← Chapters

ဝရုန်းသုန်းကားည

Vol. 26 Ch. 352

ဝရုန်းသုန်းကားည

Vol. 26 Ch. 352

ညနက်လာသည်နှင့်အမျှ အပူချိန် ကျဆင်းလာပြီး စခန်းချရာပတ်ဝန်းကျင်တစ်ခွင်လုံးတွင် မြူခိုးများ ထူထပ်လာသည်။

အလယ်တွင် မီးပုံကြီးတပုံဖိုထားပြီး အနီးတစ်ဝိုက်မှာ သာမာန်ရွက်ဖျင်တဲငယ်များ ဝန်းရံဆောက်လုပ်ထားသည်။

လီလော့က မီးပုံဘေးတွင်ထိုင်ကာ သူ့ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။ကျောက်ဇီယန်နှင့်ကုယင်းတို့သည် ၎င်းတို့၏ အသင်းဖော် လေးဦးစလုံးနှင့်အတူ ဤနေရာတွင် ရှိနေကြသော်လည်း အားလုံးက သတိမပြတ်ဘဲအသင့်အနေအထားဖြင့်စောင့်ကြည့်နေကြသည်။

လီလော့ ပျင်းကြောဆန့်နေချိန်တွင် မွှေးပျံ့သောရနံ့တို့နှင့်အတူ လုချင်းအာရောက်လာခဲ့သည်။

လုချင်းအာသည် တောင်ပေါ်ရေပူစမ်းတွင်ရေချိုးသန့်စင်ထားသဖြင့် သူမ၏ဆံနွယ်များစိုစွတ်နေဆဲပင်......

"အနားမယူသေးဘူးလား...?"

လီလော့က ရွှင်မြူးစွာ မေးလိုက်သော်လည်း လုချင်းအာက မေးခွန်းပြန်ထုတ်လိုက်သည်။

"နင်..တစ်ခုခု ကြံစည်နေပြန်ပြီလား"

လီလော့က လုချင်းအာပြောသည်ကို တခြားသူတွေကြားမကြားတချက်အကဲခတ်လိုက်ပြီး အသံတိုးတိုးဖြင့်.....

" ကြံစည်တယ်???? ဘယ်သူ့ကိုကြံစည်ရမှာလဲ....."

“အူကြောင်ကြောင်လုပ်မနေစမ်းနဲ့....မှန်မှန်ပြောစမ်း....နင် ဇူရွှမ်းတို့ကိုသစ္စာဖောက်ဖို့ကြံစည်နေတယ်မလား....."

လီလော့ ကျေနပ်နေဟန်ဖြင့်ပြုံးလိုက်သည်။လုချင်းအာက ထက်မြက်သူတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ရက်အတွင်း လီလော့၏လုပ်ပုံကိုင်ပုံများကိုကြည့်ပြီး ခန့်မှန်းနိုင်ပြီဖြစ်သည်။

"ခွေးတွေ အချင်းချင်း ကိုက်ပါစေ..... ငါတို့အတွက် အရေးမကြီးဘူး" ဟု သူမက တိုးတိုးလေးပြောသည်။

" ငါတို့ကို ကာကွယ်ဖို့ ဇူရွှမ်းတို့အဖွဲ့  ဒီမှာ ရှိနေတယ်လို့ မထင်လိုက်နဲ့...နင့်မှာ ရွှေနဂါးချီ ရှိလို့သာ ရောက်လာကြတာ.... ယုံထားပါ....ငါတစ်ယောက်ပဲ နင့်အပေါ်အပြည့်အဝသစ္စာရှိတာနော်....ချင်ဇူလုကတောင် တဝက်ပဲသစ္စာရှိတာ......ငါလုပ်သမျှက နင့်အတွက်ချည်းပဲ....."

လုချင်းအာကတော့ မေးထောက်ပြီး လီလော့ကို ရွှန်းရွှန်းစားစားကြည့်နေ၏။

"အင်း ....ငါ..နင့်ကိုယုံတယ်. နင် ဆုံးဖြတ်သမျှကို ငါအပြည့်အဝထောက်ခံတယ်....နင်းကျောက်တို့ ဇူရွှမ်းတို့နင့်ကိုပြသာနာရှာရင် အမေနဲ့ပြန်တိုင်ပေးမယ်......"

လီလော့က သူမကို လက်မထောင်ပြလိုက်ပြီး.....

"ချင်းအာ...နင်အတော်ဆုံးပဲ....ဟီးးး"

ထိုအချိန်တွင် ချင်ဇူလုက လေးလံသောလှံကိုရော့တိရော့ရဲကိုင်ကာ သစ်တောထဲမှပြန်ထွက်လာပြီး တကိုယ်လုံးလည်း ချွေးသံတရွှဲရွှဲနှင့်ပင်....သူ့ပုံစံကြည့်ရသည်မှာ ဒေါသတွေကိုသစ်ပင်တွေဆီပုံချခဲ့ပုံရသည်။

ချင်ဇူလုက လီလော့ကို ဘုကြည့်ကြည့်ပြီး တဲထဲသို့ဝင်သွားလေ၏။

လီလော့ မည်ကဲ့သို့ တုံ့ပြန်ရမည်ပင်မသိတော့ချေ။

အပြင်ထွက်ကစားခွင့်မရလို့သောင်းကျန်းနေတဲ့ကလေးဆိုးကြီးလိုပြုမူနေသည့် ချင်ဇူလုကိုမည်သို့ကိုင်တွယ်ရမည်နည်း.......

လုချင်းအာကလည်း စကားအနည်းငယ်ပြောပြီးသည်နှင့် အနားယူဖို့တဲထဲသို့ဝင်သွားခဲ့ပြီ။

လီလော့ကတော့ ကင်းစောင့်နေသည့်ဇူရွှမ်းတို့ကိုတလှည့် ကျောက်ဇီယန်နှင့်ကုယင်းတို့ကိုတလှည့် အကဲခတ်နေ၏။

ဒီညတော့ ရန်ပွဲတစ်ခုခုဖြစ်မှာသေချာနေပြီ.....ထားလိုက်ပါလေ....ငါနဲ့မှမဆိုင်တာ...ငါကတဲထဲမှာအနားယူနေလိုက်ရုံပဲ.......

..........................

တောအုပ်ထဲရှိ မြူတောထဲတွင်......

ဇူရွှမ်းက သစ်ကိုင်းမြင့်မြင့်တခုကိုမှီပြီး ခံစားချက်မဲ့စွာအဝေးကိုငေးကြည့်နေပြီး သူ့ရှေ့အနည်းငယ်တွင် နင်းကျောက်သည် ထူထဲသောသစ်ကိုင်းတစ်ခုပေါ်တွင် ခြေထောက်များကို တွဲလောင်းချထားကာ သက်တောင့်သက်သာထိုင်နေသည်။ သူ့လက်ထဲတွင် စွမ်းအားမီးပွားလေးအချို့ ထွက်ပေါ်နေပြီး သံစဉ်စည်းချက်အချို့နှင့်အညီ ကခုန်ခှုပ်ရှားနေကြသည်။

နှစ်ယောက်သား စကားမပြောဘဲ မျော်လင့်ချက်အပြည့်ပါသော ခံစားချက်ဖြင့် တောအုပ်ကို ကြည့်နေကြသည်။

အေးစိမ့်သောလေညင်းများ တောအုပ်ထဲသို့ တိုးဝင်နေ၏။

ဇူရွှမ်းက ခေါင်းလှည့်ပြီး သစ်ပင်တွေကြားက အမှောင်ရိပ်တွေကို ကြည့်လိုက်ကာ.....

"မင်းတို့...မယုံသင်္ကာနဲ့ ခိုးကြည့်နေမှန်း... ငါသိတယ်"

ထိုစဉ်..အမှောင်ထဲက လူနှစ်ယောက် ထွက်လာကြသည်။

ကျောက်ဇီယန်နှင့်ကုယင်း....

"ဇူရွှမ်း... မင်းတို့​​အဖွဲ့ ကနောက်ကျမှရောက်တဲ့အတွက်  စည်းမျဥ်းအတိုင်း မင်းတို့ကို ရက်အနည်းငယ်စောင့်ကြည့်ရမယ်...အဲ့အချိန်အတွင်း မင်းတို့ကိုယ်မင်းတို့သက်သေ

ပြရမယ်....."

ကျောက်ဇီယန်က  အေးဆေးစွာပြောသည်။

"မင်းတို့ဘက်က ငါတို့အကျိုးမြတ်တွေကို မထိပါးသရွေ့အေးဆေးပဲ....ထိပါးလာပြီဆိုလွယ်လွယ်ပြီးဆုံးလိမ့်မယ်မထင်နဲ့......"

"အရှက်မရှိလိုက်တာ.....ရွှေနဂါးချီကို မင်းတို့အပိုင်လို့ထင်နေတာလား?"

ဇူရွှမ်းကလည်းခပ်ထေ့ထေ့ပြန်ပြောလိုက်သည်။

"ငါတို့ရဲ့ အကာအကွယ်မပါဘဲ ရွှေနဂါးချီကို အခုချိန်ထိ ထိန်းထားနိုင်မယ်လို့ မင်းထင်လား... ငါတို့က ငါတို့ရသင့်တာကိုတောင်းဆိုနေတာ....နင်လည်း လောဘကြောင့်ဒီကိုရောက်လာတာပဲလေ....သူတော်ကောင်းယောင်ဟန်ဆောင်မနေစမ်းနဲ့......"

ကုယင်းကလည်းဝင်ပြောလာပြီ.....

"ရွှေနဂါးချီကို ချင်းအာ ပိုင်တယ်

.... သူက ငါတို့နဲ့ အတူတူရှပြည်ထောင်စုကလာခဲ့တာဆိုတော့ ငါတို့က မင်းတို့ထက် အဆတစ်ရာ ပိုရင်းနှီးတာ သေချာတယ်....."

" အမြတ်ထုတ်ချင်လို့ နင် သက်သက် ခေါင်းစဉ်ရှာနေတာ" ဟု ကုယင်း က မနာလိုစွာပြောသည်။

ကျောက်ဇီယန် ရှေ့သို့တစ်လှမ်း လှမ်းလိုက်ပြီး  ပဲ့တင်ထပ်သံ စွမ်းအားများကို လက်မောင်းတစ်ဝိုက်တွင်စီးဆင်းစေကာ....

"တော်လောက်ပြီ... ဇူရွှမ်း.... ငါ မင်းကို ရွေးချယ်ခွင့် ပေးမယ်..... မင်းထွက်သွားမှာလား ဒါမှမဟုတ် ငါတို့ မင်းကို ထွက်သွားခိုင်းရမှာလား....."

ဇူရွှမ်း၏ အဖြေမှာ စွမ်းအားများဖြင့် တောက်လောင်နေသော အနီရောင် ကြေးဝါလှံကို ဆွဲထုတ်လိုက်ခြင်း ဖြစ်သည်။

"မင်းရဲ့ ချော်ရည်ပဲ့တင်ထပ်သံက ငါ့ရဲ့မီးပဲ့တင်ထပ်သံထကိ ပိုအားကောင်းလားဆိုတာ ငါအမြဲတမ်း သိချင်နေခဲ့တာ....."

နင်းကျောက်ကလည်း ဇူရွှမ်း လှုပ်ရှားလိုက်သည်နှင့် အလင်းတန်းများယှက်သန်းနေသောငွေရောင်ဓားမြှောင်ကို အသင့်ပြင်ထားလိုက်သည်။

"ဇူရွှမ်း!!!နင်ကြည့်ရတာ လောဘကြောင့် ဘာမှမမြင်နိုင်တော့ဘူးထင်တယ် "

ကုယင်းက ခေါင်းယမ်းရင်း ပြောလိုက်သည်။

"နင်တို့ တဖွဲ့တည်းနဲ့ ငါတို့ကိုရင်ဆိုင်မလို့လား....."

သူမ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါမှောင်ရိပ်ထဲများ လူအချို့ ထွက်ပေါ်လာပြီး ဇူရွှမ်းတို့အဖွဲ့ကို စိုက်ကြည့်နေသည်။

ကျောက်ဇီယန်က အဖွဲ့လေးဖွဲ့ကို ပေါင်းစည်းထားသည့်အတွက် လီလော့တို့ကိုစောင့်ကြည့်ဖို့လူအနည်းငယ်ချန်ထားခဲ့သည့်တိုင် အရေအတွက်အရအားသာနေဆဲပင်......

ထိုသို့ဖြစ်လာမည်ကို ဇူရွှမ်းမျှော်လင့်ထားပုံရသည်။

"ကျောက်ဇီယန်...... ငါတို့ကလည်း ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဒီမှာရှိနေမယ်လို့ မင်းတကယ်ထင်နေတာလား..... မင်းကထင်သလောက်လဲဉာဏ်မကောင်းဘူးပဲ..... "

ကျောက်ဇီယန်နှင့် ကုယင်းတို့၏ မျက်လုံးများသည် သံသယစိတ်ဖြင့် ကျဉ်းမြောင်းသွားကြသည်။

ထိုအခါ ဇူရွှမ်း၏ ကြေးဝါလှံတံသည် လေထဲတွင်မြင့်တက်လာပြီး ညကောင်းကင်ယံသို့ လင်းထိန်နေသော မီးရှုးမီးပန်းတစ်ခုပစ်လွှတ်လိုက်သည်။

များမကြာမီတွင် လူများထပ်မံရောက်ရှိလာကြောင်း ကြေညာသည့် ရင်းနှီးသော လေချွန်သံကို သူတို့ကြားလိုက်ရသည်။

ခဏအကြာတွင် သစ်တောထဲတွင် ပဲ့တင်ထပ်သံစွမ်းအားကြောင့်ဖြစ်ပေါ်လာသည့် မှိတ်တုတ်မှိတ်တုတ် အလင်းတန်းများ ထွက်ပေါ်လာသည်။

အနည်းဆုံး လူတစ်ဒါဇင်ခန့်ရှိမည်။

ကျောက်ဇီယန် နှင့် ကုယင်းတို့မျက်နှာထား တင်းမာသွားပြီး.....

"မင်း ကောင်းကောင်းပြင်ဆင်ထားပုံပဲ!"

"ဟားးးဟားးးး မင်း ငါတို့ကို လိုလိုလားလား လက်ခံမှာမဟုတ်မှန်း ငါသိထားပြီးသား...... ကံကောင်းစွာနဲ့ပဲ ငါက တခြားသူတွေကို ရှာတွေ့ခဲ့တယ်..... မင်းလမ်းတစ်လျှောက်မှာ ရန်သူတွေ အများကြီး ဖန်တီးထားပြီးပြီလေ.. ရန်သူရဲ့ရန်သူက ငါ့မိတ်ဆွေတွေပဲပေါ့.....ကျောက်ဇီယန်....မင်းဘက်က နည်းနည်းပါးပါးခွဲဝေမပေးချင်မှ​တော့ ငါကလည်းအကုန်လုံးရအောင်ယူလိုက်ရုံပဲပေါ့.....မင်းလိုအမှိုက်ကောင်ကို ဂရုစိုက်နေစရာဘာမအကြောင်းမှမရှိဘူး......."

" ဟေ့ကောင်....သတ္တိရှိရင် လာခဲ့လိုက်....လေကျယ်မနေနဲ့......"

ကျောက်ဇီယန်က ထိုသို့အော်ဟစ်နေရင်း စွမ်းအားများထုတ်ဖော်ကာ ဇူရွှမ်စးဆီသို့တိုးဝင်သွားလေသည်။ချော်ရည်စွမ်းအားများကြောင့် သူ့လက်မောင်းနှစ်ဖက်သည် သေစေနိုင်လောက်သောအဖျက်စွမ်းအားများဖြင့်တောက်ပနေသည်။

ဇူရွမ်းကလည်း မီးတောက်နေသော ကြေးလှံကိုဝေ့ယမ်းပြီးမီး​တောက်များကိုဆင့်ခေါ်ကာ ကျောက်ဇီယန်၏တိုက်ကွက်ကိုခုခံလိုက်သည်။

ထန်ထန်.....

၎င်းသည် အဖွဲ့နှစ်ဖွဲ့၏ တိုက်ခိုက်ရေးသမားများကြားတွင် ပိုမိုကြီးမားသော ပဋိပက္ခစတင်မှုအား အချက်ပြသည့် ကြီးမားသော တိုက်ပွဲတစ်ခုဖြစ်သည်။

အေးမြသော ညချမ်း၏တိတ်ဆိတ်နေမှု ဖြိုခွင်းခံလိုက်ရပြီ...... ....

***

All Chapters