← Chapters

အစီအစဉ်များ

Vol. 26 Ch. 357

အစီအစဉ်များ

Vol. 26 Ch. 357

လုချင်းအာ၏ စိတ်နေသဘောထား ရုတ်ခြည်းပြောင်းသွားသဖြင့် လီလော့ အံ့အားသင့်သွားသည်။

"ချင်းအာ...တာအိုနယ်မြေထဲမှာ အကြမ်းပတမ်းတွေလုပ်လို့မရဘူးလေ...ပြီးတော့ ဘယ်နားကခွေးတွေသွားရှာရမှာလဲ......"

"ဟဲ့ ငါက သဘောပြောတာပါ....."

"ဒါပေမယ့် ငါ နားမလည်နိုင်တာတစ်ခုတော့ရှိတယ်... လင်းစွော်က ရှပြည်ထောင်စုရဲ့ရွှေနဂါးဘဏ်ကဆို  အားလုံးပြီးသွားရင် ငါတို့နဲ့အတူ ပြန်သွားရမှာမဟုတ်လား....သူ နင့်အမေကို မကြောက်ဘူးလား"

လုချင်းအာက ခပ်ပါးပါး ပြုံးလိုက်ပြီး....

“အဲ့ဒါကြောင့် သူ ရွှေနဂါးတောင်တန်းကို သွားကိုသွားရလိမ့်မယ်..ငါ မှန်းထားတာ မှန်တယ်ဆို သူ ရွှေနဂါးတောင်တန်းစာလွှာရဖို့ ကြိုးစားလိမ့်မယ်.... သူသာ စာချွန်လွှာရသွားရင် အပြင်ဘက်က တစ်ယောက်ယောက်ရဲ့အကူအညီနဲ့ သတ်မှတ်ထားတဲ့နေရာဆီချက်ချင်းပြန်သွားလို့ရတယ်.....လင်းစွော်က ထျန်းကန်ဘဏ်ခွဲမှာ အချိန်အတော်ကြာ အကြံအစည်နဲ့ပုန်းအောင်းနေတာပဲဖြစ်ရမယ်....ဒီတစ်ခါ ငါက သူ့ပစ်မှတ်ပဲ၊ သူ့ရဲ့ ကြံစည်က တကယ်ကို ကျယ်ပြန့်တယ်..."

"ဒါဆိုသူက ရွှေနဂါးတာအိုနယ်မြေအကြောင်း ကောင်းကောင်းနားလည်ထားတာပဲ......" လီလော့ကတွေးတွေးဆဆဖြင့်ပြောလိုက်သည်။

လုချင်းအာက ခေါင်းညိတ်လိုက်သည်။

"သူက ရွှေနဂါးဘဏ်တိုက်က ဖြစ်မှာ သေချာတယ်...ငါတို့အဖွဲ့အစည်းကရှပြည်ထောင်စုရဲ့ ဌာနချုပ်ထက် ပိုတယ်.... သူ့ကို တခြားနိုင်ငံ၊ ဒါမှမဟုတ် တခြားနတ်ဘုရားတိုက်ကြီးတွေက လွှတ်လိုက်တာတောင်ဖြစ်နိုင်တယ်....."

"နင့်ကို ပစ်မှတ်ထားဖို့ ဘာလို့ ဒီလောက်ကြိုးစားနေတာလဲ.. ဒါမှမဟုတ် နင့်အမေကို  ပစ်မှတ်ထားချင်နေတာလား....."

လုချင်းအာကို ထက်မြက်သူတစ်ယောက်ဟု လီလော့ယူဆထားသည်။ ဒါ့ကြောင့်လည်း ဒီလောက်ထိ ကြိုတင်တွက်ဆနိုင်နေသည်မဟုတ်လော......

"ဒါတော့ ငါလည်း မသေချာဘူး"

လုချင်းအာက ဝေခွဲမရဖြစ်နေဟန်နှင့် ခပ်လေးလေးရေရွတ်လိုက်သည်။

သူမမှာ သံသယတွေ ရှိနေသည်။ သူမ၏မိခင်သည် ရှပြည်ထောင်စု ၏ရွှေနဂါးဘဏ်ကို ထိန်းချုပ်ထားသော်လည်း ၎င်းသည် ထူးထူး ခြားခြားမဟုတ်ပေ။ သူမ၏ ရွှေနဂါးချီကို ဖျက်ဆီးခြင်းသည် ပို၍ သိသာထင်ရှားသော လုပ်ဆောင်ချက်တစ်ခုဖြစ်နေသည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ... နှစ်ပေါင်းများစွာသူမ မတွေ့မမြင်ခဲ့ရသောဖခင်နှင့်ပတ်သက်နေနိူင်သည်။

ဒါပေမယ့် ဒါဟာ လီလော့နဲ့ ဘာမှ မသက်ဆိုင်တဲ့ ရှည်လျားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေသည့်အပြင် ပျော်ရွှင်စရာ ဇာတ်လမ်းကောင်းတစ်ခုလည်း ဟုတ်မနေခဲ့ပေ။

လီလော့က ဒါကို သတိမထားမိဟန်ဖြင့်......

"ဘယ်လိုပဲဖြစ်ဖြစ်၊ ငါတို့ ရွှေနဂါးချီကို ပြန်ယူရမယ်..နင့်အမေက နင့်ကို ရွှေနဂါးတာအိုနယ်မြေမှာ ကာကွယ်ဖို့ ငါဆီကကတိတောင်းထားတယ်.... ငါတို့ဒီအတိုင်း လုယက်ခံရရင် ငါ သူ့ကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး..."

"ပြီးတော့ ဒီကောင်လက်ထဲ စာချွန်လွှာအရောက်မခံနိုင်ဘူး.....ဒီကောင့်ကို ရွှေနဂါးဘဏ်တိုက်ဆီ အန္တာရာယ်ကင်းတဲ့အခြေနေနဲ့ပြန်ပို့ရမယ်....ဒါပေမယ့် သိမ်မွေ့တဲ့နည်းလမ်းနဲ့ အကြောက်တရားနဲ့ဒေါသကိုကောင်းကောင်းကြီးခံစားခိုင်းရမယ်....ဒီ့အတွက်သေချာစီစဉ်မှဖြစ်မယ်....လင်းစွော်သာ ငါတို့လက်အောက်ကိုရောက်လာရင် သူ့ဦးခေါင်းခွံ ဘယ်လောက်မာကြောနေပါစေ သူ့ဆီက အချက်အလက်တွေကို နှိုက်ထုတ်ဖို့နည်းလမ်းရှိမယ်ထင်တယ်....."

လုချင်းအာ၏ လေသံထဲတွင် လီလော့ တခါမှ မကြုံဖူးသောတင်းမာမှုများပါဝင်နေသည်။ ရုတ်​တရက်​ ​ပေါ်လာ​သော ​ဒေါသ​ကြောင့်​ အနည်းငယ်​စိတ်​မ​ကောင်းဖြစ်နေမိသည

ဤသည်မှာ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ လုချင်းအာရဲ့အသွင်အပြင်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။  ဒါဟာ သူ့အမေဆီကနေ အမွေဆက်ခံတဲ့ တဘက်ခြမ်း​ဖြစ်ပြီး ဖုံးကွယ်ထားလေ့ရှိတဲ့ အရာတစ်ခုတခုဆိုလည်းမမှားနိုင်ပေ။

လုချင်းအာက လီလော့ထိတ်လန့်သောအမူအရာကိုမြင်သောအခါ သူမ လေသံအမြန်ပြန်ပြင်လိုက်ပြီး....

"ဒါတွေကို လင်းစွော်အစပြုခဲ့တာ... ငါ... သူ့ကို သတ်ချင်တယ်....နင် နားလည်နိုင်ပါ့မလား....."

လီလော့က ခက်ခက်ခဲခဲတံတွေး မျိုချလိုက်ပြီး သူမကို စိတ်တည်ငြိမ်အောင် ခေါင်းညိတ်ပြလိုက်ရသည်။

"ဟုတ်တာပေါ့...နားလည်နိုင်ပါတယ်"

"....ဒါပေမယ့် ငါတို့သုံးယောက် လင်းစွော်ကို မနိုင်လောက်ဘူးထင်တယ်....."

သူမ၏အတွေးတွေ ပြန်တည်ငြိမ်လာဟန်တူသည်။

" ဟုတ်တယ်...မနိူင်လောက်ဘူး....."

လုချင်းအာက လီလော့ရဲ့ပြတ်သားသော မှတ်ချက်ကြောင့် သူ့ရင်ဘတ်ကို လှမ်းရိုက်လိုက်ပြီး....

"ဒါဆို ငါတို့ စစ်ကူလိုတယ်...."

လီလော က သူ့မေးစေ့ကို ကုတ်လိုက်ပြီး လုချင်းအာကို သူတို့ကို ပတ်ဝန်းကျင်ကို ကြည့်ဖို့ လက်ဟန်ပြသည်။ ထိုအခါမှသာအခြားအဖွဲ့များ ကျန်နေသည်ကိုသတိပြုမိလိုက်သည်။

၎င်းတို့အားလုံးသည် ရွှေနဂါးချီအတွက် ရောက်လာခဲ့ကြသော်လည်း တဝက်သာကျန်တော့သည် ရွှေနဂါးချီကိုမည်သူစိတ်ဝင်စားတော့မည်နည်း။ကျောက်ဇီယန်နှင့်ကုယင်းတို့ပင်လျှင် လင်းစွော်ကိုမယှဉ်နိုင်သဖြင့် ကိုယ်လမ်းကိုယ်လျှောက်သွားခဲ့ကြပြီ။

နောက်ဆုံးတွင်၊ သူတို့ကြားတွင် ခိုင်မာသောနှောင်ကြိုး သို့မဟုတ် ရန်ငြိုးဖွဲ့ခြင်းမျိုးမရှိခဲ့ပေ။

သို့သော် သူတို့နှစ်ဦးမှလွဲ၍ အခြားလူတစ်ယောက်ရှိနေသေးသည်။ထိုသူသည်  သူ၏ ဆိုးရွားလှသော ဒဏ်ရာများကို ဂရုမစိုက်ဘဲ ယင်းအစား သူ့မျက်လုံးများထဲတွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ရှိနေသည်။ လီလော့ သည် လင်းစွော်ရိုက်ချက်ကြောင့် ချင်ဇူလု ဦးနှောက်ပျက်သွားပြီဟုပင် လျှို့ဝှက်စွာ တွေးတောနေမိသည်။

အဆင့်မြင့်ပဲ့တင်ထပ်သံ အသုံးပြုသူများအားလုံး သူ့လိုပဲ သွေးဆာတတ်ကြသလား...

"နင်းကျောက် နဲ့ ဇူရွှမ်းတို့လည်း လန့်သွားကြပြီ...လင်းစွော်ကို ရန်မစဖို့ ဆုံးဖြတ်ထားတယ်နဲ့တူတယ်...."

ချင်ဇူလုက သူ့မေးရိုးပေါ် သွေးတစ်ချို့ကို သုတ်လိုက်ရင်းပြောလိုက်သည်။

ဒါဝာ လီလော့ မျှော်လင့်ထားသည့်အတိုင်းပင်။

"အဲ့ဒီလူယုတ်မာနှစ်ယောက်ကြောင့် ဒီလိုတွေဖြစ်ကုန်တာ....သူတို့သာ မလွှတ်လိုက် လင်းစွော် ဘာမှလုပ်နိူင်မှာမဟုတ်ဘူး..."

လုချင်းအာအတော်ဒေါသထွက်နေပုံရသည်။

လီလော့သည် ကျောက်ဇီယန်နှင့် ကျန်သည့်သုံးဖွဲ့ကို ကိုယ်ရံတော်များအဖြစ် ကြိုးကိုင်ခြယ်လှယ်ပေးခြင်းကြောင့်သာ ခရီးလမ်းအဆင်ပြေခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဇူရွှမ်းသာဝင်မရှုပ်လျှင် လင်းစွော်တစ်တည်းဖြင့် ကျောက်ဇီယန်တို့မဟာမိတ်ကိုရင်ဆိုင်နိုင်မည်မဟုတ်ပေ။

"ပြန်ရောက်တာနဲ့ အမေ့ကိုအကုန်ပြန်တိုင်ပစ်မယ်......"

"အဲ့ဒီအမှိုက်အိတ်နှစ်ခုကို မေ့လိုက်ပါ....သူတို့ကအင်အားနည်းနေပြီ... ဒါကြောင့် စာချွန်လွှာရဖို့ တောင် အခွင့်အရေးနည်းတယ်...

သူတို့အဖွဲ့ထဲမှာ မသိတဲ့လူတစ်ယောက်ကိုခေါ်ထားမိတဲ့အတွက်  အကြီးအကျယ်အရှုံးပေါ်နေပြီ......"

"ဒါဆို ဘာလဲ....ငါတို့ သုံးယောက်တည်း လင်းစွော်ကို ရှာပြီး ရင်ဆိုင်ရမှာလား...."

လုချင်းအာက စိုးရိမ်စိတ်ဖြင့် မေးသည်။

လီလော့နှင့် ချင်ဇူလုတို့သည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်များဖြစ်ပြီး သူမသည် ပထမအဆင့်ဖြစ်သည်။ သူတို့အားလုံး လင်းစွော်၏အဆင့်နှင့် ဝေးကွာလှသည်။

လုချင်းအာထံတွင် ထိုကဲ့သို့ ပြင်းထန်သော ပြိုင်ဘက်ကို အနိုင်ယူရန် နည်းလမ်းမရှိပေ။

"အရမ်းခက်တယ်..."ယ

ချင်ဇူလုက တွန့်ဆုတ်စွာ မှတ်ချက်ချလိုက်သည်။ သူသည် တိုက်ပွဲများကို နှစ်သက်သော်လည်း အနိုင်ယူခြင်းကို ပိုနှစ်သက်သည်။ လင်းစွော်သည် သူ၏ တိုက်ပွဲပြင်းထန်သော တိုက်ကွက်ကို တချက်တည်းဖြိုခွင်းသွားခဲ့သည်မဟုတ်လော.....

လီလော့ ခဏမျှ တိတ်ဆိတ်သွားပြီး....

"မင်းတို့ ငါ့ကိုယုံလား?"

လုချင်းအာက ပြုံးလိုက်သည်။

"ကောင်းကင်ဘုံကပ်ဘေးအဆင့်ကိုတောင် ဖြုတ်ချနိုင်တဲ့ လူတစ်ယောက်ကို သေချာပေါက် ယုံကြည်တာပေါ့....."

ချင်ဇူလုဘာမှပြန်မဖြေတော့ဘဲ လက်ကို ဝှေ့ယမ်းပြီး အနားယူရန် ထိုင်လိုက်သည်။  ချီးကျုးစကားကြီးက ကြက်သီးထစဖွယ်ပင်....မိန်းကလေးတစ်ယောက်ကသာ သူ့ကို ဒီလိုစကားမျိုးပြောရင် သူ့မျက်နှာကို လက်သီးနဲ့ထိုးပစ်လိုက်မိမည်။

သနားစရာ လီလော့.....ဒီလောက်ရုပ်ချောနေမှတော့ ခံပေါ့.......

လီလော့က ချင်ဇူလုကို ဒေါသတကြီး စိုက်ကြည့်နေသည်။

"ဒါက ဘယ်လိုပုံစံမျိုးလဲ! ငါကသာ မင်းကို သနားသင့်တာ.....”

ခေါင်းယမ်းလိုက်ပြီး ကြွက်သားတွေသာရှိသည့် ဉီးနှောက်ပိုင်ရှင်ကိုလျစ်လျူရှုလိုက်သည်။

ထို့အပြင်၊ ဤနေရာတွင်  အမှန်တကယ် သေဆုံးနိုင်ခြေမရှိသောကြောင့် အများစုမှာ ၎င်းတို့၏အသက်ကိုမမှုဘဲ အခွင့်အရေးကို အလွဲသုံးစားလုပ်နေကြသည်။

"နောက်ရက်အနည်းငယ်အတွင်းမှာ ငါတို့ ပြင်ဆင်မှုတွေ လုပ်ရဦးမယ်....."

လီလော့သည် အနီရောင်လက်ကောက်ကို  လုံးဝမထိဝံ့သော်လည်း ဝှက်ဖဲတွေ ကျန်ခဲ့မယ်ဆိုရင် ဒါဟာ ကောင်းကင်ဘုံအမြှီးသုံးချောင်းဝံပုလွေရှိတဲ့ ဒီလက်ကောက်ပဲ ဖြစ်လိမ့်မည်။

သို့သော် လျော်ညီရှိအောင် ပထမဦးစွာ ပြင်ဆင်ရဉီးမည်။

"ရေလှောင်ကန်ဆီကို ဆက်သွားကြရအောင်

နောက်ဆုံးတော့၊ အဲ့ဒီမှာရှိတဲ့ ရတနာပစ္စည်းတွေက ငါတို့ကို ပိုသန်မာလာစေဖို့အတွက် အရမ်းအရေးကြီးတယ်..အဲ့ဒီမှာသာ ပစ္စည်းကောင်းတွေ ရနိုင်ရင် လင်းစွော် နဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေး ပိုကောင်းလာနိုင်တယ်

....."

လီလော့က သူ့ခါးမှာ ချိတ်ထားတဲ့ ဓားတိုတွေကို ငုံ့ကြည့်လိုက်သည်။ ၎င်းတို့သည် သူ့ထံတွင် သစ္စာရှိရှိ ထမ်းဆောင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ယခုတော့ ယိုယွင်းပျက်စီးလာကာ အစားထိုးမည့်သူကို အရေးတကြီး ရှာဖွေနေဖို့လိုအပ်နေပြီ

သူသည် ရေလှောင်ကန်တွင် သင့်လျော်သော အရာတစ်ခုကို ရှာတွေ့လိမ့်မည်၊ ၎င်းသည် နောက်ထပ် တိုက်ပွဲအဆင့်သို့ ကောင်းစွာသယ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်နေမိတော့သည်။

***

All Chapters