← Chapters

ကစားပွဲ၏ အလှည့်အပြောင်း

Vol. 15 Ch. 221

ကစားပွဲ၏ အလှည့်အပြောင်း

Vol. 15 Ch. 221

မရီးဒါန်လေးခုအခြေတည်အဆင့်တစ်ယောက်က သူ၏ စ်တ်ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်နှင့် သူ၏ ဓါးပျံစီးနင်းခြင်း အမြန်နှုန်းက ကြောက်ခမန်းလိလိ ဖြစ်လေသည်။

‌သွေးနီရောင်၀တ်လူငယ်က သူ၏ အရိုးဖြူတောင်ဝှေးကို စီးနင်း၍ ပြေးထွက်သွားသော ဆူဇီမိုနောက်သို့ အမီလိုက်လိုက်၏။

စက္ကန့်အနည်းငယ် ကြာပြီးနောက် မည်မျှပင် သူ့အမြန်နှုန်းက ကြောက်ခမန်းလိလိ ဖြစ်နေပါစေ၊ မြေပြင်ပေါ်တွင် ‌ခြေနှစ်ဖက်နှင့် ပြေးနေသော ဆူဇီမိုကို အမီမလိုက်နိုင်ကြောင်း တုန်လှုပ်ဖွယ်ရာ သိရှိလိုက်ရ၏။

သူသည် ခွန်အားကုန် ထုတ်သုံးလျှင်တောင် အချည်းနှီးသာ ဖြစ်လေသည်။

အများဆုံး သူ အာမခံနိုင်သည်မှာ ဆူဇီမိုကို မျက်ခြေမပြတ်သွားဖို့ပင်။

"ဒီလောက်ပေါက်ကွဲစွမ်းအားတွေကို ပိုင်ဆိုင်ရအောင် ဒီငနဲရဲ့ ရုပ်ပိုင်းဆိုင်ရာက ဘယ်လောက်တောင် သန်စွမ်းနေလိုက်မလဲ မသိဘူး"

ဆူဇီမိုကို သွေးနီရောင်၀တ်လူငယ်က အတော်လေး အထင်ကြီးထားပြီးသားဖြစ်၏။

သို့သော်လည်း ယခုအခါမှာတော့ ဤလူကို သူလျှော့တွက်ထားခဲ့မိ‌သေးကြောင်း နားလည်လိုက်၏။

ထိုအချိန်မှာပင် ယုဖေး၏ အသံက ထွက်လာ၏။

"ဒီကောင်လေးရဲ့ မျိုးဆက်သွေးက တော်တော်ကို အားကောင်းတာပဲ။ သူက ဒဏ္ဍာရီလာ ဆူနာမီအဆင့်ကိုတောင် ရောက်ပြီးနေပြီ။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာရော၊ မျိုးဆက်သွေးရောက ရှေးဦးအဆက်နွယ်သားရဲတွေထက် အောက်မကျဘူး။ ပြောရရင် သူ့ကို မူလသွေးမျိုးဆက်သားရဲတွေနဲ့တောင် ယှဉ်လို့ရလောက်တယ်!"

ရွှေအမြုတေ စိတ်ဝိညာဉ်သားရဲတစ်ကောင်အနေနှင့် ယုဖေး၏ အမြင်က လွန်စွာစူးရှ၏။

ထိုအခိုက်အတန့်၌ သူသည် ကောင်းကင်အထက်၌ လက်နှစ်ဖက်‌နောက်ပစ်ကာ သွေးနီရောင်လူငယ်နောက်ကနေ စိတ်အေးလက်အေး အမူအယာနှင့် ကပ်လျှက်လိုက်ပါလာ၏။

"ယုဖေး.. သူ့နောက်လိုက်မလို့ ငါ့ကိုခေါ်သွားပေစမ်း!"

သူသည် ဆူဇီမိုအား မမီနိုင်တော့တာကို ကြည့်၍.. သွေးနီရောင်၀တ်လူငယ်က မချင့်မရဲဖြစ်လာပြီး.. ညိုပုပ်နေသော အမူအယာ၊ အေးစက်စက်အကြည့်တို့နှင့် ပြောလိုက်၏။

"ကောင်းပါပြီ"

ယုဖေးက သာမန်ကာလျှံကာလိုပင် ပြန်‌ဖြေလိုက်၏။

လေထဲတွင် ယုဖေး၏ ခန္ဓာကိုယ်က အဆက်မပြတ် ပြောင်းလဲသွား၏။ တချို့နေရာများက တွန့်လိမ်သွားလိုက်၊ ရှုံ့၀င်သွားလိုက်နှင့်.. သူ၏ အရိုးများ၊ အရွတ်များထံမှလည်း ပေါက်ပေါက်ဖောက်သလို တဖျောက်ဖျောက် မြည်သံများက ထွက်ပေါ်လာ၏။

တခဏအတွင်းမှာပင်.. ယုဖေးသည် ကြီးမားသည့် သွေးကျီးကန်းတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲသွား၏။

သွေးနီရောင်၀တ်ကျင့်ကြံသူက ယုဖေးကနေ အသွင်းပြောင်းသွားသော သွေးကျီးကန်းကြီးပေါ်သို့ ခုန်တက်လိုက်၏။

သူသည် လူတစ်ယောက်ကို သယ်ဆောင်ထားရသော်လည်း၊ ယုဖေး၏ အမြန်နှုန်းက တရိပ်ရိပ်တက်လာပြီး သူ့ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွား၏။

"မြန်လှချေလားဟ!"

ဆူဇီမိုသည် နောက်ပြန်လှည့်ကြည့်လိုက်ပြီး တိတ်တဆိတ် တုန်လှုပ်သွား၏။

ရွှေအမြုတေသားရဲတစ်ကောင်က သူ့ထက် ပိုမြန်လေသည်။

သွေးနီရောင်၀တ်ကျင့်ကြံသူကို သယ်ပိုးထားရင်း ယုဖေးသည် ဆူဇီမို၏ အရှေ့တွင် ဆင်းသက်လိုက်ကာ သူသွားမည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။

တစ်ချက်လှည့်ပတ်ပြီးနောက် ယုဖေးသည် လူသားအသွင် ပြောင်းလဲလိုက်ကာ သွေးနီရောင်၀တ်လူငယ်အနောက်တွင် ထူးမခြားနားပုံစံနှင့် ရပ်နေလိုက်၏။

"ခိခိ.. မင်းပြေးလို့ မလွတ်ပါဘူးကွာ!"

အရှိန်မလျှော့ဘဲ ပြေးထွက်သွား‌သော ဆူဇီမိုကို ကြည့်ပြီး သွေးနီရောင်၀တ်ကျင့်ကြံသူ အေးစက်စက် လှောင်ရယ်လိုက်၏။ သူက ဘယ်ဘက်လက်ထဲရှိ အရိုးဖြူတောင်ဝှေးကို ဝေ့ရမ်းလိုက်‌ပြီး.. လျှို့ဝှက်အသိရခက်သော မန္တန်များကို တီးတိုးရွတ်ဆိုလိုက်၏။

မန္တန်များကို ရွတ်ဖတ်ပြီးနောက်.. အရိုးဖြူတောင်ဝှေးမှ ပိန်းပိတ်အောင် နက်မှောင်နေသော အရိုးခေါင်းငါးခုက ပျံထွက်လာပြီး.. လမ်းကြောင်းငါးခုခွဲကာ ဆူဇီမိုကို ဝိုင်းကိုက်ဖို့ လုပ်လိုက်ကြ၏။

“အား.. အား..”

သူ့ဆီသို့ ၎င်းတို့ ရောက်မလာသေးခင်မှာပင် အရိုးခေါင်းငါးခု၏ မျက်လုံးအိမ်ထဲမှ သွေးရောင်အလင်းများ ဖြာထွက်လာပြီး.. ဆိုးယုတ်ကျောချမ်းဖွယ်ရာ ငိုသံများက ထွက်ပေါ်လာ၏။

“ဘာလဲဟ”

ထိုသည်ကိုကြည့်ပြီး ဆူဇီမို နုလုံးတစ်ချက်ခုန်သွာ၏။

ထိုနည်းစနစ်က စိတ်ဝိညာဉ်ပညာရပ်၏ အကန့်အသတ်ကို ကျော်လွန်နေပြီထင်ရ၏။ ထိုအရိုးခေါင်းငါးခုမှ ကြောက်စရာကောင်းလှသည့် အဖျက်စွမ်းအားများကိုပင် သူခံစားနေရ၏။

ထိုအရာများက ဤကဲ့သို့ မကောင်းဆိုးဝါးဆန်နေရအောင် အသက်ဘယ်လောက်များများက သွေးဘယ်လောက်များများကို စတေးခဲ့ရမလဲ။

ဆူဇီမိုသည် သူ့စိတ်ကိုသူ လျှင်မြန်စွာ စုစည်းလိုက်၏။ သူ့အကြည့်က အေးစက်နေပြီး သူ့အမူအယာက ပြောင်းလဲခြင်းမရှိပေ။

သူ့ရှေ့မှ အခြေအနေက ရှင်းနေပေပြီ။ သူအခုနေ နောက်ဆုတ်လှည့်ပြေးလျှင်တောင် သေခြင်းတရားမှ ပြေးလွတ်နိုင်မှာ မဟုတ်တော့ပေ။

သူသာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မည်ဆိုလျှင် သူနှင့်အတူ သေရွာသို့ တစ်ယောက်ယောက်ကို ဆွဲခေါ်သွားနိုင်ကောင်းလောက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင်.. အရိုး‌ခေါင်းငါးခုက ဆူဇီမို၏ ကိုယ်ပေါ်သို့ ဆင်းသက်လာပြီး.. ပါးစပ်ကြီးများကို ဟကာ သူ့အသားကို ကိုက်ချဖို့လုပ်လိုက်ကြ၏။

“ဘွန်း..!”

ကျယ်လောင်သော မြည်သံနှင့်အတူ.. ဆူဇီမို၏ ခန္ဓာကိုယ်မှ ဆူနာမီနှင့် မိုးကြိုးသံများက တွဲဖက်ထွက်ပေါ်လာ၏။

ဆူဇီမို၏ ခန္ဓာကိုယ်မှ မျက်စိကျိန်းစပ်လောက်သည့် တဖျတ်ဖျတ်တလက်လက် အလင်းရောင်များက ကြောက်စရာပုံစံနှင့် ဖြာထွက်လာ၏။

နက်မှောင်နေသော အရိုးခေါင်းများသည် ထွက်ပေါ်လာသော လျှပ်စီးများကြောင့် ခဏမျှ ရပ်တန့်သွားပြီး သူတို့ထံမှ ထွက်ပေါ်နေသော ဆိုးယုတ်အော်ရာကလည်း လျော့ကျသွား၏။ သို့သော်လည်း ဘယ်လောက်မှ မကြာမီမှာပင် သူတို့က လျှပ်စီးအကာအရံကို ချိုးဖျက်လိုက်ကြပြီး ဆူဇီမို၏ အသားကို ကိုက်ခဲလိုက်ကြ၏။

ဆူဇီမို၏ ခန္ဓာကိုယ်က အလွန်တရာ သန်မာလှ၏။

သူသာ ခန္ဓာကျောက်ရုပ်ကို ပုံဖော်ထားပါက.. အလယ်အလတ်အဆင့် ဓါးပျံကတောင် သူ့ကို ထိခိုက်စေနိုင်မှာ မဟုတ်ပေ။

သို့သော်လည်း ထိုအရိုးခေါင်းငါးခုကတော့.. သူတို့ကိုက်ချလိုက်သည့် ခဏမှာပင် ဆူဇီမို၏ အသားက စုတ်ပြဲသွား၏။

ဆက်တိုက်ဆုပ်ယူလိုက်ကြရင်း.. အရိုးခေါင်းများက ဆူဇီမို၏ သွေးအဆီအနှစ်များက အငမ်းမရ မျိုချလိုက်ကြပြီး.. သူတို့မျက်လုံးအိမ်ထဲရှိ နီရဲရဲ အရောင်က ပိုမို သိပ်သည်းလာ၏။ သူတို့က သူတို့၏ ကိုယ်ပိုင်အသက်ကို ရရှိလာသလိုပင်။

“မင်းတို့က ငါ့ကို စားသုံးချင်တယ်ဆိုတော့လဲ ငါက မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

ထိုအချိန်မှာပင် ဆူဇီမိုက ရုတ်တရတ် ငေါက်ငမ်းလိုက်၏။ သူသည် သူ့ခန္ဓာကိုယ်ထဲက သားရဲချီများကို ဆက်လက်ချုပ်တည်းမထားတော့ဘဲ.. မျိုးဆက်သွေးကို လှည့်ပတ်ကာ ရှိသမျှအကုန် ဖွင့်ထုတ်လိုက်၏။

ထိုအရာက သွေးချီစွမ်းအားပင် ဖြစ်လေသည်။

၎င်းက သွေးစွမ်းအားထက်ကို များစွာပို၍ သန်မာအားကောင်းလေသည်။

ထိုအခိုက်အတန့်၌ သားရဲချီများက ဆူဇီမိုကို လွှမ်းခြုံလာပြီး.. သူ၏ မျိုးဆက်သွေးက ရုန်းကြွသောင်းကျန်းလာကာ သူ့ခန္ဓာကိုယ်က ပြန့်ကားလာ၏။ သူ့မျက်လုံးများက အေးစက်၍ ကြောက်စရာကောင်းလာပြီး.. အမျက်ဒေါမာန်ကြီးသော ရှေးဦးသားရဲကြီးတစ်ကောင်က နိုးထလာသလိုပင်။

ပုံမှန်အားဖြင့်တော့ သားရဲချီများ ပေါ်ထွက်လာသည်နှင့် ကျင့်ကြံသူအများစုက သတိထားမိကြလိမ့်ပေမည်။

သို့သော်လည်း ဤအချိန်၌ ဆူဇီမိုသည် တိုက်ပွဲမြေနှင့် အတော်အတန် ဝေးဝေးကို ရောက်နေလေသည်။ သူသည် တန်လင်းတောင်ကြား၏ နယ်နမိတ်စည်းမျဉ်းကိုပင် ရောက်နေလေပြီ။

ထိုသို့ အလှမ်းကွာနေသလို.. အခြားကျင့်ကြံသူများသည် တိုက်ပွဲမြေတွင် အကျိတ်အနယ်ဖြစ်နေကြသောကြောင့် ဆူဇီမိုထံမှ ထွက်ပေါ်လာသော သားရဲချီများကို အာရုံခံမိကြလိမ့်မည် မဟုတ်ပေ။

ထို့အပြင်.. သူတို့သည် သူ့ကို အာရုံစိုက်မနေသလို.. ထိုသို့စိုက်ဖို့လဲ သူတို့မှာ စွမ်းအင်အပိုရှိမနေပေ။

ဆူဇီမို၏ ရှေ့တည့်တည့်တွင် ရပ်နေသော သွေးနီရောင်ဝတ်လူငယ်ကတော့.. သူ့အမူအယာက ပြောင်းလဲသွားပြီး တုန်လှုပ်ချောက်ချားသွား၏။

သူနှင့် ဆူဇီမိုက သိပ်မကွာဝေးလှတော့ပေ။

ထိုအကွာအဝေး၌ ဆူဇီမိုသည် အဆင့်တူချင်း၌ ပြိုင်ဘက်ကင်းလေသည်။

မူလက ဆူဇီမို၏ အသွေးကိုဆုပ်ယူ သောက်သုံးနေကြသော အရိုးခေါင်းများသည် ရုတ်တရတ်ဆိုသလို.. ဆူဇီမိုထံမှ ထွက်ပေါ်လာသော ကြောက်စရာသွေးချီစွမ်းအားများကြောင့် ကန်အားဖြင့် လွင့်ထွက်သွားကြ၏။

လုံးဝထင်မှတ်မထားသည့် အလှည့်အပြောင်းတစ်ခုပင်!

အစကတော့ ဆူဇီမိုသည် အရေးနိမ့်နေပြီး.. အချိန်မရွေး သွေးကျွန်အဖြစ်သို့ ပြောင်းလဲခံရမည့် အနေအထားပင်။

ယခုအခါမှာတော့.. အခြေအနေက လုံးဝ ပြောင်းလဲသွားပြန်လေပြီ။

သွေးနီ‌ရောင်ဝတ်လူငယ်က အသက်အန္တရယ်ကို ခြိမ်းခြောက်ခံရမည့် အနေအထားသို့ ရောက်ရှိသွား၏။

ဝုန်း..

ဆူဇီမို၏ အကြည့်က ဓါးသွားလို့ စူးရှနေ၏။ သူသည် တစ်ချက်ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ ခုန်တက်လိုက်သောအခါ မြေပြင်က ပြင်းထန်စွာ တုန်ခါသွား၏။

“မင်းအသက်ကို ဖက်နဲ့ထုပ်ထားလိုက်တော့!”

ဆူဇီမိုက သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး.. ဖြူဖတ်ဖြူရော်မျက်နှာနှင့် နောက်သို့ဆုတ်ခွာနေသော သွေးနီရောင်ဝတ်လူငယ်ကို လှမ်းဆွဲလိုက်၏။ သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ခြင်းတိုက်ကွက်ဖြစ်သော နတ်မြင်းဖြိုခွဲခြင်းကို ထုတ်သုံးဖို့ လုပ်လိုက်၏။

သူသာ သွေးနီရောင်ဝတ်လူငယ်ကို ဆွဲဖမ်းဆုပ်နိုင်ခဲ့လျှင် ထိုငနဲက ဆုတ်ဖြဲခံရမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုအတွက်တော့.. သူ မသေခင် သူနှင့်အတူ သွေးနီရောင်ဝတ်လူငယ်ကို ဆွဲခေါ်သွားနိုင်ပါက အဲ့ဒါက ထိုက်တန်လေသည်။

ဆူဇီမိုက သွေးနီရောင်ဝတ်လူငယ်ကို ဆွဲယူဖို့ မီလုမီခင်မှာပင်.. သူ့ရှေ့တွင် ပုံရိပ်တစ်ခုက ရုတ်တရတ် ပေါ်လာ၏။

ရွှေအမြုတေအဆင့်သားရဲ.. ယု‌ဖေး!

သူသည် ဆူဇီမိုထံမှ သားရဲချီများ ထွက်ပေါ်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားခဲ့၏။

သို့သော်လည်း သူ၏ တုန့်ပြန်မှုက အလွန်တရာ မြန်ဆန်၏။ ဆူဇီမို ဘာမျှ မလုပ်နိုင်ခင်မှာပင်.. ယုဖေးက သွေးနီရောင်ဝတ်လူငယ်၏ အရှေ့ကနေ ပိတ်ရပ်လိုက်ပြီး ထိုငနဲလေးကို ငရဲဂိတ်တံခါးဝကနေ ကယ်တင်လိုက်၏။

ဖောက်! ဖောက်!

အေးစက်စွာ လှောင်ရယ်လိုက်ရင်း ယုဖေး၏ ရင်အုပ်မှ ပိုမိုအားကောင်းသော အော်ရာတစ်မျိုးက ထွက်ပေါ်လာပြီး ဆူဇီမို၏ သွေးချီကို ဖိနှိမ်လိုက်၏။

အတွင်းအမြုတေ!

ထိုအရာက သူ၏ အတွင်းအမြုတေမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

သူ၏လက်ကောက်ဝတ်ကို ယုဖေးက ဖမ်းဆုပ်လိုက်သောအခါ.. ဆူဇီမို၏တစ်ကိုယ်လုံး ချိနဲ့လာပြီး.. မျက်လုံးများက အရောင်မှိန်လာ၏။

“နှမြောဖို့ ကောင်းလိုက်တာကွာ”

သူသည် အရမ်းနီးစပ်ခဲ့၏။

သူ့မှာသာ နောက်ထပ်တစ်စက္ကန့်‌လောက် အချိန်ရခဲ့လျှင်.. သွေးနီရောင်ဝတ်လူငယ်ကို သေချာပေါက် သူသတ်နိုင်လိမ့်ပေမည်။

ဆူဇီမိုသည် သူ၏ သွေးချီစွမ်းအားကို ထုတ်ဖော်ပြီးသည်နှင့်.. သူသည် မရီးဒါန်လေးခုအခြေတည်အဆင့်ကိုပင် သတ်ပစ်နိုင်သည်ဟု ယုံကြည်မှုရှိလေသည်။

“ဆူဇီမို.. မင်းက တစ်ကယ့်ကို သန်မာလှပါပေတယ်”

ယုဖေးက အေးစက်စွာ ပြောလိုက်၏။

“ဒါပေမယ့်.. ဒီနေ့ ဒီနေရာမှာ ငါရှိနေတဲ့အတွက်.. မင်း သခင်လေးကို ဘယ်လိုမှ ထိလို့ရမှာ မဟုတ်ဘူး”

ဤတစ်ခေါက်တွင် သွေးကျီးကန်းနန်းတော်သခင်က သူတို့၏ သခင်‌လေးကို သေချာစောင့်ရှောက်ဖို့ ယုဖေးနှင့် ဖန်းယွဲ့တို့ကို အထူးတလည် မှာကြားခဲ့၏။

သခင်လေးသာ တစ်ခုခု ဖြစ်သွားခဲ့လျှင်.. နန်းတော်သခင်က သူတို့နှစ်ယောက်စလုံးကို သေချာပေါက် သတ်ပစ်ပေလိမ့်မည်။

All Chapters