← Chapters

ကျုပ် စောင့်နိုင်တယ်

Vol. 30 Ch. 446

ကျုပ် စောင့်နိုင်တယ်

Vol. 30 Ch. 446

ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်အပြင်ဘက်တွင် ပျက်စီးနေသော မှော်စစ်သင်္ဘောကြီးသည် ရှေ့တူရှုသို့ တရိပ်ရိပ် သွားနေသည်။ သို့သော်လည်း မှော်သင်္ဘောကြီးသည် အချိန်မရွေး ပျက်ကျနိုင်သည့်အလား ယိမ်းခါနေသည်။

အပြင်အလွှာဖြစ်စေ၊ ကုန်းပတ်တွင် ဖြစ်စေ အက်ကွဲကြောင်းများ၊ ဖာထေးထားသော အမှတ်အသားများဖြင့် ပြည့်နေသည်။

သင်္ဘောပိုင်ရှင်သည် သင်္ဘောကြီးကို ပြုပြင်ရန် ငွေကြေးမတတ်နိုင်၍ ခက်ခက်ခဲခဲ သွားနေရသည့်အလားပင်။

ပို၍ဆိုးဝါးသည်မှာ ရံဖန်ရံခါ မှော်စစ်သင်္ဘောကြီးဆီမှ အစိတ်အပိုင်းအချို့ မြေပြင်ပေါ် ကျသွားတတ်သည်။

ယင်းသည် ရွှီချင်း၏ မှော်စစ်သင်္ဘောကြီး ဖြစ်သည်။

ယန်ယန်သည် မှော်သင်္ဘောကြီးအပြင်ဘက်တွင် ပျံသန်းနေသည့် အလွန်အလုပ်ရှုပ်နေသော ခေါင်းဆောင်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

“ အစ်ကိုရွှီချင်းက အစ်ကို့ကို ယုံကြည်လို့ သင်္ဘောထိန်းချုပ်ခွင့် ပေးခဲ့တာနော်။ အစ်ကို ဒီလိုလုပ်တာ သူ သိရင် ဒေါသထွက်မှာ ”

“ ယန်ယန်၊ နင် ဘာဖြစ်နေတာတုံး။ ဘာလို့ ဒီလောက် ကြမ်းတမ်း ရိုင်းစိုင်းနေရတာလဲ ”

ခေါင်းဆောင်သည် လက်ထဲတွင် စုတ်တံတစ်ချောင်း ကိုင်ထားပြီး မှော်စစ်သင်္ဘောကြီး၏ အပြင်အလွှာရှိ အက်ကြောင်းတစ်ကြောင်းကို ရေးဆွဲလိုက်သည်။ ယန်ယန်၏စကားကို ကြားသောအခါ စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။

ယန်ယန်၏ မျက်လုံးများ ချက်ချင်း အေးစက်သွားသည်။ သူမ၏ရှေ့ရှိလူသည် သူမကို အလွယ်တကူ ဖိနှိပ်နိုင်ပါသော်လည်း သူမ၏အဘွားထက် ကျင့်ကြံခြင်းအဆင့် မမြင့်မားနေသမျှ သူမ မကြောက်ပေ။

ငယ်ငယ်လေးကတည်းက ယခုလို သူမအား ဆူပူငေါက်ငမ်းသည့် မည်သူမဆို အရှင်လတ်လတ် အရေခွံနွှာခြင်း ခံရပေမည်။

အစ်ကိုရွှီချင်းကတော့ ချွင်းချက်ပင်။

“ နင် မကျေမနပ် ဖြစ်နေတုံးလား ”

ခေါင်းဆောင်မှာ ပို၍ပင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ သူသည် ယန်ယန်ကို မကျေမနပ်ဖြင့် ကြည့်လိုက်ပြီး ဆက်လက်ဆူငေါက်လိုက်သည်။

“ ငါ ပြောပြမယ် ကလေးမ။ မင်း ငါ့ကို ယဉ်ယဉ်ကျေးကျေး ပြောရမှာ သိလား။ ရွှီချင်းက ငါ့ကို အစ်ကိုကြီးလို့ ခေါ်တာ။ ရွှီချင်းနောက်ကို လိုက်ရင် မင်းလည်း ငါ့ကို အစ်ကိုကြီးလို့ ခေါ်သင့်တာ။ မင်းက ဒီလိုမျိုး ဂုဏ်ပြုခံရတဲ့ ရွှီချင်းဘေးက တစ်ဦးတည်းသော မိန်းကလေးနော်။ လာ လာ၊ မင်း မှားပါတယ်လို့ ငါ့ကို ပြော ”

“ ဟမ် ”

ယန်ယန် မှင်သက်သွားသည်။ ချောမောသော မျက်နှာလေး အနည်းငယ် နီမြန်းသွားပြီး ရန်လိုစိတ်များ ချက်ချင်း ပျောက်ကွယ်သွားပြီး ရိုသေကျိုးနွံစွာဖြင့် ပြောလိုက်သည်။

“ အစ်ကိုကြီး၊ ညီမ မှားပါတယ် ”

“ ဒီလိုမှပေါ့ကွ ”

ခေါင်းဆောင်သည် ပျော်ရွှင်မှုများဖြင့် ဝေဆာသွားပြီး သူ့ကိုယ်သူ ဘဝင်ခိုက်သွားသည်။ သူသည် ညာလက်ကို မြှောက်၍ ဝှေ့ယမ်းကာ စုတ်တံကို ပစ်ပေးလိုက်သည်။

“ တခြားတစ်ဖက်ကို သွားလုပ်လိုက်။ ချင်းလေး၊ ဒီကောင်လေးက ငတုံးပဲ။ ဘာလို့ သင်္ဘောကို ဒီလောက် သန့်ရှင်းအောင် လုပ်ထားရတာတုံး။ ဒါ ငါတို့ သတ္တမမြောက်တောင်ထိပ်ရဲ့ အစဉ်အလာနဲ့ မကိုက်ညီဘူး။ ငါက သူ့ကို ကူညီနေတာ ”

ခေါင်းဆောင်သည် ပြောရင်း မှော်စစ်သင်္ဘော၏ အပြင်ဘက်ပိုင်းကို ဆက်သုတ်လိုက်သည်။ မျက်စိဖြင့် မြင်နိုင်သမျှ နေရာအားလုံးကို သူ အက်ကွဲကြောင်းများ ခြယ်သထားခဲ့ပြီး ထိုအက်ကွဲကြောင်းများက အစစ်အမှန် ထင်ရသည်။

“ မှော်စစ်သင်္ဘောဆိုတာ အံ့သြစရာကောင်းတဲ့ အာနိသင်တွေရှိအောင် ဒီလိုမျိုး နည်းနည်းလောက် စုတ်ပြတ်သတ်နေတဲ့ပုံစံ လုပ်ထားရတာ ”

ယန်ယန်သည် စုတ်တံကို ချီတုံချတုံဖြင့် ယူလိုက်ပြီးနောက် မကြာခင်မှာပင် သူမသည်လည်း ဆေးခြယ်လိုက်သည်။

“ ဒါပေမဲ့ အစ်ကိုကြီး၊ ဘာလို့ တချို့အစိတ်အပိုင်းတွေကို အောက်ပစ်ချပြီး အဲဒီနေရာတွေကို မီးခိုးတွေထွက်အောင် မန္တန်အစီအရင်တွေ ဘာလို့ လုပ်တာတုံး ”

ယန်ယန်သည် အောင့်အီးမထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

“ ငါးမျှားနေတာ။ တစ်လမ်းလုံး ပျံသန်းဖို့ ငါတို့ ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်သုံးရမလဲ။ ဂိုဏ်းကို တချိန်လုံး ဒီလို သွားလို့မရဘူး။ ကုန်ကျစားရိတ်ကို ကိုယ့်ဘာသာ ရှာရမယ်။ ဒီတော့ ငါးဖမ်းဖို့ လိုတယ်လေ ”

“ ယန်ယန်၊ ငါ မင်းကို သတိပေးရဦးမယ်။ ရွှီချင်းက အသုံးအဖြုန်းကြီးတယ်။ မင်းက သူ့လို လုပ်လို့ မရဘူး။ ငွေကို ချွေတာရမယ်။ နားလည်လား။ ငါက ရွှီချင်းကို ငွေချွေတာရအောင် ကူညီပေးနေတာ ”

ခေါင်းဆောင်က အလေးအနက် ပြောလိုက်သည်။

ထိုစကားကို ယန်ယန် ကြားသောအခါ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သူမသည် နားလည်သွားသည့်ပုံဖြင့် ထိုစကားကို အလေးအနက် မှတ်သားထားသည်။

“ ပြီးတော့ လီယုံကျောက်တိုင် တည်ရှိတဲ့ မြောက်အရပ်က နှင်းလွင်ပြင်ကို သွားတဲ့လမ်းမှာ ယင်ဟွမ်ပြည်နယ်က တားမြစ်ဒေသနဲ့ ပင်မအင်မော်တယ်အားတိုးမြစ်ကြီးကိုလည်း ငါတို့ ကျော်ဖြတ်ရမယ်။ လမ်းမှာ အန္တရာယ်တွေ ရှိတယ်။ သင်္ဘောကို ဒီလို စုတ်ပြတ်နေအောင် လုပ်ထားလိုက်ရင် ထိပ်သီးကျင့်ကြံသူတွေက တိုက်ခိုက်ဖို့ စိတ်ဝင်စားမှာ မဟုတ်တော့ဘူး ”

ခေါင်းဆောင်သည် နောက်ဆုံး အက်ကွဲကြောင်းကို ရေးဆွဲပြီးသည့်တိုင်အောင် ဆက်လက်ရေးဆွဲနေလိုက်သည်။ ထို့နောက် သင်္ဘောကုန်းပတ်ပေါ်သို့ သူ ခုန်တက်သွားပြီး သူ၏အနုပညာလက်ရာကို စိတ်ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။

“ မဆိုးဘူး၊ မဆိုးဘူး။ အခု အများကြီး ပိုကောင်းသွားပြီ ”

ယန်ယန်သည် စုတ်ပြတ်နေသော မှော်စစ်သင်္ဘောကြီးကို ကြည့်၍ အနည်းငယ် ချီတုံချတုံ ဖြစ်သွားရသည်။ သူမက ပြောရန်ပြင်လိုက်စဉ် ရုတ်တရက် ခေါင်းဆောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အခန်းလေးတံခါးကို ဆတ်ခနဲ ကြည့်လိုက်သည်။

သူ အလွန် လေးနက်တည်ကြည်လာသည်။ သူ့တစ်ကိုယ်လုံး အေးစက်လာပြီး သူ့မျက်လုံးများထဲတွင် မျက်နှာတစ်ခု ပေါ်လာသည်။ သူ့တစ်ကိုယ်လုံးမှ ကြောက်ခမန်းလိလိ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ခေါင်းဆောင် လှမ်းကြည့်လိုက်သည့်အခိုက် အခန်းတံခါး ဂျိမ်းခနဲ မြည်ဟည်းသွားပြီး ပျက်စီးသွားကာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြောင်းလဲ၍ လွင့်ထွက်သွားသည်။ တချိန်တည်းမှာပင် သားရိုင်းတစ်ကောင်၏ ဟိန်းဟောက်သံမျိုး ပျံ့လွင့်လာသည်။ ထိုအသံတွင် ရူးသွပ်ခြင်းများ၊ ဆာလောင်ခြင်းများဖြင့် ပြည့်နှက်နေသည်။

နောက်ဆက်တွဲအနေဖြင့် တံခါးဘောင်ကို အရိုးခြောက်လက်တစ်ဖက်က တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး တဖြည်းဖြည်း အပြင်ထွက်လာရာ အရိုးခြောက်ခန္ဓာကိုယ်တစ်ခု ပေါ်လာသည်။

ထိုသူကား ရွှီချင်းပင်။ သူ့အဝတ်အစားများ မည်းနက်နေပြီး ခြောက်သယောင်းနေသော စေးကပ်ကပ်သွေးမည်းများဖြင့် ဖုံးလွှမ်းနေသည်။ သူ့မျက်နှာသည်လည်း ချိုင့်ဝင်နေပြီး သူ့ပုံစံက ရက်စက်ကြမ်းကြုတ်သော တစ္ဆေကြီးတစ်ကောင်အလားပင်။

သူ၏မျက်လုံးများထဲရှိ ရူးသွပ်ခြင်းများကြောင့် ယန်ယန်၏စိတ် တုန်ရီသွားသည်။ ခေါင်းဆောင်၏ မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားသည်။ ထိုအကြည့်ကို သူ ရင်းနှီးပေသည်။

သူ ဆာလောင်သည့်အချိန်တုန်းကလည်း ထိုသို့ ဖြစ်ပေသည်။

“ တတိယမြောက်ကောင်းကင်နန်းတော်ရအောင် လုပ်တာလေးကို ဒီလိုမျိုး သက်စွန့်ဆံဖျား လုပ်နေတာလားဟ ”

ခေါင်းဆောင်သည် လှစ်ခနဲ လှုပ်ရှားသွားပြီး ရွှီချင်းထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားကာ ရွှီချင်း၏လက်ကို ဖမ်းဆုပ်လိုက်သည်။ ယန်ယန်က ပြေးလာရန် ပြင်လိုက်သည်။

“ ယန်ယန်၊ အနားမတိုးနဲ့။ အခုလောလောဆယ် သူ့စိတ်က ရုန်းကန်နေရတာ။ မစားသင့်တာအရာတစ်ခုခုကို စားလိုက်လို့ သက်စောင့်အားတွေ မရှိတော့တာ ဖြစ်မယ်။ သူ ကြောက်စရာကောင်းလောင်အောင် ဆာနေတယ် ”

ခေါင်းဆောင်သည် အလွန် အတွေ့အကြုံရှိပုံရသည်။ ရွှီချင်းကို ဖေးမလိုက်ပြီးနောက် သူ၏သိုလှောင်အိတ်ထဲမှ အသားအပိုင်းအစတစ်ခုကို ထုတ်၍ ရွှီချင်း၏ ပါးစပ်ထဲ ထည့်လိုက်သည်။

ရွှီချင်းသည် တစ်လုပ်တည်းဖြင့် မျိုချလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် သူ ပြန်ဖွင့်လိုက်သောအခါ သူ့မျက်လုံးများ နီမြန်းနေသေးပါသော်ငြား သူ၏ဆင်ခြင်တုံတရားက ရူးသွပ်ခြင်းကို ကျော်လွှားနိုင်လိုက်ပြီ ဖြစ်သည်။

“ အစ်ကိုကြီး၊ ကျေးဇူးတင်ပါတယ်။ နောက်ထပ် ရှိသေးလား ”

ရွှီချင်း၏အသံက ကြမ်းရှရှလေသံဖြစ်နေပြီး ဘေးရှိ ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ မရှိတော့ဘူး။ ငါ စားဖို့ လုပ်ထားတဲ့ မုန့်တော့ ရှိတယ်။ မင်းရဲ့လက်ရှိအခြေအနေအရ တွေ့သမျှ သတ်ဖြတ်ပြီး သက်စောင့်အားကို ဝါးမျိုဖို့ လိုတယ်။ မင်း ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာတုံး ”

ခေါင်းဆောင် အနည်းငယ် အံ့အားသင့်သွားသည်။

“ကျနော် နည်းနည်း စားလိုက်တာ...”

ရွှီချင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဆာလောင်စိတ်များ ပြန်လည်ပေါ်ထွက်လာပြီး သူ၏အသက်ရှူသံများ အလိုလို မြန်ဆန်လာသည်။ သူ၏လက်ရှိအခြေအနေကို သူသည်လည်း အာရုံခံနိုင်သည်။

တတိယမြောက်နန်းတော်နှင့် အဆိပ်တားမြစ်ဆေးကို ပေါင်းစပ်လိုက်ပြီးနောက် အဆိပ်ဓာတ်များစွာ ကုန်ခမ်းသွားခဲ့သော အဆိပ်ဆေးသည် အာဟာရဓာတ်များ ရရှိလာသည်နှင့်အမျှ ပြန်လည်သက်သာသည့်လက္ခဏာများ ပြသလာသည်။ အရာအားလုံးကို ချက်ချင်း ဝါးမျိုပစ်မည့် ဧရာမတွင်းနက်ကြီးတစ်ခုနှင့် ဆင်တူသည်။

ယင်းသည် အဆိပ်တားမြစ်ဆေး ပြန်လည်ကောင်းမွန်လာရေးအတွက် ရှောင်လွှဲမရသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ရွှီချင်းသည် ယခင်က မျှော်လင့်ထားပြီးသား ဖြစ်ပြီး ကောင်းစွာ ပြင်ဆင်ထားခဲ့ပါသော်ငြား ပေါင်းစည်းစဉ်အတောအတွင်း သက်စောင့်အားပစ္စည်းများကို ဝါးမျိုခြင်းက မမျှော်လင့်သလို ဖြစ်လာခဲ့သည်။ ယင်းအပြင် အဆိပ်ဆေး၏ ပြန်ကောင်းနှုန်းသည် မြန်ဆန်လွန်းသည်ဖြစ်၍ သူ၏ကြိုတင်ပြင်ဆင်ခြင်းများ ကင်းမဲ့သွားရသည်။

သို့သော်လည်း ယင်းသည် ဆိုးဝါးသော ကိစ္စတစ်ခုတော့ မဟုတ်ပေ။ ရွှီချင်းအတွက် ကြီးမားသော အခွင့်အရေးတစ်ခုဟူ၍ပင် ဆိုနိုင်သည်။

အဘယ်ကြောင့်ဆိုသော် အဆိပ်တားမြစ်ဆေးအတွက် လုံလောက်သော သက်စောင့်အားကို ထောက်ပံ့ပေးလိုက်သည်နှင့် ညှိုးခြောက်နေခဲ့သော အဆိပ်တားမြစ်ဆေးက တဖန်ပြန်လည်ရှင်သန်လာမည် ဖြစ်သောကြောင့်ပင်။

အဆိပ်ဆေးက အကောင်းပကတိပြန်ဖြစ်သွားသည်နှင့် ဇစ်မြစ်မရှိတော့မည် မဟုတ်ဘဲ အဆုံးအစမဲ့ ဖြစ်သွားမည်ဖြစ်ပြီး ရွှီချင်း၏တိုက်ရည်ခိုက်ရည် မြင့်တက်သွားမည် ဖြစ်သည်။

သူ၏တတိယမြောက်နန်းတော်သည် သမိုင်းအဆက်ဆက် အထူးခြားဆုံးနန်းတော် ဖြစ်လာမည် ဖြစ်သည်။

ထိုနန်းတော်ထဲတွင် ထူးကဲသော အစွမ်းများနှင့် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နေသည်။

သို့သော်လည်း ထိုအခြင်းအရာအားလုံးအတွက် သိပ်သည်းထူထပ်သော သက်စောင့်အား လိုအပ်သည်။

ယင်းအပြင် ထိုအဆိပ်တားမြစ်ဆေးကို အမှန်တကယ် ပြန်ကောင်းချင်သည်ဆိုပါက သက်စောင့်အားတစ်မျိုးတည်းသာမက သိပ်သည်းထူထပ်သော ဓာတ်နှောများလည်း လိုအပ်သည်ကို သူ ကောင်းစွာ အာရုံခံမိသည်။

ထိုတွေ့ရှိချက်သည် သူ့ကို အံ့သြတုန်လှုပ်သွားစေသည်။ ထိုအချက်အရ သူသည် ဓာတ်နှောများကို စုပ်ယူနိုင်သည်ဟု အဓိပ္ပာယ်ရပေသည်။

ဓာတ်နှောများကို တတိယနန်းတော်ထဲရှိ အဆိပ်တားမြစ်ဆေးက စုပ်ယူသည်ဖြစ်ပါသော်ငြား ယင်းမှာ အတိုင်းအတာတစ်ခုအထိ သူက စုပ်ယူနေသည်နှင့် ညီမျှပေသည်။

ဓာတ်နှောများကို စုပ်ယူခြင်းနှင့် ပတ်သက်၍ နတ်ဘုရား၏ မျက်နှာပျက်ကြီး ရောက်ရှိလာပြီးနောက် အသစ်ပေါက်ဖွားလာသော မျိုးနွယ်ဝင်များသည်သာ စုပ်ယူနိုင်ကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုဓာတ်နှောများသည် အမှန်စင်စစ် နတ်ဘုရား၏ အရှိန်အဝါ ဖြစ်သောကြောင့် ဖြစ်သည်။ လူတချို့က ဓာတ်နှောများကို နတ်စွမ်းအင်အဖြစ်လည်း ခေါ်ကြသည်။

“အစ်ကိုကြီး၊ အနီးဆုံး တားမြစ်နယ်မြေနဲ့ ကျနော်တို့ ဘယ်လောက်ဝေးလဲ ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ခပ်အက်အက်လေသံဖြင့် ပြောလိုက်သည်။ ယန်ယန်၏ စိုးရိမ်ကြောင့်ကြနေသော အမူအရာကိုလည်း သူ မြင်လိုက်ပြီး သူ အဆင်ပြေကြောင်း ပြသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ရွှီချင်းသည် တခြားလူများ၏ စိုးရိမ်ပူပန်ခြင်းကို ဘယ်သောအခါမှ လျစ်လျူမရှုတတ်ပေ။

“ ဓားတားမြစ်ဒေသကို ရောက်ဖို့ လဝက်လိုသေးတယ်။ မင်း တောင့်မခံနိုင်တော့ရင် လူသားမဟုတ်တဲ့ မျိုးနွယ်ဂိုဏ်းတစ်ဂိုဏ်း ဒါမှမဟုတ် လူသားမဟုတ်တဲ့ မျိုးနွယ်တိုင်းပြည်လေးတစ်ခုကို ငါ ရှာပေးမယ် ”

ခေါင်းဆောင်က အနည်းငယ် စိုးရိမ်ပူပန်နေပါသော်ငြား သူ့စကားများ၏ အဓိပ္ပာယ်က လူသားမဟုတ်သောမျိုးနွယ်များအပေါ် အေးစက်ခြင်းကို ပြသနေပေသည်။

ခေါင်းဆောင်၏ ရင်ထဲတွင် ရွှီချင်း ပြန်ကောင်းလာနိုင်သမျှ လူသားမဟုတ်သော မျိုးနွယ်ဝင်များကို စားလျှင်လည်း အဆင်ပြေသည့်အလားပင်။

“လဝက်လောက်ဆို ကျနော် တောင့်ခံနိုင်လောက်မှာပါ ”

ရွှီချင်းက ခေါင်းယမ်းလိုက်သည်။ လူသားမဟုတ်သော မျိုးနွယ်များမှာ သက်စောင့်အားများနှင့် ဓာတ်နှောများ ရှိပါသော်လည်း တားမြစ်နယ်မြေ သို့မဟုတ် တားမြစ်ဒေသက ဓာတ်နှောများထက် နည်းပါးပေလိမ့်မည်။

သူ လိုအပ်သည့် ပမာဏသည် အလွန် ကြီးမားသည်ကို သူ အာရုံခံမိပြီး အကောင်းဆုံးရွေးချယ်စရာမှာ တားမြစ်ဒေသသာ ဖြစ်သည်။

“ ဒါဆို ဓားတားမြစ်ဒေသကို သွားကြတာပေါ့။ ယင်ဟွမ်ပြည်နယ်က တားမြစ်ဒေသအများကြီးထဲမှာ တားမြစ်ဒေသဆိုလို့ အဲဒီတစ်ခုပဲ ရှိတော့ နန်းဟွမ်ကျွန်းက ဖီးနစ်တားမြစ်ဒေသကြီးနဲ့ တားမြစ်ပင်လယ်ထဲက ရုပ်အလောင်းတားမြစ်ဒေသကြီးတွေလို နာမည်ကြီးတယ်။ ပြီးတော့ မဟာမိတ်ထဲက အချက်အလက်အရဆိုရင် အဲဒီဓားတားမြစ်ဒေသကြီးရဲ့ ဧကရာဇ်က အိပ်မောကျနေတာ နှစ်တွေအများကြီး ကြာနေပြီ။ ပြန်နိုးထလာမယ့် လက္ခဏာတွေလည်း မပြဘူး။ ငါတို့ နည်းနည်းလောက် ဂရုစိုက်လိုက်ရုံပဲ ”

ခေါင်းဆောင်သည် စကားပြောရင်း ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို လှည့်ပတ်လိုက်ပြီး မှော်စစ်သင်္ဘောကြီးနှင့် ပေါင်းစည်းလိုက်ရာ လေအေးများ တဟူးဟူး ထွက်လာသည်။ သင်္ဘောကြီး၏ အမြန်နှုန်း မြင့်တက်သွားပြီး သက်တန့်တစ်ခုအသွင် ပြောင်းလဲကာ လျှပ်စီးလက်သည့်အလား အဝေးသို့ ပျံသန်းသွားသည်။

ပတ်ဝန်းကျင်တွင် လေများ တိုက်ခတ်နေပြီး မှော်စစ်သင်္ဘောကြီး၏ အကာအကွယ်အလွှာကို ဝင်တိုးကာ ခွဲထွက်သွားသည်။ ထိုသို့ လေများ ခွဲထွက်သွားရာမှ တရွှီရွှီမြည်သံများ ပေါ်ထွက်လာသည်။

ရွှီချင်းသည် သင်္ဘောကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ခန္ဓာကိုယ်ထဲမှ ဆာလောင်စိတ်ကို အတတ်နိုင်ဆုံး ချုပ်တည်းလိုက်သည်။ တချိန်တည်းမှာပင် တတိယမြောက်နန်းတော်နှင့် အဆိပ်တားမြစ်ဆေးကို ပေါင်းစည်းပြီးနောက် ဖြစ်လာသော တုန့်ပြန်မှုများကို အသားကျအောင်လည်း ဆောင်ရွက်နေသည်။

သူ၏လက်ရှိအခြေအနေက ဆိုးဝါးပါသော်ငြား သူ၏တိုက်ရည်ခိုက်ရည်က ကြီးကြီးမားမား တိုးတက်သွားပြီ ဖြစ်သည်ကို သူ အာရုံခံမိလိုက်သည်။ သူ၏ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်နှင့် ပေါင်းစပ်လိုက်ပါက အနိမ့်ဆုံး ကောင်းကင်နန်းတော်လေးဆောင် စွမ်းအားကို သူ ထုတ်ဖော်ပြသနိုင်သည်။

ရွှေအမြုတေအဆင့်ကျင့်ကြံသူအများစုက အလွန်ဆုံး ကောင်ကင်နန်းတော်ခြောက်ဆောင်ကိုသာ ရောက်နိုင်ကြသည်။

“ ငါ့အဆိပ်ဆေး ပြန်ကောင်းလာရင် စတုတ္ထမြောက်ကောင်းကင်နန်းတော်ကို ရုပ်လုံးပေါ်လာအောင် ငါ စဉ်းစားထားရမယ် ”

ရွှီချင်းသည် ခန္ဓာကိုယ်ထဲမှ ဆာလောင်စိတ်ကို တဖြည်းဖြည်း ချွန်းအုပ်မရတော့ပေ။ သူ၏အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများထဲတွင် သွေးကြောများစွာ တိုးပွားလာသည်။ သူ့စိတ်ကို အပြောင်းအလဲ ဖြစ်စေရန် ကျင့်ကြံခြင်းကိုသာ သူ တွေးတောနေလိုက်သည်။

အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့မှာမူ သူတို့အား ရွှီချင်း သတိထားမိသွားမည်ကို စိတ်ပူ၍ ပုန်းကွယ်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ထိုအချိန်၌ ရွှီချင်းသည် လူသားစား သားရဲကြီးတစ်ကောင်အလားပင်။ သူတို့ကို အလွန် သွေးပျက်ချောက်ချားစေသည့် ခံစားချက် ဖြစ်စေသည်။

ယန်ယန်သည် ရွှီချင်း၏အရှိန်အဝါနှင့် အရိုးခြောက်ခန္ဓာကြောင့် အစက ချောက်ချားသွားရပါသော်ငြား တဖြည်းဖြည်း နေသားကျလာသည်နှင့် မနေနိုင်တော့ဘဲ လျှောက်သွားသည်။

အနားသို့ ရောက်သောအခါ ရွှီချင်းက ယန်ယန်ကို မော့ကြည့်လိုက်သည်။ ရွှီချင်း၏ သွေးဆာနေသော မျက်လုံးများသည် ယန်ယန်၏ လည်တိုင်ကြော့ကြော့ကို စူးစိုက်ကြည့်လိုက်ပြီး အတန်ငယ် ရုန်းကန်နေရပြီးနောက် အကြည့်လွှဲလိုက်သည်။

“ အစ်ကိုရွှီချင်း … အစ်ကို … ဒါ စားချင်လား။ ကိစ္စမရှိပါဘူး။ ညီမ နာတာ မကြောက်ဘူး ”

ယန်ယန်သည် ရွှီချင်းကို ကြည့်လိုက်ပြီး လက်ချောင်းကို ကိုက်ကာ တုန်ရီနေသော လက်ဖြင့် ရွှီချင်းအား ထိုးပေးလိုက်သည်။ ယန်ယန်၏မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးခြင်းများ၊ မျှော်လင့်ခြင်းများဖြင့် ပြည့်နှက်နေသည်။

ရွှီချင်းသည် ယန်ယန်ကို ကြည့်ကာ ငြိမ်သက်သွားပြီး မျက်လုံးများကို မှိတ်လိုက်သည်။

ယန်ယန်သည် အနည်းငယ် နောင်တရပြီး ဝမ်းနည်းသွားသည်။ သူမသည် တိတ်ဆိတ်စွာ လက်ကို ပြန်ရုတ်လိုက်ပြီး ဘေးတွင် ထိုင်ချလိုက်သည်။

ခေါင်းဆောင်သည် မှော်စစ်သင်္ဘောကို ထိန်းချုပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ ယန်ယန်က ရွှီချင်းအား လက်ချောင်းထိုးပေးသည်ကို မြင်သောအခါ သူ၏အကြည့်များ ဝေဝါးသွားသည်။ ရွှီချင်းက ငြင်းပယ်လိုက်သောအခါ ယန်ယန်၏ ဝမ်းနည်းသွားသော မျက်နှာကိုလည်း သူ မြင်လိုက်ရပြီး မနေနိုင်ဘဲ စိတ်ထဲတွင် ရေရွတ်လိုက်သည်။

“ အရင်တုန်းက ငါ ဆာနေတုန်းက ဘာလို့ ချောချောလှလှ ကောင်မလေးတစ်ယောက်က ငါ့ကို သူ့လက်ချောင်းတွေ စားပါလားဆိုပြီး မပြောတာတုံး။ ငါ့မှာ ဘာအပြစ်တွေများ ရှိနေလို့တုံး။ ဒီချင်းလေးက အချစ်ကို နားမလည်ဘူးပဲ။ ငါသာဆိုရင် သေချာပေါက် ကိုက်ပစ်လိုက်မှာ ”

ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားသည်။ ရွှီချင်းသည် အတင်းအကြပ် တောင့်ခံနေစဉ် ဓားတားမြစ်ဒေသကြီးနှင့် နီးကပ်သည်ထက် နီးကပ်လာသည်။

ရွှီချင်း၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ရီလာပြီး ဆာလောင်စိတ်က အထွတ်အထိပ်ရောက်ကာ သူ့ကိုယ်သူ ထိန်းချုပ်မှု လွတ်ကင်းတော့မည့်အချိန်တွင် သူတို့ရှေ့၌ မည်းမှောင်သော ဓားတားမြစ်ဒေသတောအုပ်ကြီး ပေါ်လာသည်။

တောအုပ်အပြင်ဘက်ရှိ ဓာတ်နှောများသည်ပင် တခြားနေရာများထက် အဆပေါင်းများစွာ သိပ်သည်းထူထပ်သည်။ ရွှီချင်း၏ အာရုံက အလွန် စူးရှပြီး သူ၏မျက်လုံးများ ရုတ်ခြည်း ပွင့်လာကာ အနီရောင်အလင်းများ ဖြာထွက်လာသည်။

All Chapters