← Chapters

သွေးစတေးထွက်ပြေးခြင်း

Vol. 15 Ch. 225

သွေးစတေးထွက်ပြေးခြင်း

Vol. 15 Ch. 225

ချင်ယုက ‌ဆူဇီမိုရှိရာဘက်သို့ လှည့်ကြည့်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်၊ အံကိုကြိတ်ကာ သူ့အကြည့်က ဝေခွဲမရ ရှုပ်ထွေးနေ၏။

"နောင်ကြီး!"

ဖက်တီးလေးက အထိတ်တလန့် အော်ဟစ်လိုက်၏။

လမ့်ရိုထံမှလည်း နှမြောတမ်းတ ယူကျုံးမရဟန်က ထွက်ပေါ်လာ၏။

သူတို့ရှင်သန်ဖို့ မျှော်လင့်ချက်ပါးပါးလေးက ဆူဇီမိုတစ်ဦးတည်း၏ သူ့အသက်ကို လောင်းကြေးထပ်ထားခြင်းမှ ရရှိလာခြင်းဖြစ်ကြောင်း ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသိထားကြလေသည်။

‌

ယခုအချိန်တွင် သူတို့၏ သေခြင်း ရှင်ခြင်းကို မည်သည့်ရွှေအမြုတေအဆင့်ကမျှ အရေးမလုပ်နိုင်တော့ပေ။

သူတို့ရှေ့တွင် ပိတ်ဆို့တိုက်ခိုက်နေကြသော အခြေတည်အဆင့်များတောင်မှ အရေအတွက်က ထက်၀က်လောက် လျော့ကျသွား၏။

လူတိုင်းနီးပါး၏ အာရုံးစူးစိုက်မှုက ဆူဇီမိုအပေါ်တွင်သာ ကျရောက်နေကြ၏။

"မြန်မြန်လုပ်ကြဟေ့ ထွက်သွားကြရအောင်!"

ချင်ယုက အံကိုကြိတ်၍ လက်ကို ဝေ့ရမ်းပြလိုက်ပြီး အော်ဟစ်လိုက်၏။

သူသာ ဤကဲ့သို့ ဆက်လက် တွေဝေတုံ့ဆိုင်းနေလျှင် အားလုံး အသက်ဆုံးရှုံးကုန်ကြပေလိမ့်မည်။

ချင်ယုနှင့် ကျိချန်းရှန်တို့က အတူတကွ ပူးပေါင်း၍ ရှေ့ဆုံးကနေ စိတ်ဝိညာဉ်တိုက်ကွက်များကို ဆက်တိုက်ထုတ်ဖော်ကာ ဖောက်ထွက်လိုက်ကြ၏။

ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်များ အစွမ်းကြောင့်.. သူတို့နှစ်ယောက်၏ ဓါးပျံများက တိုက်ပွဲထဲတွင် စိုးမိုးခြယ်လှယ်နေကြပြီး ဓါးပျံများ သွားရာတစ်လျှောက် သွေးများက ပြန့်ကျဲကျန်ရစ်ခဲ့၏။

ဆန်းကြယ်တောင်ထွတ်မှ လူများသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေကြသော်လည်း သူတို့အားလုံးသည် နာကျင်မှုကို တောင့်ခံကာ သူတို့၏ စိတ်စွမ်းအင်များကို စုစည်းလိုက်ကြ၏။ သူတို့အားလုံးသည် ချင်ယုနှင့် ကျိချန်းရှန်တို့နှစ်ယောက် နောက်မှ ကပ်လျက်လိုက်ပါရင်း တန်လင်းတောင်ကြားမှ ‌လမ်းဖောက်ထွက်ဖို့ ကြိုးစားလိုက်ကြ၏။

...

အခြားတစ်ဖက်မှာတော့..

ဆူဇီမိုက အခြေအနေ မကောင်းလှပေ။

သည့်အရင် မိစ္ဆာနှိမ်နင်းချိတ်စည်းကို သူထုတ်သုံးလိုက်တုန်းက သူ၏ ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင် အားလုံးနီးပါးက ကုန်ခမ်းခဲ့ပေပြီ။

ထို့နောက် သူသည် သွေးကျွန်ပြုပညာရပ်အား တောင့်ခံခုခံရင်း သူ၏ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရောက အားအင်ကုန်ခမ်း မောပန်းနေလေပြီ။

နောက်ဆုံးမှာတော့ သူသည် ရှိသမျှ လက်ကျန်အား၊ သက်စောင့်အား အားလုံးကို အဆုံးစွန်ထိ ဖျစ်ညှစ်ထုတ်ကာ သုံးချီသုံးကွက်ဖြင့် သွေးနီရောင်လူငယ်ကို သတ်ပစ်နိုင်ခဲ့၏။

ယခုအခါ ဆူဇီမိုသည် သူ၏ အားအနည်းဆုံးအချိန်မှာ ရှိနေလေသည်။

မလှမ်းမကမ်းတွင် ပွက်ပွက်ဆူနေသော သတ်ဖြတ်လိုစိတ်များနှင့် ရွှေအမြုတေအဆင့် လေးယောက်က ဦးဆောင်၍ သွေးကျီးကန်းများက အုံးလိုက်ကျင်းလိုက်၊ သွေးကျီးကန်းနန်းတော်မှ အခြေတည်အဆင့် ကျင့်ကြံသူများကရာနှင့်ချီ၍ သူ့ဆီသို့ ဝိုင်း၍အမဲဖျက်ဖို့ လာနေကြ၏။

ဖုန်မှုန့်နှင့် မီးခိုးများက ‌ထောင်းထောင်းထနေပြီး တိုက်ခိုက်သတ်ဖြတ်လိုစိတ်များက မိုးထိတိုင် ထိုးတက်လာ၏။

ဤကဲ့သို့ အခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း၊ ဆူဇီမို၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှု တစွန်းတစကိုမျှ မမြင်ရပေ။ သူ့မျက်လုံးများက တည်ငြိမ်နေပြီး သူ့အမူအယာက ဣန္ဒြေရနေ၏။

သူသည် လျှို့ဝှက်ပညာရပ်အတတ်တစ်ခုကို အသက်သွင်းနေ၏။

မိစ္ဆာဂိုဏ်းများ၏ အ‌မွေအနှစ်ကုန်းမြေကို သွားခဲ့တုန်းက ကျောက်သားခေါင်းတလား၏ အဖုံးအတွင်းဘက်တွင် ရေးထိုးထားသော မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကြုံကြိုက်၍ သူရခဲ့လေသည်။

ယခု ‌သူ‌အသက်သွင်းနေသော လျှို့ဝှက်ပညာရပ်မှာ ထိုမိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်မှ ဆင်းသက်လာ‌သော သွေးစတေးထွက်ပြေးခြင်းအတတ် ဖြစ်လေသည်။

မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်တွင် မျိုးဆက်သွေးအား အသုံးချပုံအမျိုးမျိုးနှင့် မျိုးဆက်သွေးစွမ်းအားအသက်သွင်းပုံတို့ကို အသေးစိတ်ကျကျ ဖော်ပြထား၏။

သွေးစတေးထွက်ပြေးခြင်းတွင် ခြွင်းချက်ဆိုတာ မရှိပေ။

၎င်းကို ထုတ်ဖော်လိုက်သည်နှင့်.. သွေးစတေးထွက်ပြေးခြင်းက လူတစ်‌ယောက်ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေး၏ သုံးပုံတစ်ပုံကို လောင်စာအနေနှင့် လောင်ကျွမ်းစေပြီး.. စွမ်းအင်ကို ပေါက်ကွဲထွက်ပေါ်စေကာ ထိုသူကို ကီလိုမီတာရာပေါင်းများစွာအထိ အချိန်ခဏလေးနှင့် ရောက်အောင်ပြေးထွက်စေနိုင်လိမ့်ပေမည်။

တစ်ကယ်တော့ သွေးစတေးထွက်ပြေးခြင်းတွင် အလွန်သိသာထင်ရှားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိလေသည်။

မျိုးဆက်သွေး၏ သုံးပုံတစ်ပုံကို လောင်ကျွမ်းစေပြီးနောက်.. လူသားဖြစ်စေ၊ သားရဲဖြစ်စေ.. အလွန်တရာ အားအင်ဆုတ်လျော့သွားပေလိမ့်မည်။ ထိုအချိန်တွင် သူတို့၏ ခြေလက်များက အေးစက်လာပြီး အသက်ကိုပင် မနည်းခက်ခက်ခဲခဲ ရှူရပေမည်။ အခန့်မသင့်လျှင် သတိပါလစ်သွားနိုင်လေသည်။

ထိုသို့အားနည်းသည့်အခြေအနေမှာ ဘယ်လောက်ထိ ကြာမလဲဆိုတာကတော့ လူတစ်ယောက်ချင်း၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ်မှာသာ မူတည်လေသည်။

လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာက ပို၍ ကြံ့ခိုင်လေလေ.. ပုံမှန်အခြေအနေသို့ ပို၍မြန်မြန် ပြန်လည်အားဖြည့်နိုင်လိမ့်မည် ဖြစ်လေသည်။

သို့သော်လည်း ပုံမှန်အခြေအနေမှာဆိုရင်တော့.. ပကတိပြန်လည် ကောင်းမွန်လာဖို့ဆိုလျှင် အနည်းဆုံး ဆယ်ရက်ကနေ ဆယ့်လေးရက်လောက်ထိ အချိန်ယူရပေလိမ့်မည်။

ကြီးမားများပြားလှသည့် အင်းအားစုနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုသည် ထွက်ပြေးဖို့သာ တတ်နိုင်လေသည်။

သို့‌သော်လည်း သူထွက်ပြေးရမည့် လမ်းကြောင်းက ဆန်းကြယ်တောင်ထွတ်နှင့် ဆန့်ကျင်ဘက်အရပ်သို့ ဖြစ်လေသည်။

သွေးစတေးထွက်ပြေးခြင်းဖြင့် သူသည် ကီလိုမီတာ ရာပေါင်းများစွာ ပြေးထွက်နိုင်ခဲ့လျှင် သူနှင့် ဆန်းကြယ်တောင်ထွတ်က အလွန်တရာ ဝေးကွာသွားပေလိမ့်မည်။

မည်သို့မျှ မတတ်နိုင်ဘဲ.. ဆူဇီမိုသည် လှည့်၍ ထွက်ပြေးလိုက်၏။

သွေးစတေးထွက်ပြေးခြင်း၏ မနောအာရုံကျင့်ကြံမှုနည်းစနစ်ကို အသက်သွင်းလိုက်ပြီး.. လက်ဟန်ချိတ်စည်းများကို ထုတ်ဖော်လိုက်ကာ ဆူဇီမိုသည် သူ့လျှာကို ညင်သာစွာကိုက်လိုက်၏။ သူ၏ သွေးအဆီအနှစ်များက လှည့်ပတ်စီးဆင်းလာ၏။

ဒုံ.. ဒုံ.. ဒုံ...

သူ့နုလုံးသားက သူ့ရင်အုပ်ထဲမှ ခုန်ထွက်တော့မည့်အတိုင်း ရုတ်တရတ် အလျှင်အမြန်စတင်ခုန်လာ၏။

သူ့နုလုံးတစ်ချက်ခုန်လိုက်တိုင်း.. လတ်ဆတ်သည့် သွေးစီးကြောင်းများက သူ့ခြေလက်များဆီသို့ လှည့်ပတ်စီးဆင်းလာ၏။

ထိုသွေးစီးကြောင်းထဲတွင် မီးတောက်သေးသေးများက တိတ်တဆိတ်လောင်ကျွမ်းနေ၏။ ၎င်းက အလွန်တရာ ထူးဆန်းပြီး အဆုံးမဲ့စွမ်းအားကို ထွက်ပေါ်လာစေ၏။

ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး.. နတ်မြင်းလျှပ်တပြက်ပြေးထွက်ခြင်းဖြင့် တန်လင်းတောင်ကြားအပြင်ဘက်သို့ ဒုန်းစိုင်းပြေးထွက်လိုက်၏။

ရွှစ်..

သူသည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင်.. လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

မြန်လှချေလားဟ!

လူတိုင်းကြောင်အသွားပြီး သတိလက်လွတ် ဦးနှောက်ခြောက်သွားကြ၏။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ရွှေအမြုတေလေးယောက်က ဘယ်လိုဘာကြောင့်ဆိုတာ အရင်ဆုံးသတိဝင်နားလည်သွား၏။ သူတို့သည် ခွန်အားကုန်ထုတ်သုံးကာ ဆူဇီမိုထွက်ပြေး ပျောက်ကွယ်သွားရာဘက်သို့ ပြေးလိုက်သွားကြ၏။

“အဲ့လိုမျိုးလျှို့ဝှက်ပညာရပ်တွေက အသက်ဓါတ်ကို လောင်စာလုပ်ပြီး ခဏတာခွန်အားကို ဖျစ်ညှစ်ထုတ်ရတာပဲ.. သူသိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး.. အမီလိုက်ကြရအောင်!”

“အမှန်ပဲ.. အဲ့လိုလျှို့ဝှက်ပညာရပ်မျိုးကို သုံးတယ်ဆိုတာ.. သူ့အရှိန်ကုန်သွားတာနဲ့.. သူက သေချာပေါက် ချိနဲ့သွားမှာပဲ”

လေထဲရှိ ရွှေအမြုတေအဆင့်များက အတွေ့အကြုံကြွယ်ဝကြပြီး.. သွေးစတေးထွက်ပြေးခြင်း၏ သဘောတရားကို တန်းပြီး ပြောနိုင်ကြ၏။

ရွှေအမြုတေတစ်ယောက်က လှမ်းအော်လိုက်၏။

“သွေးကျီးကန်းစစ်တပ်.. အဲ့လူကို ခြေရာခံလိုက်ကြ.. မင်းတို့ သူ့ကိုတွေ့ရင် သူသတိမထားမိစေနဲ့.. ငြိမ်ငြိမ်လေးနေ သတင်းပို့ပြီး.. ငါတို့အလာကို ‌စောင့်နေကြ!”

“အား အား”

ကောင်းကင်ထက်မှ သွေးကျီးကန်းများက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ပြန်လှန်တုန့််ပြန်လိုက်ကြ၏။

ချက်ချင်းပင်.. သွေးကျီးကန်းများသည် အုပ်စုများစွာခွဲ၍ လေထဲတွင် ပျံသန်းပျောက်ကွယ်သွားကြ၏။

သွေးကျီးကန်းများသည် အခြေတည်အဆင့် စိတ်ဝိညာဉ်သားရဲများသာ ဖြစ်ကြသော်လည်း သူတို့၏ အမြန်နှုန်းက ရွှေအမြုတေအဆင့်များအောက် မလျော့ပေ။

. . .

ဆူဇီမိုသည် အားကုန်ထုတ်၍ ပြေးလွှားနေ၏။

သူသည် ‌နောက်သို့ ပြန်လှည့်မကြည့်ဖြစ်သော်လည်း.. ထိုကျင့်ကြံသူများက သူ့ကို လက်လျှော့လိမ့်မည် မဟုတ်ဆိုတာကို သူသိလေသည်။ သူတို့သည် သေချာ‌ပေါက် သူ့နောက်ကနေ ကပ်ပါလာကြလိမ့်မည်။

သူ့သွေးများက လောင်ကျွမ်းနေဆဲဖြစ်၏။

သူ့မျိုးဆက်သွေး၏ သုံးပုံတစ်ပုံ လောင်ကျွမ်းမကုန်ဆုံးခင်.. နောက်ကလိုက်လာသူများကို မျက်ခြေဖြတ်နိုင်ဖို့ သူကြိုးစားရပေမည်။

သွေးစတေးထွက်ပြေးခြင်းက အချိန်တိုခဏအတွင်း.. သူ့အမြန်နှုန်းကို အဆများစွာ မြင့်တက်လာစေသည်။

သို့သော်လည်း ထိုစွမ်းအားက အကန့်အသတ်မရှိသည် မဟုတ်ဘဲ.. မည်မျှအထိ ‌တောင့်ခံနိုင်မည်ဆိုတာကတော့ ကျင့်ကြံသူ၏ အခြေခံအုတ်မြစ်အပေါ်တွင်သာ မူတည်လေသည်။

ဒီနေ့ဒီအချိန်မှာ.. ဆူဇီမိုက အခြေတည်အဆင့် ကျင့်ကြံသူတစ်‌ယောက်သာလျှင် ဖြစ်လေသည်။

သိပ်မကြာမီ ဆူဇီမိုသည် ထူထပ်သော တောအုပ်တစ်ခုအတွင်းသို့ ရောက်ရှိလာ၏။

ခဏလောက် လှည့်ပတ်ပြေးလွှားပြီးနောက်.. သူသည် ရုတ်တရတ် လမ်းကြောင်းပြောင်းလိုက်ကာ အနီးရှိ ကျားသစ်တစ်ကောင်အပေါ်သို့ ခုန်အုပ်လိုက်၏။ ကျားသစ်က အချိန်မီ ရှောင်မထွက်နိုင်လိုက်ပေ။

ထိုကျားသစ်၏ မျက်လုံးများက အသိဉာဏ်ကို စတင်ရရှိနေပြီဖြစ်သော်လည်း သူက ဘယ်လိုကျင့်ကြံရမလဲ သိပုံမရသေးပေ။

ဆူဇီမိုက သွေးနီရောင်ဝတ်လူငယ်၏ ဦးခေါင်းကို ကျားသစ်အမြီးတွင် ချည်နှောင်လိုက်ပြီး ၎င်းကို ခြိမ်းခြောက်လိုက်၏။

“ဝေးနိုင်သလောက် အဝေးဆုံးကို ပြေးနိုင်လေကောင်းလေပဲ.. ဒါကိုတော့ ပြုတ်မကျစေနဲ့ကြားလား!”

ကျားသစ်က ဆူဇီမို၏ မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်ကို မြင်နေရပြီး.. ကြောက်ရွံ့တုန်လှုပ်နေကာ ခေါင်းတစ်ဆတ်ဆတ်ညိမ့်ပြလိုက်၏။

ဆူဇီမိုက သူ၏ ဖမ်းဆုပ်ထားမှုကို လွှတ်ပေးလိုက်သောအါ ကျားသစ်က ကြောက်ကြောက်နှင့် ထွက်ခွာလိုက်၏။ လုံလောက်သည့် အကွာအဝေးတစ်သို့ ရောက်သောအခါ ၎င်းက လေကဲ့သို့ လျှစ်ကနဲ ပြေးထွက်သွားလေတော့၏။

ဆူဇီမိုက ပြန်လှည့်လာလိုက်ပြီး အေးစက်စွာ လှောင်ရယ်လိုက်၏။

နောက်ကလိုက်လာသူများကို အာရုံထွေပြားသွားအောင် သူလုပ်ရပေမည်။

နောက်ကလိုက်လာသူများကို‌ တွေ့လျှင် ကျားသစ်က ပို၍ မြန်မြန် ထွက်ပြေးမည်ဖြစ်ပြီး သူတို့က သူနှင့် လမ်းလွဲသွားလိမ့်မည်ဟု ဆူဇီမိုက ယုံကြည်လေသည်။

အသက်ဝဝရှူလိုက်ပြီးနောက် သူက ရှေ့သို့ ဆက်လက်ပြေးလိုက်၏။

နောက်ထပ်နည်းနည်းကြာလျှင် သွေးစတေးထွက်ပြေးခြင်းမှ ထွက်ပေါ်လာသော အာနိသင်စွမ်းအားက ကုန်ဆုံးတော့ပေမည်။

ဆိုလိုသည်မှာ ထိုအချိန်တွင် ဆူဇီမိုမျိုးဆက်သွေး၏ သုံးပုံတစ်ပုံက လောင်ကျွမ်းကုန်ဆုံးသွားပြီး ဖြစ်ပေလိမ့်မည်။

သူရပ်လိုက်သည့်ခဏ၌ ဆူဇီမိုသည် ကမ္ဘာကြီးတစ်ခုလုံးက ချာချာလည်နေသည်ဟု ခံစားလိုက်မိပြီး.. မြေပြင်သို့ ပစ်လဲကျလုမတတ် ဖြစ်သွား၏။

သူသည် အကောင်းဆုံးကြိုးစား၍ အသက်ကိုမှန်မှန်ရှူကာ.. လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး.. သူ့စိတ်ကို ရှင်းလင်းကြည်လင်နေစေဖို့ ကြိုးစားရင်း.. ဒယီးဒယိုင်နှင့် ရှေ့သို့ ဆက်လျှောက်လိုက်၏။

သည်နေရာမှာ သူအိပ်ချလိုက်လို့ မဖြစ်ပေ။

သူသည် အန္တရာယ်တောထဲမှ အခုထိ ရုန်းမထွက်နိုင်သေးပေ။

သူသည် ခိုအောင်းဖို့ နေရာတစ်ခုရှာပြီး.. အစီအရင်တစ်ချို့ ခင်းကျင်း၍ ကိုယ်ယောင်ဖျောက်ပြီးမှသာ စိတ်ချလက်ချ အနားယူနိုင်ပေမည်။

သိပ်မကြာမီ.. မလှမ်းမကမ်း တောင်ခြေတစ်ခုတွင် လိုဏ်ဂူတစ်ခုကို သူတွေ့လိုက်ရ၏။

ဆူဇီမိုသည် ထိုလိုဏ်ဂူထဲသို့ သွားရောက်ဝင်ကြည့်လိုက်ပြီး အထဲတွင် မည်သည့် သားရဲတောကောင်ကိုမျှ မတွေ့ရသောအခါမှသာ ဟင်းချနိုင်လေတော့သည်။

သူ၏လက်ရှိအခြေအနေအရ.. စိတ်ဝိညာဉ်တောကောင် တစ်ကောင်နှင့် ရင်ဆိုင်ကြုံတွေ့ရလျှင်တောင်.. သေမည်ရှင်မည်မသိ အပြင်းအထန် တိုက်ခိုက်ယူရပေလိမ့်မည်။

All Chapters