နှုတ်ယူခြင်း
Vol. 26 Ch. 353
ညအမှောင်ထုသည် လေးလံသည့်ခံစားချက်များဖြင့်သက်ဝင်နေဆဲပင်.....
လီလော့သည် ရံဖန်ရံခါထွက်ပေါ်လာသော တိုက်ခိုက်သံများကိုနားစွင့်နေပြီး အမှောင်ထဲသို့ ချောင်းကြည့်လိုက်သည်။ထွက်ပေါ်လာသည့်အလင်းတန်းအရေအတွက်က သူ့ကိုအံ့အားသင့်စေသည်။
"ဇူရွှမ်းက တကယ့်ကို ဆိုးရွားတဲ့ကောင်ပဲ....."
ဇူရွှမ်းတစ်ယောက် အဖော်မပါဘဲရောက်မလာနိူင်ဟု ထင်မှတ်ထားသော်လည်းဤမျှလောက်ထိ စစ်ကူခေါ်ထားမှန်း မသိခဲ့ပေ။
ရှင်းနေသည်မှာ... သူသည် ရွှေနဂါးချီကို ကျောက်ဇီယန်တို့နှင့် မျှဝေရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
ထို့အပြင်ကျောက်ဇီယန်၏နေရာကို ရယူရန်မျှော်လင့်ထားရုံသာမက ကျန်သည့်ကာကွယ်ရေးမဟာမိတ်အဖွဲ့ကိုလည်း သူ့ကိုယ်ပိုင်အင်အားနှင့် အစားထိုးရန် ရည်ရွယ်ခဲ့သည်။
သေချာတာကတော့ ဒီကောင်က ရည်ရွယ်ချက်သိပ်ကြီးလွန်းပြီး ဒီလူအားလုံးကို သူ့အတွက် တိုက်ခိုက်ပေးဖို့ စည်းရုံးနိုင်လောက်အောင် လုံလောက်တဲ့ အရည်အချင်းရှိသူတစ်ဉီးပင်.....
အကယ်၍ လီလော့တို့အဖွဲ့ ကျောက်ဇီယန် ကို တိုက်ခိုက်ရန် မစွမ်းသာပါက ဇူရွှမ်းသည် သူ့အဖွဲ့များကို နေရာချထားရန် အချိန်ယူကာ အားလုံးကို တစ်ပြိုင်နက် ရှင်းပစ်နိုင်မည်ဖြစ်သည်။
ကျောက်ဇီယန်ကို ရှုံးခဲ့လျှင်တောင် ကာကွယ်မည်ဟူသော ခေါင်းစဉ်ဖြင့် ဆက်လက်တွယ်ကပ်နေဉီးမည်သာ....
နောက်ဆုံးတော့ ဇူရွှမ်းက သူ့အတွက် အရှုံးမရှိသောနည်းလမ်းများကိုသာ ရွေးချယ်ထားသည်။
"ကျောက်ဇီယန်တို့တွေ ဇူရွှမ်းကို ဟန့်တားနိုင်ပါ့မလား..." လီလော့ တိတ်တဆိတ် တွေးနေမိသည်။ ကျောက်ဇီယန်သာ ရင်မဆ်ိုင်နိုင်ခဲ့လျှင် နောက်ထပ် ဆန့်ကျင်ဘက်ဖြစ်တဲ့ ကာကွယ်ရေး မဟာမိတ်လုပ်ဖော်ကိုင်ဖက်ကို ရှာရတော့မည်။
သို့သော်လည်း လက်ရှိ ပရမ်းပတာအခြေနေသည် လီလော့တို့အတွက်လွတ်မြောက်ရန် အချိန်ကောင်းတစ်ခုလို ဖြစ်နေပုံရသည်။
အတွေးထဲနစ်မြောနေစဉ်တွင် ကျောက်ဇီယန် ထားခဲ့သောအစောင့်များဆီမှအသံတိတ်သွားသည်ကိုသတိပြုမိလိုက်သည်။
လေထုထဲတွင် ထူးဆန်းသောရနံ့တစ်ခု ပျံ့လွှင့်လာသောအခါ လီလော့ ၏နှာခေါင်းပေါက်များ မီးတောက်နေသလိုပူလောင်လာပြီးသူ့မျက်လုံးများ ပြူးကျယ်သွားသည်။
မူးဝေအဆိပ်ငွေ့.....
လေးလံသောမူးယစ်ခြင်းတစ်ခု ပြိုကျလာသော်လည်း လီလော့သည် သစ်သားပဲ့တင်ထပ်သံစွမ်းအားကို အသုံးပြုကာ သူ့ခန္ဓာကိုယ်မှ အဆိပ်ငွေ့များကိုသန့်စင်လိုက်သည့်အခါ အမြင်အာရုံတွေရှင်းလင်းကြည်လင်လာသည်။
သူသည် အမှောင်ထဲကို သေသေချာချာ ဆန်းစစ်ပြီးနောက် နောက်ဆုံးတွင် တစ်နေရာသို့ အကြည့်ရောက်သွားပြီး....
"ထွက်လာခဲ့..."
ဘာသံမျှမကြားရပေ။
ထို့နောက် အမှောင်ရိပ်ထဲကနေပေါ့ပါးသောခြေသံနှင့်အတူ လူတစ်ယောက်ထွက်လာပြီး လီလော့ကို စူးစူးစိုက်စိုက်ကြည့်နေ၏။
မီးပုံကြီး၏ ယိမ်းနွဲ့နေသော မီးတောက်များကြောင့် တောက်ပနေသော အလင်းရောင်နှင့် အရိပ်တို့ ရောနှောနေသော်လည်း အလင်းရောင်သည် ထိုသူကိုမြင်နိုင်ရန်အတွက် လုံလောက်သည်။
လင်းစွော်.......
အစကတည်းက ဒီကောင် လူကောင်းမဟုတ်မှန်း သိနေသားပဲ......
"မင်း အဆိပ်ငွေ့မမိသွားဘူးလား...."
လင်းစွော် သဘောကျစွာ မေးလိုက်သည်။
" မင်းကို ဇူရွှမ်း လွှတ်လိုက်တာလား"
လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။ ဇူရွှမ်းကို သိသိသာသာ လျှော့တွက်မိခဲ့ပြီ။ဇူရွှမ်းက ကျောက်ဇီယန်တို့ကို ရင်ဆိုင်ရန် စစ်တပ်တစ်ခုကို စုစည်းထားရုံသာမက လီလော့ ထွက်ပြေးမည်ကို တားဆီးရန် သူ့အဖော်ကိုပင် စေလွှတ်ခဲ့သည်။
လင်းစွော်ကထုံးစံအတိုင်း ပြုံးနေဆဲပင်.....
လီလော့က သူ့ကို သတိနဲ့ စောင့်ကြည့်နေပြီး လော့လန်အိမ်တော် ကျဆုံးခြင်းကို မြင်လိုသော အင်အားစုများကလွှတ်လိုက်သော လုပ်ကြံသတ်ဖြတ်သူဟု လျှို့ဝှက်စွာ သံသယဝင်နေမိသည်။
ယုဟုန်ရှီက လင်းစွော်ကို ရွှေနဂါးဘဏ်မှဖြစ်သည်ဟု ပြောခဲ့သော်လည်း လီလော့သတိမပြတ်ခဲ့ပေ။
လင်းစွော်သည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းပထမအဆင့်ဖြစ်သော်လည်း မြင်နေရသလို ရိုးရှင်းသူဟုတ်ကြောင်း ခံစားနေရသည်။
လင်းစွော်သည် စကားစမြည်ပြောရန် မလိုလားဟန်ဖြင့် ပဲ့တင်ထပ်သံ စွမ်းအားများကိုထုတ်ဖော်လိုက်လေသည်။
လင်းစွော်၏ပဲ့တင်ထပ်သံသည် ကျောက်ဇီယန်၏ ပဲ့တင်ထပ်သံလို နီရဲနေသော်လည်း ရင်းနှီးလွန်းတဲ့ သွေးနံ့တစ်ခုရှိနေသည်။
ဒါ... သွေးပဲ့တင်ထပ်သံလား......တကယ်ကို ရှားပါးတဲ့ စွမ်းအားပဲ......
လင်းစွော်သည် လီလော့ဆီသို့ လျှောက်လာစဉ် ပုံရိပ်ယောင်များကျန်ရစ်သည်အထိ လျင်မြန်လွန်းလှသည်။
"ဘယ်လိုအရှိန်လဲ!..."
လီလော့ကလည်း သူ့ဓားများကို အချိန်မီ ထုတ်ယူလိုက်ပြီး ပဲ့တင်ထပ်သံ စွမ်းအားများ ထုတ်ဖော်လိုက်လေသည်။
သူ၏လက်နက်များသည် လျှို့ဝှက်ဆန်းကြယ်သော တိုက်ခိုက်သူဆီသို့ ဖြတ်သွားကာ ထပ်တူသေစေသော လှည့်ပတ်မှုများဖြင့် ထွက်ပေါ်လာသည်။
လီလော့ ၏နောက်ကွယ်တွင် လင်းစွော် ပေါ်လာသောအခါတွင် သူ့ဓားချက်များကို အလွယ်တကူ ကျော်ဖြတ်ကာ ရှောင်ပြေးသွားခဲ့သည်။
သူသည် လီလော့ ကို လုံးဝ လျစ်လျူရှုကာ တဲတစ်ခုဆီသို့ လျှောက်သွားသည်။
လုချင်းအာ၏တဲ....
လင်းစွော်က တဲပေါ်သို့ သွေးပဲ့တင်ထပ်သံ စွမ်းအားကို ဖျန်းလိုက်ပြီး ချက်ချင်းပင် အိပ်ပျော်နေသော လုချင်းအာကို ဆွဲထုတ်လိုက်သည့်အတွက် လီလော့ လန့်ဖြန့်သွားလေသည်။
ထူးထူးဆန်းဆန်း အဖြစ်အပျက်များကြောင့် လီလော့အေးခဲသွားပြီး ဇဝေဇဝါဖြစ်နေရသည်။
ဒီကောင်ကို ဘယ်သူပို့လိုက်တာလဲ.....ငါ့ကိုမတိုက်ခိုက်ဘဲ ဘာလို့လုချင်းအာကိုတိုက်ခိုက်ရတာလဲ.....
ဘာပဲဖြစ်ဖြစ် လုချင်းအာကို အန္တရာယ်ပြုဖို့ခွင့်မပြုနိုင်ဘူး။
လင်းစွော်က အိပ်ပျော်နေသော ကောင်မလေးဆီသို့ လက်ကိုဆန့်လိုက်သော်လည်း ပြင်းထန်သော ပဲ့တင်ထပ်သံ စွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည် ။
ထိုစွမ်းအားများက သေစေလောက်သည်အထိပြင်းထန်နေသည်။
ဆန့်တန်းထားသောလက်သည် လီလော့
၏ဓားသွားများကို တွန်းကန်ပစ်နိုင်သည့် ကြက်သွေးရောင် စွမ်းအားကို ပေးစွမ်းကာ နောက်ပြန်ဆုတ်သွားသည်။
ထန်...
သူ့ဓားသွားတွေပေါ်က ပဲ့တင်ထပ်သံ စွမ်းအားနှစ်ခု လုံးလုံး ပျောက်ကွယ်သွားသည့်အတွက် လီလော့ ထိတ်လန့်တုန်လှုပ်နေလေ၏။
ထိုစွမ်းအားသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်၏ အတိုင်းအတာထက် ကျော်လွန်နေသည်။
သူသည် ကျောက်ဇီယန်နှင့် ဇူရွှမ်း နည်းတူ သန်မာသူတစ်ယောက်ဖြစ်နေသည်။
လင်းစွော်သည် အံဖွယ်ကောင်းလောက်အောင်ခွန်အားအစစ်အမှန်ကို ဖုံးကွယ်ထားခြင်းဖြစ်သည်။
"မင်းရဲ့ စွမ်းအားတွေကို ကောင်းကောင်း ဖုံးကွယ်ထားခဲ့တာပဲ.... မင်းကိုဘယ်သူလွှတ်လိုက်တာလဲ..."
"မင်း ထွက်သွားလိုက်တော့"
လင်းစွော်က လှောင်ပြောင်ရယ်မောရင်းပြောလိုက်သည်။
"ဒီမယ် လော့လန်သခင်လေး... ကမ္ဘာကြီးက မင်းကိုဉီးတည်ပြီးလည်ပတ်နေတာမဟုတ်ဘူး... မင်းကို ငါစိတ်မဝင်စားဘူး...အကောင်းအဆိုးခွဲခြားတတ်တယ်ဆို ထွက်သွားလိုက်တော့....."
လီလော့ ထိတ်လန့်မှုကြောင့် ခြေတစ်လှမ်းနောက်ဆုတ်လိုက်မိသည်။
ငါခန့်မှန်းတာမှားသွားပြီ.....ဒီကောင် ငါ့ကိုတိုက်ခိုက်ဖို့ရောက်လာတာမဟုတ်ဘူးပဲ.....
"မင်းက ရွှေနဂါးဘဏ်တိုက်ရဲ့ ထျန်းကန်ဘဏ်ခွဲက မဟုတ်ဘူးလား....ဉက္ကဌယုရဲ့ အမျက်ဒေါသကို မကြောက်ဘူးလား..... မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ......"
လင်းစွော်သည် လီလော့ ကို လျစ်လျူရှုပြီး သူ့လက်မအရွယ်ခန့်ရှိ တောက်ပြောင်နေသော အနက်ရောင် ဘူးသီးခြောက်တစ်ခုကို ထုတ်ယူလိုက်သည်။
ထိုအရာကို လက်ဖဝါးအလယ်မှာ ဂရုတစိုက် ဟန်ချက်ညီအောင် ချိန်ညှိပြီးနောက် အိပ်ပျော်နေသော လုချင်းအာ ၏ နဖူးဆီသို့ လက်ညှိုးဖြင့် ပွတ်ဆွဲလိုက်သည်။
ဘူးသီးခြောက်ထဲမှ အနက်ရောင်အခိုးအငွေ့အချို့ စိမ့်ထွက်လာပြီး လုချင်းအာ၏ ဉီးခေါင်းပေါ်၌ တခဏမျှ ပျံဝဲနေလေ၏။
လီလော့ ထိတ်လန့်နေဆဲမှာပင် လုချင်းအာ၏ နဖူးမှ ရွှေရောင်အဝါရောင်အလင်းတန်းအချို့ ထွက်လာပြီး ဘူးသီးခြောက်ထဲသို့ စိမ့်ဝင်သွားလေသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော ရွှေအခိုးအငွေ့ များသည် ရွှေနဂါးချီများဖြစ်လိမ့်မည်။
လုချင်းအာ၏ ခန္ဓာကိုယ်အတွင်းမှ ရွှေနဂါးချီများကို လင်းစွော်က ခိုးယူနေခြင်းပင်......
***