တစ်စစီဆွဲစုတ်ပြီးခွေးတွေကိုအစာကျွေးရမယ်
Vol. 26 Ch. 356
လင်းစွော် ထွက်သွားပြီးနောက် ကျန်ရစ်ခဲ့သူများအားလုံး တိတ်ဆိတ်နေကြပြီး တိုက်ချင်ခိုက်ချင်စိတ်များလည်း ကုန်ခမ်းနေကြပြီ။
သူတို့သည် လုချင်းအာကိုကာကွယ်ဖို့အတွက် တိုက်ခိုက်ခဲ့ကြသော်လည်း ယခုအခါ ရွှေနဂါးချီသည် တစ်ဝက်တစ်ပျက် ပျောက်ကွယ်သွားပြီဖြစ်သည့်အတွက် ရွှေငန်းအစစ်အမှန်မဖြစ်နိုင်တော့ပေ။
သူမကို ကာကွယ်ပေးဖို့ သူတို့ရဲ့ အစီအစဉ်ဆုံးခန်းတိုင်ခဲ့လေပြီ။
လီလော့က အားလုံးကို လျစ်လျူရှုကာ လုချင်းအာဆီသို့သွားပြီး သူမ၏ လက်ကောက်ဝတ်ကို ကိုင်ဆွဲကာ အဆိပ်ကို ရှင်းရန် သစ်သား ပဲ့တင်ထပ်သံစွမ်းအားများကို စတင်ပို့လွှတ်ပေးနေသည်။
ခဏအကြာတွင် သူမ၏မျက်တောင်များ တဖျပ်ဖျပ်ခတ်ကာ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
"ချင်းအာ အဆင်ပြေရဲ့လား..." လီလော့က သူမကို စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
"ငါ့ရင်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တွေခံစားနေရတယ် . ရွှေနဂါးချီကို ငါ့ဆီကနေ တစ်ဝက်လောက် ဖယ်ထုတ်လိုက်ပြီလို့ ငါထင်တယ်....ဒါပေမယ့် ငါအဆင်ပြေပါတယ်....."
သူမသည် သတိလစ်သွားသော်လည်း သူမ၏အာရုံခံနိုင်စွမ်းမကို ထိန်းထားနိုင်သောကြောင့် သူမကို တိုက်ခိုက်ခဲ့သူမှာ လင်းစွော် ဖြစ်သည်ကို သူမ သိနေသည်။
သူမ အဆင်ပြေနေကြောင်းသေချာတော့မှသာ လီလော့ သက်ပြင်းချနိုင်ရှာတော့သည်။မဟုတ်ပါက ယုဟုန်ရှီ၏ ဒေါသကို မည်သို့ ခံစားနိုင်မည်နည်။
သူမ အဆင်ပြေနေသည့်အတွက် လီလော့က ကျောက်ဇီယန်နှင့် အခြားသူများဆီသို့ လှည့်ကြည့်လိုက်ပြီး....
"အခု ငါတို့မှာ မှီခိုစရာ ရွှေဒဂါးရင်းမြစ်တွေ မရှိတော့ဘူး... မင်းတို့မှာ ဘာအစီအစဉ်ရှိလဲ"
"ငါတို့ လင်းစွော်ကို သေချာလိုက်ရှာမယ်"
ကျောက်ဇီယန်က လီလော့၏ကြေငြာချက်ကို ထည့်သွင်းစဉ်းစားလိုက်ပြီး...ယ
"လင်းစွော်က ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်နော်....မင်းတို့ သုံးယောက်ပေါင်းတိုက်ရင်တောင် အနိုင်ရမှာမဟုတ်ဘူး....ပြီးတော့ ငါတို့ထဲက ဘယ်အဖွဲ့မှ သူ့ကို နိုင်မှာမဟုတ်ဘူး..... "
"မင်း လင်းစွော်ရဲ့နောက်ကိုလိုက်မယ်ဆို ငါတို့ မင်းကို မကူညီနိုင်ဘူး..... ငါတို့မှာ တာဝန်တွေရှိသေးတယ်......"
ရွှေနဂါးချီ ပျောက်ကွယ်သွားသည့်အတွက် လုချင်းအာကို ကာကွယ်ပေးနေစရာမလိုတော့သည့်အပြင် သန်မာသူတစ်ယောက်နှင့်လည်း ရန်သူအဖြစ်မခံလိုကြပေ။
လီလော့က သူ့အကြောင်းပြချက်ကို လက်ခံလိုက်သည်။ သူတို့ အသီးသီးအတွက် တာဝန်ကိုယ်စီရှိနေသည်ကို နားလည်သည်။
"ဒါဆိုရင် ဒီမှာ လမ်းခွဲကြရအောင်...."
ကျောက်ဇီယန် ခေါင်းညိတ်လိုက်ပြီး တုံ့ဆိုင်းနေဟန်ဖြင်ပ.....
" လင်းစွော်ကို လိုက်မရှာဖို့ အကြံပေး
ချင်တယ်...ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်က မင်းလုပ်နိုင်တာထက် ပိုနေတယ်......."
လီလော့က စိတ်မ၀င်စားဘဲ ပခုံးတွန့်လိုက်သည့်အတွက် ကျောက်ဇီယန်လည်း ထပ်ပြီးဖျောင်းဖြမနေတော့ပေ။ထို့နောက် သူ့အဖွဲ့သားတွေနဲ့အတူ ထိုနေရာက ထွက်ခွာသွားခဲ့ကြသည်။
အခြားအဖွဲ့များကလည်း ကျောက်ဇီယန်နှင့် အချိန်သိပ်မကွာဘဲ ထွက်ခွာသွားခဲ့ကြသည်။
ကုယင်းက ထွက်ခွာမသွားမီ လီလော့ကို လက်ယပ်ခေါ်ကာ အနီးသို့ရောက်လာသောအခါ တိတ်တဆိတ်စကားပြောခဲ့သည်။
" လင်းစွော်ကို လိုက်မရှာဖို့ အကြံပေးချင်ပေမယ့် သူ့ကို လိုက်ရှာပြီး ရွှေနဂါးချီကို လုချင်းအာဆီ ပြန်ပို့ပေးဖို့ တိုက်တွန်းချင်တယ်....."
"ဘာကိုဆိုလိုတာလဲ?"
ကုယင်းက သူတို့နောက်က ဆံပင်စိမ်းရောင်နှင့် မိန်းကလေးကိုလှည့်ကြည့်လိုက်ပြီး....
"ရွှေနဂါးချီတစ်ဝက်ကို သူ့ဆီက ရုတ်တရက် လုယူသွားပြီးနောက် သူ့မှာ ထိခိုက်မှု မရှိဘူးလို့ ထင်နေတာလား....သူ နင့်ကို အားလုံး ပြောပြမယ့်ပုံမပေါ်ဘူး.... အရင်က ရွှေနဂါးဘဏ်တိုက်ရဲ့ မော်ကွန်းတိုက်မှာ အချက်အလက်အချို့ကို တွေ့ခဲ့ဖူးတယ်.... ရွှေနဂါးချီက ထူးခြားတယ်... ရွှေနဂါးတောင်တန်းကို ဝင်ရောက်ဖို့ ကောင်းချီးပေးခံရတဲ့ အမှတ်အသားပဲ.....အခု လုချင်းအာရဲ့ ရွှေနဂါးချီ ပျက်စီးသွားတော့ သူ့ရဲ့ အနာဂတ်ကို ကြီးကြီးမားမား ထိခိုက်စေလိမ့်မယ်.... သူ့ရဲ့ ကံကြမ္မာကိုတောင် ထိခိုက်ရင်ထိခိုက်သွားနိုင်တယ်.......လင်းစွော် ဘယ်လိုလူလဲငါမသိဘူး.... ဒါပေမယ့်သူက ဒီလျှို့ဝှက်ချက်တွေကို သိရုံတင်မကဘူး၊ ဒီအခွင့်အရေးမရခင်အထိ ရှပြည်ထောင်စုအဖွဲ့ထဲမှာ သိုသိုသိပ်သိပ်နေနေခဲ့တယ်...ဖြစ်နိုင်ရင် ရွှေနဂါးချီကို ပြန်ယူဖို့ အကြံပြုချင်ပေးချင်တယ်.....နင်ဘယ်လိုလုပ်ရမလဲ အကြံမပေးတတ်တော့ဘူး.... လင်းစွော်က အရမ်းသန်မာတယ်၊ သူ့ကို ငါတောင် အနိုင်မယူနိုင်ဘူး.... နင်တို့အဖွဲ့ ကံကောင်းဖို့ပဲဆုတောင်းရတော့မယ်......"
“ငါ့ကို ဒဏ်ရာတွေ ကုသပေးလို့ ကျေးဇူးတင်ပါတယ်” လို့ ပြောပြီးသည်နှင့် ကုယင်းကလည်း သူ့အဖွဲ့သားတွေနဲ့အတူ ထွက်သွားလေတော့သည်။
လီလော့က သူမ၏ စကားများကို အလေးအနက်တွေးတောနေခဲ့မိသည်။ကုယင်း၏စကားများကြောင့် လုချင်းအာ အပြည့်အဝ အဆင်ပြေမနေကြောင်း သံသယများရှင်းလင်းသွားခဲ့ပြီ။
ခဏအကြာတွင် လုချင်းအာရောက်လာပြီး....
"သူ ဘာပြောသွားတာလဲ?"
"လင်းစွော်ဆီက ရွှေနဂချီ ကို ရအောင်ယူဖို့ အကြံပေးသွားတာ" ဟု လီလော့ က ယောင်ဝါးဝါးပြောလိုက်သည်။
လုချင်းအာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး.....
" မလို...မလိုပါဘူး၊ ရွှေနဂါးချီက အပိုဆုသက်သက်ပါပဲ....လွဲချော်သွားလို့လဲဘာမှမဖြစ်ပါဘူး...."
" ချင်းအာ နင်ငါ့ကိုအထင်သေးနေတာလား......"
" မဟုတ်ရပါဘူး....နင့် ကိုဘယ်တုန်းကမှအထင်မသေးခဲ့ပါဘူး......"
"ဟေး ငါ လင်းစွော် ကိုအနိူင်မယူနိုင်မှာကို နင် မင်း စိတ်ပူနေတာမလား ..ဒါပေမယ့် ငါက တခြား ကောင်းကင်ဘုံကပ်ဘေးအဆင့် ကမ္ဘာခြားသက်ရှိကိုတောင် အနိူင်ယူလာတဲ့သူပါ..လင်းစွော်လိုကောင်မျိုးကိုကြောက်နေစရာလား....ပြီးတော့ဒီကောင်က ကမ္ဘာခြားသက်ရှိတွေထက်တောင်ရုပ်ဆိုးသေးတယ်......"
"လီလော့ ..ငါနင့်ကို အထင်သေးတာမဟုတ်ပါဘူး ..ဒါပေမယ့် အန္တာရာယ်ရောက်မှာမျိုးတော့မဖြစ်စေချင်ဘူး......"
"ကလေးဆန်လိုက်တာ..လင်းစွော်က အန္တရာယ် လုံးဝ မရှိဘူး... ဒါနဲ့ ပြောပါရစေဉီး ငါသာသူ့ကိုဒီအတိုင်းလွှတ်ပေးလိုက်ရင် နင့်အမေနဲ့တွေ့မှ ငါ့အတွက် တကယ်အန္တရာယ်ရှိလာမှာ......."
"ငါ့အမေအကြောင်း မကောင်းပြောမနေနဲ့..."
မည်သို့ပင်ဆိုစေ ယုဟုန်ရှီအကြောင်းကို လုချင်းအာလောက်မည်သူသိနိုင်မည်နည်း။ရွှေနဂါးချီခိုးယူခံရသည်ကို လီလော့ ဒီအတိုင်း ထိုင်ကြည့်နေသည်ဟုသာ သိသွားလျှင် သူမ စိတ်ပျက်ရုံသာမက လီလော့ အပေါ် သူမရဲ့ အထင်ကြီးမှုလည်း ကျဆင်းသွားပါလိမ့်မည်။
"တကယ်လို့ ဒီလိုဖြစ်လာရင် နင့်အမေက ငါ့ကို ခြေထောက်တွေဖြတ်ပစ်ပြီးရွှေနဂါးဘဏ်တိုက်ထဲခြေတစ်လှမ်းထဲလှမ်းခိုင်းမှာမဟုတ်ဘူး......."
ထိုအတွေးကြောင့် လုချင်းအာ စိတ်ထဲ လေးလံသွားပြီး သူမ၏ မျက်လုံးများ ညှိုးငယ်သွားသည်။ သူမ ရုတ်တရက် သူ့ကို မော့ကြည့်လိုက်သည်။
"လီလော့....."
ရုတ်တရက် သူမ မျက်လုံးတွေထဲ အေးစက်သော ဒေါသတွေ ထွက်လာပြီး.....
"လင်းစွော်ကိုတွေ့အောင်ကူညီပေးပါ...... ငါတို့ သူ့ကို အပိုင်းပိုင်းဖြတ်ပြီး ခွေးစာကျွေးပစ်မယ်......"
***