← Chapters

လင်းစွော် ထွက်ခွာသွားခြင်း

Vol. 26 Ch. 355

လင်းစွော် ထွက်ခွာသွားခြင်း

Vol. 26 Ch. 355

ဘူးသီးခြောက် လွှင့်ပျံသွားအခါ လင်းစွော်၏တုန့်ပြန်မှုက အရင်ကထက်ပြင်းထန်လာပြီး လုချင်းအာရှိရာဆီချက်ချင်းပြေးသွားခဲ့သည်။

ဝေါင်းးးးးး

ကျားဟိန်းသံနှင့်အတူ ချင်ဇူလု၏ရွှေရောင်ကျားအစင်းများသည် ယခင်အတိုင်းတောက်ပနေပြီး သူ့ခန္ဓာကိုယ်သည် ပဲ့တင်ထပ်သံစွမ်းအားများကြောင့် နဂိုထက်ပိုကြီးမားလာပြီး လူစင်စစ်ကနေ ကျားနတ်ဆိုးအဖြစ်ပြောင်းလဲသွားသလိုပင်ထင်ရသည်။

ချက်ခြင်းပင် သူ့ ရပ်တည်ချက်က ပို၍ပင် ရိုင်းစိုင်းကြမ်းတမ်းလာသည်။

ချင်ဇူလုသည် လက်တစ်ဖက်တွင် လှံကိုကိုင်ထားပြီး အခြားတစ်ဖက်တွင် ချွန်မြသောကျားလက်သည်းများနှင့်  လင်းစွော်ကို စူးစိုက်ကြည့်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်လေသည်။

"တော်လောက်ပြီ......"

လင်းစွော်က စိတ်မရှည်တော့ဟန်နဲ့ ချင်ဇူလုဆီကို လက်ဝါးရိုက်ချက်တစ်ချက် ပို့လွှတ်လိုက်သည်။

"သွေးပုံနှိပ်....."

ဝုန်းးးးးးးး

သွေးစွန်းနေသော လက်ဖဝါးပုံရိပ်သည် ချင်ဇူလုကို အထိနာစေနိုင်လောက်အောင် အစွမ်းထက်သည်။ ဤတိုက်ခိုက်မှုသည် ယခင်က သူအသုံးပြုခဲ့သော တိုက်ခိုက်မှုထက် ပိုမိုအားကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ပဲ့တင်ထပ်သံစွမ်းအားများသည် မတူညီသော နည်းလမ်းများဖြင့်  အပြန်အလှန် တုံ့ပြန်စေသော ဂုဏ်သတ္တိရှိသောကြောင့် ဖြစ်သည်။

၎င်းသည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်နှင့်ပင်နှိုင်းယှဉ်နိုင်သည်။

ဤသည်မှာ ရွှေနဂါးတာအိုနယ်မြေ သို့ဝင်ရောက်ပြီးကတည်းက သူတို့တွေ့ဆုံခဲ့သမျှထဲတွင် အသန်မာဆုံးလူဖြစ်သည်မှာ သေချာပါသည်။

လင်းစွော်က သန်မာလွန်းတယ်.....

ရိုးရှင်းသော လက်ဝါးရိုက်ချက်ကြောင့် ချင်ဇူလု ဆိုးရွားစွာ ဒဏ်ရာရသွားခဲ့သည်။ သူ့ရဲ့ လေးလံလှတဲ့ လှံသည်လည်း တိုက်ခိုက်မှုကို တားဆီးဖို့ ဖိအားအောက်မှာ ကွေးညွှတ်သွားပြီး ခန္ဓာကိုယ်ပေါ်က ကျားအစင်းတွေကလည်း တခုခုနှင့်သုတ်ဖယ်လိုက်သလို တမဟုတ်ချင်းပျောက်ကွယ်သွားလေသည်။

ဖူးးးးး

သူ့ပါးစပ်မှ သွေးစိမ်းများ ထွက်ကျလာပြီး ခြေလှမ်းများစွာ နောက်ပြန်ဆုတ်လိုက်ရသည်။

လင်းစွော်က အေးစက်စွာ ရယ်မောလိုက်ပြီး  ချင်ဇူလုကို ကောင်းမွန်စွာ အဆုံးသတ်ရန် နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။

ဝှစ်.....

အလင်းတန်းလေးများက သူ၏ အသက်သွေးကြောများကို ချိန်ရွယ်ပြီး လေခွင်းသံနှင့်အတူ ရောက်ရှိလာကြပြီ။

မျက်မှောင်ကြုတ်ရင်း လင်းစွော် လှည့်ကြည့်လိုက်ပြီး သူ့တင်းပုတ်ကို ဆွဲထုတ်လိုက်ကာ အလင်းတန်းမျှားတွေကို အပိုင်းပိုင်းခွဲပစ်လိုက်သည့်အတွက် လီလော့အတော် ဒေါသထွက်နေရသည်။

အလင်းမျှားများသည် အလွန်အားကောင်းခြင်းမရှိသော်လည်း ၎င်းတို့ကို ကြားဖြတ်တိုက်ခိုက်ရာတွင် အလွန်သတိထားရလောက်အောင် လျင်မြန်သည်။

နှစ်စက္ကန့်ကြာစဉ်းစားပြီးနောက် လင်းစွော်က လီလော့ကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။ ပထမဦးစွာ ချင်ဇူလုကို အဆုံးသတ်မည်ဖြစ်သည်။ သူ့အဖို့ လီလော့က အရေးမပါသော ငရှုပ်တစ်ကောင်သာသာပင်.....

အလင်းမျှားများကို လျစ်လျူရှုပြီး လှည့်ထွက်သွားသောအခါတွင် တစ်ခုခုပျံသန်းလာသ်ကို မျက်လုံးထောင့်ကနေ ဖြတ်ကနဲ မြင်လိုက်ရသည်။

ပျံသန်းလာသော နောက်ထပ်မျှားတံထဲတွင် သူ့ကိုဖိအားပေးနိုင်သည့် အစိမ်းရောင်စွမ်းအားများပါဝင်နေသည်။

တစ်ခုခုတော့ မှားနေပြီ.....

သူသည် ကြက်သွေးရောင်စွမ်းအားများကိလက်ချောင်းများတွင် လှည့်ပတ်ကာ

"ကျားအဆင့်ပညာရပ်... သွေးအရိုးလက်ချောင်း!"

ကြက်သွေးရောင် ပဲ့တင်ထပ်သံစွမ်းအားများပေါက်ကွဲထွက်လာပြီး မျှားတံတစ်ချောင်းအဖြစ်ဖွဲ့စည်းသွားကာ လီလော့၏ မျှားတံကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

လီလော့၏မျှားတံတွင် ထူးဆန်းသော အမှတ်အသားများ ပါရှိပြီး ၎င်းတွင် ပဲ့တင်ထပ်သံစွမ်းအား နှစ်ခု ရောထွေးနေသည်ကို မြင်နေရသည်။

လီလော့၏ မျှားတံက သူ့ရဲ့ သွေးမျှားကို ဖောက်ထွက်သွားပြီး သူ့ဆီဆက်လက်တိုးဝင်လာနေဆဲပင်....

သေစမ်း....ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်က ဒီလောက်ထိစွမ်းသလား......ဒါက ပဲ့တင်ထပ်သံနှစ်ခုရဲ့ စွမ်းအားလား.. တကယ့်ကို ထူးခြားတဲ့ အရာတွေပဲ.....

သူ ထိုကလေးကို လျှော့တွက်ခဲ့မိချေပြီ။

သို့သော် မည်သို့ပင်ဆိုစေ  လီလော့ကို  လွှမ်းမိုးနိုင်လောက်အောင် အစွမ်းထက်သော စွမ်းအားတစ်ခုတည်းသာ လိုအပ်သည်ဟု လင်းစွော် ယုံကြည်နေဆဲပင်......

လင်းစွော်၏လက်ချောင်းများ သူ့အလိုလို ကွဲထွက်သွားပြီး လက်သည်းများ နောက်ပြန်ကွဲအက်ကာ ငှက်ပျောခွံသီးအခွံနွှာထားသလို အရိုးတခြားအသားတခြားဖြစ်ကုန်သည်။

ထပ်တိုက်တွေ့ဆုံမှုကြောင့် နှစ်ဖက်စလုံးအထိနားသွားသော်လည်း လီလော့၏မျှားတံကျရောက်ရာနေရာတွင် သစ်သားစွမ်းအင်ကြောင့် မြက်ပင်အချို့ချက်ချင်းအပင်ပေါက်လာခဲ့သည်။

လီလော့၏မျှားတံ ပျောက်ကွယ်သွားသော်လည်း လင်းစွော်၏ သွေးမျှားက လီလော့ထံသို့ ဆက်လက်ပျံသန်းနေသည့်အတွက် နေရောင်ခြည်သဖွယ်တောက်ပသော ရေကြေးမုံများကို အမြန်ဆင့်ခေါ်လိုက်ရသည်။

ထိုရေကြေးမုံ၏အနားသတ်များသည် ခိုင်မာသောသစ်ကိုင်းများဖြင့်ဖွဲ့စည်းထားသည့်အတွက် သွေးမျှားတံ၏ ကျန်ရှိနေသောစွမ်းအားအချို့ကိုလျှော့ချနိုင်လိုက်သည်။

တောအုပ်၏အလင်းရောင်မှိန်ပျပျတွင် လီလော့သည် သူ့ခန္ဓာကိုယ်နှင့် လက်မအနည်းငယ်ခန့်သာအကွာတွင်ပျောက်ကွယ်သွားသော သွေးမျှားကိုကြည့်ပြီး......

"ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်ပဲ... ဟမ့်..."

လင်းစွော်က ဒီနယ်ပယ်မှာ တကယ်ကို အသန်မာဆုံးသူပါ။ ကျောက်ဇီယန်နှင့်ဇူရွှမ်းတို့ပင် သူ့ကိုယှဉ်နိုင်ဖို့မလွယ်ပေ။

ရှပြည်ထောင်စု မှာ ဒီလို ပြင်းထန်တဲ့ ပြိုင်ဖက်တွေ ဘယ်အချိန်ကတည်းက ရှိခဲ့တာလဲ.....လင်းစွော်ရဲ့ ပဲ့တင်ထပ်သံက အဆင့်ခုနှစ်ပဲရှိတာကို ဒီလောက်အသက်ငယ်ငယ်နဲ့ ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်ရောက်အောင်ဘယ်လိုများကျင့်ကြံခဲ့တာလဲဇူရွှမ်းလို ချမ်းသာတဲ့ မိသားစုနောက်ခံရှိသူတောင်  ပထမအဆင့်ပဲရှိသေးတာ.....ဒါ့အပြင် လင်းစွော်က ထျန်းကန် ဘဏ်ခွဲကလာတာဆိုပြီး ဘာလို့ဒီလောက်သန်မာနေတာလဲ....ဌာနချုပ်မှာရှိ အရင်းမြစ်ပေါပေါများများရနေတဲ့ လုချင်းအာတောင် သူ့လောက်မသန်မာတာကို ဘဏ်ခွဲက တစ်ယောက်က ဘယ်လိုဖြစ်ပြီးအဲ့လောက်အစွမ်းထက်နေရတာလဲ. ......

ကျောက်ဇီယန်၊ ကုယင်းနှင့် ဇူရွှမ်းတို့အားလုံး  ပြန်လာကြသည်ကို မြင်လိုက်ရသည့်အတွက် လင်းစွော် နောက်ထပ် မလှုပ်နိုင်တော့ပေ။

လုချင်းအာ၏ကိုယ်ခန္ဓာမှ ရွှေနဂါးချီကို ဆက်လက်ထုတ်ယူနိုင်ဖို့မဖြစ်နိုင်တော့ဘဲတစ်ဝက်တစ်ပျက်သာ ထုတ်ယူနိုင်ခဲ့သည်။

ဝှစ်...ဝှစ်.......

အားလုံး ပြန်ရောက်လာကြပြီ.....

"ဘာတွေဖြစ်နေတာလဲ?"

ကျောက်ဇီယန်သည် သတိလစ်နေသော လုချင်းအာကို ကြည့်ပြီးဒေါသတကြီးမေးခွန်းထုတ်လိုက်သည်။

လီလော့ ရှေ့တက်လာပြီး ဇူရွှမ်းနှင့် နင်းကျောက်ကို အေးစက်စွာ ကြည့်လိုက်ပြီး....

"လင်းစွော်က ချင်းအာဆီက ရွှေနဂါးချီ တစ်ဝက်ကို ထုတ်ယူလိုက်တယ်.... ဒါ မင်းတို့ လုပ်ခိုင်းလိုက်တာလား....ဖြစ်လာမယ့်အကျိုးဆက်ကို စဉ်းစားပြီးပြီလား"

ဇူရွှမ်းနှင့်နင်းကျောက်တို့နှစ်ယောက်စလုံး  မျက်မှောင်ကြုတ်နေကြသည်။

"မင်းရူးနေလား...."

"လင်းစွော် မင်းရဲ့ရှင်းပြချက်ကဘာလဲ....."

ဇူရွှမ်းသို့မဟုတ် နင်းကျောက်သည် ဤကိစ္စရပ်တွင် ပါဝင်သည်ဟု သူတကယ် သံသယမရှိခဲ့ပေ။ အကြောင်းမှာ ၎င်းတို့သည် ယုဟုန်ရှီနှင့် မဝေးတော့သောအနာဂတ်တွင်ပြန်လည်တွေ့ဆုံရမည်ကိုသိနေသည့်အတွက် ဆင်ခြင်တုံတရားရှိကြမည်သာ.....

ယုဟုန်ရှီးဒေါသသည် ဒုဉက္ကဌနင်းချွဲ့ရော ဂျိယန်အိမ်တော်သခင်ပါ တားဆီးန်ိုင်သောအရာမဟုတ်ပေ။

ဇူရွှမ်းက လင်းစွော်ကို ကြည့်လိုက်ပြီး....

"ဒါ ဘာသဘောလဲ....ငါ သူတို့ကိုပဲ စောင့်ကြည့်ခိုင်းလိုက်တာ....ချင်းအာဆီက ရွှေနဂါးချီ ထုတ်ယူဖို့ မမှာလိုက်ဘူး........"

လင်းစွော်က ရယ်မောလိုက်သည်။

"ဇူရွှမ်း၊ မင်းနဲ့ငါက ဘယ်တုန်းကမှာ လမ်းကြောင်းမတူခဲ့ဘူး....ထားလိုက်ပါတော့...ရှင်းပြနေလဲလေကုန်တာပဲအဖတ်တင်မယ်....ငါသွားတော့မယ်....."

လင်းစွော်ကခေါင်းယမ်းပြီး သတိလက်လွတ်ဖြင့် လက်ဆန့်တန်းကာ ဘူးသီးခြောက်ကိုဆွဲယူပြီး ပျံသန်းဖို့ပြင်လိုက်သည်။

"ထွက်​သွားချင်တယ်ပေါ့.... ငါတို့ မင်းကို ခွင့်​ပြုမယ်​ထင်​လား?!"

ကျောက်ဇီယန် အော်လိုက်သည့်အခါ လင်းစွော်က သူ့ကို လှည့်ကြည့်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ သွေးစွမ်းအားများကိုထုတ်ဖော်လိုက်လေသည်။

အရည်အသွေးတစ်ခုတည်းဖြင့် ကျောက်ဇီယန်နှင့်ဇူရွှမ်းတို့ ဖြူဖျော့သွားစေရန် လုံလောက်ပါသည်။ "ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်....." မယုံကြည်နိုင်စွာ တုန်လှုပ်သွားကြသည်။

"ငါ မင်းတို့နဲ့ မတိုက်ခိုက်ချင်ဘူး... မင်းတို့မှာ လူအင်အားများပေမယ့် ငါထွက်သွားချင်ရင် ငါ့ကို ဘယ်သူမှမတားနိုင်ဘူး....."အခု ရွှေနဂါးချီ ပျက်စီးသွားပြီဆိုတော့ အပိုဆုတွေ မရှိတော့ဘူး.... အသုံးမကျတဲ့ ရွှေနဂါးချီအတွက် မင်းတကယ် တိုက်ခိုက်ချင်တာလား...."

ကျောက်ဇီယန်နှင့် ဇူရွှမ်းတို့လည်းရွေးချယ်ခွင့်များကို ချိန်ဆကာ တောင့်တင်းသွားကြသည်။

"မင်းတို့ တကယ်တိုက်ချင်ရင် ရွှေနဂါးတောင်တန်းမှာတွေ့မယ်...."

လင်းစွော်က လီလော့ကို တမင်တကာ စေ့စေ့ကြည့်လိုက်ပြီး ကြက်သွေးရောင်အလင်းတန်းတခုနှင့်အတူ လျင်မြန်စွာပျောက်ကွယ်သွားလေပြီ။

လီလော့ လင်းစွော်ကို သတ်ပစ်ချင်နေသော်လည်း အခုချိန်တွင်ဘယမျှ မတတ်နိုင်သေးပေ။

ကောင်းပြီ.....ပြန်တွေ့ကြတာပေါ့....အဲ့အခါကျရင် ရှိသမျှအစွမ်းကုန်ထုတ်သုံးပြီးတိုက်ခိုက်ကြမယ်.....

***

All Chapters