မတန်တဆ လေလံပွဲ
Vol. 30 Ch. 443
၎င်း၏ အသားအပြင် ဧရာမ စပါးအုံးမြွေကြီး၌ နောက်ထပ် ရတနာတစ်ခု ရှိသေးသည်။ ယင်းမှာ ၎င်း၏ သည်းခြေအိတ်ပင်။
ဧရာမ စပါးအုံးမြွေကြီး၏ အရွယ်အစားကြောင့် ၎င်း၏ သည်းခြေအိတ်ကလည်း ကြီးမားပြီး လူကြီး တစ်ယောက်၏ ဦးခေါင်းအရွယ်အစား နီးပါး ရှိသည်။ ၎င်းက နီရဲနက်မှောင်နေ၏။ ရဲ့လင်းချန်သည် ၎င်းအား ဧရာမ စပါးအုံးမြွေကြီး၏ နှလုံးဟုပင် အထင်မှားလုနီးပါး ဖြစ်ခဲ့ရသည်။
သည်းခြေအိတ်သည် မြွေ၏ စွမ်းအင် တည်ရှိရာ နေရာဖြစ်သည်။ ၎င်းက အတော်လေး တန်ဖိုးရှိသည်က သဘာဝပင်။ ထို့ကြောင့် ၎င်းအား ရောင်းချမှုကို အသားနှင့် သက်သက်စီ ခွဲထားသည်။
ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။
“အားလုံးပဲ လိုရင်းကို သွားလိုက်ကြတာပေါ့၊ သည်းခြေအိတ်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က မသန့်စင်မှုတွေကို ချေဖျက်ပေးတယ်၊ အေးမြစေတဲ့ အာနိသင်ရှိတယ်၊ အမြင်အာရုံ တိုးတက်စေပြီးတော့ အဆိပ်ကို ပြယ်စေနိုင်စွမ်း ရှိတယ်၊ အဲ့ဒါကို လူတစ်ယောက်ရဲ့ အာရုံကြော ဖွဲ့စည်းမှုစနစ်ကို ပြန်လည် ထိန်းသိမ်းပေးတယ်၊ ဟော်မုန်းဓာတ်ကို ညီမျှစေပြီးတော့ အဆိပ်ဒဏ် ခံနိုင်တယ်၊ ခန္ဓာကိုယ်ရဲ့ ကြီးရင့်မှုကို နှေးကွေးစေပြိးတော့ ဆေးဖော်စပ်ဖို့ အလွန် တန်ဖိုးရှိတဲ့ ပါဝင်ပစ္စည်းတစ်ခုပဲ၊ ဒီမြွေရဲ့ သည်းခြေအိတ် တန်ဖိုးက ပြောနေစရာတောင် မလိုတော့ပါဘူး၊ ကျွန်တော် ကြမ်းခင်းဈေးကို တစ်သန်းထားမယ်၊ လေလံပွဲကို စလို့ ရပါပြီ”
သည်းခြေအိတ်တစ်ခုကို တစ်သန်း။ ဤမတိုင်ခင်က ယင်းသည် မယုံနိုင်စရာ ကောင်းလှသည်။ သို့သော် ထိုကုမ္ပဏီများအားလုံးက တည်ငြိမ်စွာ လက်ခံထားကြသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူ့လက်ထဲက နံပါတ်ကို မြှောက်၍ ပျော့ပျောင်းစွာ ပြောလိုက်သည်။
“ကျုပ်တို့ ဟွေဟုန် ဆေးဝါးထုတ်လုပ်ရေးက သုံးသန်း ပေးတယ်”
စကားတစ်ခွန်းတည်းနှင့် ဈေးက သုံးဆ တက်သွားပါတကား။
အခြား လေလံဆွဲသူများ ထိတ်လန့်သွားသည်။ အချို့သော အသေးစား ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီများသည် ဒေါသထွက်နေပုံ ရသည်။ ယင်းက ဓားပြတိုက်ခြင်းသက်သက်ပင်။ သူတို့၌ လိုက်ယှဉ်နိုင်ခွင့် မရှိပေ။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက အေးအေးလူလူ ပြုံးနေ၏။ သူ့အတွက် သုံးသန်းက ဘာမှမဟုတ်ချေ။
“ဟဲဟဲ ဟွေဟုန် ဆေးဝါး ထုတ်လုပ်ရေးက တော်တော်လေး ရက်ရောတာပဲ၊ ဒါပေမဲ့ ငါ့ဆရာက သူ့အရက်ကို မြွေသည်းခြေအိတ်နဲ့ ရောရတာကို သဘောကျတာ၊ ငါ ဒီသည်းခြေအိတ်ကို ယူမယ်”
အခြား အမျိုးသားတစ်ယောက်က ညင်သာစွာ ပြုံးနေသည်။ သူက လက်မြှောက်၍ တည်ငြိမ်စွာ ကြေညာ လိုက်သည်။
“လေးသန်း
“မင်းက ဆေးဝါး ထုတ်လုပ်ရေး နယ်ပယ်က မဟုတ်ဘူး၊ ငါ ထင်တာ မမှားရင် မင်းက ဖေးထျန်း အရက် ထုတ်လုပ်ရေး ကုမ္ပဏီကပဲ၊ မင်းက ဒီသည်းခြေအိတ်ကို ဘာအတွက် လိုချင်တာလဲ”
ပထမဆုံး လေလံဆွဲသူက မေးလေသည်။ ထိုလေလံဆွဲသူက ပခုံးတွန့်ပြသည်။
“ငါ မင်းကို ပြောခဲ့သားပဲ၊ ငါ ဒါကို အရက်နဲ့ ရောမလို့လေ”
“ဒီလောက် ကြီးတဲ့ သည်းခြေအိတ်ကို မင်းက အရက် ဘယ်လောက်နဲ့ ရောဖို့ ကြိုးစားနေတာလဲ”
“ဟားဟားဟား ငါတို့ ဖေးထျန်း အရက် ထုတ်လုပ်ရေး ကုမ္ပဏီမှာ အရက်တွေ အများကြီး ရှိတယ်၊ ဒီသည်းခြေအိတ်နဲ့ ရောထားတဲ့ အရက်တွေက သိပ်ကောင်းမယ်ဆိုတာကို ငါ အတပ် သိနေတယ်”
ပထမ လေလံဆွဲသူက မကျေနပ်သံ ပြုလေသည်။
“ငါးသန်း”
“ထားလိုက်တော့ အရက်နဲ့ ရောဖို့အတွက် ငါးသန်းဆိုတာက နည်းနည်းလေး များတယ်၊ ငါ မင်းကို ယူခွင့် ပေးလိုက်မယ်”
ဒုတိယ လေလံဆွဲသူက လက်ခါပြသည်။
“ငါ နောက်မှ မြွေအသား ဝယ်လိုက်တော့မယ်”
ငါးသန်းသည် ကုမ္ပဏီ တော်တော်များများအတွက် သတ်မှတ်ထားသည့် အသုံးစရိတ် ကျော်နေပြီ ဖြစ်သဖြင့် ပတ်ဝန်းကျင်၌ တိတ်ဆိတ်သွားသည်။
ရဲ့လင်းချန်က လူအုပ်ကြီးကို ကြည့်ပြီး ပြုံးလိုက်သည်။
“ဈေးထပ်ပေးမယ့်သူ ရှိသေးလား၊ မရှိတော့ဘူးဆိုရင် သည်းခြေအိတ်ကို ဟွေဟုန် ဆေးဝါးထုတ်လုပ်ရေးက ရသွားတော့မှာပါ”
“အမာတဲရာဆု မျိုးရိုးဗီဇက ဆယ်သန်း ပေးတယ်”
သခင်လေးဝေ့၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး ကြေညာလေသည်။
“ငါ့ကုမ္ပဏီက ဒီဧရာမ စပါးအုံးမြွေကြီးကို ရကိုရမှ ဖြစ်မယ်၊ မင်းတို့ ဘယ်ဈေး ပေးပေး ငါတို့ နှစ်ဆ ပေးတယ်”
သခင်လေးဝေ့၏ စကားက လူတိုင်း၏ အမူအရာကို မည်းမှောင်သွားစေသည်။ အမာတဲရာဆု မျိုးရိုးဗီဇတွင် အလားအလာနှင့် အာဏာ ရှိသည်။ သူတို့သည် အမြဲတမ်း လွှမ်းမိုးချုပ်ကိုင်တတ်သည်။ သူတို့ ဝင်နှောင့်ယှက်သည်နှင့် အခြားသူများက သူတို့အတွက် မထားခဲ့ဘဲ မနေနိုင်ပါ။
“ငါ ရောင်းဖို့ ငြင်းတယ်”
မမျှော်လင့်ဘဲ ရဲ့လင်းချန်က ထိုစကားကို တုံ့ဆိုင်းခြင်းမရှိ ပြောလာသည်။
“အမာတဲရာဆု မျိုးရိုးဗီဇက ဒီလေလံပွဲမှာ ဝင်ပါခွင့် မရှိဘူး၊ ခုနက ငါးသန်းနဲ့ လေလံဆွဲတဲ့သူ လေလံ အောင်သွားပါပြီ”
“ဆယ်သန်းက မလောက်ရင် ငါ သန်းနှစ်ဆယ် ပေးမယ်”
သခင်လေးဝေ့၏ အသံ ထပ်ထွက်လာသည်။ သူ၏ မျက်လုံးတွင် ခြိမ်းခြောက်သော အကြည့်များ ဖြတ်ပြေးသွားပြီး ရဲ့လင်းချန်အား ကြည့်နေသည်။
“ရဲ့နတ်ဘုရား အမာတဲရာဆု မျိုးရိုးဗီဇက ဒီမှာ ယဉ်ယဉ်ကျေးကျေး ပြောနေတာနော်၊ ငါတို့အတွက် အခြေအနေကို ခက်ခဲအောင် မလုပ်နဲ့၊ မင်း ငါတို့နဲ့ ပူးပေါင်းဖို့ သဘောတူသရွေ့ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးအမြတ် ရမှာပဲ၊ မဟုတ်ရင် မင်း ပိုက်ဆံကို မင်း အေးအေးချမ်းချမ်း ခံစားရမှာ မဟုတ်ဘူး”
“ဧရာမ စပါးအုံးမြွေ တစ်ကောင်လုံးကို အမာတဲရာဆု မျိုးရိုးဗီဇကို ရောင်းလိုက်ပါ၊ ငါ သန်းတစ်ရာ့ငါးဆယ် ပေးမယ်၊ မင်း ငါတို့အတွက် လိပ်အိုကြီးဆီကနေ ကယ်ရာတင်း နည်းနည်းလောက် ယူပေးနိုင်ရင် ငါ သန်းငါးဆယ် ထပ်ပေးမယ်၊ စုစုပေါင်း သန်းနှစ်ရာပေါ့”
သခင်လေးဝေ့၏ စကားသံ ထပ်ထွက်လာသောအခါ တိတ်ဆိတ်သွားပြန်သည်။ လူတိုင်းက ရဲ့လင်းချန်ထံ အလိုလို အကြည့်ရောက်သွားကြသည်။
သန်းနှစ်ရာ၊ ယင်းသည် မူလဈေးထက် အဆပေါင်းများစွာ သာသော မတန်တဆ ဈေးနှုန်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် အမာတဲရာဆု၏ ကုန်ပစ္စည်းကို ဝယ်ချင်သော ခေါင်းမာမှုကိုလည်း ပြသနေ၏။
ဟွေဟုန် ဆေးဝါး ထုတ်လုပ်ရေးကဲ့သို့သော ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီကြီးတောင်မှ မျက်မှောင် မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်ကာ တိတ်ဆိတ်သွားသည်။
[သန်းနှစ်ရာ၊ လခွမ်း၊ သန်းနှစ်ရာတဲ့ဟ]
[မြတ်စွာဘုရား၊ ငါ့တစ်ဘဝလုံး အဲ့လောက် ပိုက်ဆံကို တွေးတောင် မတွေးဖူးဘူး]
[အား … ငါ့ယောက်ျား ရဲ့နတ်ဘုရားလို့ မပြောရဘူး၊ သူက သိပ်အံ့ဩဖို့ ကောင်းတာပဲ၊ သန်းနှစ်ရာကို အဲ့လိုမျိုး ရှာနိုင်တာပါလား]
[အမာတဲရာဆု မျိုးရိုးဗီဇက ချမ်းသာတယ်၊ တကယ် တကယ်ကြီး ချမ်းသာတာဟ]
…
မှတ်ချက်ပေးသော ကဏ္ဍ၌ သန်းနှစ်ရာနှင့် ပတ်သက်ပြီး အပူတပြင်း ပြောဆိုနေကြသည်။ လူတစ်ယောက်သာ ထိုပမာဏကို ဘဏ်၌ စုထားနိုင်လျင် အနည်းဆုံး အတိုး ဆယ်သန်း ရလောက်သည်။
သာမန်လူတစ်ယောက်အတွက် ယင်းသည် ဘဝပေါင်းများစွာ မကြောင့်မကျ နေနိုင်လောက်သော ပမာဏပင်။ သူတို့ သုံး၍ပင် ကုန်နိုင်မည် မဟုတ်ပါ။
ထို့အပြင် ယင်းက ပိုင်ဆိုင်မှုပစ္စည်း သန်းနှစ်ရာနှင့် မယှဉ်နိုင်ပါ။ ယင်းက ငွေသား သန်းနှစ်ရာပင်။ ဘီလီယံချီသော ပိုင်ဆိုင်မှုများ ရှိသည့် လူချမ်းသာများတောင်မှ သန်းနှစ်ရာတန်သော ငွေသားကို ထုတ်ရန် ခက်လောက်သည်။
“ငါ မရောင်းဘူးလို့ ပြောပြီးပြီပဲ”
ရဲ့လင်းချန်က မတုန်လှုပ်ပေ။ သူသည် အတွေ့အကြုံ ရှိပြီးသား ဖြစ်သည်။ သူ့ပိုင်ဆိုင်မှုများနှင့်တင် ဘီလီယံ ချီနေပြီ ဖြစ်သည်။ ထို့အပြင် သူ့တွင် ပါရမီရှင် စနစ်လည်း ရှိသည်။ သူသည် သန်းနှစ်ရာ မဆိုထားနှင့် နှစ်ဘီလီယံ ဆိုလျင်တောင်မှ တည်ငြိမ်နေမည် ဖြစ်သည်။
သခင်လေးဝေ့ မျက်မှောင်ကြုတ်သွားသည်။ ရဲ့လင်းချန်၏ တုံ့ပြန်မှုက သူ့အထင်နှင့် ခြားနားနေ၏။ တစ်ချိန်တည်းမှာပင် ယင်းက သူ့စိတ်အခြေအနေကို ပိုဆိုးလာစေသည်။
“ဒီသည်းခြေအိတ်ကို ဟွေဟုန် ဆေးဝါးထုတ်လုပ်ရေးက ရသွားပါပြီ”
ရဲ့လင်းချန်က အတည်ပြုပြီးနောက် ဆက်ပြောလေသည်။
“အပြင်က လေလံဆွဲတာကို ထည့်မတွက်ပါဘူး၊ လေလံပွဲကို ဆက်လုပ်ပါမယ်”
“ဖြောင်း ဖြောင်း ဖြောင်း”
သခင်လေးဝေ့ထံမှ လက်ခုပ်သံများ ထွက်ပေါ်လာသည်။ သူက ရဲ့လင်းချန်ကို စိုက်ကြည့်နေ၏။
“သိပ်ကောင်းတယ် ရဲ့နတ်ဘုရား၊ မင်း ဘယ်လို တည်ရှိမှုမျိုးနဲ့ ရင်ဆိုင်နေရလဲဆိုတာကို မင်း မသိဘူးပဲ၊ ငါ မင်းကို မှတ်မိအောင် လုပ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
“သွားကြမယ်”
ထိုသို့ပြောပြီး သူက နောက်လှည့်၍ ထွက်သွားသည်။
သူသည် ဆက်နေရန် အလွန် ရှက်ရွံ့နေ၏။ ထို့အပြင် အဖြစ်အပျက်ကို တိုက်ရိုက် ထုတ်လွှင့်မှု၌ မျှဝေထားသည်။ သူ ပြဿနာ ရှာချင်လျင်တောင်မှ ပေါ်တင် မလုပ်နိုင်ပါ။
*ငါတို့ ထပ်တွေ့ဦးမှာပါ၊ မင်း စောင့်နေလိုက်*
သခင်လေးဝေ့ ထွက်သွားသည်ကို မြင်ပြီး အခြား ကုမ္ပဏီများ၏ ကိုယ်စားလှယ်များ စိတ်အေးကာ သက်ပြင်းချ ကြသည်။ သူတို့ပေါ်မှ ဖိအား အတော်လေး ပေါ့သွားသလို ခံစားရသော်လည်း ရဲ့လင်းချန်အား ကရုဏာသက်သော အကြည့်များဖြင့် ပြိုင်တူ ကြည့်လိုက်ကြသည်။
သခင်လေးဝေ့ကို အာခံသူများသည် အဆုံးသတ် မလှတတ်ပေ။
ဤလူများနှင့် ယှဉ်လိုက်လျင် တိုက်ရိုက် ထုတ်လွှင့်မှုမှ လူများက ပို၍ တဲ့တိုးဆန်သည်။ သူတို့က ရဲ့လင်းချန်ကို ပို၍ လေးစားလာ၏။
[ရဲ့နတ်ဘုရား၊ မင်းက အာဂလူပဲ]
[သေရော၊ ငါ့ယောက်ျားက တအား မိုက်တာပဲ၊ သိပ်လွှမ်းမိုးနိုင်တယ်၊ သန်းနှစ်ရာကို အဲ့လိုမျိုး ငြင်းပစ်လိုက်တာပဲ]
[ပိုကြီးတဲ့ အခြေအနေမျိုးကို မြင်ဖူးတဲ့လူမျိုးပဲ၊ ရဲ့နတ်ဘုရားရဲ့ နောက်ခံက ငါတို့ ထင်သလို မရိုးရှင်းဘူးလို့ ငါယုံတယ်]
[ရဲ့နတ်ဘုရားက အစကတည်းက ပြောခဲ့တယ်၊ သူက ဧရာမ စပါးအုံးမြွေကြီးကို ဆေးပညာ တိုးတက်မှုအတွက် သက်သက်ပဲ ရောင်းမယ်လို့လေ၊ ဒါ အများအတွက် ကောင်းတဲ့ကိစ္စပဲ]
[ဟုတ်တယ်၊ ရဲ့နတ်ဘုရားက လူတိုင်းရဲ့ အကျိုးအတွက် လုပ်ခဲ့တာ၊ အဲ့ဒီဘာမျိုးရိုးဗီဇ ကုမ္ပဏီဆိုလားက သုတေသနအတွက်ပဲ လိုအပ်တ၊ သူတို့ ဘယ်လို ဇီဝလက်နက်မျိုး ထုတ်လာမလဲဆိုတာကို ဘယ်သူ သိနိုင်မှာလဲ၊ ရဲ့နတ်ဘုရား ပိုက်ဆံကြောင့် မတုန်လှုပ်သွားတာကို ငါ သဘောကျတယ်]
…
သခင်လေးဝေ့နှင့် သူ၏ အခြေအတင်က ရေပန်းစားမှုအမှတ်များ အတော်လေး ယူဆောင်လာပေးလိမ့်မည်ဟု ရဲ့လင်းချန် ကိုယ်တိုင်တောင်မှ ထင်မထားမိပါ။
ထိုသို့ ဖြစ်ပြီးနောက် ဧရာမ စပါးအုံးမြွေကြီးအတွက် လေလံပွဲက စတင်လေသည်။
ပထမဆုံး လေလံဆွဲသူက ဟွေဟုန် ဆေးဝါး ထုတ်လုပ်ရေး ဖြစ်နေဆဲပင်။
“ငါးရာဂရမ်ကို နှစ်သောင်း”
ထိုလေလံဆွဲမှုကြောင့် အခြား ကုမ္ပဏီမှ ကိုယ်စားလှယ် တော်တော်များများ၏ မျက်နှာတွင် ခါးသက်ဟန်များ ပေါ်လာသည်။
ဈေးက သခင်လေး ကမ်းလှမ်းသလောက် မများသော်လည်း အသေးစား ကုမ္ပဏီများ လိုက်နိုင်သော အရာ မဟုတ်သေးပေ။ လေလံပွဲ စလိုက်ကတည်းက လူအုပ်ထဲမှ လှုပ်ရှားမှု မရှိတော့ပေ။
“နှစ်သောင်းခွဲ”
တုံ့ဆိုင်းခြင်းမရှိ နောက်ထပ် လေလံဆွဲသူက ဖေးထျန်း အရက် ထုတ်လုပ်ရေးက လူဖြစ်သည်။ သူက ထပ်၍ ဈေးကို မြှင့်လေ၏။