက်ပြီး........
“ကောင်းပြီ၊ နောက်ထပ် နှစ်ယောက်ရှနေရင်တောင် သူက ဉီးနှောက်နဲ့မစဉ်းစားဘဲကမူးရှူးထိုးတိုက်ခိုက်ဖို့ပဲစိတ်ဝင်စားနေမှာ....ဘာမှမထူးဘူး....."
ချင်ဇူလု၏ အမူအရာ တင်းမာသွားသည်။
ဒါ ငါ့ဗီဇပဲလေ....ခေါင်းရှုပ်ခံပြီးစဉ်းစားရတာတွေစိတ်မဝင်စားဘူး...အခုလိုသာအဝိုင်းခဲရရင် သေတဲ့အထိ တိုက်ခိုက်ပစ်လိုက်မယ်......
"လေးဖွဲ့ကျန်ရင် ငါတို့ဘာလုပ်ကြမလဲ...."
"နောက်ဆုံး လေးဖွဲ့က ငါတို့ရဲ့ အနာဂတ် မဟာမိတ်တွေဖြစ်လာမှာဆိုတော့ မေတ္တာအပြည့်နဲ့ကြိုဆိုရမှာပေါ့......"
ချင်ဇူလုသည် ရွံရှာစွာဖြင့် ကြမ်းပြင်ပေါ်တွင် တံတွေးထွေးသည်။
မေတ္တာအပြည့်နဲ့ကြိုဆိုမယ်....ဒီစကားကိုဟိုကောင်တွေသာကြားရင် ဒင်းကိုတစစီဆုတ်ဖြဲကြလိမ့်မယ်.......
ထို့နောက် သုံးယောက်သား သက်တောင့်သက်သာဖြင့်တိုက်ပွဲများကိုကြည့်ရှုနေခဲ့ကြသည်။ယခုဆိုသစ်တောတခုလုံးရစရာမရှိအောင်ပျက်စီးနေလေပြီ။
မရေမတွက်နိုင်သောအသင်းများစွာ မညှာမတာ ဖယ်ထုတ်ခံနေရသည်။
အဆုံးမှာတော့ အုပ်စုလေးစုက အောင်ပွဲခံပြီး လီလော့တို့ဆီ လျှောက်လာကြသည်။ထိုလေးဖွဲ့တွင် ကျောက်ဇီယန်နှင့် ကုယင်း ၏အဖွဲ့ လည်း ပါနေသည်။
ထိုလေးဖွဲ့စလုံး ဒဏ်ရာများစွာရထားကြပြီး နောက်ဆုံးကျန်ရှိဖို့အတွက် တန်ကြေးကြီးစွာပေးဆပ်ထားကြရသည်။
ထို့ကြောင့် လေးဖွဲ့လုံးက လီလော့တို့ကိုအစိမ်းလိုက်ဝါးစားချင်သည့်အကြည့်များနှင့်ကြည့်နေကြသည်။
သို့သော်လည်း လီလော့က ဘာမှမမြင်ရသလို ဟန်ဆောင်လိုက်ပြီး အဲဒီအစား လက်ခုပ်တီးပြီး ထိုင်ရာက ထပြီး သူတို့ကို အပြုံးတွေအပြည့်နဲ့ကြိုဆိုလိုက်သည်။
" ဂုဏ်ယူပါတယ်... မင်းတို့လေးဖွဲ့က နောက်ဆုံးဆုရှင်တွေဖြစ်သွားကြပြီ....."
ကုယင်းက လီလော့ကို စိုက်ကြည့်ရင်း .....
"နင့်နာမည် ယုလန် မလား.....ငါ နင့်ကို ကောင်းကောင်းမှတ်ထားမယ်....ရှန့်ပိန်းတွေ့ဆုံပွဲရောက်ရင် ငါနဲ့မဆုံဖို့သာဆုတောင်းထားလိုက်........."
ကုယင်းက သူတို့၏ခံစားချက်တွေကိုထုတ်ပြောပေးနေသလိုဖြစ်နေသည့်အတွက် ကျန်သည့်သုံးဖွဲ့ကလည်း အော်ဟစ်ထောက်ခံနေကြသည်။
မည်သို့ပင်ချိန်းခြောက်ခံရပါစေ လီလော့က မျက်တောင်တချက်မခတ်ဘဲ........
" အခြေနေအချိန်အခါအဖြေရှင်းလိုက်ရတာဖြစ်တဲ့အတွက် ဖြေရှင်းချက်တွေ ပေးမနေတော့ဘူး...ရပါတယ်....နောက်တခါပြန်ဆုံရင်ညှာတာနေစရာမလိုပါဘူး......"
"ဒါပေမယ့် ငါတို့ ရွှေနဂါးတာအိုနယ်မြေထဲမှာ ရှိနေသရွေ့ မင်းတို့ကို သူငယ်ချင်းတွေအဖြစ် အသိအမှတ်ပြုမယ်...... ရွှေနဂါးချီဆီက ရခဲ့တဲ့ ဥစ္စာတွေကို မျှမျှတတ ဖြန့်ဝေမယ်ဆိုတာ မင်းတို့စိတ်ချထားပါ...."
ထိုအချိန်တွင် ကျောက်ဇီယန်နှင့် ကျန်လူများသည် လီလော့၏ အမူအရာအား စိတ်မ၀င်စားဘဲ ၎င်းတို့၏ အမူအရာများ အနည်းငယ် ပျော့ပျောင်းသွားခဲ့သည်။ မရေမတွက်နိုင်သော အကျိုးတရားများအတွက် မဟုတ်ပါက ဤဒုက္ခပေးသူ သုံးဦးကို ပြင်းထန်စွာ နှင်ထုတ်လိုက်ပေလိမ့်မည်။
"သူငယ်ချင်းတို့.....အခုငါတို့တွေ တလှေတည်းစီးနေကြပြီဆိုတော့ ရှေ့ဆက်ကြတဲ့အခါ ချောင်းမြောင်းတိုက်ခိုက်သူတွေနဲ့ကြုံတွေ့နိုင်တယ်.....သတိမပြတ်စေနဲ့....."
လီလော့က စိတ်လှုပ်ရှားစွာ ဆက်ရှင်းပြနေပြီး
"အခုချိန်ကစပြီး မင်းတို့တွေက ငါတို့ရဲ့ ရွှေနဂါးချီကာကွယ်သူတွေ ဖြစ်လာလိမ့်မယ်..
မင်းတို့ကို ရွှေနဂါးချီကာကွယ်သူအဖြစ် ကြေငြာလိုက်ပြီ......"
သူ၏ စိတ်အားထက်သန်မှုနှင့် ထက်မြက်သော စကားလုံးများကြောင့် မဟာမိတ်အုပ်စုလေးဖွဲ့စလုံးကြောင်တောင်တောင်တွေဖြစ်ကုန်ကြပြီ။
တစ်ခုခုမှားနေတာလား.....လုယက်ဖို့လာခဲ့ကြတာမဟုတ်ဘူးလား....ဘယ်လိုဖြစ်လို့ ရွှေနဂါးချီရဲ့ အပြင်းထန်ဆုံး ကာကွယ်သူတွေဖြစ်သွားရတာလဲ....ရှင်းပြကြပါဉီး.......
***