← Chapters

ပြပွဲ

Vol. 26 Ch. 351

ပြပွဲ

Vol. 26 Ch. 351

အခြားသော ရှပြည်ထောင်စုမှ အခြားတစ်ဖွဲ့ထပ်ရောက်လာခြင်းသည် ရှုပ်ထွေးနေသော မဟာမိတ်အဖွဲ့ကို ပို၍ပင်ရှုပ်ထွေးစေခဲ့သည်။

နောက်ပိုင်း ခရီးဆက်ကြရာဝယ် အခြေနေတင်းမာနေပြီး မသိမသာဖြင့် အဖွဲ့သုံးဖွဲ့ကွဲနေပြီဖြစ်သည်။

ပထမအဖွဲ့က ကျောက်ဇီယန်နှင့်ကုယင်းတို့လို အခြားတိုင်းပြည်မှအဖွဲ့များဖြစ်ပြီး ဒုတိယအဖွဲ့က အားအနည်းဆုံးဖြစ်သည့် လီလော့တို့အဖွဲ့ဖြစ်သည်။နောက်ဆုံးအဖွဲ့ကတော့ နောက်ဆုံးမှ လာပူးပေါင်းသော ဇူရွှမ်းတို့အဖွဲ့ပင်......

ထိုသုံးဖွဲ့အနက် ကျောက်ဇီယန်တို့အဖွဲ့ကအင်အားအကောင်းဆုံးဖြစ်ပြီး ဇူရွှမ်းတို့နှင့်အင်အားသိပ်မကွာလှပေ။ထိုသို့သာ အင်အားကောင်းသူများရှိနေသဖြင့်တော်တန်ရုံအဖွဲ့များ ဝေးဝေးကရှောင်ကွင်းသွားကြလေသည်။

သို့သော်လည်း သဘောထားကွဲလွဲမှုများ ရံဖန်ရံခါဖြစ်ပေါ်တတ်ပြီး ထိုသို့ဖြစ်ပေါ်တိုင်းလည်း လီလော့ကသာ ကြားဝင်စေ့စပ်ပေးနေရသည်။

ဤသို့ဖြင့် အတွင်းကြိတ်ရန်ပွဲများဖြစ်ပွားနေသည့် မဟာမိတ်အဖွဲ့သည် ရေလှောင်တမံရှိရာဆီချီတက်ခဲ့ကြသည်။

နေ့စဉ်နှင့်အမျှ ကာကွယ်ရေးမဟာမိတ်အဖွဲ့ကို အခြားအဖွဲ့များက ဆက်လက်တိုက်ခိုက်လာကြပြီး ခါးသီးသောတိုက်ပွဲမှ လွတ်မြောက်ခဲ့ကြသည့်အခါ များစွာသောဆုလာဘ်များ ရရှိခဲ့ကြသည်။

တနေ့တာရရှိခဲ့သမျှ တအိုရွှေများကို ညအချိန်အနားယူသည့်အခါမှ ခွဲဝေကြမည်။

................

မီးပုံနားတွင်....

လီလော့က ကြွပ်ရွအောင်ကင်ထားသောအဆီရွှမ်းသည့်အသားကင်များကိုဖဲ့ယူပြီး လုချင်းအာဆီလှမ်းပေးလိုက်သည်။

လုချင်းအာက သေသပ်စွာကိုက်စားလိုက်သော်လည်း အဆီရွှဲလွန်းသောအသားကင်ကြောင့် သူမ၏နှုတ်ခမ်းပါးတွင် အဆီများရွှဲစိုနေလေ၏။

သူတို့အနားတွင်... ချင်ဇူလူသည် ရက်ပေါင်းများစွာ ငတ်ပြတ်နေသူလို အငမ်းမရစားသောက်နေပြီး မကျေမနပ်အော်ဟစ်နေသေးသည်။

" သောက်သုံးမကျတဲ့ရွှေနဂါးတာအိုနယ်မြေ....ငါလိုချင်တာဘာမှမရှိဘူး...."

သူ၏ စရိုက်အရ၊ သူလိုချင်သည်မှာ မရပ်မနား အမဲလိုက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ သို့သော် ယခုအခါတွင် ပိုးမွေးသလိုမွေးထားသောအိမ်တော်သခင်မလေးများသဖွယ် ကိုယ်ရံတော်အပြည့်အစုံဖြင့်လမ်းလျှောက်ထွက်နေရသလိုပင်.....

လွန်ခဲ့သည့်ရက်အနည်းငယ်က ရူးသွပ်ဖွယ်တိုက်ပွဲများနှင့်ကြုံတွေ့ခဲ့ရသော်လည်း လီလော့က လုချင်းအာနားတွင်စောင့်ကြပ်ခိုင်းထားသဖြင့် ချင်ဇူလုတစ်ယောက် လက်တစ်ချောင်းမျှ မလှုပ်လိုက်ရပေ။

လီလော့တို့အဖွဲ့၏အားကောင်းသူ ချင်ဇူလု တိုက်ပွဲများတွင်ဝင်မပါသည်ကို ကျောက်ဇီယန်တို့ကလည်း တစ်ခွန်းမျှစောဒကမတက်ခဲ့ကြပေ။ အသစ်ရောက်လာသောဇူရွှမ်းတို့ကို စိတ်မချသောကြောင့်လည်း ပါလိမ့်မည်ထင်သည်။

မည်သို့ပင်ဆိုစေ ချင်ဇူလုတစ်ယောက် မတိုက်ခိုက်ရသည်မှာ ရက်အတော်ကြာနေခဲ့ပြီ။ ကျောက်ဇီယန်တို့ အပြင်းအထန်တိုက်ခိုက်နေသည်ကို ထိုင်ကြည့်နေရခြင်းကပင် ချင်ဇူလုအတွက် ကြီးစွာသော ဆင်းရဲဒုက္ခတခုလိုဖြစ်နေရှာသည်။

"မင်းပျင်းနေရင် များများစား....ချင်းအာတောင် ဒီရက်ပိုင်းအတွင်းမျက်နှာလေးပြည့်လာပြီ......"

လီလော့၏အပြောကြောင့် လုချင်းအာကမျက်နှာကိုယောင်ယမ်းပြီးကိုင်ကြည့်လိုက်ကာ.....

" ငါ ဝလာတယ်...ဟုတ်လား......"

လီလော့ သူမ၏ အလွန်အကျွံတုံ့ပြန်မှုကြောင့် ထိတ်လန့်သွားသည်.....

“မဟုတ်ပါဘူး....... နောက်တာပါ....”

လုချင်းအာက ရှက်ဝဲဝဲဖြင့် လီလော့ကို တစ်ချက်လှမ်းရိုက်လိုက်လေသည်။

ထိုစဉ်...ဇူရွှမ်းတို့အဖွဲ့၏ အကြည့်စူးစူးများကို လီလော့ ခံစားလိုက်ရသည်။

လီလော့ သူတို့၏ဒေါသကို နားလည်နိုင်သည်။

တနေကုန် တိုက်ခိုက်ထားရသည့်အတွက်အနားယူသည့်အချိန်တွင်တော့ အေးချမ်းစွာအနားယူချင်လိမ့်မည်။ အဓိပ္ပါယ်မရှိသောကလူကျီစယ်မှုများကိုမည်သူမျှ သည်းခံချင်လိမ့်မည်မဟုတ်ပေ။

"အဟမ်း..."

လီလော့က ချောင်းဟန့်လိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်သည့်အနေဖြင့်.....

" ကဲ....ပျော်စရာလေးတွေပြောကြရအောင်.....ဝေစုခွဲကြမယ်......"

လီလော့က ပြောပြောဆိုဆိုနဲ့ အိတ်တစ်လုံးကိုမြေပြင်ပေါ်သွန်ချလိုက်သည့်အခါ ယနေ့ရထားသော တအိုရွှေဒဂါးများအပုံလိုက်ထွက်ကျလာသည်ကို လူတိုင်းက လောဘကြီးစွာ စိုက်ကြည့်နေကြသည်။

ကာကွယ်စောင့်ရှောက်ရေးမဟာမိတ်အဖွဲ့တွင် လီလော့က ဘဏ္ဍာထိန်းရာထူးယူထားရသည်။အဘယ့်ကြောင့်ဆိုသော် ခွန်အားအနည်းဆုံးဖြစ်သည့်အတွက် ရှောင်မပြေးနိုင်မှန်း လူတိုင်းသိသည်။

"ဒါက ဒီနေ့ရထားတာတွေ.... ကြိုးစားပေးခဲ့တဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်..... ကိုယ့်ဝေစုကိုယ်လာယူကြပါ......"

"ခဏနေဉီး...."ကျောက်ဇီယန်က ရုတ်တရက်ဟန့်လိုက်ပြီး...."ဒီတစ်ပုံက ဘယ်သူ့အတွက်လဲ......"

" သူတို့အတွက်လေ...."

လီလော့က  အံ့သြသွားပြီး ဇူးရွှမ်းတို့အဖွဲ့ကိုလက်ညှိုးထိုးပြလိုက်သည်။

"သူတို့ကို တန်းတူဝေစုခွဲ ပေးဖို့ ငါတို့သဘောမတူဘူး"

ကျောက်ဇီယန်ရဲ့လေသံထဲတွင် အန္တာရာယ်အငွေ့အသက်များပြည့်နှက်နေသည်။

"မင်းဘာဖြစ်နေတာလဲ....ရန်စကားလာမပြောနဲ့နော်....ငါတို့လည်း ရန်သူတွေကိုတိုက်ခိုက်ပေးခဲ့တာပဲ......ဘာလို့တန်းတူမရ ရမှာလဲ....."

ဇူရွှမ်းတို့က ကျောက်ဇီယန်ကို တုန့်ပြန်နေရင်ကနေ လီလော့ ခွဲပေးထားတဲ့ဝေစုကိုတချက်ခိုးကြည့်ပြီးမှင်သက်နေကြသည်။

ဝိုးးးး ငါတို့အရင်ရက်ကရှာထားသမျှထက်တောင်ပိုများနေပါလား....ရွှေနဂါးချီက အတော်စွမ်းတာပဲ...ဒါ့ကြောင့်ကျောက်ဇီယန်တို့အသဲအသန်လိုက်နေကြတာကိုး......

"ဝေစုခွဲပေးရမယ်ဆိုရင်တောင် ငါတို့နဲ့တန်းတူခွဲမပေးနိုင်ဘူး....နင်တို့ရဲ့စွမ်းဆောင်ရည်ကိုရက်ပိုင်းလောက်စောင့်ကြည့်ရဉီးမယ်......"

ကုယင်းကလည်း ဝင်ပြောလာခဲ့ပြီ။

ဇူရွှမ်းက ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ လီလော့ပုံပေးထားသည့်ဝေစုကိုအလျင်အမြန်သိမ်းယူလိုက်ပြီး......

" တော်လောက်ပြီ.....ဒါ ငါတို့ရှပြည်ထောင်စုအဖွဲ့က ချင်းအာကြောင့်ရထားတာတွေ....တကယ်ဆိုမင်းတို့ကိုခွဲပေးလို့ ငါတို့ကိုတောင်ကျေးဇူးပြန်တင်နေရဉီးမှာ......မကျေနပ်ရင်မယူကြနဲ့....လမ်းခွဲကြမယ်......"

" အပြောအဆိုဆင်ခြင်စမ်း....မင်းကိုယ်မင်းဘာကောင်ထင်နေလဲ...!!!!"

ကျောက်ဇီယန်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး စွမ်းအားများကို ဝုန်းကနဲထုတ်ဖော်လိုက်သည်။

ရုတ်​တရက်​ ငြိမ်းချမ်း​သော အ​ငွေ့အသက်​​ပျောက်​ကွယ်သွားသည်​။

လီလော့ အမြန်ထရပ်လိုက်သည်။

" တော်ကြပါတော့ကွာ.... ငါတို့အချင်းချင်းတိုက်ခိုက်နေရမယ့်အချိန်မဟုတ်ဘူး.... ဒီနေ့အကုန်လုံးပင်ပန်းထားကြတယ်မလား....လာ...လာ..အနားယူကြရအောင်....."

လီလော့က အခြေနေဝင်ထိန်းလိုက်ပြီး ဇူးရွှမ်းတို့ဘက်လှည့်ကာ......

"မင်းတို့က ဒီနေ့မှအဖွဲ့ထဲဝင်တာဆိုတော့ ဒီည ကင်းစောင့်ဖို့တာဝန်ယူလိုက်နော်....."

ဇူရွှမ်းက လီလော့ကို စိုက်ကြည့်နေသည်။အရေအတွက်အရရော အင်အားအရပါ မယှဉ်သာတဲ့အတွက် သူ အခု ကျောက်ဇီယန်နဲ့ မတိုက်ခိုက်ချင်သေးဘူး..... ဒါ့ကြောင့် စိတ်တိုတိုနဲ့ ခေါင်းညိတ်လိုက်ရသည်။

ထို့နောက် ဇူရွှမ်းက နင်းကျောက်နှင့်လင်းစွော်တို့ကိုခေါ်ကာ မီးပုံနားကနေ ထွက်သွားကြလေသည်။

မကြာခင်မှာပဲ ငြိမ်သက်တိတ်ဆိတ်မှုက အတိုင်းအတာတစ်ခု ကျဆင်းသွားပြီး သစ်ကိုင်းခြောက်များအပေါ်နင်းသည့်အသံသဲ့သဲ့ကိုသာကြားလိုက်ရသည်။

သို့တိုင် လီလော့သည် ကျောက်ဇီယန်နှင့်ကုယင်းတို့ ဒေါသမပြေသေးသည်ကို ခံစားနေရဆဲပင်.....

ကောင်းပြီ..... တစ်နေကုန် သရုပ်ဆောင်ပြီးပြီ..... ဒီညတော့ အေးအေးဆေးဆေး ပွဲထိုင်ကြည့်ရတော့မယ်.....

***

All Chapters