လျှို့ဝှက်ဆန်းကြယ်သော ....လင်းစွော်
Vol. 26 Ch. 354
လီလော့သည် ရွှေရောင်တောက်နေသောအခိုးအငွေ့များ ဘူးသီးခြောက်ထဲသို့ စိမ့်ဝင်သွားသည်ကို မြင်လိုက်ရသောအခါတွင် အစာအိမ်ပြုတ်ကျသွားသလိုပင် ခံစားလိုက်ရသည်။ အနည်းဆုံးတော့ လင်းစွော်ရဲ့ပစ်မှတ်ဟာ လုချင်းအာ မဟုတ်ဘဲ သူမရဲ့ရွှေနဂါးချီတွေဖြစ်နေကြောင်း အခုအချိန်မှာတော့ အတည်ပြုနိုင်ခဲ့ပါပြီ။
ဒါမှမဟုတ် ရွှေနဂါးချီပဲလား.......
သို့သော်လည်း လုချင်းအာသည် တာအိုနယ်မြေသို့ဝင်ရောက်ပြီးနောက်မှသာ ရွှေနဂါးချီကိုသာ ရရှိခဲ့သည်။
လင်းစွော်က ဒါကို တချိန်လုံး သိနေတာလား....ပြီးတော့ ယုဟုန်ရှီကို ဘာလို့ မကြောက်တာလဲ......အပြင်ကို ပြန်ရောက်တဲ့အခါ အသက်ရှင်လျက် လွတ်မြောက်နိုင်မယ်လို့ ထင်နေခဲ့တာလား......
လီလော့ အခြေအနေကို အကဲဖြတ်နေ
စဉ်တွင် စိတ်ထဲတွင် မေးခွန်းများဖြင့် ရှုပ်ထွေးနေခဲ့သည်။ လင်းစွော်သည် ဆက်ဆံရလွယ်ကူသောသူ မဟုတ်သည်မှာ သေချာပါသည်။
မည်သို့ပင်ဆိုစေ လုချင်းအာကိုကယ်တင်ပြီး လင်းစွော်၏အကြံအစည်များကိုဖျက်ဆီးပစ်ရမည်သာ......
သူ့ခန္ဓာကိုယ်အတွင်းမှ ရေအလင်းနှင့်မြေ သစ်သားစွမ်းအားများကို ဓားနှစ်လက်ဆီ ပို့လွှတ်လိုက်ပြီး မြေပြင်ကိုဆောင့်နင်းကာရှေ့သို့ခုန်တက်လိုက်သည်။
လီလော့ ဓားနှစ်လက်ဖြင့်တိုက်ခိုက်လိုက်သည်ကိုကြည့်ပြီး လင်းစွော်က ခေါင်းတခါခါဖြင့်.....
" ရူးမိုက်လိုက်တာ.....မင်းမှာပဲ့တင်ထပ်သံနှစ်ခုရှိနေပေမယ့်လည်း အခုမှ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်ပဲရှိသေးတယ်မဟုတ်လား....."
ထိုသို့ညီးတွားပြီးသည်နှင့် လင်းစွော်သည် သံတင်းပုတ်ကို ဆွဲထုတ်ပြီး ဝှေ့ယမ်းလိုက်သည့်အခါသွေးနီရောင် စွမ်းအားများလေထဲသို့ ပျံတက်သွားပြီး လီလော့ဆီသို့ ကြက်သွေးရောင်ဇီးပန်းပွင့်များသဖွယ် တိုးဝင်သွားကြသည်။
ထိုတိုက်ကွက်သည် လီလော့ကို မျက်တောင်ခတ်စေလောက်အောင် ထူးဆန်းနေသည်။ထို့အပြင် မကောင်းသောအရိပ်အငွေ့တချို့ရှိနေမှန်း ရိပ်မိလိုက်သည့်အတွက် အရမ်းကာရော ရှေ့တိုး တိုက်ခိုက်တာမျိုး ဆက်မလုပ်ရဲတော့ပေ။
ရွှတ်...ရွှတ်....ရွှတ်....
စွမ်းအားများစီးဆင်းနေသော ဓားနှစ်လက်ဖြင့်ပန်းပွင့်များကိုခုတ်ပိုင်းလိုက်တိုင်း အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာကြသည်။
လီလော့ သည် ကြက်သွေးရောင်ပန်းပွင့်များကို ခုတ်ပိုင်းရင်း လင်းစွော်ဆီသို့ ဖြည်းညှင်းစွာနှင့် ချဉ်းကပ်ဖို့ကြိုးစားနေခဲ့သည်။
ထိုအချိန်တွင် ပဲ့တင်ထပ်သံ ပူဖောင်းလေးခု ထွက်ပေါ်လာပြီး သူ့ကို လန်းဆန်းသော ခွန်အားများ ဖြည့်ဆည်းပေးနေသည်။
ဒင်...ဒင်....
ကြက်သွေးရောင်တင်းပုတ်သည် လီလော့
၏တိုက်ခိုက်မှုများကို စဉ်းလဲစွာ ရှောင်လွှဲကာ အံ့သြဖွယ်အစွမ်းဖြင့် လှုပ်ရှားသွားသည်။ လင်းစွော်သည် ယခုချိန်ထိ သက်တောင့်သက်သာ တိုက်ခိုက်နေပြီး ကျောက်ဇီယန်ထက်ပင်အားကောင်းနေပုံရသည်။
ဒီကောင် သူ့ကိုယ်သူ ကောင်းကောင်း ဖုံးကွယ်ထားခဲ့တာပဲ.......
ဒင်! ဒင်!
နောက်ထပ် တိုက်ခိုက်လိုက်သည်နှင့် လီလော့ ချုံပုတ်တစ်ခုထဲသို့ လွှင့်စင်သွားလေ၏။ အသာစီးရနေသည့် လင်းစွော် ရှေ့တိုးလာစဉ် ကျားဟိန်းသံကြားလိုက်ရပြီး
လေးလံသောလှံရိပ်များသည် သေမင်းတမန်များသဖွယ် သူ့ထံသို့တိုးဝင်လာကြသည်။
ချင်ဇူလု........
လင်းစွော်၏ မျက်နှာတွင် ဒဏ်ရာတစ်ခု ပေါ်လာသော်လည်း စိတ်မပူနိူင်သေးပေ။ တင်းပုတ်ကိုနောက်ထပ်မွှေ့ယမ်းပြီး အကာအကွယ်အဖြစ် သူ့ပတ်ပတ်လည်တွင် ပျံဝဲနေသော သွေးစီကြောင်း
သုံးခုကို ဖန်တီးလိုက်ပြီး တိုက်ခိုက်သူအသစ်နှင့်ရင်ဆိုင်ရန် နောက်လှည့်လိုက်သည်။
ဒင်! ဒင်......
အရှိန်ပြင်းသော တင်းပုတ်ရိုက်ချက်များကိုရဲဝံ့စွာရင်ဆိုင်နေသည့် ချင်ဇူလု ခန္ဓာကိုယ်ပေါ်တွင် ကျားတစ်ကောင်သဖွယ်ရွှေရောင်အစင်းကြောင်းများ ဖြစ်ပေါ်နေ၏။
ဝုန်းးးးးးးး
ချင်ဇူလု၏ ခန္ဓာကိုယ်သည် သစ်ပင်တစ်ပင်နှင့် ဝင်ဆောင့်သွားလေသည်။
အခိုက်အတန့်လေးအတွင်းမှာ သူပြန်ထလာပြီး ဟိန်းဟောက်လိုက်သည့်အခါ သူ့မျက်လုံးတွေက စစ်ပွဲဆာလောင်မှုနဲ့အတူ နီရဲနေသည်။တင်းပုတ်ရိုက်ချက်ကြောင့်ရခဲ့သောဒဏ်ရာများက နက်ရှိုင်းသော်လည်း ချင်ဇူလုကတော့အလေးထားပုံမရပေ။
ချင်ဇူလရဲ့ တိုက်ခိုက်မှုတိုင်းဟာ မယုံနိုင်လောက်အောင် ပြင်းထန်လွန်းပြီး သူ့ပြိုင်ဘက်ကို အနည်းငယ်ပိုပြီး ထိခိုက်နစ်နာစေရန်အတွက် သူ့အသက်ကိုပါ ထပ်ခါထပ်ခါ စွန့်စားခဲ့သည့်အတွက် လင်းစွော်က သူ့ကိုယ်သူ ကာကွယ်ဖို့ ပိုသတိထားပြီး တိုက်ခိုက်နေရသည်။
လင်းစွော်သည် အားသာချက်ကို ဆုပ်ကိုင်ထားသောကြောင့် အားနည်းသောပြိုင်ဘက်ကြောင့် ထိုအားသာချက်များကို အဆုံးရှူံးခံလို့မဖြစ်ပေ။
ဝှစ်.....
သစ်ပင်များပေါ်သို့ခုန်တက်သွားသော လီလော့ဆီမှ အလင်းတန်းတစ်ခုလွင့်ပျံလာပြီး
လင်းစွော်၏လည်ချောင်းဆီသို့ တည့်တည့်ကြီးဉီးတည်နေသည့်မျှားတံတစ်ချောင်းပျံဝဲလာသည်။
ထိုမျှားတံသည် ပဲ့တင်ထပ်သံစွမ်းအားဖြင့် ဖွဲ့စည်းထားသော မျှားတစ်စင်းဖြစ်သည်။ထို့ကြောင့် လင်းစွော်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
တိုက်ခိုက်မှုအသစ်ကိုခုခံရန် သူ၏ အဆိပ်သင့်နေသော သွေးများကို ပက်ဖြန်းရန် သူ့ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်လိုက်သည်။
လင်းစွော်က သွေးမျှားတံတခုဖန်တီးက လီလော့၏မျှားတံကိုခုခံလိုက်သော်လည်း လီလော့၏ရေမျှားတံထဲတွင် အလင်းစွမ်းအင်မျှားတံတစ်ချောင်းပါရှိနေသေးသည်။
လင်းစွော် ထိတ်လန့်သွားပြီး သူ့ကိုယ်သူ ထိန်းထားရန် လက်မောင်းကို မြှောက်လိုက်သော်လည်း မျှားက သူ့ကို ဖြတ်ကျော်သွားပြီး လုချင်းအာ၏ နဖူးပေါ်တွင်ပျံဝဲနေသော ဘူးသီးခြောက်ကိုထိမှန်သွားလေသည်။
ဒင်!
ဘူးသီးခြောက် မကွဲသွားသော်လည်း ရွှေရောင်အခိုးငွေ့များစုပ်ယူနေခြင်း ရပ်တန့်သွားပြီး စုပ်ယူပြီးထားသော အခိုးအငွေ့များ လွှင့်ပျံထွက်လာပြီး ကောင်းကင်ပေါ်တွင်ရွှေရောင်နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားလေသည်။
လင်းစွော်၏ မျက်နှာ မည်းမှောင်သွားသည်။
..........................
တစ်ချိန်တည်းမှာပင် ခပ်လှမ်းလှမ်းက တောအုပ်ထဲတွင်.........
နဂါးဟိန်းသံများကြောင့် ရှုပ်ထွေးနေသော တိုက်ပွဲ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ကျောက်ဇီယန်တို့အဖွဲ့နှင့် ဇူရွှမ်းတို့အဖွဲ့နှစ်ဖွဲ့စလုံး တိုက်ခိုက်နေရာကနေ ဉီးတည်းရာတစ်ခုဆီ တစ်ချက်ကြည့်လိုက်ကြသည်။
"အဲ့ဒါ...စခန်းကပဲ....!"
ကျောက်ဇီယန်က အော်လိုက်သည်။
"အဲ့ဒါ ရွှေနဂါးချီကြောင့်ဖြစ်လာတဲ့ ရွှေနဂါးလား.....?"
ကုယင်းလည်း လန့်သွားသည်။
"တစ်ယောက်ယောက်က လွှတ်ပေးလိုက်တာလား....."
ကျောက်ဇီယန်တို့အဖွဲ့က ဇူရွှမ်းကို ဒေါသတကြီးလိုက်ပြီး......
"ယုတ်မာလိုက်တာ.... မင်း ငါတို့ကိုမနိုင်မှန်းသိလို့ ရွှေနဂါးချီကို လွှတ်ပေးလိုက်တာမလား..... လုချင်းအာရဲ့ အမေက ရှပြည်ထောင်စုက ရွှေနဂါးဘဏ်တိုက်ရဲ့ဉက္ကဌနော်....မင်းကို သူလုံးဝခွင့်လွှတ်မှာမဟုတ်ဘူး......"
ဇူရွှမ်းကလည်း ထိတ်လန့်တကြားနှင့် ဒေါသတကြီးပြန်အော်လေသည်။
"ငါ မသိဘူးထင်လို့လား...ငါက ဘာလို့ ဒီလိုမျိုး လုပ်ရမှာလဲ၊ ရွှေနဂါးချီအကြောင်းကိုတောင် ကောင်းကောင်း နားမလည်တာကို ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ!!!!!"
"ဒါဆို မင်းရဲ့လက်ပါးစေက ဘယ်သူ့အမိန့်နဲ့လုပ်နေတာလဲ...."
ကျောက်ဇီယန်၏အမေးကြောင့် ဇူရွှမ်း အေးခဲသွားသည်။ အမှန်မှာ....သူသည် လင်းစွော် ကို စေလွှတ်လိုက်သော်လည်း လုချင်းအာ နှင့် အခြားလူများကို စောင့်ကြည့်ထားရန်သာဖြစ်သည်။ တကယ်တော့ ပရမ်းပတာအခြေနေကြားကနေ လုချင်းအာကို လီလော့ ခေါ်ထုတ်သွားနိုင်သည်ဟု ယူဆထားသောကြောင့်ပင်.....
သို့သော် သူသည် လုချင်းအာ ထံမှ ရွှေနဂါးချီ ကိုလွှတ်ပေးရန် လင်းစွော် ကို အမိန့်မပေးခဲ့ပေ။ သူ အမှန်အတိုင်းပြောနေသော်လည်း မည်သူမျှ မယုံကြပေ။
ကုယင်းက ဇူရွှမ်း၏ ထိတ်လန့်တုန်လှုပ်မှုကြောင့် တရားခံအဖြစ်သတ်မှတ်လိုက်ပြီး.....
" နင်တော်တော် အဆိပ်ပြင်းလှချည်လား....ငါတို့တွေက တာအိုရွှေရဖို့ကြိုးစားနေရုံပါ....ဒါကိုနင်က ရွှေဉ ဉပေးနေတဲ့ငန်းကိုသတ်ပစ်လိုက်ပြီပေါ့!!!!"
ဇူရွှမ်း၏မဟာမိတ်များပင်လျှင် သူ့ကိုသံသယဝင်နေကြပြီ......
"ဘာဖြစ်နေတာလဲ ဇူရွှမ်း?! မင်း ရွှေနဂါးချီကို လွှတ်လိုက်ရင် ငါတို့ ဘာဆက်လုပ်ကြမလဲ?"
နင်းကျောက်ကလည်း သူ့အနားသို့ အမြန်ရောက်လာပြီး....
"ဘာတွေဖြစ်နေတာလဲ? ရွှေနဂါးချီ ဖျက်ဆီးခံရရင် ချင်းအာဘေးကင်းသွားနိုင်ပေမယ့် ငါတို့တွေ ဘာမှမရနိုင်တော့ဘူး..... အပြင်ပြန်ရောက်ရင် ဉက္ကဌယုက ငါတို့တွေကိုအရေခွံစုတ်လိုက်လိမ့်မယ်......."
"ဘာတွေဖြစ်နေတာလဲ ငါဘယ်လိုသိမှာလဲ! ဟိုကောင် လင်းစွော်ကိုမသက်ာဘူး....."
သို့ပေမယ့်လည်း ဇူရွှမ်းကို ဂရုစိုက်မနေတော့ဘဲကျောက်ဇီယန်နှင့် အခြားလူများ သည် စခန်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြန်လာခဲ့ကြသည်။
ဇူရွှမ်းကလည်း ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး သူတို့နောက်က လိုက်သွားခဲ့လေသည်။
" ခွေးသူတောင်းစားလင်းစွော်....မင်း ဘာလုပ်လိုက်တာလဲ!!!!!!"
***