← Chapters

ကောက်ရိုးတစ်မျှင်

Vol. 15 Ch. 224

ကောက်ရိုးတစ်မျှင်

Vol. 15 Ch. 224

သွေးနီရောင်၀တ်လူငယ် သေဆုံးသွားသည့်ခဏမှာပင်.. ကီလိုမီတာထောင်ချီဝေးကွာသော သွေးကျီးနန်းတော်တွင် ကမ္ဘာပျက်ကပ်ဘေးတစ်ခု ကျရောက်လာတော့မည့်အလား၊ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာတစ်မျိုးက ရုတ်တရတ် ပေါက်ကွဲထွက်ပေါ်လာ၏။

မဟူရာကျီးတောင်တန်းမှာ ရှိကြကုန်သော သတ္တဝါအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်ကုန်ကြပြီး မြေပြင်မှာ ပြားပြား၀ပ်၍ တစ်ဆတ်ဆတ် တုန်ယင်နေကြ၏။

"ဘယ်ကောင်လဲ!"

"အဲ့ဒါ ဘယ်ကောင်လဲကွာ!"

"မင်းက ငါ့တပည့်ကိုများ သတ်ရဲ‌တယ်ပေါ့လေ!"

"တော်တော်သတ္တိကောင်းနေတယ်ပေါ့ ဟုတ်လား!"

မဟူရာကျီးတောင်တန်း၏ အနက်ပိုင်း၊ သွေးကျီးကန်းနန်းတော်မှ အဆုံးမဲ့ဒေါသနှင့် သတ်ဖြတ်လိုစိတ်တို့ ရော‌ယှက်နေသော မကောင်းဆိုးဝါးဆနါဆန် ဟိန်းဟောက်သံကြီးက ထွက်ပေါ်လာ၏။

"ငါ မင်းရဲ့အသားတွေကို တစ်လွှာချင်းခွာပြီး.. မင်းရဲ့အရိုးတွေကို ပြာချပစ်မယ်!"

ဝုန်း!

ဝုန်းကနဲ မြည်သံကြီးနှင့်အတူ.. နန်းတော်တစ်ခုစလုံးက ပြင်းထန်စွာ တုန်ခါသွား၏။ သွေးမြူများက ပိုမိုသိပ်သည်းလာပြီး.. ခဲလုမတတ် ဖြစ်လာ၏။

နန်းတော်တစ်ခုလုံးက သွေးပင်လယ်ထဲ မျောလွင့်နေသလို ခပ်ရေးရေးသာ မြင်ရတော့၏။

နန်းတော်ထဲမှ ပုံရိပ်တစ်ခုက ပြေးထွက်လာပြီး သူ့ပါးစပ်ကိုဟကာ အပြင်းအထန် စုပ်ယူလိုက်၏။

ဝေါ..

သွေးပင်လယ်က ဝဲကတော့ကြီးတစ်ခုလို.. ထိုပုံရိပ်၏ ပါးစပ်ထဲသို့ အဆက်မပြတ် တိုးဝင်သွား၏။

နောက်တခဏအတွင်းမှာပင်.. သွေးပင်လယ်က ပျောက်ကွယ်သွား၏။

ပုခုံးပေါ်တွင် ဆံပင်များ ပြန့်ကျဲကျနေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က မတ်တပ်ရပ်နေ၏။ သူ့မျက်နှာက ပါးလျပြီး နီညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ့မျက်လုံးများက အစိမ်းရောင်ခပ်ဖျော့ဖျော့ဖြင့် တောက်ပနေ၏။

“ကော်း.. ကော်း!”

မဟူရာကျီးတောင်ကုန်းမှ နားပင်းမတတ် စူးစူးဝါးဝါးအော်သံတစ်ခုက ထွက်ပေါ်လာ၏။

အစတုန်းကတော့ ထိုအသံက အတော်‌လေး ဝေးသေး၏။ သို့သော် နောက်တခဏအတွင်းမှာပင် ၎င်းက နီးကပ်ရောက်ရှိလာ၏။

သွေးနီရောင်မျက်လုံးများနှင့် ဧရာမကျီးကန်းကြီးသည် သူ့တောင်ပံများကို တဖျတ်ဖျတ်ခတ်ရင်း.. မဟူရာကျီးတောင်ကုန်းကိုဖြတ်ကာ ပျံသန်းလာ၏။

သူက မဟူရာကျီးတောင်ကုန်းရှိ သွေးကျီးကန်း၏ ဘုရင်ဖြစ်လေသည်။

သွေးကျီးကန်းဘုရင်!

သွေးကျီးနန်းတော်သခင်သည် မဟူရာကျီးတောင်ကုန်းကို စရောက်တုန်းက သူပထမဆုံး စတင်နှိမ်နင်းခဲ့သည့် သတ္တဝါမှာ ဤကျီးကန်းဖြစ်လေသည်။

သူသည် သွေးကျီးနန်းတော်သခင်နောက်သို့ လိုက်ရင်း.. အတော်လေး အကျိုးအမြတ်ရရှိခဲ့၏။ ယခုအခါ သူ၏ ကျင့်ကြံမှုအဆင့်က အထွတ်အထိပ်နိုးထဝိညာဉ်အဆင့်တစ်ယောက်နှင့် နှိုင်းယှဉ်လို့ရလေသည်။

“သခင်!”

သွေးကျီးကန်းဘုရင် နန်းတော်အထက်ကောင်းကင်သို့ ရောက်ရှိလာပြီးနောက် ဆင်းသက်လိုက်၏။ သူသည် မြေပြင်ပေါ်သို့ ရောက်သောအခါ အနက်ရောင်ဝတ်ကျင့်ကြံသူတစ်ယောက်အသွင် ပြောင်းလိုက်ပြီး.. လွန်စွာရိုကျိုးသောအမူအယာနှင့် ဒူးထောက်လိုက်၏။

“လာ.. ငါနဲ့ အပြင်ကို လိုက်ခဲ့စမ်း!”

သွေးကျီးနန်းတော်သခင်၏ အကြည့်က ရေခဲတမျှ အေးစက်နေပြီး ဒေါသတကြီး ပြောလိုက်၏။

“ငါ့တပည့်ကို ဘယ်ကောင်က သတ်ရဲတာလဲဆိုတာ ငါကြည့်ချင်သေးတယ်.. သူ့ကို သွေးနဲ့ ပြန်ပေးဆပ်ခိုင်းရမယ်!”

. . .

တန်လင်းတောင်ကြား..

သွေးနီရောင်ဝတ်လူငယ်က သွေးအိုင်ထဲတွင် လဲကျသေဆုံးနေပေပြီ။

သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့သော သုံးချီက သုံးစက္ကန့်လောက်သာ ကြာမြင့်ခဲ့ပြီး.. အလွန်တိုတောင်းလှလေသည်။

အင်အားအကူပေးဖို့ ပြေးလာကြသော ရွှေအမြုတေအဆင့်နှစ်‌ယောက်က သွေးနီရောင်ဝတ်လူငယ်အနားသို့ မရောက်နိုင်သေးဘဲ အချိန်မီ မကယ်တင်လိုက်နိုင်ပေ။

ယခုဤမြင်ကွင်းကိုကြည့်ပြီး.. ရွှေအမြုတေအဆင့်နှစ်ယောက် မှင်တက်သွားကြ၏။

သူတို့နှစ်ယောက်စလုံး ကြောက်စရာကောင်းလှသည့် တစ်စုံတစ်ရာကို တွေးမိလိုက်ကြပြီး သူတို့၏ မျက်နှာများက သွေးမရှိကြတော့ပေ။ မျက်စိပျက်မျက်နှာပျက်နှင့် သူတို့၏ ခန္ဓာကိုယ်များက မသိမသာ တုန်ယင်လာကြ၏။

သွေးနီရောင်ဝတ်လူငယ်က သွေးကျီးနန်းတော်သခင်၏ တစ်ဦးတည်းသော ပညာအမွေခံတပည့် ဖြစ်လေသည်။

သူတို့သည် သွေးနီရောင်ဝတ်လူငယ်ကို ကာကွယ်စောင့်ရှောက်ဖို့ရာ တန်လင်းတောင်ကြားသို့ လိုက်ပါလာခဲ့ရ၏။ ယခုအခါ သွေးနီရောင်ဝတ်လူငယ်က ဤနေရာ၌ ဆိုးဆိုးရွားရွားပုံစံနှင့် သေဆုံးခဲ့ရပြီဖြစ်သောကြောင့် နန်းတော်သခင်၏ အမျက်ဒေါသက သူတို့အပေါ်သို့ ကျရောက်လာပေတော့မည်။

သူတို့အသက်ရှင်နိုင်ဖို့အတွက်ရာ တစ်ခုတည်းသော မျှော်လင့်ချက်မှာ မလှမ်းမကမ်းမှ အစိမ်းရောင်ဝတ်ကျင့်ကြံသူသာ ဖြစ်လေသည်။

သူတို့သည် ထိုလူကို အရှင်ဖမ်းပြီး နန်းတော်သခင်ထံ ဆက်သရပေမည်။ ထိုမှသာ သူတို့ အသက်ရှင်ရဖို့ မျှော်လင့်နိုင်ပေမည်။

ရွှစ်.. ရွှစ်..

သူတို့၏ မျက်လုံးများက သွေးရောင်လွှမ်းလာပြီး.. သတ်ဖြတ်လိုစိတ်များက ထကြွလာ၏။ သူတို့၏ ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို အရူးအမူး လှည့်ပတ်လိုက်ပြီး.. ဆူဇီမိုရှိရာသို့ အမြင့်ဆုံးနှုန်းဖြင့် ပြေးချသွားကြ၏။

တစ်ဖက်မှာတော့ ဆူဇီမိုသည် တိုက်ကွက်သုံးကွက်ဖြင့် သွေးနီရောင်ဝတ်လူငယ်ကို သတ်ဖြတ်ပြီးနောက် သူ၏ သက်လုံက ကုန်လုနီးပါး ဖြစ်နေပြီး.. ဟောဟဲဆိုက်နေ၏။

ပေါင်းစည်းအားထုတ်ခြင်းအရဖြစ်စေ၊ ခွန်အားအရဖြစ်စေ၊ တိုင်ပင်ကိုက်လှုပ်ရှားမှုအရဖြစ်စေ.. ထိုသုံးကွက်က သူ၏ အမြင့်ဆုံး အကန့်အသတ် ဖြစ်ခဲ့လေသည်။

သူသည် မရီးဒါန်လေးခုအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို တစ်ယောက်-တစ်ယောက်ချင်း တိုက်၍ သတ်ဖြတ်ပစ်နိုင်ခဲ့၏။

ဆူဇီမိုသည် သူ၏ အကောင်းဆုံးအခြေအနေမှာ ရှိနေလျှင်တောင်.. ဤမျှကြောက်စရာကောင်းလှသည့် သတ်ဖြတ်ခြင်းအကွက်ကို ဖော်ထုတ်နိုင်ကောင်းလိမ့်မည် မဟုတ်ပေ။

တစ်ကယ်တော့.. သူ၏ သွေးချီစွမ်းအားက အံ့မခန်းဖြစ်ပြီး၊ အင်္ဂါသန့်စင်ခြင်းအပိုင်းတွင် စဦးကျွမ်းကျင်မှုရရှိထားတာရယ်.. သွေးနီရောင်ဝတ်လူငယ်ကလည်း ကြောက်စိတ်ဝင်၍ သူ့အော်ရာက အားနည်းနေတာရယ်ကြောင့် ဖြစ်လေသည်။ သို့မဟုတ်ပါက သူတို့နှစ်ယောက်တွင် မည်သူက အနိုင်ရရှိမည်ဆိုတာ ပြောဖို့ ခက်လေသည်။

သွေးနီရောင်လူငယ်ကို သတ်ဖြတ်ပြီးနောက်.. ဆူဇီမိုသည် မလှမ်းမကမ်းရှိ ရွှေအမြုတေအဆင့်နှစ်ယောက်ကို လှောင်ပြောင်သရော်သလို လှမ်းကြည့်လိုက်၏။

ရွှစ်..

သူ့လက်ကို လှုပ်ခါလိုက်သောအခါ.. ထိပ်တန်းအဆင့်ဓါးပျံတစ်လက်က ထွက်ပေါ်လာ၏။

ဆူဇီမို အရင်ဆုံး လုပ်လိုက်သည်မှာ ယုဖေး၏ ရင်အုပ်ကို ဓါးဖြင့်ထိုးခွဲလိုက်ပြီး.. သားရဲအတွင်းအမြုတေကို ထုတ်ယူလိုက်၏။

ထို့နောက် သူသည် သွေးနီရောင်ဝတ်လူငယ်၏ ဦးခေါင်းကို ဖြတ်၍ ထိုသူ၏ သိုလှောင်အိတ်ကိုပါ ယူလိုက်၏။

“မင်းတို့သခင်လေးကတော့ သေသွားရှာပြီ.. သူ့ခေါင်းက အခုငါ့လက်ထဲမှာပဲ.. မင်းတို့ ပြန်လိုချင်သပဆို.. လိုက်ယူလိုက်လေ.. ဟာဟဟားဟားဟား!”

ဆူဇီမိုက သွေးနီရောင်ဝတ်လူငယ်၏ ဦးခေါင်းကို လက်တစ်ဖက်က ဆုပ်ကိုင်ထားရင်း.. သူ့ဦးခေါင်းကို နောက်လှန်ချ၍ ဟားတိုက်ရယ်ချလိုက်၏။ သူ၏ ကျယ်လောင်သောအသံက အဘက်ဘက်သို့ လွင့်ပျံ့သွား၏။

ဆူဇီမို၏ လက်ရှိတည်နေရာက တိုက်ပွဲမြေနှင့် အတန်ကွာဝေး၏။ သူက တန်လင်းတောင်ကြား၏ နယ်နမိတ်အစပ်ပေါ်မှာ ရောက်နေလေပြီ။

သွေးနီရောင်လူငယ်ကို သတ်ဖြတ်ပစ်ခဲ့သော သူ၏ လှုပ်ရှားမှုသုံးကွက်က အရမ်းမြန်ဆန်လှသောကြောင့်.. အခုမှ ရောက်ချလာသော ရွှေအမြုတေနှစ်ယောက်ကလွဲလျှင် ထိုအကြောင်းကို အခြားမည်သူမျှ သတိမပြုမိကြသေးပေ။

သို့သော်လည်း.. ယခုသူ့အသံက တန်လင်းတောင်ကြားတစ်ခွင် ပဲ့တင်ထပ်လွင့်ပျံ့သွားပြီး.. လူတိုင်းရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

နှစ်ဖက်အဖွဲ့၏ ရုန်းရင်းဆန်ခတ် တိုက်ခိုက်မှုများက ခဏမျှ ရပ်တန့်သွားကြ၏။

သွေးကျီးကန်းနန်းတော်မှ ကျင့်ကြံသူများဖြစ်စေ.. ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများဖြစ်စေ.. အားလုံးသည် ဆူဇီမိုရှိရာဘက်သို့ အလိုလို လှည့်ကြည့်လိုက်ကြ၏။

ထို့နောက် လူတိုင်း၏ အမူအယာက ပြောင်းလဲသွားကြ၏။

ဆန်းကြယ်တောင်ထွတ်မှ တပည့်များက ဝမ်းသာအားရပုံနှင့် ဟေးကနဲ အော်ဟစ်လိုက်ကြ၏။

သို့သော်လည်း.. သွေးကျီးကန်းနန်းတော်မှ လူများကတော့.. ထိတ်ထိတ်ပျာပျာနှင့် ဖြူဖတ်ဖြူရော် ဖြစ်ကုန်ကြ၏။

“အဲ့ကောင်ကို အရှင်ဖမ်းပေးကြစမ်းကွာ.. လုံးဝမလွတ်စေနဲ့!”

ဖန်းယွဲ့က ဒေါသတကြီး အော်ဟစ်လိုက်၏။

ယခုအခါ ဝမ်ရွှမ်းနှင့် အကြီးအကဲယုတို့ကို ဝန်းရံထားသော သွေးကျီးကန်းနန်းတော်မှ ရွှေအူတိုင်အဆင့်များမှာ ရှစ်ယောက်သာလျှင် ရှိတော့လေသည်။

ဖန်းယွဲ့၏ ဟိန်းဟောက်အော်ဟစ်သံကို ကြားသောအခါ.. နောက်ထပ်ရွှေအူတိုင်အဆင့်နှစ်‌ယောက်က တိုက်ပွဲမြေမှ ထွက်၍ ဆူဇီမိုရှိရာဘက်သို့ လျှပ်စီးလိုအမြန်နှုန်းဖြင့် ပြေးထွက်သွားကြ၏။

ဖောက်! ဖောက်! ဖောက်!

ဝမ်ရွှမ်းအပေါ်ရှိဖိအားက သိသိသာသာ‌လျော့ကျသွား၏။ ထိုအချိန်တွင် ရွှေအမြုတေတစ်ယောက်က သတိလက်လွတ်နေတာကို ဝမ်ရွှမ်းက အခွင့်ကောင်းယူကာ သူ၏ ရွှေအမြုတေနယ်မြေကို ထိုသူအပေါ်သို့ ဖိချလိုက်၏။

များပြားလှစွာသော သေးသေးသွယ်သွယ် မိုးစက်ပေါ်လေးများက ထိုသူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီး. မရေမတွက်နိုင်သော သွေးသံရဲရဲ အပေါက်များက ဖြစ်ပေါ်လာ၏။

မှိန်ကျသွားသောအကြည့်နှင့် ထိုပုဂ္ဂိုလ်က လေထဲကနေ ပြုတ်ကျလာ၏။

ဖန်းယွဲ့က အံကိုကြိတ်လိုက်၏။ သူသည် ဆူဇီမိုကို သူကိုယ်တိုင် သွားရောက်ဖမ်းဆီးချင်မိ၏။ သို့သော်လည်း မည်သို့မျှ မတတ်နိုင်ဘဲ သူသည် ဤနေရာတွင်သာ နေနေရလေသည်။

ဆေးလုံးလက်တစ်ဆုပ်စာကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက်.. ဖန်းယွဲ့က သူ့စိတ်ဝိညာဉ်စွမ်းအင်များကို အရူးအမူး လှည့်ပတ်လိုက်ပြီး.. ရွှေအမြုတေနယ်မြေကို အားဖြည့်ကာ ဝမ်ရွှမ်းနှင့် အကြီးအကဲယုတို့ကို အမြန်ဆုံးသတ်ဖြတ်ပစ်နိုင်ဖို့ ကြိုးစားလိုက်၏။

လေထဲတွင်.. အစတုန်းကတော့ ဆန်းကြယ်တောင်ထွတ်မှ တပည့်လေးဆယ်ကျော်ကျော်ကို ဝန်းရံထားသော သွေးကျီးကန်း မြောက်များစွာရှိ၏။ ယခုအခါမှာတော့.. သွေးကျီးကန်းများအားလုံးက ဆူဇီမိုရှိရာဘက်သို့ နီရဲနေသော မျက်လုံးများနှင့် အုံလိုက်ကျင်းလိုက် ပျံသန်းသွားကြ၏။

သွေးကျီးကန်းနန်းတော်မှ ရာနှင့်ချီသော အခြေတည်အဆင့်များ၏ ထက်ဝက်ကျော်ကလည်း လမ်းကြောင်းများခွဲ၍ ပြေးထွက်သွားကြ၏။

ထိုသို့အားဖြင့်.. ဆန်းကြယ်တောင်ထွတ်၏ လူများအပေါ်မှ ဖိအားသည် သိသိသာသာ လျော့ကျသွား၏။

အားလုံးသည် မျှော်လင့်ချက်ပါးပါးလေးတစ်ခုကို မြင်လိုက်ကြရ၏။ ရှင်သန်ဖို့အတွက် ကောက်ရိုးလေးတစ်မျှင်!

သွေးနီရောင်ဝတ်လူငယ်၏ သေဆုံးမှုကြောင့်.. အခြေအနေတစ်ခုလုံးက လျှို့ဝှက်မှန်းဆရခက်အောင် ပြောင်းလဲသွားလေသည်။

တိုက်ပွဲမြေက ဝရုန်းသုန်းကား ဖြစ်လာ၏။

ဘာပဲပြောပြော ချင်ယုနှင့် ကျိချန်းရှန်တို့က ဆန်းကြယ်တောင်ထွတ်၏ အမွေခံတပည့်များ ဖြစ်ကြ၏။ တစ်ယောက်က မရီးဒါန်ငါးခုအခြေတည်အဆင့်ဖြစ်ပြီး.. နောက်တစ်ယောက်က မရီးဒါန်လေးခုအခြေတည်အဆင့်ဖြစ်၏။ သူတို့နှစ်ယောက်က အလွန်တရာ သန်မာ၏။

ဖြစ်ပေါ်လာသော အခြေအနေအပေါ် အခွင့်ကောင်းယူကာ သူတို့နှစ်ယောက်သည် တန်လင်းတောင်ကြားမှ ရအောင်ရုန်းထွက်၍ ဂိုဏ်းသို့ သတင်းပို့နိုင်သည်နှင့် လူတိုင်းက အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက်ရှိလာပေလိမ့်မည်။

အခြားတစ်ဖက်တော့.. ရွှေအမြုတေအဆင့်လေးယောက်က ဆူဇီမိုဆီသို့ ဒုန်းစိုင်းပြေးလာနေကြ၏။

ကောင်းကင်ထက်မှ သွေးကျီးကန်မြောက်များစွာကလည်း ပျံသန်းလာနေပြီး မြေပြင်တွင် အခြေတည်အဆင့်ကျင့်ကြံသူများစွာကလည်း ပြေးလာနေကြ၏။

ထိုသတ္တဝါများစွာနှင့် ရင်ဆိုင်ရပါက ဆူဇီမိုသည် ဖွတ်ဖွတ်ညက်ညက်ကြေ၍ အသားစင်းကော ဖြစ်သွားရပေလိမ့်မည်။

သူ၏ အဆုံးသတ်ကို လူတိုင်းခန့်မှန်းကြည့်နိုင်၏။

All Chapters