← Chapters

မိုးကြိုးအမျက်

Vol. 15 Ch. 220

မိုးကြိုးအမျက်

Vol. 15 Ch. 220

နှစ်ဖက်အကြား ရုန်းရင်းဆန်ခတ်က ခဏလေးသာ ဖြစ်သော်လည်း.. သူတို့အကြားတွင် စိတ်ဝိညာဉ်တိုက်ကွက်များ၊ လျှို့ဝှက်ပညာရပ်များနှင့် စိတ်ဓါတ်စစ်ဆင်‌ရေးများက ပြည့်နှက်သွား၏။

ဆူဇီမိုသည် မိစ္ဆာနှိမ်နင်းချိတ်စည်းကို ထုတ်ဖော်ပြီးနောက်.. သူ့၏ စိတ်ဝိညာဉ်စွမ်းအင်များက ဘာမျှ မကျန်လုနီးပါး ဖြစ်သွားလေပြီ။

ထိုအချိန်မှာပင်.. ဆူဇီမိုသည် ခေါင်းနပန်းကြီးလာပြီး အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်၏။

သူသည် တစ်စုံတစ်ယောက်၏ ပစ်မှတ်ထားခံနေရပြီဆိုတာ ဆူဇီမို နားလည်လိုက်၏။

ထို့အပြင် ထိုပုဂ္ဂိုလ်က အလွန်တရာ သန်မာပြီး.. သူလုံးဝမလှန်နိုင်မည့် လူမျိုးဖြစ်၏။

ထိုသူကား ရွှေအမြုတေအဆင့် ပညာရှင်ပင် ဖြစ်လေသည်။

ထိုသူကား ဝမ်ရွှမ်းတို့နှင့် တိုက်ခိုက်နေသော ရွှေအမြုတေတစ်ယောက်ဖြစ်နိုင်သလို.. သွေးနီရောင်ဝတ်ကျင့်ကြံသူဘေးမှ ရွှေအမြုတေအဆင့် သားရဲလည်း ဖြစ်နိုင်၏။

ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ဟန်လုပ်ဖို့ ကြိုးစားလိုက်၏။ ဝန်းရံပိတ်ဆို့မှုများကို ဖောက်ထွက်လိုက်ပြီး.. သူသည် ချင်ယုနှင့် အခြားသူများရှိရာ အပြင်သို့ ပြေးထွက်လိုက်၏။

“အော်း.. အော်း.”

များစွာသော သွေးကျီးကန်းများသည် ဆူဇီမိုတို့ရှိရာသို့ ရာနှင့်ချီ၍ ပျံသန်းလာကြ၏။

ထိုသွေးကျီးကန်းများအားလုံးက သန်မာသော ခန္ဓာကိုယ်များရှိသည့် စိတ်တိညာဉ်သားရဲများ ဖြစ်ကြလေသည်။ ချင်ယုနှင့် အခြားသော အခြေတည်အဆင့် ကျင့်ကြံသူများအတွက် သူတို့က ကြီးစွာသော ခြိမ်းခြောက်မှု ဖြစ်လေသည်။

ချင်ယုနှင့် အခြားသူများသည် သွေးကျီးကန်းများကို သူတို့အနားသို့ လုံးဝအကပ်မခံရဲ‌ပေ။

သို့သော်လည်း ဆူဇီမို၏ ခန္ဓာကိုယ်ကတော့ ထိုသွေးကျီးကန်းများထက် များစွာပို၍ သန်မာလေသည်။

သွေးကျီးကန်းများစွာက သူ့ကို ဝိုင်းဝန်းထိုးဆိတ်ကြလျှင်ပင်.. သူ့ကို ဒဏ်ရာရစေမှာ မဟုတ်ပေ။

ဆူဇီမိုက လူသားတစ်ယောက်ဖြစ်သော်လည်း၊ ရှေးဦးအဆက်နွယ်သားရဲများ၏ ရုပ်ပိုင်းဆိုင်ရာသည်ပင်လျှင် ဆူဇီမိုကို မမီနိုင်ဟုဆိုလျှင် ထိုစကားက ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။

မူလသွေးမျိုးဆက်သားရဲများသည်ပင်လျှင် ဆူဇီမို၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးကို မီချင်မှ မီပေလိမ့်မည်။

သွေးကျီးကန်းများက သူ့ထံသို့ ပျံသန်းလာသော်လည်း ဆူဇီမို၏ အမူအယာက ပြောင်းလဲမသွားခဲ့ပေ။ သူ့ခန္ဓာကိုယ်မှ ကျား၊ ကျားသစ်တို့၏ ဟိန်းဟောက်သံက မိုးကြိုးသံနှင့်အတူ တွဲဖက်၍ မြည်ဟည်းလာ၏။

ဝေါ..

ဘန်း.. ဘုန်း.. ဘုန်း..

ဤကဲ့သို့ အံ့မခန်း မျိုးဆက်သွေးကို မြင်ရ‌သောအခါ.. သွေးကျီးကန်းများက ကြောက်လန့်မသွားသည့်အပြင်.. သူတို့မျက်လုံးထဲရှိ သွေးအလင်းရောင်က ပိုပြီး‌တောင် တောက်ပလာ၍ ‌ဒေါမာန်ထလာ၏။

သူတို့မျက်လုံးထဲတွင် ဆူဇီမိုက လွန်စွာ အရသာရှိမည့် ခွန်အားဖြည့် အာဟာရဓါတ်စာတစ်ခုထက် မပိုပေ။

ဘာပဲပြောပြော.. သွေးကျီးကန်းများက သာမန်သားရဲတောကောင်များသာ ဖြစ်ကြလေသည်။ သူတို့အတွက် ရှေးဦးအဆက်နွယ်သားရဲ သို့မဟုတ် မူလသွေးမျိုးဆက်သားရဲများ၏ အသားကို စားသုံးရဖို့က ကြုံတောင်ကြုံခဲဖြစ်လေသည်။

ယခုသူတို့အရှေ့မှ ဆူဇီမိုမှာ.. သူတို့အတွက်တော့ အသက်ရှင်နေသော မူလသွေးမျိုးဆက်သားရဲတစ်ကောင်လိုသာ ဖြစ်လေသည်။

သူတို့သည် ဆူဇီမို၏ အသားတစ်စကို စားသုံးနိုင်ပြီး အသွေးတစ်လုပ်ကို သောက်သုံးနိုင်ရုံနှင့် သူတို့၏ ခွန်အားက သိသိသာသာ တိုးပွားလာလိမ့်ပေမည်။

“နောင်ကြီး!”

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ.. ဖက်တီးလေးက အထိတ်တလန့် လှမ်းအော်လိုက်၏။

သို့သော်လည်း သူ့အသံက အဆုံးမရှိ သွေးကျီးကန်းအုပ်ကြီး၏ အော်သံများအောက် နစ်မြုပ်သွားပြီး မကြားနိုင်တော့ပေ။

လမ့်ရို၏ နုလုံးသားသည်လည်း ဒိန်းကနဲ ခုန်သွားပြီး.. သူမ၏ အကြည့်က အရောင်မှိန်ကျသွား၏။

သွေးကျီးကန်းများက မည်မျှကြောက်စရာကောင်းသည်ဆိုတာ သူတို့ ကောင်းကောင်းသိထားကြလေသည်။ နောက်မှာကျန်ရစ်ခဲ့သော မည်သည့်ကျင့်ကြံသူမဆို.. သွေးကျီးကန်းများ၏ အရှင်လတ်လတ် ကိုက်ဖြတ်စားသောက်ခြင်းမှ မည်သူမျှ လွတ်အောင် ရုန်းမထွက်နိုင်ခဲ့ကြပေ။

ဆူဇီမိုက အနီးကပ်တိုက်ခိုက်ရည်မှာ သန်မာသည်ဆိုတော့ရော ဘာလုပ်လို့ ရမှာလဲ။

ဘာပဲပြောပြော သူက လူသားတစ်ယောက်သာဖြစ်၏။ များပြားလှစွာသော သွေးကျီးကန်းများ၏ တိုက်ခိုက်မှုကို သူကဘယ်လိုလုပ် ခံနိုင်ရည်ရှိပါ့မလဲ။

သွေးကျီးကန်းများက အုပ်လိုက်ကျင်းလိုက် ထိုးဆင်းလာကြပြီး ထိုအထဲတွင် ဆူဇီမိုက နစ်မြုပ်သွားသည်ကို ဖက်တီးလေးနှင့် လမ့်ရိုတို့က ကူကယ်ရာမဲ့စွာသာ ငေးကြည့်နေရ၏။

“ထားလိုက်ပါတော့ဟာ”

လမ့်ရိုက သက်ပြင်းချ၍ ခေါင်းခါလိုက်၏။

သူတို့လည်းပဲ သိပ်ပြီးကြာကြာ တောင်ခံနိုင်တော့မှာ မဟုတ်ပေ။

သူတို့သည် အချိန်ခဏ ဆွဲဆန့်ထားနိုင်ရုံသာ ခုခံရုန်းကန်နိုင်ကြပေမည်။ သိပ်မကြာမီ သူတို့သည်လည်းပဲ တူညီသော ဆိုးဆိုးရွားရွား အခြေအနေနှင့် အဆုံးသတ်ရပေတော့မည်။

အသည်းမာစွာနှင့်.. လမ့်ရိုသည် သူမဓါးပျံ၏ လားရာဦးတည်ဘက်ကို ပြန်လှည့်ယူလိုက်ပြီး.. သူမကိုယ်သူမ သတ်သေဖို့ လုပ်လိုက်၏။

သူမ၏ လူရုပ်ကိုပင် မပေါ်တော့သည့်အထိ သွေးကျီးကန်းများ၏ ဆုတ်ဖြဲကိုက်ဖြတ်စားသောက်ခံရမှာကို သူမ မလိုလားပေ။ ထိုသို့ အဖြစ်ခံမည့်အစား.. သူမဘာသာ အရင်အဆုံးစီရင်လိုက်တော့ပေမည်။

ထိုအချိန်မှာပင် ဆူဇီမိုကို ဝိုင်းအုံနေကြသော သွေးကျီးကန်းများထံမှ ထူးဆန်းသည့် အသံတစ်သံက ထွက်ပေါ်လာ၏။

ဖလပ်.. ဖလပ်!

ဆူဇီမို၏ ခန္ဓာကိုယ်မှ လျှပ်စီးလျှပ်ပန်းများက တဝင်းဝင်းတလက်လက်ဖြင့် အဆုံးမရှိ ဖြာထွက်လာ၏။

ဝုန်း..!

မိုးကြိုးပစ်ချလိုက်၏။

ကောင်းကင်ထက်မှ ထူထပ်သိပ်သည်းသော မိုးကြိုးလျှပ်စီးတန်းကြီးသည် ဆင်းသက်လာပြီး ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ.. ပျက်ပြယ်ခြင်းမရှိ အချိန်အတန်ကြာအထိ ကောင်းကင်ဘုံနှင့် ဆူဇီမိုအကြား ချိတ်ဆက်ပေးနေပုံရ၏။

သွေးကျီးကန်းများ၏ အလယ်တွင် တဖျတ်ဖျတ် ဝင်းလက်နေသော မိုးကြိုးလျှပ်စီးချောင်းကြီးသည် ဆူဇီမိုထံမှ စပါးအုံးမြွေများကဲ့သို့ အသက်ဘက်သို့ ခွဲဖြာ၍ ပြန့်ကျဲထွက်သွား၏။ ထိုမိုးကြိုးလက်တက်ခွဲများစွာက တံပိုးထန်နေသော လှိုင်းလုံးကြီးများလို.. သွေးကျီးကန်းများပေါ်သို့ လွှမ်းခြုံသွား၏။

အမျိုးမျိုးသော စွမ်းအားများ၏ အကြားတွင် မိုးကြိုးက ကြောက်စရာအကောင်းဆုံးစွမ်းအားဖြစ်၏။

ထို့အပြင် မိုးကြိုးက သန်မာပြီး အဖိုဓါတ်သဘာဝရှိကာ မိစ္ဆာဓါတ်များ ဆိုးယုတ်မှုများကို အလွယ်တကူ ဖယ်ရှားပစ်နိုင်၏။

မိုးကြိုးလျှပ်စီးပင်လယ်ကြီးအောက်တွင်.. သွေးကျီးကန်းများက စူးစူးဝါးဝါး အော်မြည်လိုက်ကြပြီး.. ကောင်းကင်ထက်မှ တဖုတ်ဖုတ်ပြုတ်ကျကုန်ကာ မီးခိုးများက ထူပိန်းနေအောင် ထွက်လာ၏။

အလွန်ကြောက်စရာကောင်းသော မြင်ကွင်းဖြစ်၏။

သွေးကျီးကန်းနန်းတော်မှ ကျင့်ကြံသူများဖြစ်စေ၊ ဆန်းကြယ်တောင်ထွတ်မှတပည့်များဖြစ်စေ.. အကုန်လုံး ကြက်သေသေငေးမောကြည့်နေကြပြီး.. သူတို့၏မျက်လုံးများက မယုံကြည်နိုင်မှုများနှင့် ပြည့်‌နေ၏။

အာကာပြင်ထက်အနက်ပိုင်းမှ မိုးကြိုးလျှပ်စီးတန်းကြီးကလည်း ဆူဇီမို၏ ကိုယ်ပေါ်သို့ ကျဆင်းနေဆဲဖြစ်၏။

လျှပ်စီးပင်လယ်ကြီး၏ အလယ်တွင် သူက မလှုပ်မယှက် ရပ်နေ၏။ သူသည် ကမ္ဘာ‌ပေါ်မှ မကောင်းဆိုးဝါးများကို နှိမ်နင်းဖို့ ရောက်ရှိလာသော မိုးကြိုးနတ်ဘုရားတစ်ပါးလို ခမ်းနာထည်ဝါတောက်ပနေ၏။

ဤအရာက မိုးကြိုး၏ အမျက်ဒေါသပင် ဖြစ်လေသည်။

“မိုက်တယ်ကွာ.. မိုက်တယ် မိုက်တယ်!”

သွေးနီရောင်လူငယ်က အရင်ဆုံးတုံ့ပြန်လိုက်၏။ သူသည် ဒေါသထွက်ရမည့်အစား.. သူမျက်လုံးများက ဝင်းလက်လာပြီး.. ထပ်တလဲလဲခေါင်းညိတ်ကာ သူ့မျက်နှာအမူအယာက ချီးကျူးအထင်ကြီးမှုကို ဖုံးကွယ်မထားနိုင်ပေ။

ဖုန်ဟောက်ယွီကတော့.. သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များက ပေါ်လာ၏။ မနာလိုအားကျမှုတစ်စွန်းတစ်စပင် ရောယှက်နေ၏။

သူသည် ဂိုဏ်း၏ အဓိကလျှို့ဝှက်ပညာသုံးခုကို သင်ယူခဲ့ရသော်လည်း မိုးကြိုးနှင့် ပတ်သတ်သည့် မည်သည့်ပညာရပ်ကို မတတ်မြောက်ပေ။

ရွှေအမြုတေသားရဲယုဖေးကတော့ ဂရုမစိုက်ဟန်ဖြင့် အေးစက်စက်သာ ကြည့်နေ၏။

ဆူဇီမို၏ အိတ်ကပ်ထဲမှာ ဝှက်ဖဲမည်မျှ များစမ်းပါစေ.. ထိုအရာက လက်ရှိ အခြေအနေကို လုံးဝပြောင်းလဲပေးနိုင်မည် မဟုတ်ပေ။

ရွှေအမြုတေအဆင့်နှင့် အခြေတည်အဆင့်ဆိုသည်မှာ.. လားလားမျှ မနီးစပ်သည့် ကွာခြားမှု ဖြစ်လေသည်။

သူတစ်ချက် စတင်လှုပ်ရှားလိုက်သည်နှင့်.. ဆူဇီမိုက ပြန်လှန်ခုခံဖို့ပင် အချိန်ရလိုက်မှာ မဟုတ်ပေ။

“ကောင်းပြီလေ!”

ဆူဇီမို၏ တိုက်ခိုက်မှုပြီးနောက်.. သွေးကျီးကန်းများ၏ အရေအတွက်က သိသိသာသာလျော့နည်းသွားပြီး.. ချင်ယုနှင့် အခြားသူများအပေါ် ဖိအားက သိသိသာသာ လျော့ကျသွား၏။

“ဆူဇီမို.. ငါမင်းကို အသက်ရှင်နိုင်မယ့် အခွင့်အရေးတစ်ခု ပေးချင်တယ်.. ငါ့ရဲ့ သွေးကျွန်လုပ်ပါ”

ထိုအချိန်မှာပင် သွေးနီရောင်ဝတ်ကျင့်ကြံသူက ဆူဇီမိုထံသို့ လျှောက်လှမ်းလာ၏။ သူ၏ ခြေလှမ်းက အလောတန်ရှိမနေဘဲ သူ၏လေသံက တည်ငြိမ်နေ၏။ သို့သော်လည်း ထိုလေသံက ပြန်လှန်မေးခွန်းမထုတ်ဝံ့သော အရှိန်အဝါကို ထုတ်ပေးနေ၏။

ဆူဇီမိုသည် လှည့်ကြည့်လိုက်ပြီး.. သူ့အကြည့်က သွေးနီရောင်ဝတ်လူငယ်၏ အပေါ်တွင် အနည်းငယ် ကြန့်ကြာလိုက်၏။

ဆန်းကြယ်တောင်ထွတ်မှ လူများအတွက်တော့ သူတို့ကြုံတွေ့နေရသော အခြေအနေက လုံးဝပြန်လှည့်လို့မရသော မရဏလမ်းကြောင်းပေါ် ရောက်နေခြင်းပင် ဖြစ်လေသည်။

သို့သော်.. ယခုအချိန်၌ ဆူဇီမိုသည် ဤမရဏလမ်းကြောင်းပေါ်မှ ရုန်းထွက်နိုင်မည့် ‌မျှော်လင့်ချက်ပါးပါးကလေးကို ခပ်ရေးရေး တွေးမြင်လိုက်မိ၏။

သွေးနီရောင်ဝတ်ကျင့်ကြံသူက အလွန်တရာ အဆင့်အတန်းမြင့်ပုံရပြီး.. ရွှေအမြုတေအဆင့်သားရဲက သူ့ဘေးက လုံးဝမခွာဘဲ အရိပ်ပမာ တကောက်ကောက်လိုက်နေ၏။

ဆူဇီမိုသာ သွေးနီရောင်ဝတ်ကျင့်ကြံသူကို အဝေးသို့ မျှားခေါ်ထုတ်သွားနိုင်လျှင်.. ‌ရွှေအမြုတေအဆင့်သားရဲကလည်း လိုက်ပါလာလိမ့်ပေမည်။

ဤနည်းဖြင့်.. ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းအပေါ် ကြီးမားသည် ခြိမ်းခြောက်မှုအန္တရာယ်ကို ဖယ်ထုတ်ပြီးသာ ဖြစ်သွားပေလိမ့်မည်။

တိုက်ပွဲမြေ၌ သွေးကျီးကန်းအရေအတွက် အ‌တော်များများနှင့် အခြေတည်အဆင့်ကျင့်ကြံသူများ ရှိနေသေးသော်လည်း.. အခြေတည်အဆင့်အချင်းချင်း ရင်ဆိုင်ရခြင်းဖြစ်ပါက.. ဆန်းကြယ်တောင်ထွတ်မှ တပည့်များအတွက် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ အခွင့်အရေး ရှိလာပေလိမ့်မည်။

ဤအရာက ဆန်းကြယ်တောင်ထွတ်များအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လေသည်။

မျှော်လင့်ချက်က ပါးပါးလေးမျှသာ ဖြစ်သော်လည်း.. ထိုအရာက ကြိုးစားကြည့်သင့်သည်ဟု သူထင်လေသည်။

“ငါ့ကိုများ.. မင်းလိုကောင်မျိုးက.. ဟုတ်လား!”

ဆူဇီမိုက အေးစက်စက် လှောင်ရယ်လိုက်ပြီး.. တန်လင်းတောင်ကြား အပြင်ဘက်သို့ ရုတ်တရတ် လှည့်ပြေးလိုက်၏။

ဆူဇီမိုထံမှ ထွက်ပေါ်နေသော အံ့မခန်း မျိုးဆက်သွေးအော်ရာက များပြားလှစွာသော သွေးကျီးကန်းများကို ဆွဲဆောင်မိသွားပြီး.. သူ့နောက်သို့ လိုက်ချလာကြကုန်၏။

သူက အလွန်တရာ မြန်ဆန်လှ၏။ နတ်မြင်းလျှပ်တပြက်ပြေးထွက်ခြင်းကို ထုတ်ဖော်လိုက်သည့်အခါ.. ပကတိအခြေတည်အဆင့် ကျင့်ကြံသူများတောင်မှ သူ၏ အမြန်နှုန်းကို လိုက်မီနိုင်လိမ့်မည် မဟုတ်ပေ။

“အို့.. မင်းက ထွက်ပြေးချင်တယ်ပေါ့လေ”

သွေးနီရောင်ဝတ်ကျင့်ကြံသူက အာရုံစိုက်ကြည့်လိုက်ပြီး သူ့သိုလှောင်အိတ်ထဲမှ အရိုးဖြူတောင်ဝှေးတစ်ချောင်းကို ဆွဲထုတ်လိုက်၏။ သူသည် ၎င်းတောင်ဝှေးပေါ်သို့ လွှားကနဲ ခုန်တက်လိုက်ပြီး မတ်တပ်ရပ်လိုက်သောအခါ သူ့ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်က ပေါက်ကွဲထွက်ပေါ်လာ၏။

သွေးနီရောင်ဝတ်လူငယ်၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်မရီးဒါန်များ၏ အရောင်က လင်းလက်တောက်ပလာ၏။

တစ်..

နှစ်..

သုံး..

လေး.. ခုမြောက် စိတ်ဝိညာဉ်မရီးဒါန်!

သွေးနီရောင်ဝတ်ကျင့်ကြံသူက မရီးဒါန်လေးခုအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။

All Chapters