ပေါင်းစည်းခြင်း....
Vol. 25 Ch. 350
ရွှေနဂါးချီကာကွယ်စောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
၎င်းတို့သည် အတွင်းပဋိပက္ခနှင့် မယုံကြည်မှုများဖြင့် ပြည့်နေသော မဟာမိတ်များဖြစ်သော်လည်း၊ အင်အားတောင့်တင်းလှသည်။
အဖွဲ့လေးဖွဲ့တွင် ကျောက်ဇီယန်နှင့်ကုယင်း တို့သည် အသန်မာဆုံးဖြစ်ကြပြီး အခြားအသင်းခေါင်းဆောင် နှစ်ဦးကလည်း ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်များဖြစ်ကြသည်။
ထိုမဟာမိတ်အဖွဲ့သည် ဤဒေသတွင် ကျင်လည်ကျက်စားရန် အလွန်အထင်ကြီးစရာကောင်းသော အဖွဲ့ဆိုလည်းမမှားနိုင်ပေ။
ထို့ကြောင့် ပထမနှစ်ရက်အတွင်း ကိစ္စအချို့အလွယ်တကူအဆင်ပြေသွားခဲ့ပြီး မဆင်မခြင်တိုက်ခိုက်ကြသောအဖွဲ့အနည်းငယ်နှင့်သာကြုံခဲ့ရသည်။ထို့ကြောင့် ရွှေဒဂါးအနည်းငယ်ပင်ရခဲ့သေးသည်။
ကျောက်ဇီယန်၊ကုယင်နဲ့ တခြားသော ကာကွယ်သူတွေကလည်း လုချင်းအာ၏ရွှေနဂါးချီသည် သူတို့မျှော်လင့်ထားသည်ထက် ပို၍ ပိုရနေသည့်အတွက် ကျေနပ်နေကြသည်။
သို့သော်လည အချိန်ကောင်းတွေကြာရှာမတည်မြဲနိူင်ခဲ့ပေ။
ရွှေနဂါးချီနှင့်ပတ်သတ်သောသတင်းများ အတော်ပြန့်နေပြီဖြစ်သောကြောင့် အဖွဲ့တော်တော်များများ၏ အာရုံစိုက်ခြင်းခံနေရပြန်ပြီ။
အချို့သောအဖွဲ့များဆိုလျှင်အကာကွယ်ရေးမဟာမိတ်အဖွဲ့တွင် ပါဝင်ခွင့်ရရန်နှင့် ညှိနှိုင်းမှုမျိုးပါတိုက်ရိုက်တောင်းဆိုလာကြသည်။
ဤညှိနှိုင်းမှုတွင် လီလော့တို့က နှုတ်ဆိတ်နေပြီး အပြင်းထန်ဆုံးကန့်ကွက်သူ ကျောက်ဇီယန်နှင့်ကုယင်း တို့ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ပိုမိုအားကောင်းသောအသင်းများနှင့် ပူးပေါင်းပါက၊ ထိုအမြတ်အစွန်းများကို မြည်းစမ်းပြီးသည်နှင့် မူလအသင်းအနည်းငယ်ကို ဖယ်ထုတ်ကြမည်သာ......
၎င်းတို့၏ ပြောင်ပြောင်တင်းတင်း ငြင်းဆိုမှုသည် ထိုအသင်းများကို ဒေါသထွက်စေပြီး ၎င်းတို့၏ရှေ့ဆက်လမ်းကို ပိုမိုခက်ခဲစေသည်။ ပိုများသောအဖွဲ့များကပင် ၎င်းတို့ကို ဆန့်ကျင်လာကြပြီး ကာကွယ်ရေးမဟာမိတ်အဖွဲ့အတွက် များစွာအခက်တွေ့စေခဲ့သည်။
နောက်ဆုံးတော့ ကျောက်ဇီယန်က ခေါင်းမာမနေတော့ဘဲ ထိုအဖွဲ့များကိုရှောင်ကွင်းနိုင်ရန် သေချာလမ်းကြောင်းရွေးချယ်ဖို့ဆုံးဖြတ်လိုက်ရသည်။
.............................
"ငါတို့ဒီအတိုင်းဆက်သွားမယ်ဆို ငါးရက်အတွင်းရေလှောင်တမံဆီရောက်နိုင်တယ်....."
လီလော့တို့အဖွဲ့သည် ချောက်ကမ်းပါး၏အောက်ခြေရှိ စမ်းချောင်းဘေးတွင် စခန်းချနေကြခြင်းဖြစ်သည်။
"ငါးရက်အတွင်းနော်..."
ကျန်တဲ့ မဟာမိတ်တွေက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။ ငါးရက်သည် ခံနိုင်ရည်ရှိသော ကာလဖြစ်သည်။
ကုယင်းသည် သူမ၏လက်ကောက်ဝတ်ရှိသွေးထွက်နေသောဒဏ်ရာကိုပတ်တီးစည်းနေသည်။သူမ အလွန်နွမ်းနယ်နေပုံရသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က ပြင်းထန်သော တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး တချက်ကလေးမျှ မနားရသေးပေ။
လီလော့က သူမကို ပြုံးပြလိုက်ပြီး....
"ငါ ကုသပေးပါ့မယ်....ငါတို့တွေက တလှေတည်းစီးတခရီးတည်းအတူသွားနေကြသူတွေပဲလေ......."
ကုယင်းက သူ့ကို ခဏလောက် သတိထားပြီး ကြည့်နေပေမယ့် နောင်တရပြီး ပတ်တီးတွေကို ချွတ်ပြီး လက်ကို ဆန့်လိုက်သည်....
"ကျေးဇူးပါ....."
" ရပါတယ်.....ငါ့အမြင်အရဆို မင်းတို့တွေကသာ ရွှေနဂါးချီနဲ့ထိုက်တန်သူတွေပါ.....ဘာလို့သန်မာတဲ့အဖွဲ့တွေနဲ့မပူးပေါင်းရတာလဲ....အမြစ်ကနေခုတ်ခံရမယ့်အစား အလိုက်သင့်နေပေးလိုက်တာပိုမကောင်းဘူးလား......"
"အေးပေါ့....မင်းကသာအလိုက်သင့်နေနိုင်သူပါ......"
ကျောက်ဇီယန် ဘုတောတောနေလေပြီ။
ဟွန့်...အစကတော့အန္တာရာယ်တွေပတ်လည်ဝိုင်းနေပြီး အခုကြတော့ငါတို့ကသွေးထွက်သံယိုဒဏ်ရာရခံပြီး ဒင်းတို့ကိုကာကွယ်ပေးနေရတယ်.......
ကိုယ့်အကျိုးအတွက် လုပ်နေကြပေမယ့် အမြင်တော့သိပ်မကြည်ချင်တော့ဘူး......
"ငါတို့ ရေလှောင်ကန်ကို မြန်မြန်ရောက်ရင် မဟာမိတ်အဖွဲ့ဖျက်သိမ်းလို့ရပြီ....ပစ္စည်းလံလှယ်ပြီးတာနဲ့စာချွန်လွှာရဖို့အာရုံစိုက်ထားနိုင်ပြီပေါ့....."
လီလော့က ကျောက်ဇီယန် ဘုတောတောနေသည်ကိုလျစ်လျူရှုထားပြီး အားတက်စရာတွေကိုသာရွေးပြောနေသည်။
ထိုအချိန်တွင် ခြေသံအချို့ကြောင့် အားလုံးသတိအနေထားဖြစ်ကုန်ကြသည်။
"ဒီမှာ တစ်ယောက်ယောက်ရှိတယ်......"
လီလော့၊ ကျောက်ဇီယန် နှင့် ကုယင်း တို့သည် တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်ကြည့်နေကြသည်။ သူတို့ မီးပုံကို ချက်ချင်းငြှိမ်းသတ်လိုက်ကြပြီး အသင့်အနေထားဖြင့်စောင့်ကြည့်နေကြသည်။
သို့သော်လည်း လရောင်မှုန်ဝါးဝါးအောက်တွင် လူရိပ်သုံးခုကိုတွေ့မြင်လိုက်ရသည်။
"အဖွဲ့တစ်ဖွဲ့တည်းလား?"
လီလော့တို့ အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်သည်။ အဖွဲ့များစွာကို ဖြတ်ကျော်ပြီးကတည်းက ၎င်းတို့ကို စိန်ခေါ်ရန် ကြိုးစားသည့် အဖွဲ့အရေအတွက် လျော့နည်းသွားပြီမဟုတ်လော.......
"လီလော့၊ သူတို့ကို ရင်းနှီးနေတယ်...."
လုချင်းအာက သူ့ဘေးနားကနေကပ် တိုးတိုးလေးပြောသည် ။
လီလော့ ခေါင်းညိတ်လိုက်ပြီး အကဲခတ်ကြည့်ရာ ထိုအသင်း၏ ပဲ့တင်ထပ်သံစွမ်းအားများမှတဆင့် ၎င်းတို့ကိုလည်း သိရှိနိုင်ခဲ့သည်။
"နင်းကျောက်၊ ဇူရွှမ်း နဲ့ လင်းစွော်?"
"သူတို့ကို သိလား?" ကျောက်ဇီယန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဒီအသင်းကတော့ တော်တော်လေးကို အားကောင်းခဲ့ပြီး သူနဲ့တန်းတူဖြစ်နိုင်တဲ့ သူတစ်ယောက်ပါရှိနေသည်။
"ဒါက ရှပြည်ထောင်စုက တခြားအဖွဲ့ပဲ" လီလော့က ဆန်းကြယ်သော အပြုံးဖြင့် ဖြေလိုက်သည်။
ကျောက်ဇီယန်နှင့်ကုယင်းတို့ တစ်ယောက်ကိုတစ်ယောက် စိုးရိမ်တကြီးကြည့်နေကြသည်။ ဤမဟာမိတ်အဖွဲ့သည် ပို၍ပို၍ရှုပ်ထွေးလာသည်။ လုချင်းအာနှင့် သူမ၏ သူငယ်ချင်း နှစ်ယောက်ကိုပင် အပြည့်အဝမထိန်းချုပ်နိုင်သေးခင် နောက်တစ်ဖွဲ့ရောက်လာပြန်ပြီ.......
ဒါဟာ သူတို့အတွက် သတင်းကောင်း ဟုတ်မနေပေ။
သူတို့ တုံ့ဆိုင်းနေချိန်မှ နင်းကျောက်တို့ရောက်လာခဲ့လေပြီ။
ဇူရွှမ်းက လီလော့ကိုမြင်လိုက်တာနဲ့ ရှေ့တိုးလာပြီး....
"မင်း ချင်းအာကို ဂရုစိုက်မယ်လို့ ဉက္ကဌယုကိုကတိပေးခဲ့တယ်မဟုတ်လား.....အခုတော့ အားကောင်းတဲ့ အင်အားစုတွေကြားမှာ ပိတ်မိနေပြီပေါ့......"
" ဝိုးး စွပ်စွဲချက်တွေပြင်းလှချည်လား....ဒါ အနိုင်ရဖို့ပူးပေါင်းလုပ်ဆောင်နေတာပါ....."
"မင်း လှည့်စားမနေနဲ့......"
"ဇူရွှမ်းက လီလော့ကို အော်ပြီးသည်နှင့် လုချင်းအာဘက်လှည့်ကာ......
"ချင်းအာ.... နောက်ကျမှရောက်လာတဲ့အတွက် တောင်းပန်ပါတယ်.....ကိုယ်နဲ့လိုက်ခဲ့မယ်မဟုတ်လား....ဘယ်လောက်ခက်ခဲနေပါစေရအောင်ခေါ်ထုတ်သွားပေးမယ်....."
ထိုစကားကြောင့် ကျောက်ဇီယန်နှင့်ကုယင်းတို့ မျက်မှောင်ကြုတ်လိုက်ပြီး ၎င်းတို့၏လက်နက်ဆီသို့ လက်ပြောင်းလိုက်သည်။
ဒီကောင်က ရွှေနဂါးချီကို သူတို့ရှေ့ကနေ ဗြောင်ကျကျ ခေါ်ထုတ်သွားမယ်ပေါ့.....
လုချင်းအာသည် လီလော့ ၏အမူအရာကို သေသေချာချာစစ်ဆေးပြီးနောက် ခေါင်းယမ်းလိုက်သည်။
"ဒါက လေ့ကျင့်ရေး လေ့လာရေးခရီးပဲလေ
... သိပ်အလေးအနက်ထားစရာ မလိုပါဘူး.... ဒီမှာ ရှုခင်းတွေက တော်တော်လှတယ်....."
ဇူရွှမ်း အံ့အားသင့်သွားသည်။
ကျောက်ဇီယန် နှင့် အခြားသူများ ရင်တွင်းမှ သက်ပြင်းတစ်ချက်ချလိုက်သည်။
နင်းကျောက်ကလည်း မနေသာတော့ဘဲ..... "ချင်းအာ....မင်း မထွက်သွားချင်ဘူးဆိုရင် မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါတို့ လေးစားပါတယ်....ဒါပေမယ့် မင်းရဲ့ လုံခြုံရေးအတွက် ငါတို့ မင်းနဲ့အတူလိုက်ခဲ့မာခ.... မင်း တစ်ခုခု ဖြစ်သွားရင် ဉက္ကဌကို ငါတို့ ဘယ်လိုမျက်နှာပြရမလဲ...... "
"အတူလိုက်မယ်??? မင်း ငါတို့ ခွင့်တောင်းခဲ့ဖူးသလား....."
ကျောက်ဇီယန်ရဲ့အေးစက်တဲ့လေသံက ပတ်ဝန်းကျင်တစ်ခုလုံးပဲ့တင်ထပ်နေလေ၏။
လာပြန်ပြီလား နောက်တဖွဲ့....ရွှေနဂါးချီဆီကရတဲ့ ဝေစုကိုထပ်ခွဲပေးရဉီးမှာလား.....
ဇူရွှမ်းက ကျောက်ဇီယန်ကို ခပ်ထေ့ထေ့ ကြည့်လိုက်ပြီး.....
"ငါတို့အားလုံးက ရှပြည်ထောင်စုကလေ....အဲ့တော့ မင်းရဲ့ခွင့်ပြုချက်လိုသေးလို့လား......"
"အိုး အဲ့လိုလား?"
ကျောက်ဇီယန်၏ မျက်လုံးများ တောက်ပလာပြီး စွမ်းအားများ စိမ့်ထွက်လာသည်။
"ချော်ရည်ပဲ့တင်ထပ်သံလား?"
ဇူရွှမ်းက သတိထားပြီး မှတ်ချက်ချလိုက်ပြီး သူ့ကိုယ်ပိုင် မီးတောက်များကိုထုတ်ဖော်လိုက်လေသည်။
ရုတ်တရက် တိုက်ခိုက်နေကြပြီ......
လီလော့ ရုတ်တရက် သူတို့ကြားထဲတိုးဝင်လိုက်ပြီး.....
"တော်ကြပါတော့....အခုလိုအချင်းချင်းရန်ဖြစ်နေမယ်ဆို အခြားအဖွဲ့တွေကို အခွင့်ရေးပေးသလိုဖြစ်သွားလိမ့်မယ်......"
နှစ်ဉီးစလုံးနောက်ဆုတ်လိုက်သော်လည်း ဇူရွှမ်းက လီလော့ကို အထင်သေးသည့်အကြည့်ဖြင့်လှမ်းကြည့်လိုက်သည်။
ဒါပေမယ့် သူတို့ကို စူးစူးစိုက်စိုက်ကြည့်နေတဲ့ သန်မာတဲ့အဖွဲ့တွေ အများကြီးရှိနေသည့်အတွက် ဇူရွှမ်း လျှာကိုက်မိမတတ်ထိတ်လတန့်သွားသည်။
ဤသို့ဖြင့် ခဏတာငြိမ်းချမ်းရေးရသွားပြီး တောနက်ထဲသို့ရွေ့ပြောင်းဖို့ ခရီးဆက်ခဲ့ကြသည်။
လီလော့က နောက်ဆုံးကနေလိုက်လာပြီး ဇူရွှမ်းနှင့်လင်းစွော် တို့ကို ဂရုတစိုက်စောင့်ကြည့်နေသည်။
သူတို့အားလုံး ရှပြည်ထောင်စုမှ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ကယ်တင်သူများဟု မဆိုလိုပါ။ သူတို့က ကျောက်ဇီယန် ထက်တောင် ပိုအန္တရာယ်များသေးသည်။
"ယုလန် ၊ ရှပြည်ထောင်စုမှာ နောက်ထပ် အင်အားကြီးအဖွဲ့တစ်ဖွဲ့ရှိတယ်ဆိုတာ နင်ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး...."
ကုယင်း နဲ့ ကျောက်ဇီယန်က သူ့ဘေးနားကို ကပ်လာပြီး အပြစ်တင်နေကြသည်။
ကျောက်ဇီယန်က ....."အမြတ်အစွန်းတွေကို ထပ်မခွဲချင်တော့ဘူး...."
လီလော့ ပခုံးတွန့်ကာ ကူကယ်ရာမဲ့နေဟန်ဖြင့်........
“ငါလည်း မလုပ်ချင်ပါဘူး၊ ဒါပေမယ့် မင်းလည်းကိုယ်တိုင် မြင်နေတာပဲလေ....… သူတို့က အဓိကလူတွေ ငါတို့က အရန်လူတွေ သူတို့ပြောတာကို သဘောမတူရင် ပြဿနာတက်ကုန်လိမ့်မယ်..... ခုနက ဝင်ဖြန်ဖြေလိုက်ကတဲ့အတွက်တောင်းပန်ပါတယ်....."
ကျောက်ဇီယန်က တခုခုကိုသဘောပေါက်သွားဟန်ဖြင့်.......
"ဒါဆို မင်းသူတို့ကို နေခွင့်ပေးမှာလား......"
လီလော့က လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး.....
"သူတို့က ငါ့အဖွဲ့ထက် အများကြီး သန်မာတယ်၊ ငါပြောသမျှကို လျစ်လျူရှုထားလိမ့်မယ်။.....ဒါကြောင့် မင်းတခုခုလုပ်ချင်ရင် ငါ့ကိုလာမမေးနဲ့...ငါဘာမှမသိဘူး......"
လီလော့ ထိုသို့ မတင်မကျပြောပြီးသည်နှင့် အမြန်နှုန်းဖြင့်ရှေ့သို့ လှမ်းတက်သွားလေသည်။
ကျန်နေခဲ့သည့် ကျောက်ဇီယန် နှင့်ကုယင်း တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကျေနပ်သော အပြုံးကိုယ်စီပြုံးလိုက်ကြသည်။
***